သံုးရက္အတြင္း စည္းကမ္းမဲ့ ရပ္နားေသာယာဥ္ ၁၅ စီးကို ကရိန္းယာဥ္ျဖင့္သယ္ယူ

ႏိုဝင္ဘာ ၁၃၊ ရန္ကုန္

ရန္ကုန္ၿမိဳ႕ေတာ္တြင္ စည္းကမ္းမဲ့ရပ္နားထားေသာယာဥ္မ်ားကို ကရိန္းယာဥ္(ဆယ္တင္ယာဥ္) မ်ားျဖင့္ လိုက္လံဆြဲယူ အေရးယူလ်က္ရွိရာ ႏိုဝင္ဘာ ၁၁ ရက္မွ ၁၃ ရက္ထိ သံုးရက္အတြင္းပိုင္ရွင္မရွိေသာ ယာဥ္ ၁၅ စီးကို ကရိန္းယာဥ္ျဖင့္ သယ္ယူခဲ့ေၾကာင္း အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕ ခြဲမွဴးရံုး(ရန္ကုန္)မွ ဒု-ရဲမွဴး ေအာင္ၾကည္က ေျပာၾကားသည္။

6155768121_dbdcc347f6

စည္းကမ္းမဲ့ရပ္နားယာဥ္မ်ားကို ဖမ္းဆီးအေရးယူရာတြင္ ယာဥ္အနီးတြင္ ယာဥ္ေမာင္းရွိပါက အဆိုပါယာဥ္ကို စည္ပင္သာယာေရးဥပေဒျဖင့္ ခ်လန္ျဖတ္အေရးယူၿပီး ယာဥ္ေမာင္းမရွိပါက အဆိုပါယာဥ္ကို ကရိန္းယာဥ္ျဖင့္သယ္ေဆာင္ကာ ရွင္ေစာပုလမ္းရွိ ေျမနီကုန္းယာဥ္ရပ္နားကြင္းတြင္ သြားေရာက္ထိန္းသိမ္းေၾကာင္း၊ သံုးရက္အတြင္း စည္းကမ္းမဲ့ရပ္နားေသာယာဥ္ ၄၄ စီးအနက္ ယာဥ္ေမာင္းႏွင့္အတူ မရွိေသာ ယာဥ္ ၁၅ စီးကို ကရိန္းျဖင့္ ဆြဲယူအေရးယူခဲ့ေၾကာင္း ၎က ထပ္မံေျပာၾကားသည္။

ဖမ္းဆီးရမိေသာ ယာဥ္မ်ားကို စည္ပင္သာယာေရးေကာ္မတီ တရားရံုးသို႔ သက္ဆိုင္ရာၿမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမွဴးက တရားလိုျပဳလုပ္ကာ စည္ပင္ဥပေဒျဖင့္ တရားစြဲဆို တင္ပို႔ေၾကာင္း၊ ခ်လံျဖတ္အေရးယူသည့္ ပုဒ္မမွာ ေထာင္ဒဏ္တစ္ႏွစ္ႏွင့္ ေငြဒဏ္တစ္ေသာင္းမွ ငါးသိန္းအထိ ခ်မွတ္ႏိုင္ေသာ္လည္း တရားရံုးက လတ္တေလာဒဏ္ေငြႏွစ္ေသာင္းခြဲသာက်ခံေစရန္ အမိန္႔ခ်မွတ္ထားေၾကာင္း ဗဟန္းၿမိဳ႕နယ္ စည္ပင္အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္ကေျပာၾကားသည္။

The Voice Daily မွ ကူးယူေဖာ္ျပသည္။

Photo credit by flightlog



Unicode Version

နိုဝင်ဘာ ၁၃၊ ရန်ကုန်

ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ရပ်နားထားသောယာဉ်များကို ကရိန်းယာဉ်(ဆယ်တင်ယာဉ်) များဖြင့် လိုက်လံဆွဲယူ အရေးယူလျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်ထိ သုံးရက်အတွင်းပိုင်ရှင်မရှိသော ယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး(ရန်ကုန်)မှ ဒု-ရဲမှူး အောင်ကြည်က ပြောကြားသည်။

6155768121_dbdcc347f6

စည်းကမ်းမဲ့ရပ်နားယာဉ်များကို ဖမ်းဆီးအရေးယူရာတွင် ယာဉ်အနီးတွင် ယာဉ်မောင်းရှိပါက အဆိုပါယာဉ်ကို စည်ပင်သာယာရေးဥပဒေဖြင့် ချလန်ဖြတ်အရေးယူပြီး ယာဉ်မောင်းမရှိပါက အဆိုပါယာဉ်ကို ကရိန်းယာဉ်ဖြင့်သယ်ဆောင်ကာ ရှင်စောပုလမ်းရှိ မြေနီကုန်းယာဉ်ရပ်နားကွင်းတွင် သွားရောက်ထိန်းသိမ်းကြောင်း၊ သုံးရက်အတွင်း စည်းကမ်းမဲ့ရပ်နားသောယာဉ် ၄၄ စီးအနက် ယာဉ်မောင်းနှင့်အတူ မရှိသော ယာဉ် ၁၅ စီးကို ကရိန်းဖြင့် ဆွဲယူအရေးယူခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဖမ်းဆီးရမိသော ယာဉ်များကို စည်ပင်သာယာရေးကော်မတီ တရားရုံးသို့ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ စည်ပင်ဥပဒေဖြင့် တရားစွဲဆို တင်ပို့ကြောင်း၊ ချလံဖြတ်အရေးယူသည့် ပုဒ်မမှာ ထောင်ဒဏ်တစ်နှစ်နှင့် ငွေဒဏ်တစ်သောင်းမှ ငါးသိန်းအထိ ချမှတ်နိုင်သော်လည်း တရားရုံးက လတ်တလောဒဏ်ငွေနှစ်သောင်းခွဲသာကျခံစေရန် အမိန့်ချမှတ်ထားကြောင်း ဗဟန်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကပြောကြားသည်။

The Voice Daily မှ ကူးယူဖော်ပြသည်။

Photo credit by flightlog

Latest News

ျမန္မာႏုုိင္ငံက ၂၀၁၈ ၌ ASEAN MRA တြင္...

Img 0809 150x150

Zawgyi Version ျမန္မာႏုုိင္ငံသည္ လာမည့္ ၂၀၁၈ ၌ အာဆီယံ ေမာ္ေတာ္ယာဥ္ထုုတ္ကုုန္ပစၥည္းမ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္(MRA) တြင္...

Read more »

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »

The Pizza Company မွ သိန္း၅၀၀တန္ဖိုးရွိ...

Pizza 150x150

Zawgyi Version The Pizza Company သည္ ႏွစ္သစ္ကူးကာလ အေရာင္းျမင့္တင္သည့္အေနျဖင့္ The Pizza Company ဆုိင္ခြဲ တိုင္းတြင္တြင္ ၂၉၀၀၀ က်ပ္ဖိုး...

Read more »

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »