ဘုရင့်နောင်ပွဲရုံဝင်း ယာဉ်ပိတ်ဆို့မှုလျော့နည်းရေးအတွက် ၀င်ရောက်သောကုန်ကားများအပေါ် အရှည်ပေနှင့် ကုန်ချချိန်ကန့်သတ်မှုရှိလာနိုင်






ဘုရင့်နောင်လမ်းမကြီး၏ ဘုရင့်နောင်ပွဲရုံရှေ့လမ်းပိုင်းကွန်ကရစ်ခင်းနေမှုကြောင့် ပွဲရုံဝင်းအတွင်းယာဉ် ၀င်ထွက်ခက်ခဲလာမှုရှိ၍ အောက်တိုဘာလကုန်ပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းထိ ပွဲရုံဖွင့်ရက် (၆) ရက်တိုင် ညပိုင်းထိယာဉ်ပိတ်ဆို့မှုဖြစ်ခဲ့ကြောင်း၊ ကွန်ကရစ်ခင်းပြီးသော ဒီဇင်ဘာ (၇) ရက်နှင့် (၉) ရက်နေ့များတွင် လည်းကောင်း၊ ဒီဇင်ဘာ (၂၃) ရက်တွင်လည်းကောင်း ထပ်မံယာဉ် ပိတ်ဆို့မှုများ ညပိုင်းထိကြုံတွေ့နေရရာ ပွဲရုံဝင်းအတွင်းယာဉ်ပိတ်ဆို့မှုမှာ ဘုရင့်နောင်ခုံးကျော် တံတားများနှင့် သက်ဆိုင်မှုမရှိကြောင်း၊ ဘုရင့်နောင်ပွဲရုံဝင်းတည်ဆောက်ခဲ့သည့် (၁၉၉၃) ခုနှစ်ဝန်းကျင်နှင့် နှစ်ပေါင်း (၂၀) ကျော်ကြာလာသော ယခုအချိန်တို့၏ ပြောင်းလဲလာသော ကုန်စည်ပို့ဆောင် ရေးလောကအပြောင်းအလဲကြောင့် ကုန်ကားများ၏ အရှည်ကိုယ်ထည်မှာ ယခင်ထက်တစ်ဆကျော်ပိုမို ရှည်လျားလာ၍ လက်ရှိအသုံးပြုနေသော ကုန်ကားများနှင့် ပွဲရုံအနေအထားအံဝင်ဂွင်ကျမရှိကြောင်း၊ ပွဲရုံဝင်းအတွင်း တိုက်ခန်းငှားရမ်းခဈေးနှုန်းမြင့်လာ၍ ပွဲရုံရှေ့များတွင် စုပုံခွန်ကြေးပေးဆောင်၍ ကုန်ပစ္စည်းများစုပုံခြင်း၊ ဈေးရောင်းချခြင်းများရှိ၍ လမ်းသားပေါ်တွင် ကုန်ကားများရပ်၍ကုန်တင် ကုန်ချပြုလုပ်နေရခြင်း တို့ရှိလာရသည်ဟု ကရင်ပြည်နယ်သွား (၁၂) ဘီးယာဉ်မောင်းတစ်ဦးနှင့် ပွဲရုံဝင်းအတွင်း လုပ်ကိုင်သူတစ်ဦးတို့မှဆိုသည်။ ပွဲရုံဝင်းအတွင်း လမ်းထောင့်များတွင်ရှိသော ဓာတ်တိုင်၊ ဈေးဆိုင်များကြောင့် (၁၀) ဘီး၊ (၁၂) ဘီးကားများ ယာဉ်ကြော (၂) ကြောရှိသည့် လမ်းသွယ်များတွင် လမ်းလယ်မှနေရာ ယူကွေ့နေရ၍ ယာဉ်ကြောတစ်ကြော သာသွားလာနိုင်ကြောင်း၊ ပွဲရုံဝင်း အ၀င်ဝများတွင် စိုက်ထူထားသော တားမြစ်ဆိုင်းဘုတ်များတွင် ပါရှိ သောနေ့အချိန်တွဲကားများ ၀င်ရောက် ခွင့်မပြုဆိုသော်လည်း လိုက်နာမှုအားနည်းနေကြောင်း၊ ပွဲရုံဝင်းအတွင်း တွင် ဂိုဒေါင်အပြင် ပြည်ပမှတင်သွင်းကုန်၊ ပို့ကုန်များ ထည့်သွင်းမှုများလာရာ နေ့စဉ် ပေ (၂၀) ၊ ပေ (၄၀) ရှည်ကုန်သေတ္တာယာဉ်များ အ၀င်အထွက် များလာခြင်း၊ ယာဉ်မောင်းတချို့၏ စည်းကမ်းမဲ့မောင်းနှင်ရပ်တန့်မှု များကြောင့် ပွဲရုံဝင်းအတွင်းယာဉ်ပိတ်ဆို့ မှုညပိုင်းထိ မကြာခဏဖြစ်ပွား၍ လုပ်ငန်းများအခက်အခဲကြုံတွေ့နေရဆဲရှိသသည် ဟုလုပ်ငန်းလုပ်ကိုင်သူများမှဆိုသည်။

 

Ref: Auto World



Unicode Version

ဘုရင့်နောင်ခုံးကျော်တံတားများ ဖြတ်သန်းသွားလာခွင့်ပြုထားသည်မှာ လချီကြာသော်လည်း ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ယာဉ်ပိတ်ဆို့မှုများ ပြန်လည်ဖြစ်ပွားတတ်သဖြင့် ပွဲရုံဝင်းအတွင်း ဝင်ရောက်သောကုန်ကားများ၏ အရှည်ပေအမျိုးအစားအလိုက်ခွဲခြားဝင်ခွင့်ပေးရန်နှင့်Untitled-11


နေ့အချိန်ကုန်ကားများကုန် တင်ကုန်ချမပြုလုပ်ရန် သက်ဆိုင်ရာသို့တင်ပြမှုများရှိလာသည်ဆိုသောသတင်းများထွက်ပေါ်နေရာကုန်ကားဂိတ်များမှ သက်ဆိုင်ရာသို့စုံစမ်းရာ အဆိုပါတင်ပြချက်များရှိသော်လည်း မည်သည့်ညွှန်ကြားဆုံးဖြတ်ချက်မျှမရှိသေးကြောင်း သိရှိရသည်ဟု ကုန်ကားဂိတ်လုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။


ဘုရင့်နောင်လမ်းမကြီး၏ ဘုရင့်နောင်ပွဲရုံရှေ့လမ်းပိုင်းကွန်ကရစ်ခင်းနေမှုကြောင့် ပွဲရုံဝင်းအတွင်းယာဉ် ဝင်ထွက်ခက်ခဲလာမှုရှိ၍ အောက်တိုဘာလကုန်ပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းထိ ပွဲရုံဖွင့်ရက် (၆) ရက်တိုင် ညပိုင်းထိယာဉ်ပိတ်ဆို့မှုဖြစ်ခဲ့ကြောင်း၊ ကွန်ကရစ်ခင်းပြီးသော ဒီဇင်ဘာ (၇) ရက်နှင့် (၉) ရက်နေ့များတွင် လည်းကောင်း၊ ဒီဇင်ဘာ (၂၃) ရက်တွင်လည်းကောင်း ထပ်မံယာဉ် ပိတ်ဆို့မှုများ ညပိုင်းထိကြုံတွေ့နေရရာ ပွဲရုံဝင်းအတွင်းယာဉ်ပိတ်ဆို့မှုမှာ ဘုရင့်နောင်ခုံးကျော် တံတားများနှင့် သက်ဆိုင်မှုမရှိကြောင်း၊ ဘုရင့်နောင်ပွဲရုံဝင်းတည်ဆောက်ခဲ့သည့် (၁၉၉၃) ခုနှစ်ဝန်းကျင်နှင့် နှစ်ပေါင်း (၂ဝ) ကျော်ကြာလာသော ယခုအချိန်တို့၏ ပြောင်းလဲလာသော ကုန်စည်ပို့ဆောင် ရေးလောကအပြောင်းအလဲကြောင့် ကုန်ကားများ၏ အရှည်ကိုယ်ထည်မှာ ယခင်ထက်တစ်ဆကျော်ပိုမို ရှည်လျားလာ၍ လက်ရှိအသုံးပြုနေသော ကုန်ကားများနှင့် ပွဲရုံအနေအထားအံဝင်ဂွင်ကျမရှိကြောင်း၊ ပွဲရုံဝင်းအတွင်း တိုက်ခန်းငှားရမ်းခစျေးနှုန်းမြင့်လာ၍ ပွဲရုံရှေ့များတွင် စုပုံခွန်ကြေးပေးဆောင်၍ ကုန်ပစ္စည်းများစုပုံခြင်း၊ စျေးရောင်းချခြင်းများရှိ၍ လမ်းသားပေါ်တွင် ကုန်ကားများရပ်၍ကုန်တင် ကုန်ချပြုလုပ်နေရခြင်း တို့ရှိလာရသည်ဟု ကရင်ပြည်နယ်သွား (၁၂) ဘီးယာဉ်မောင်းတစ်ဦးနှင့် ပွဲရုံဝင်းအတွင်း လုပ်ကိုင်သူတစ်ဦးတို့မှဆိုသည်။ ပွဲရုံဝင်းအတွင်း လမ်းထောင့်များတွင်ရှိသော ဓာတ်တိုင်၊ စျေးဆိုင်များကြောင့် (၁ဝ) ဘီး၊ (၁၂) ဘီးကားများ ယာဉ်ကြော (၂) ကြောရှိသည့် လမ်းသွယ်များတွင် လမ်းလယ်မှနေရာ ယူကွေ့နေရ၍ ယာဉ်ကြောတစ်ကြော သာသွားလာနိုင်ကြောင်း၊ ပွဲရုံဝင်း အဝင်ဝများတွင် စိုက်ထူထားသော တားမြစ်ဆိုင်းဘုတ်များတွင် ပါရှိ သောနေ့အချိန်တွဲကားများ ဝင်ရောက် ခွင့်မပြုဆိုသော်လည်း လိုက်နာမှုအားနည်းနေကြောင်း၊ ပွဲရုံဝင်းအတွင်း တွင် ဂိုဒေါင်အပြင် ပြည်ပမှတင်သွင်းကုန်၊ ပို့ကုန်များ ထည့်သွင်းမှုများလာရာ နေ့စဉ် ပေ (၂ဝ) ၊ ပေ (၄ဝ) ရှည်ကုန်သေတ္တာယာဉ်များ အဝင်အထွက် များလာခြင်း၊ ယာဉ်မောင်းတချို့၏ စည်းကမ်းမဲ့မောင်းနှင်ရပ်တန့်မှု များကြောင့် ပွဲရုံဝင်းအတွင်းယာဉ်ပိတ်ဆို့ မှုညပိုင်းထိ မကြာခဏဖြစ်ပွား၍ လုပ်ငန်းများအခက်အခဲကြုံတွေ့နေရဆဲရှိသသည် ဟုလုပ်ငန်းလုပ်ကိုင်သူများမှဆိုသည်။

 

Ref: Auto World

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »