Toyota RAV4 (သို့) မြန်မာပြည်မှာ လူကြိုက်များတဲ့ SUV
www.carsdb.com
No. 1 Car Site in Myanmar
Unicode Version
Toyota မှ ထုတ်လုပ်တဲ့ RAV4 ဟာ Sport Utility Vehicle (SUV) အမျိုးအစား ကားတစ်စီးဖြစ်ပြီး Compact crossover SUV အမျိုးအစားဖြစ်ပါတယ်.။ RAV4 ကားများဟာ ကုန်ပစ္စည်းတင်ခန်း ပိုမိုကျယ်ဝန်းခြင်း၊ ဒီဇိုင်းပိုင်းလှပသေသပ်ခြင်း၊ 4WD ရရှိခြင်း၊ ဆီသုံးစွဲမှု ချွေတာစေခြင်း အစရှိတဲ့ SUV ကားများရဲ့ ကောင်းကျိုးများကို ရရှိခံစားလိုသူများအတွက် ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်.။ RAV4 ကားတိုင်းဟာ 4WD ရရှိမှာမဟုတ်ပေမယ့် RAV4 ရဲ့ အရှည်ကောက်အဓိပ္ပာယ်ကတော့ Recreational Active Vehicle with 4-wheel drive လို့ အဓိပ္ပာယ်ရပါတယ်.။ စျေးကွက်အများစုအတွက် RAV4 ဟာ Toyota မှ ထုတ်လုပ်တဲ့ တစ်ခုတည်းသော compact SUV ဖြစ်ခဲ့ပေမယ့် အချို့စျေးကွက်တွေမှာတော့ Toyota FJ Cruiser နဲ့ အတူတူ စျေးကွက်တင်ခဲ့ပါတယ်.။ လက်တလောမှာ မျိုးဆက် (၄) ဆက်အထိ ရှိနေပြီဖြစ်တဲ့ RAV4 ဟာ 1994 ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး 2013 မှ ယခုအထိ စတုတ္ထမျိုးဆက်ကို ထုတ်လုပ်ရောင်းချနေပြီဖြစ်ပါတယ်.။
2013 မှာ LE, XLE နဲ့ Limited ဆိုပြီး ဂရိတ်ခွဲတွေ ရှိပါတယ်။ Limited ဖြစ်မှ 18 wheel size ဖြစ်သွားပြီး တခြား feature တွေလည်း အနည်းငယ်စီ အားသာချက် ရှိသွားပါတယ်။
အင်ဂျင်ပါဝါ 2500cc ရှိပြီး ဆီစားနှုန်း အနေနဲ့ ၁ဂါလံကို မြို့တွင်း 38-39 ကီလို၊ ဟိုင်းဝေး 49-50 ကီလို အထိမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ 2500cc နဲ့ ဆိုတာက USA ကနေ မှာယူတင်သွင်းရင် ရရှိနိုင်မယ့် အင်ဂျင်ပါဝါဖြစ်ပါတယ်။ အကယ်လို့သာ UK က မှာယူမယ်ဆို ဓါတ်ဆီ အင်ဂျင်2000cc နဲ့ ဒီဇယ်အင်ဂျင် 2200cc နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ CarsDB မှာတော့ Second Generation နဲ့ Third Generation မော်ဒယ်များ အများဆုံး တင်သွင်းရောင်းချကြပါတယ်.။ လတ်တလောမှာ CarsDB မှာ ရောင်းချနေတဲ့ RAV4 ကားအရေအတွက် 239 စီး အထိ ရှိနေပြီဖြစ်ပြီး အောက်ကလင့်မှာ ကြည့်ရှုနိုင်ပါတယ်.။
http://www.carsdb.com/my/listings/used_cars/search/manufacturer:Toyota/model:RAV4/
Credit: Wikipedia, Ko Htut Htake Facebook
www.carsdb.com
No. 1 Car Site in Myanmar
Latest News
စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...
Latest news1 12 150x150
Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...
Read more »
Uber က ဈေးနှုန်းပိုသက်သာသည့် စနစ်သစ်ကို...
Picture1 150x150
Zawgyi Version Uber ကုမ္ပဏီသည် ဈေးပိုသက်သာပြီး ကားမခေါ်ခင် ဈေးနှုန်းအတိအကျကြိုသိနိုင်သည့် စနစ်သစ်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ...
Read more »
မြန်မာနိုင်ငံက ၂၀၁၈ ၌ ASEAN MRA တွင်...
Img 0809 150x150
Zawgyi Version မြန်မာနိုင်ငံသည် လာမည့် ၂၀၁၈ ၌ အာဆီယံ မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်(MRA) တွင်...
Read more »
city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...
23484516 2151118281607590 1169006877 o 1 150x150
Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...
Read more »
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...
Latest news1 9 150x150
Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...
Read more »