လုပ္သားမ်ားႏွင့္ အျငင္းပြားမႈ ရပ္တန္႔ရန္ တိုယိုတာ အမိန္႔ေပးခံရ

အိႏၵိယႏိုင္ငံမွ ျပည္နယ္အစိုးရအဖြဲ႕ တစ္ခုသည္ ၎တို႔ျပည္နယ္အတြင္း လည္ပတ္လ်က္ရွိသည့္ တိုယိုတာ ကားစက္႐ံုမွ အရာရွိမ်ားႏွင့္ေဒသခံ လုပ္သားမ်ားအၾကား ျဖစ္ေပၚ ေနေသာ အျငင္းပြားမႈမ်ား ရပ္တန္႔ရန္ ဂ်ပန္ ထိပ္တန္းကားကုမၸဏီႀကီးအား အမိန္႔ေပးခဲ့ေၾကာင္း ႏိုင္ငံတကာမီဒီယာမ်ားက ဧၿပီ ၂၀ ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။

Toyota-Employee-refuse

အိႏၵိယႏိုင္ငံေတာင္ပိုင္း၊ ကာနာတာကာ ျပည္နယ္တြင္ တည္ရွိသည့္ Toyota Kirloskar Motor Pvt.Ltd စက္႐ံုမွ ေဒသခံ အလုပ္သမားမ်ားမွာ ၎တို႔၏ ရပိုင္ခြင့္မ်ား အတြက္ ေတာင္းဆိုစဥ္ ကုမၸဏီထိပ္တန္းအရာရွိမ်ားႏွင့္ ပဋိပကၡျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။ အလုပ္သမားမ်ားမွာ အလုပ္ပိတ္ရက္ ပိုမိုရရွိေရး၊ လစာ ပိုမိုရရွိေရး ေတာင္းဆိုရာမွ တစ္ဆင့္ ကုမၸဏီမန္ေနဂ်ာမ်ားႏွင့္ ထိပ္တိုက္ေတြ႕ခဲ့ၿပီး ဆႏၵျပေခါင္းေဆာင္ သံုး ဆယ္ခန္႔ကို တိုယိုတာက အလုပ္မွ ထုတ္ပယ္ပစ္ခဲ့သည္။ ထို႔ျပင္ တိုယိုတာသည္ မတ္ ၁၆ ရက္တြင္ စက္႐ံုအား ပိတ္ခဲ့ၿပီး အလုပ္သမားမ်ားမွာ မန္ေနဂ်ာမ်ား၏ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ခဲ့သလို ထုတ္လုပ္ေရးပိုင္းတြင္လည္း အေႏွာင့္အယွက္ေပးခဲ့သည္ဟု ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။ အလုပ္သမားမ်ားက ၎တို႔၏ လိုလားခ်က္မ်ားကို ျဖည့္ဆည္းေပး႐ံုသာမက အလုပ္ထုတ္ပစ္ခဲ့သူမ်ားအား အလုပ္ျပန္ခန္႔ရန္ ေတာင္းဆိုလ်က္ ရွိၿပီး ကာနာတာကာ ျပည္နယ္အစိုးရက စက္႐ံုအား ပံုမွန္အတိုင္း ျပန္လည္ဖြင့္လွစ္ရန္ အမိန္႔ေပးထားသည္။


Ref : Automobile


Unicode Version

အိန္ဒိယနိုင်ငံမှ ပြည်နယ်အစိုးရအဖွဲ့ တစ်ခုသည် ၎င်းတို့ပြည်နယ်အတွင်း လည်ပတ်လျက်ရှိသည့် တိုယိုတာ ကားစက်ရုံမှ အရာရှိများနှင့်ဒေသခံ လုပ်သားများအကြား ဖြစ်ပေါ် နေသော အငြင်းပွားမှုများ ရပ်တန့်ရန် ဂျပန် ထိပ်တန်းကားကုမ္ပဏီကြီးအား အမိန့်ပေးခဲ့ကြောင်း နိုင်ငံတကာမီဒီယာများက ဧပြီ ၂ဝ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

Toyota-Employee-refuse

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကာနာတာကာ ပြည်နယ်တွင် တည်ရှိသည့် Toyota Kirloskar Motor Pvt.Ltd စက်ရုံမှ ဒေသခံ အလုပ်သမားများမှာ ၎င်းတို့၏ ရပိုင်ခွင့်များ အတွက် တောင်းဆိုစဉ် ကုမ္ပဏီထိပ်တန်းအရာရှိများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အလုပ်သမားများမှာ အလုပ်ပိတ်ရက် ပိုမိုရရှိရေး၊ လစာ ပိုမိုရရှိရေး တောင်းဆိုရာမှ တစ်ဆင့် ကုမ္ပဏီမန်နေဂျာများနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ဆန္ဒပြခေါင်းဆောင် သုံး ဆယ်ခန့်ကို တိုယိုတာက အလုပ်မှ ထုတ်ပယ်ပစ်ခဲ့သည်။ ထို့ပြင် တိုယိုတာသည် မတ် ၁၆ ရက်တွင် စက်ရုံအား ပိတ်ခဲ့ပြီး အလုပ်သမားများမှာ မန်နေဂျာများ၏ အသက်အနၲရာယ်ကို ခြိမ်းခြောက်ခဲ့သလို ထုတ်လုပ်ရေးပိုင်းတွင်လည်း အနှောင့်အယှက်ပေးခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အလုပ်သမားများက ၎င်းတို့၏ လိုလားချက်များကို ဖြည့်ဆည်းပေးရုံသာမက အလုပ်ထုတ်ပစ်ခဲ့သူများအား အလုပ်ပြန်ခန့်ရန် တောင်းဆိုလျက် ရှိပြီး ကာနာတာကာ ပြည်နယ်အစိုးရက စက်ရုံအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရန် အမိန့်ပေးထားသည်။


Ref : Automobile

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ေသာ...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ခဲ့ေသာ တိုက္​​ေျပးကားမ်ား၊ ကားခိုးမႈမ်ားႏွင့္ ကား​ေပ်ာက္​မႈမ်ားကို ဗဟိုထိန္​းခ်ဴပ္​​ေရး (control...

Read more »