ရန္ကုန္ၿမိဳ႕ ယာဥ္အစီးေရႏွင့္ ယာဥ္ထိန္းရဲအင္အား အဆ ေလးရာေက်ာ္ ကြာျခား

ရန္ကုန္ၿမိဳ႕တြင္းရွိ ယာဥ္အစီးေရႏွင့္ ယာဥ္ထိန္းရဲအင္အားမွာ အဆ ေလးရာေက်ာ္ခန္႔ ကြာျခားလ်က္ရွိေၾကာင္း ‘အမွတ္(၂) ယာဥ္ထိန္းရဲ တပ္ဖဲြ႕မွဴး႐ုံး’မွ ဒုရဲမွဴးႀကီး လင္းထြဋ္ က ေျပာၾကားလိုက္သည္။

Ma-Hta-Tha

ယာဥ္အစီးေရပမာဏ၊ ယာဥ္ေၾကာ ထိန္းသိမ္းရမႈ အေနအထား ႏွင့္ ယာဥ္ထိန္းရဲအင္အား ကြာျခားေနမႈေၾကာင့္ ယာဥ္အစီးေရ ေျခာက္ရာခန္႔ကို ယာဥ္ထိန္းတစ္ဦးျဖင့္သာ ေစာင့္ၾကည့္ ထိန္းသိမ္းေနရသည့္ အေနအထား ျဖစ္ေနေၾကာင္း ၎က ေဖေဖာ္၀ါရီ ၂၀ ရက္က မီဒီယာေတြ႕ဆံုပြဲတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ လက္ရွိ ရန္ကုန္တိုင္း  ေဒသႀကီးအတြင္း ေမာ္ေတာ္ယာဥ္ အစီးေရ သံုးသိန္းခြဲခန႔္ ရွိေနၿပီး တာ၀န္ ထမ္းေဆာင္လ်က္ရွိသည့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ အင္အားမွာ ၈၅၀ ခန္႔သာရွိသျဖင့္ ယာဥ္အေရ အတြက္ႏွင့္ ယာဥ္ထိန္းရဲအင္အား ႏႈိင္းယွဥ္ၾကည့္ပါက ပ်မ္းမွ် အဆေလးရာေက်ာ္ ကြာျခားလ်က္ရွိေၾကာင္း သိရသည္။“ဖြဲ႕စည္းပံုအရ တျခားႏွစ္ေတြထက္ ယာဥ္ထိန္းရဲ တပ္ဖြဲ႕အင္အား ပိုၿပီး ခ်ထားေပးထားေပမဲ့ လက္ရွိေျမျပင္မွာေတာ့ လံုေလာက္ မႈ မရွိေသးပါဘူး၊ အခုေလာေလာဆယ္ေတာ့ ယာဥ္အစီးေရ ေျခာက္ ရာခန႔္ကို ယာဥ္ထိန္းရဲ တစ္ဦးက ေစာင့္ၾကည့္ေနရတဲ့ အေနအထားမ်ဳိးပါ”ဟု အထက္ပါ ပုဂၢိဳလ္က ဆိုသည္။ ရန္ကုန္ၿမဳိ႕တြင္း ယာဥ္ေၾကာ က်ပ္တည္းမႈ၊ ယာဥ္စည္းကမ္း ေဖာက္ဖ်က္ ေမာင္းႏွင္မႈ မ်ားအား ထိန္းသိမ္းေဆာင္ရြက္ရာတြင္ ၀န္ထမ္းအင္အား နည္းပါးမႈေၾကာင့္ ျပည္သူမ်ား ပူးေပါင္းပါ၀င္ေဆာင္ရြက္၍ ယာဥ္မေတာ္တဆမႈႏွင့္ ယာဥ္ေၾကာက်ပ္တည္းမႈကို ေလွ်ာ့ခ်ေဆာင္ရြက္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း ၎က ေျပာသည္။


 

Ref : Automobile



Unicode Version

ရန်ကုန်မြို့တွင်းရှိ ယာဉ်အစီးရေနှင့် ယာဉ်ထိန်းရဲအင်အားမှာ အဆ လေးရာကျော်ခန့် ကွာခြားလျက်ရှိကြောင်း ‘အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး’မှ ဒုရဲမှူးကြီး လင်းထွဋ် က ပြောကြားလိုက်သည်။

Ma-Hta-Tha

ယာဉ်အစီးရေပမာဏ၊ ယာဉ်ကြော ထိန်းသိမ်းရမှု အနေအထား နှင့် ယာဉ်ထိန်းရဲအင်အား ကွာခြားနေမှုကြောင့် ယာဉ်အစီးရေ ခြောက်ရာခန့်ကို ယာဉ်ထိန်းတစ်ဦးဖြင့်သာ စောင့်ကြည့် ထိန်းသိမ်းနေရသည့် အနေအထား ဖြစ်နေကြောင်း ၎င်းက ဖေဖော်ဝါရီ ၂ဝ ရက်က မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ရန်ကုန်တိုင်း  ဒေသကြီးအတွင်း မော်တော်ယာဉ် အစီးရေ သုံးသိန်းခွဲခန့် ရှိနေပြီး တာဝန် ထမ်းဆောင်လျက်ရှိသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားမှာ ၈၅ဝ ခန့်သာရှိသဖြင့် ယာဉ်အရေ အတွက်နှင့် ယာဉ်ထိန်းရဲအင်အား နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှ အဆလေးရာကျော် ကွာခြားလျက်ရှိကြောင်း သိရသည်။“ဖွဲ့စည်းပုံအရ တခြားနှစ်တွေထက် ယာဉ်ထိန်းရဲ တပ်ဖွဲ့အင်အား ပိုပြီး ချထားပေးထားပေမဲ့ လက်ရှိမြေပြင်မှာတော့ လုံလောက် မှု မရှိသေးပါဘူး၊ အခုလောလောဆယ်တော့ ယာဉ်အစီးရေ ခြောက် ရာခန့်ကို ယာဉ်ထိန်းရဲ တစ်ဦးက စောင့်ကြည့်နေရတဲ့ အနေအထားမျိုးပါ”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှု၊ ယာဉ်စည်းကမ်း ဖောက်ဖျက် မောင်းနှင်မှု များအား ထိန်းသိမ်းဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား နည်းပါးမှုကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်၍ ယာဉ်မတော်တဆမှုနှင့် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


 

Ref : Automobile

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »