fb-pageview-tracker
EV နည္းပညာေတြမွ်ေဝေတာ့မယ့္ Toyota


Zawgyi Version

ပံုမွန္အားျဖင့္ေတာ့ ေမာ္ေတာ္ကားထုတ္လုပ္ေရးကုမၸဏီေတြဟာ ၄င္းတို႔ရဲ႕နည္းပညာပိုင္းကို ျပင္ပသို႔မေပါက္ၾကားရေအာင္ အထူးလွ်ိဳ ႔ဝွက္ထားေလ့ရွိၾကပါတယ္။ အထူးသျဖင့္ ယေန႔ေခတ္မွာ တြင္က်ယ္လာတဲ့လွ်ပ္စစ္ကားနဲ႔ hybrid အမ်ိဳးအစား ေမာ္ေတာ္ကားေတြ ထုတ္လုပ္တဲ့နည္းပညာမ်ိဳးကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ အၿပိဳင္အဆိုင္ ၾကိဳးစားထုတ္လုပ္ေနၾကၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ဂ်ပန္အေျခစိုက္ကားကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Toyota ကေတာ့ Electric Vehicle (EV) ထုတ္လုပ္ေရးနည္းပညာနဲ႔ပတ္သက္တဲ့ မူပုိင္ခြင့္ ၂၄,၀၀၀ နီးပါးကို တျခားၿပိဳင္ဘက္ကုမၸဏီေတြထံ မွ်ေဝပးမယ္လုိ႔ အံ့အားသင့္ဖြယ္ထုတ္ျပန္ေၾကညာသြားခဲ့ပါတယ္။

Toyota Motor Corporation လို႔ေခၚတဲ့ Toyota ကုမၸဏီဟာ hybrid နဲ႔ လွ်ပ္စစ္စြမ္းအင္သံုးနည္းပညာေတြကို တျခားကုမၸဏီေတြထံ အခမဲ့မွ်ေဝေပးသြားမယ္လို႔ ဧၿပီလ ၃ ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့တာပါ။ ဒီလိုဆံုးျဖတ္ရတဲ့ အဓိကအေၾကာင္းရင္းကေတာ့ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးကို ေရွ႕ရႈတဲ့ေမာ္ေတာ္ကားေဈးကြက္ ပိုမိုက်ယ္ျပန္႔လာေစဖို႔ ျဖစ္တယ္လုိ႔ Toyota တာဝန္ရွိသူေတြက ဆိုပါတယ္။ မိမိထံမွာရွိတဲ့နည္းပညာလွ်ိဳ ႔ဝွက္ခ်က္ေတြကို ထိန္းသိမ္းထားတာထက္စာရင္ စက္ပိုင္းန႔ဲဘက္ထရီနည္းပညာေတြကို မွ်ေဝလိုက္ျခင္းက ကမၻာ့ေမာ္ေတာ္ကားေဈးကြက္အတြက္ ပိုၿပီးအက်ိဳးရွိႏုိင္တယ္လုိ႔ Toyota ကုမၸဏီဘက္က ယူဆထားပံုရပါတယ္။ တကယ္တမ္းမွာလည္း Toyota ကုမၸဏီဟာ Prius ကားေတြနဲ႔အတူ hybrid အမ်ိဳးအစားေမာ္ေတာ္ကားေဈးကြက္ကို ဦးေဆာင္ထားႏိုင္ခဲ့တာ အားလံုးအသိပဲျဖစ္ပါတယ္။



အတိအက်အားျဖင့္ေတာ့ ကုမၸဏီမူဝါဒ အေျပာင္းအလဲနဲ႔အတူ Toyota ဟာ လွ်ပ္စစ္စြမ္းအင္၊ ဘက္ထရီန႔ဲပတ္သက္တဲ့ နည္းပညာမူပိုင္ခြင့္ေပါင္း ၂၃,၇၄၀ ခုကို လာမယ့္ ၂၀၃၀ ခုႏွစ္အထိ မည္သူမဆို လြတ္လပ္စြာ ယူငင္အသံုးျပဳႏုိင္ေစဖို႔ ခြင့္ျပဳေပးသြားမွာျဖစ္ပါတယ္။ ဒါေပမဲ့ ေဈးကြက္ကြ်မ္းက်င္သူေတြနဲ႔ ေစာင့္ၾကည့္ေလ့လာသူေတြကေတာ့ အဆိုပါနည္းပညာမူပိုင္ခြင့္ေတြကို အသံုးျပဳသူအေရအတြက္ဟာ Toyota ဘက္က ေမွ်ာ္လင့္ထားသေလာက္ မ်ားျပားလာဖို႔မေသခ်ာဘူးလို႔ သံုးသပ္ထားၾကပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အေျပာင္းအလဲျမန္တတ္တဲ့ Toyota ကုမၸဏီရဲ႕အမူအက်င့္ေတြေၾကာင့္ပါပဲ။ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္က Toyota ကုမၸဏီဟာ Fuel-Cell နဲ႔ပတ္သက္တဲ့ နည္းပညာလွ်ိဳ ႔ဝွက္ခ်က္ေတြေပးမယ္လုိ႔ ေၾကညာခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ၿပိဳင္ဘက္ကုမၸဏီတခ်ိဳ႕ဆီကို စာခ်ဳပ္စာတမ္းနဲ႔ေရာင္းခ်ခဲ့တာေၾကာင့္ပါ။ ယခုတစ္ႀကိမ္မွာလည္း Toyota ဟာ အင္ဂ်င္၊ ေမာ္တာ၊ ဘက္ထရီနည္းပညာ လ်ိဳ႕ဝွက္ခ်က္ေတြကို အခမဲ့ျဖန္႔ေဝသြားမယ္လုိ႔ ေၾကညာခဲ့ၿပီး ဒီနည္းပညာေတြဟာ လွ်ပ္စစ္ကားနဲ႔ စြမ္းရည္ျမင့္ဘက္ထရီေတြမွာအသံုးျပဳတဲ့ Fuel-Cell ေတြအတြက္ အေရးပါတဲ့အစိတ္အပိုင္းေတြလို႔ ဆိုရမွာျဖစ္ပါတယ္။ ၿပိဳင္ဘက္ကုမၸဏီေတြအေနနဲ႔ Toyota ရဲ႕နည္းပညာကိုသာရခဲ့ရင္ အရည္အေသြးျမင့္လွ်ပ္စစ္ကားနဲ႔ hybrid အမ်ိဳးအစားကားေတြကို ကုန္က်စရိတ္သက္သက္သာသာနဲ႔ ထုတ္လုပ္ျဖန္႔ခ်ိႏိုင္ေတာ့မွာျဖစ္ပါတယ္။


ဒီအခ်က္နဲ႔ပတ္သက္ၿပီး Toyota ကုမၸဏီရဲ႕ ဒုတိယဥကၠဌ Shigeki Terashi က နာဂိုယာၿမိဳ႕မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ အခုလိုဖြင့္ဟေျပာၾကားခဲ့ပါတယ္။ မစၥတာ Terashi က “ကမာၻႀကီးရဲ႕သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းႏိုင္ဖုိ႔အတြက္ လွ်ပ္စစ္ကားထုတ္လုပ္မႈ တိုးျမွင့္ဖို႔လိုအပ္ေနပါတယ္။ ေလထုအတြင္း ကာဘြန္ဒိုင္ေအာက္ဆိုဒ္ထုတ္လႊတ္မႈကို ကန္႔သတ္ပိတ္ပင္တဲ့စည္းမ်ဥ္းေတြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုျပီးတင္းက်ပ္လာေနပါၿပီ။ ဒီလုိအခ်ိန္မွာ ေမာ္ေတာ္ကားထုတ္လုပ္သူေတြအေနန႔ဲ ယခင္ကထက္ပိုၿပီး လက္တြဲပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္ေနပါၿပီ။" လို႔ ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ Toyota ကုမၸဏီဟာ ၿပိဳင္ဘက္ကုမၸဏီေတြရဲ႕ လွ်ပ္စစ္ကားထုတ္လုပ္ေရးအတြက္ နည္းစနစ္ပိုင္းအေထာက္အပံ့ကိုလည္း အခေၾကးေငြတစ္ရပ္နဲ႔ ကူညီေဆာင္ရြက္ေပးသြားမယ္လုိ႔ ေၾကညာခဲ့ပါေသးတယ္။ တစ္နည္းအားျဖင့္ ၿပိဳင္ဘက္ကုမၸဏီေတြအေနနဲ႔ Toyota ကုမၸဏီက ထုတ္လုပ္တဲ့ေမာ္တာေတြ၊ ဘက္ထရီေတြနဲ႔ တျခားနည္းပညာေတြကို ဝယ္ယူတပ္ဆင္ၿပီး ထုတ္လုပ္ခြင့္ရရွိေတာ့မယ့္အဓိပၸာယ္ပါပဲ။



လက္ရွိအေျခအေနအရ Toyota ရဲ႕ကမ္းလွမ္းခ်က္ကို စိတ္ဝင္စားမႈအရွိဆံုးက တရုတ္ေမာ္ေတာ္ကားကုမၸဏီေတြလို႔ ဆိုႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တရုတ္ႏုိင္ငံဟာ ပမာဏအားျဖင့္ ကမၻာ့အႀကီးဆံုးေမာ္ေတာ္ကားေဈးကြက္ျဖစ္ေနၿပီး ေလာင္စာစြမ္းအင္သံုးစြဲမႈနဲ႔ပတ္သက္တဲ့ စည္းမ်ဥ္းကန္႔သတ္မႈေတြ ပိုမိုတင္းက်ပ္လာတဲ့ ႏုိင္ငံလည္း ျဖစ္လာတာေၾကာင့္ပါပဲ။ အထူးသျဖင့္ တရုတ္ေမာ္ေတာ္ကားထုတ္လုပ္သူေတြနဲ႔ စက္မႈလုပ္ငန္းေတြဟာ Prius လိုကမာၻေက်ာ္ hybrid ေမာ္ေတာ္ကားမ်ိဳးကိုထုတ္လုပ္ႏိုင္ခဲ့တဲ့ Toyota ရဲ႕လွ်ိဳ ႔ဝွက္ခ်က္ကို အေစာပိုင္းကတည္းက အလိုရွိေနခဲ့တာပါ။ Toyota ကုမၸဏီဟာ Prius ကားေတြကို ၁၉၉၇ ခုႏွစ္ကတည္းက စတင္ထုတ္လုပ္ခဲ့ၿပီး Prius ကားေတြမွာ hybrid အမ်ိဳးအစားအင္ဂ်င္ ၂ မ်ိဳးရွိထားကာ ေနာက္ပိုင္းထြက္ရွိလာတဲ့ RAV4 အမ်ိဳးအစား SUV ကားေတြမွာလည္း hybrid အင္ဂ်င္ကိုေရြးခ်ယ္ခြင့္ရွိလာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Toyota ကုမၸဏီဟာ လွ်ပ္စစ္စြမ္းအင္ကို သီးသန္႔အသံုးျပဳမယ့္ (pure electric car) ေတြကို စတင္ထုတ္လုပ္ေနၿပီျဖစ္ပါတယ္။ မၾကာေသးခင္ကအထိ Toyota ကုမၸဏီဟာ ဘက္ထရီနဲ႔ပတ္သက္တဲ့ နည္းပညာေတြကိုေတာ့ လံုးဝအေပါက္ၾကားမခံခဲ့ပါဘူး။


ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ Toyota ကုမၸဏီရဲ႕ခံယူခ်က္ဟာ လံုးဝေျပာင္းလဲသြားခဲ့ၿပီျဖစ္ပါတယ္။ ဒါဟာ ဥေရာပရဲ႕နာမည္ႀကီးကားကုမၸဏီျဖစ္တဲ့ Volkswagen ကုမၸဏီရဲ႕ေျခလွမ္းအတိုင္း Toyota တို႔ေလွ်ာက္လွမ္းဖို႔ျပင္ဆင္ေနတာလုိ႔ ဆိုႏိုင္ပါတယ္။ Volkswagen ဟာ မၾကာေသးခင္က ၄င္းတို႔ရဲ႕ MEB လွ်ပ္စစ္ကားတည္ေဆာက္နည္းေဖာ္ျမဴလာကို ၿပိဳင္ဘက္ကုမၸဏီေတြထံ မွ်ေဝေပးမယ္လိ႔ုေၾကညာခဲ့ပါတယ္။ Toyota ရဲ႕ေျပာင္းလဲသြားတဲ့ခံယူခ်က္ကေတာ့ မိမိရဲ႕လ်ိဳ႕ဝွက္ခ်က္၊ အားသာခ်က္ကို ဆက္ထိန္းၿပီး ၿပိဳင္ဘက္ေတြကိုအႏိုင္ယူတာထက္ ကိုယ္စီကိုယ္စီအားသာခ်က္ေတြကို မွ်ေဝလိုက္ျခင္းအားျဖင့္ ေဈးကြက္ၿပိဳင္ဆိုင္မႈ၊ ေဈးကြက္ရွင္သန္မႈေတြကို ပိုမိုအားေပးရာေရာက္တယ္ဆိုတာပဲ ျဖစ္ပါေတာ့တယ္။


စာေရးသူ : ကိုဆြဲ(မုံရြာ)


Unicode Version

ပုံမှန်အားဖြင့်တော့ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့နည်းပညာပိုင်းကို ပြင်ပသို့မပေါက်ကြားရအောင် အထူးလျှို့ဝှက်ထားလေ့ရှိကြပါတယ်။ အထူးသဖြင့် ယနေ့ခေတ်မှာ တွင်ကျယ်လာတဲ့လျှပ်စစ်ကားနဲ့ hybrid အမျိုးအစား မော်တော်ကားတွေ ထုတ်လုပ်တဲ့နည်းပညာမျိုးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပြိုင်အဆိုင် ကြိုးစားထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်အခြေစိုက်ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Toyota ကတော့ Electric Vehicle (EV) ထုတ်လုပ်ရေးနည်းပညာနဲ့ပတ်သက်တဲ့ မူပိုင်ခွင့် ၂၄,၀၀၀ နီးပါးကို တခြားပြိုင်ဘက်ကုမ္ပဏီတွေထံ မျှဝေပးမယ်လို့ အံ့အားသင့်ဖွယ်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

Toyota Motor Corporation လို့ခေါ်တဲ့ Toyota ကုမ္ပဏီဟာ hybrid နဲ့ လျှပ်စစ်စွမ်းအင်သုံးနည်းပညာတွေကို တခြားကုမ္ပဏီတွေထံ အခမဲ့မျှဝေပေးသွားမယ်လို့ ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒီလိုဆုံးဖြတ်ရတဲ့ အဓိကအကြောင်းရင်းကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ရှေ့ရှုတဲ့မော်တော်ကားဈေးကွက် ပိုမိုကျယ်ပြန့်လာစေဖို့ ဖြစ်တယ်လို့ Toyota တာဝန်ရှိသူတွေက ဆိုပါတယ်။ မိမိထံမှာရှိတဲ့နည်းပညာလျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားတာထက်စာရင် စက်ပိုင်းနဲ့ဘက်ထရီနည်းပညာတွေကို မျှဝေလိုက်ခြင်းက ကမ္ဘာ့မော်တော်ကားဈေးကွက်အတွက် ပိုပြီးအကျိုးရှိနိုင်တယ်လို့ Toyota ကုမ္ပဏီဘက်က ယူဆထားပုံရပါတယ်။ တကယ်တမ်းမှာလည်း Toyota ကုမ္ပဏီဟာ Prius ကားတွေနဲ့အတူ hybrid အမျိုးအစားမော်တော်ကားဈေးကွက်ကို ဦးဆောင်ထားနိုင်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။



အတိအကျအားဖြင့်တော့ ကုမ္ပဏီမူဝါဒ အပြောင်းအလဲနဲ့အတူ Toyota ဟာ လျှပ်စစ်စွမ်းအင်၊ ဘက်ထရီနဲ့ပတ်သက်တဲ့ နည်းပညာမူပိုင်ခွင့်ပေါင်း ၂၃,၇၄၀ ခုကို လာမယ့် ၂၀၃၀ ခုနှစ်အထိ မည်သူမဆို လွတ်လပ်စွာ ယူငင်အသုံးပြုနိုင်စေဖို့ ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ကျွမ်းကျင်သူတွေနဲ့ စောင့်ကြည့်လေ့လာသူတွေကတော့ အဆိုပါနည်းပညာမူပိုင်ခွင့်တွေကို အသုံးပြုသူအရေအတွက်ဟာ Toyota ဘက်က မျှော်လင့်ထားသလောက် များပြားလာဖို့မသေချာဘူးလို့ သုံးသပ်ထားကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အပြောင်းအလဲမြန်တတ်တဲ့ Toyota ကုမ္ပဏီရဲ့အမူအကျင့်တွေကြောင့်ပါပဲ။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က Toyota ကုမ္ပဏီဟာ Fuel-Cell နဲ့ပတ်သက်တဲ့ နည်းပညာလျှို့ဝှက်ချက်တွေပေးမယ်လို့ ကြေညာခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပြိုင်ဘက်ကုမ္ပဏီတချို့ဆီကို စာချုပ်စာတမ်းနဲ့ရောင်းချခဲ့တာကြောင့်ပါ။ ယခုတစ်ကြိမ်မှာလည်း Toyota ဟာ အင်ဂျင်၊ မော်တာ၊ ဘက်ထရီနည်းပညာ လျို့ဝှက်ချက်တွေကို အခမဲ့ဖြန့်ဝေသွားမယ်လို့ ကြေညာခဲ့ပြီး ဒီနည်းပညာတွေဟာ လျှပ်စစ်ကားနဲ့ စွမ်းရည်မြင့်ဘက်ထရီတွေမှာအသုံးပြုတဲ့ Fuel-Cell တွေအတွက် အရေးပါတဲ့အစိတ်အပိုင်းတွေလို့ ဆိုရမှာဖြစ်ပါတယ်။ ပြိုင်ဘက်ကုမ္ပဏီတွေအနေနဲ့ Toyota ရဲ့နည်းပညာကိုသာရခဲ့ရင် အရည်အသွေးမြင့်လျှပ်စစ်ကားနဲ့ hybrid အမျိုးအစားကားတွေကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ ထုတ်လုပ်ဖြန့်ချိနိုင်တော့မှာဖြစ်ပါတယ်။


ဒီအချက်နဲ့ပတ်သက်ပြီး Toyota ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ Shigeki Terashi က နာဂိုယာမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အခုလိုဖွင့်ဟပြောကြားခဲ့ပါတယ်။ မစ္စတာ Terashi က “ကမ္ဘာကြီးရဲ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့အတွက် လျှပ်စစ်ကားထုတ်လုပ်မှု တိုးမြှင့်ဖို့လိုအပ်နေပါတယ်။ လေထုအတွင်း ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို ကန့်သတ်ပိတ်ပင်တဲ့စည်းမျဉ်းတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးတင်းကျပ်လာနေပါပြီ။ ဒီလိုအချိန်မှာ မော်တော်ကားထုတ်လုပ်သူတွေအနေနဲ့ ယခင်ကထက်ပိုပြီး လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။" လို့ ပြောကြားခဲ့တာပါ။ ဒါ့အပြင် Toyota ကုမ္ပဏီဟာ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးအတွက် နည်းစနစ်ပိုင်းအထောက်အပံ့ကိုလည်း အခကြေးငွေတစ်ရပ်နဲ့ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ကြေညာခဲ့ပါသေးတယ်။ တစ်နည်းအားဖြင့် ပြိုင်ဘက်ကုမ္ပဏီတွေအနေနဲ့ Toyota ကုမ္ပဏီက ထုတ်လုပ်တဲ့မော်တာတွေ၊ ဘက်ထရီတွေနဲ့ တခြားနည်းပညာတွေကို ဝယ်ယူတပ်ဆင်ပြီး ထုတ်လုပ်ခွင့်ရရှိတော့မယ့်အဓိပ္ပာယ်ပါပဲ။



လက်ရှိအခြေအနေအရ Toyota ရဲ့ကမ်းလှမ်းချက်ကို စိတ်ဝင်စားမှုအရှိဆုံးက တရုတ်မော်တော်ကားကုမ္ပဏီတွေလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံဟာ ပမာဏအားဖြင့် ကမ္ဘာ့အကြီးဆုံးမော်တော်ကားဈေးကွက်ဖြစ်နေပြီး လောင်စာစွမ်းအင်သုံးစွဲမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းကန့်သတ်မှုတွေ ပိုမိုတင်းကျပ်လာတဲ့ နိုင်ငံလည်း ဖြစ်လာတာကြောင့်ပါပဲ။ အထူးသဖြင့် တရုတ်မော်တော်ကားထုတ်လုပ်သူတွေနဲ့ စက်မှုလုပ်ငန်းတွေဟာ Prius လိုကမ္ဘာကျော် hybrid မော်တော်ကားမျိုးကိုထုတ်လုပ်နိုင်ခဲ့တဲ့ Toyota ရဲ့လျှို့ဝှက်ချက်ကို အစောပိုင်းကတည်းက အလိုရှိနေခဲ့တာပါ။ Toyota ကုမ္ပဏီဟာ Prius ကားတွေကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး Prius ကားတွေမှာ hybrid အမျိုးအစားအင်ဂျင် ၂ မျိုးရှိထားကာ နောက်ပိုင်းထွက်ရှိလာတဲ့ RAV4 အမျိုးအစား SUV ကားတွေမှာလည်း hybrid အင်ဂျင်ကိုရွေးချယ်ခွင့်ရှိလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Toyota ကုမ္ပဏီဟာ လျှပ်စစ်စွမ်းအင်ကို သီးသန့်အသုံးပြုမယ့် (pure electric car) တွေကို စတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။ မကြာသေးခင်ကအထိ Toyota ကုမ္ပဏီဟာ ဘက်ထရီနဲ့ပတ်သက်တဲ့ နည်းပညာတွေကိုတော့ လုံးဝအပေါက်ကြားမခံခဲ့ပါဘူး။


ဒါပေမဲ့ လက်ရှိအချိန်မှာတော့ Toyota ကုမ္ပဏီရဲ့ခံယူချက်ဟာ လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဥရောပရဲ့နာမည်ကြီးကားကုမ္ပဏီဖြစ်တဲ့ Volkswagen ကုမ္ပဏီရဲ့ခြေလှမ်းအတိုင်း Toyota တို့လျှောက်လှမ်းဖို့ပြင်ဆင်နေတာလို့ ဆိုနိုင်ပါတယ်။ Volkswagen ဟာ မကြာသေးခင်က ၎င်းတို့ရဲ့ MEB လျှပ်စစ်ကားတည်ဆောက်နည်းဖော်မြူလာကို ပြိုင်ဘက်ကုမ္ပဏီတွေထံ မျှဝေပေးမယ်လိ့ုကြေညာခဲ့ပါတယ်။ Toyota ရဲ့ပြောင်းလဲသွားတဲ့ခံယူချက်ကတော့ မိမိရဲ့လျို့ဝှက်ချက်၊ အားသာချက်ကို ဆက်ထိန်းပြီး ပြိုင်ဘက်တွေကိုအနိုင်ယူတာထက် ကိုယ်စီကိုယ်စီအားသာချက်တွေကို မျှဝေလိုက်ခြင်းအားဖြင့် ဈေးကွက်ပြိုင်ဆိုင်မှု၊ ဈေးကွက်ရှင်သန်မှုတွေကို ပိုမိုအားပေးရာရောက်တယ်ဆိုတာပဲ ဖြစ်ပါတော့တယ်။


စာရေးသူ : ကိုဆွဲ(မုံရွာ)

Latest News

ရန္​ကုန္​လိုင္​စင္​အားခြင္​့ျပဳ/မျပဳ...

Zawgyi Version ရန္​ကုန္​လိုင္​စင္​အား YVQC စနစ္​ျဖင္​့ ခြင္​့ျပဳ/မျပဳကို တိက်စြာ သတင္​းထုတ္​ျပန္​​ေပးရန္​ လိုအပ္​​ေနၿ​ပီး...

Read more »

ကားေဘာနက္ ဟစိ နဲ႕ heat တက္တဲ့ အယူအဆ အမွားမ်ား

Zawgyi Version အခု ရန္ကုန္က taxi တခ်ဳိ႕ car bonnet ကို lock က်ေအာင္ မပိတ္ဘဲ ဟစိေလးလုပ္ၿပီး ေမာင္းေနတာေတြ႕ရတယ္ဗ်။ အရင္က...

Read more »

Ford EcoSport Review (International)

Zawgyi Version အေမရိက က ထရပ္ကားအရုပ္ေလးေတြနဲ႕ဆင္တဲ့ small SUV Ford EcoSport ဟာ ဖ်တ္ဖ်တ္လတ္လတ္ ေမာင္းႏွင္ႏိုင္မယ့္ ကားမ်ိဳးပါ။...

Read more »

လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔

Zawgyi Version လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔။ သံျပားထူရင္ပိုမာပါတယ္။ ပိုမာလို႔ထိခိုက္ရင္ ပိုမိုေတာင့္ခံႏိုင္တယ္၊ ပိုမိုအႏၱရယ္ကင္းတယ္လို႔...

Read more »

လိုင္​စင္​မဲ့ကားမ်ားရွိ​ေနမႈကို...

Zawgyi Version ေနအိမ္​ၿခံဝန္​းမ်ားတြင္​ လိုင္​စင္​မဲ့ကားရွိ​ေနမႈမ်ားကို ထိ​ေရာက္​စြာဖမ္းဆီးႏိုင္​ရန္​အတြက္​ ဆု​ေၾကး​ေငြ​ေပး၍...

Read more »