fb-pageview-tracker
ႏိုင္ငံတကာက ကြ်မ္းက်င္သူေတြေရြးခ်ယ္ထားတဲ့ ၂၀၁၉ အေကာင္းဆုံး SUVs ေတြ

Zawgyi Version

၂၀၁၉  ခုႏွစ္ထြက္ SUVs ေတြကအမ်ားၾကီးပါပဲ။ အဲဒီအထဲကမွ ဘယ္လိုကားအမ်ိဳးအစားေတြကို ေလ့လာသုံးသပ္သူေတြ၊ ကၽြမ္းက်င္သူေတြ ႏွစ္သက္ၾကသလဲဆိုတာကို ထုတ္ႏုတ္ေဖၚျပေပးသြားမွာပါ။

2019 Mercedes-Benz GLC

2019 Mercedes-Benz GLC အမ်ိဳးအစားကေတာ့ premium-compact-crossover-SUV ေလာကအတြက္ ေနာက္ဆုံးေပၚနည္းပညာေတြနဲ႕အတူ ဇိမ္ခံကားတစ္စီးမွာရွိထိုက္တဲ့ တန္ဖိုးေတြပါ ျဖည့္စြက္ေပးထားတဲ့ ကားပါ။ ႏိုင္ငံတကာ ေဈးႏႈန္းအေနနဲ႕ကေတာ့ $41,695 ကေနျပီး $51,645 အၾကား ရွိႏုိင္ပါတယ္။

ဘာလို႕ဝယ္သင့္လဲ

တကယ္လို႕ ခင္ဗ်ားဟာ အဆင့္ျမင့္ျမင့္စီးခ်င္တယ္၊ all-wheel drive ကို ဂုဏ္သိကၡာရွိရွိ ေမာင္းႏွင္ခ်င္တယ္ဆိုရင္ေတာ့ 2019 Mercedes-Benz  GLC က ခင္ဗ်ားအတြက္ပါပဲ။ ဒါဟာ Mercedes-Benz ေတြရဲ့ အားသာခ်က္လည္းျဖစ္ပါတယ္။ လွလွပပ ခန္႕ခန္႕ညားညားတည္ေဆာက္ထားတဲ့ကားေတြမွာ ထူးထူးကဲကဲ ေခ်ာေမြ႕စြာအသုံးျပဳထားတဲ့ ေမာ္ေတာ္ယာဥ္ပိုင္းဆိုင္ရာ၊ အင္ဂ်င္နီယာပိုင္းဆိုင္ရာ ပညာရပ္ေတြဟာ Mercedes-Benz ပိုင္ဆိုင္ထားတဲ့ ေက်ာ္ၾကားမႈလည္းျဖစ္ေနတာပါပဲ။

ဘာလို႕မဝယ္သင့္လဲ

တကယ္လို႕ ခင္ဗ်ားဟာ ဝန္ၾကီးၾကီးမားမား တင္မယ့္သူဆိုရင္ေတာ့ ထပ္ရွာလိုက္ပါဦး။ Mercedes-Benz GLC 2019 မွာက အေရွ႕ထုိင္ခုံရဲ့ေနာက္ အမ်ားဆုံးအက်ယ္အဝန္းအေနနဲ႕ 56.5 ကုဗေပသာဆန္႕ျပီး ပစၥည္းတင္ဖို႕ ပိုျပီးေနရာက်ယ္က်ယ္လိုအပ္သူေတြအတြက္ကေတာ့ 62.7 ကုဗေပအထိ ဆန္႕တဲ့ BMW X3 ဟာ ေရြးခ်ယ္စရာပါပဲ။

2019 Honda HR-V

2019 Honda HR-V ကိုျခံဳငုံသုံးသပ္ရမယ္ဆိုရင္ေတာ့ အတြင္းခန္းက်ယ္က်ယ္၊ စတိုင္က်က်နဲ႕ လုံျခံဳစိတ္ခ်က္ရတဲ့ စြယ္စုံသုံး အရြယ္ငယ္ငယ္ SUV ေပါ့။ ေဈးႏႈန္းလည္း သက္သာမယ္ေလ။ ႏုိင္ငံတကာေဈးႏႈန္းအေနနဲ႕ကေတာ့ $21,515 ကေန $29,535 ပဲက်သင့္မွာပါ။ ေဒၚလာ သုံးေသာင္းမေက်ာ္ဘူးေပါ့။

ဘာလို႕ဝယ္သင့္လဲ

တကယ္လို႕ ခင္ဗ်ားဟာ အရြယ္ငယ္ငယ္၊ ေဈးခ်ိဳခ်ိဳ၊ all-wheel-drive စြမ္းေဆာင္ရည္နဲ႕ SUV ကိုလိုခ်င္ရေတာ့ 2019 Honda HR-V ကိုသာ ေျပးဝယ္လိုက္ပါေတာ့။ ေနာက္ျပီး ကိုယ္အသုံးျပဳခ်င္တဲ့ ေလာင္စာ၊ ကိုယ္လိုခ်င္တဲ့ တန္ဆာပလာေတြကိုလည္း က်ယ္က်ယ္ျပန္႕ျပန္႕ ေရြးခ်ယ္မွာယူႏိုင္ပါေသးတယ္။

ဘာလို႕မဝယ္သင့္လဲ

တကယ္လို႕ ခင္ဗ်ားဟာ လမ္းၾကမ္းေတြမွာ ၾကမ္းၾကမ္းတမ္းတမ္းေမာင္းခ်င္တယ္ဆိုရင္ေတာ့ Jeep Renegade နဲ႕ Subaru Crosstrek ကပိုမိုသင့္ေလ်ာ္ပါလိမ့္မယ္။ 2019 Honda HR-V နဲ႕အျပိဳင္ ေရြးခ်ယ္စရာေတြကေတာ့ Mazda CX-3 နဲ႕ Toyota C-HR တို႕ျဖစ္ၾကပါလိမ့္မယ္။

2019 Ford Expedition

ခန္႕ထည္တဲ့ ဒီဇိုင္း၊ ေသသပ္တဲ့ အနားသပ္ေတြနဲ႕ အားေကာင္းေမာင္းသန္ 2019 Ford Expedition ဟာ မိသားစုစီး SUV အမ်ိဳးအစားအတြက္ အရည္အခ်င္းစစ္စာေမးပြဲကို လြယ္လြယ္ကေလး ေအာင္မွာပါ။ ေဈးႏႈန္းအေနနဲ႕ကေတာ့ $53,425 ကေန $77,810 အၾကား က်သင့္မွာပါ။

ဘာလို႕ဝယ္သင့္လဲ

ဒီဇိုင္းမိုက္မုိက္နဲ႕ ဆိုဒ္ျပည့္ဂိုက္ျပည့္ SUV တစ္စီးကို လိုခ်င္ရင္ေတာ့ 2019 Ford Expendition က အသင့္ေလ်ာ္ဆုံးပါပဲ။ က်ယ္က်ယ္ဝန္းဝန္းအတြင္းခန္းမွာလည္း ေခတ္မီနည္းပညာေတြအျပည့္တပ္ဆင္ထားလို႕ မိသားစုလိုက္ ခရီးသြားဝါသနာပါသူေတြအတြက္ အေကာင္းဆုံးဝယ္ယူမႈတစ္ခု ျဖစ္သြားေလာက္တဲ့ ကားမ်ိဳးပါ။

ဘာလို႕မဝယ္သင့္လဲ

နည္းနည္းပိုေသးတဲ့ SUV မ်ိဳးနဲ႕သာ သင့္ေတာ္မယ့္ မိသားစုေတြအတြက္ကေတာ့ Chevrolet Traverse ဒါမွမဟုတ္ Ford ထဲကပဲဆိုရင္ Flex တို႕ကိုဝယ္စီးတာ ပိုေကာင္းမွာပါ။ ေလာင္စာေခြ်တာလိုသူေတြအတြက္ ဆိုရင္ေတာ့ Toyota Highlander Hybrid က ေရြးခ်ယ္စရာတစ္ခုပါပဲ။

2019 Volvo XC40

ပုံစံ၊ နည္းပညာ၊ လုံျခံဳစိတ္ခ်ရမႈ၊ တီထြင္ဆန္းသစ္မႈနဲ႕ တန္ဖိုး အဲဒါေတြအားလုံးကို compact-luxury-SUV တစ္မ်ိဳးတည္းမွာ လိုခ်င္တယ္ဆိုရင္ေတာ့ Volvo XC40 2019 ကိုသာ ေရြးခ်ယ္လိုက္ပါ။ ေဈးႏႈန္းကေတာ့ ႏုိင္ငံတကာအေနနဲ႕ $34,195 ကေန $40,745 အၾကားရွိပါတယ္။

ဘာလို႕ဝယ္သင့္လဲ

Compact-luxury-crossover-SUV အမ်ိဳးအစားကို Apple CarPlay/Android Auto စတဲ့ ေခတ္မီနည္းပညာအျပည့္နဲ႕လိုခ်င္ရင္ 2019 Volvo XC40 က အေကာင္းဆုံးေတြထဲက တစ္ခုပါပဲ။ XC40 ကို ဝယ္ယူျခင္းျဖင့္ ေမာင္းႏွင္ရာမွာ ထိန္းခ်ဳပ္ရလြယ္ကူတဲ့အျပင္ ေတာက္ပတဲ့ အတြင္းပိုင္း၊ အျပင္ပိုင္း ဒီဇိုင္းေတြနဲ႕လာတာျဖစ္တဲ့အတြက္ စတိုင္က်လွတဲ့ SUV တစ္စီးကို ပိုင္ဆိုင္ရမွာပါ။

ဘာလို႕မဝယ္သင့္လဲ

Mercedes-BenzAudi နဲ႕ BMW ေတြကိုၾကိဳက္တဲ့သူေတြအတြက္ကေတာ့ Volvo ကိုေရြးခ်ယ္ဖို႕က နည္းနည္းေတာ့ အင္တင္တင္ျဖစ္ၾကပါလိမ့္မယ့္။

2019 Mazda CX-5

ဥေရာပစတိုင္မ်ိဳး ဂ်ပန္ compact-crossover-SUV ကိုလိုခ်င္ရင္ေတာ့ 2019 Mazda CX-5 ရွိလို႕ေနပါတယ္။ ေဈးႏႈန္းကလည္း တန္မွတန္လို႕ေတာင္ေျပာလို႕ရတယ္။ $25,325 ကေန $37,865 အၾကားပဲရွိတယ္။

ဘာလို႕ဝယ္သင့္လဲ

စြမ္းအားေကာင္းေကာင္းနဲ႕ လွတပတ SUV တစ္စီးကို စတိုင္က်က် စီးခ်င္တယ္ဆိုရင္ေတာ့ Mazda CX-5 ဟာ ေရြးခ်ယ္စရာတစ္ခုျဖစ္တာ ေသခ်ာပါတယ္။ ေလာင္စာဆီအသုံးျပဳမႈအေပၚကိုလည္း ေသေသခ်ာခ်ာ ျပင္ဆင္ထားတဲ့ model ျဖစ္တာေၾကာင့္ ေရရွည္ေငြကုန္ေၾကးက်လည္း သက္သာပါလိမ့္မယ္။

ဘာလို႕မဝယ္သင့္လဲ

တကယ့္ off-road စြမ္းေဆာင္ရည္ အားနည္းတာနဲ႕ ေနရာလြတ္နည္းပါးတာဟာ လိုအပ္သူေတြအတြက္ေတာ့ လက္ေရွာင္စရာ ျဖစ္ေကာင္းျဖစ္လာႏုိင္ပါတယ္။ တကယ္လို႕သာ စတိုင္က်က်နဲ႕ ေနရာနည္းနည္းပိုက်ယ္တာလိုခ်င္တယ္ဆိုရင္ေတာ့ Honda CR-V ကေရြးခ်ယ္စရာအျဖစ္ ရွိပါလိမ့္မယ္။ 2019 Honda CR-V ရဲ့ ႏုိင္ငံတကာေဈးႏႈန္းကေတာ့ $25,345 ကေန $35,145 အၾကားက်သင့္မွာျဖစ္တဲ့အတြက္ သိပ္ေတာ့ အကြာၾကီးမဟုတ္လွပါဘူး။

ကၽြမ္းက်င္သူေတြရဲ့ သုံးသပ္ခ်က္ေတြကို ျခံဳငုံၾကည့္မယ္ဆိုရင္ေတာ့ လုံျခံဳစိတ္ခ်ရမႈ၊ ခံႏုိင္ရည္စြမ္းနဲ႕ ျပန္လည္ေရာင္းခ်ရာမွာလည္း ေဈးေကာင္းရေလ့ရွိတဲ့ 2019 Honda CR-V ဟာ တကယ္လို႕သာ SUV ေတြထဲက တစ္စီးကို မျဖစ္မေန ေရြးခ်ယ္မယ္ဆိုရင္ ေက်ာ္သြားလို႕မရတဲ့ အမ်ိဳးအစားပါဆိုျပီး ညႊန္းထားၾကပါတယ္။

စာေရးသူ : စိုင္းဆိုင္(ရန္ကုန္)
Ref: top expert rated SUVs of 2019

Unicode Version

၂၀၁၉  ခုနှစ်ထွက် SUVs တွေကအများကြီးပါပဲ။ အဲဒီအထဲကမှ ဘယ်လိုကားအမျိုးအစားတွေကို လေ့လာသုံးသပ်သူတွေ၊ ကျွမ်းကျင်သူတွေ နှစ်သက်ကြသလဲဆိုတာကို ထုတ်နုတ်ဖေါ်ပြပေးသွားမှာပါ။

2019 Mercedes-Benz GLC

2019 Mercedes-Benz GLC အမျိုးအစားကတော့ premium-compact-crossover-SUV လောကအတွက် နောက်ဆုံးပေါ်နည်းပညာတွေနဲ့အတူ ဇိမ်ခံကားတစ်စီးမှာရှိထိုက်တဲ့ တန်ဖိုးတွေပါ ဖြည့်စွက်ပေးထားတဲ့ ကားပါ။ နိုင်ငံတကာ ဈေးနှုန်းအနေနဲ့ကတော့ $41,695 ကနေပြီး $51,645 အကြား ရှိနိုင်ပါတယ်။

ဘာလို့ဝယ်သင့်လဲ

တကယ်လို့ ခင်ဗျားဟာ အဆင့်မြင့်မြင့်စီးချင်တယ်၊ all-wheel drive ကို ဂုဏ်သိက္ခာရှိရှိ မောင်းနှင်ချင်တယ်ဆိုရင်တော့ 2019 Mercedes-Benz  GLC က ခင်ဗျားအတွက်ပါပဲ။ ဒါဟာ Mercedes-Benz တွေရဲ့ အားသာချက်လည်းဖြစ်ပါတယ်။ လှလှပပ ခန့်ခန့်ညားညားတည်ဆောက်ထားတဲ့ကားတွေမှာ ထူးထူးကဲကဲ ချောမွေ့စွာအသုံးပြုထားတဲ့ မော်တော်ယာဉ်ပိုင်းဆိုင်ရာ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ပညာရပ်တွေဟာ Mercedes-Benz ပိုင်ဆိုင်ထားတဲ့ ကျော်ကြားမှုလည်းဖြစ်နေတာပါပဲ။

ဘာလို့မဝယ်သင့်လဲ

တကယ်လို့ ခင်ဗျားဟာ ဝန်ကြီးကြီးမားမား တင်မယ့်သူဆိုရင်တော့ ထပ်ရှာလိုက်ပါဦး။ Mercedes-Benz GLC 2019 မှာက အရှေ့ထိုင်ခုံရဲ့နောက် အများဆုံးအကျယ်အဝန်းအနေနဲ့ 56.5 ကုဗပေသာဆန့်ပြီး ပစ္စည်းတင်ဖို့ ပိုပြီးနေရာကျယ်ကျယ်လိုအပ်သူတွေအတွက်ကတော့ 62.7 ကုဗပေအထိ ဆန့်တဲ့ BMW X3 ဟာ ရွေးချယ်စရာပါပဲ။

2019 Honda HR-V

2019 Honda HR-V ကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ အတွင်းခန်းကျယ်ကျယ်၊ စတိုင်ကျကျနဲ့ လုံခြုံစိတ်ချက်ရတဲ့ စွယ်စုံသုံး အရွယ်ငယ်ငယ် SUV ပေါ့။ ဈေးနှုန်းလည်း သက်သာမယ်လေ။ နိုင်ငံတကာဈေးနှုန်းအနေနဲ့ကတော့ $21,515 ကနေ $29,535 ပဲကျသင့်မှာပါ။ ဒေါ်လာ သုံးသောင်းမကျော်ဘူးပေါ့။

ဘာလို့ဝယ်သင့်လဲ

တကယ်လို့ ခင်ဗျားဟာ အရွယ်ငယ်ငယ်၊ ဈေးချိုချို၊ all-wheel-drive စွမ်းဆောင်ရည်နဲ့ SUV ကိုလိုချင်ရတော့ 2019 Honda HR-V ကိုသာ ပြေးဝယ်လိုက်ပါတော့။ နောက်ပြီး ကိုယ်အသုံးပြုချင်တဲ့ လောင်စာ၊ ကိုယ်လိုချင်တဲ့ တန်ဆာပလာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်မှာယူနိုင်ပါသေးတယ်။

ဘာလို့မဝယ်သင့်လဲ

တကယ်လို့ ခင်ဗျားဟာ လမ်းကြမ်းတွေမှာ ကြမ်းကြမ်းတမ်းတမ်းမောင်းချင်တယ်ဆိုရင်တော့ Jeep Renegade နဲ့ Subaru Crosstrek ကပိုမိုသင့်လျော်ပါလိမ့်မယ်။ 2019 Honda HR-V နဲ့အပြိုင် ရွေးချယ်စရာတွေကတော့ Mazda CX-3 နဲ့ Toyota C-HR တို့ဖြစ်ကြပါလိမ့်မယ်။

2019 Ford Expedition

ခန့်ထည်တဲ့ ဒီဇိုင်း၊ သေသပ်တဲ့ အနားသပ်တွေနဲ့ အားကောင်းမောင်းသန် 2019 Ford Expedition ဟာ မိသားစုစီး SUV အမျိုးအစားအတွက် အရည်အချင်းစစ်စာမေးပွဲကို လွယ်လွယ်ကလေး အောင်မှာပါ။ ဈေးနှုန်းအနေနဲ့ကတော့ $53,425 ကနေ $77,810 အကြား ကျသင့်မှာပါ။

ဘာလို့ဝယ်သင့်လဲ

ဒီဇိုင်းမိုက်မိုက်နဲ့ ဆိုဒ်ပြည့်ဂိုက်ပြည့် SUV တစ်စီးကို လိုချင်ရင်တော့ 2019 Ford Expendition က အသင့်လျော်ဆုံးပါပဲ။ ကျယ်ကျယ်ဝန်းဝန်းအတွင်းခန်းမှာလည်း ခေတ်မီနည်းပညာတွေအပြည့်တပ်ဆင်ထားလို့ မိသားစုလိုက် ခရီးသွားဝါသနာပါသူတွေအတွက် အကောင်းဆုံးဝယ်ယူမှုတစ်ခု ဖြစ်သွားလောက်တဲ့ ကားမျိုးပါ။

ဘာလို့မဝယ်သင့်လဲ

နည်းနည်းပိုသေးတဲ့ SUV မျိုးနဲ့သာ သင့်တော်မယ့် မိသားစုတွေအတွက်ကတော့ Chevrolet Traverse ဒါမှမဟုတ် Ford ထဲကပဲဆိုရင် Flex တို့ကိုဝယ်စီးတာ ပိုကောင်းမှာပါ။ လောင်စာချွေတာလိုသူတွေအတွက် ဆိုရင်တော့ Toyota Highlander Hybrid က ရွေးချယ်စရာတစ်ခုပါပဲ။

2019 Volvo XC40

ပုံစံ၊ နည်းပညာ၊ လုံခြုံစိတ်ချရမှု၊ တီထွင်ဆန်းသစ်မှုနဲ့ တန်ဖိုး အဲဒါတွေအားလုံးကို compact-luxury-SUV တစ်မျိုးတည်းမှာ လိုချင်တယ်ဆိုရင်တော့ Volvo XC40 2019 ကိုသာ ရွေးချယ်လိုက်ပါ။ ဈေးနှုန်းကတော့ နိုင်ငံတကာအနေနဲ့ $34,195 ကနေ $40,745 အကြားရှိပါတယ်။

ဘာလို့ဝယ်သင့်လဲ

Compact-luxury-crossover-SUV အမျိုးအစားကို Apple CarPlay/Android Auto စတဲ့ ခေတ်မီနည်းပညာအပြည့်နဲ့လိုချင်ရင် 2019 Volvo XC40 က အကောင်းဆုံးတွေထဲက တစ်ခုပါပဲ။ XC40 ကို ဝယ်ယူခြင်းဖြင့် မောင်းနှင်ရာမှာ ထိန်းချုပ်ရလွယ်ကူတဲ့အပြင် တောက်ပတဲ့ အတွင်းပိုင်း၊ အပြင်ပိုင်း ဒီဇိုင်းတွေနဲ့လာတာဖြစ်တဲ့အတွက် စတိုင်ကျလှတဲ့ SUV တစ်စီးကို ပိုင်ဆိုင်ရမှာပါ။

ဘာလို့မဝယ်သင့်လဲ

Mercedes-BenzAudi နဲ့ BMW တွေကိုကြိုက်တဲ့သူတွေအတွက်ကတော့ Volvo ကိုရွေးချယ်ဖို့က နည်းနည်းတော့ အင်တင်တင်ဖြစ်ကြပါလိမ့်မယ့်။

2019 Mazda CX-5

ဥရောပစတိုင်မျိုး ဂျပန် compact-crossover-SUV ကိုလိုချင်ရင်တော့ 2019 Mazda CX-5 ရှိလို့နေပါတယ်။ ဈေးနှုန်းကလည်း တန်မှတန်လို့တောင်ပြောလို့ရတယ်။ $25,325 ကနေ $37,865 အကြားပဲရှိတယ်။

ဘာလို့ဝယ်သင့်လဲ

စွမ်းအားကောင်းကောင်းနဲ့ လှတပတ SUV တစ်စီးကို စတိုင်ကျကျ စီးချင်တယ်ဆိုရင်တော့ Mazda CX-5 ဟာ ရွေးချယ်စရာတစ်ခုဖြစ်တာ သေချာပါတယ်။ လောင်စာဆီအသုံးပြုမှုအပေါ်ကိုလည်း သေသေချာချာ ပြင်ဆင်ထားတဲ့ model ဖြစ်တာကြောင့် ရေရှည်ငွေကုန်ကြေးကျလည်း သက်သာပါလိမ့်မယ်။

ဘာလို့မဝယ်သင့်လဲ

တကယ့် off-road စွမ်းဆောင်ရည် အားနည်းတာနဲ့ နေရာလွတ်နည်းပါးတာဟာ လိုအပ်သူတွေအတွက်တော့ လက်ရှောင်စရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ တကယ်လို့သာ စတိုင်ကျကျနဲ့ နေရာနည်းနည်းပိုကျယ်တာလိုချင်တယ်ဆိုရင်တော့ Honda CR-V ကရွေးချယ်စရာအဖြစ် ရှိပါလိမ့်မယ်။ 2019 Honda CR-V ရဲ့ နိုင်ငံတကာဈေးနှုန်းကတော့ $25,345 ကနေ $35,145 အကြားကျသင့်မှာဖြစ်တဲ့အတွက် သိပ်တော့ အကွာကြီးမဟုတ်လှပါဘူး။

ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ခြုံငုံကြည့်မယ်ဆိုရင်တော့ လုံခြုံစိတ်ချရမှု၊ ခံနိုင်ရည်စွမ်းနဲ့ ပြန်လည်ရောင်းချရာမှာလည်း ဈေးကောင်းရလေ့ရှိတဲ့ 2019 Honda CR-V ဟာ တကယ်လို့သာ SUV တွေထဲက တစ်စီးကို မဖြစ်မနေ ရွေးချယ်မယ်ဆိုရင် ကျော်သွားလို့မရတဲ့ အမျိုးအစားပါဆိုပြီး ညွှန်းထားကြပါတယ်။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: top expert rated SUVs of 2019

Latest News

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »

YBS ယာဥ္လိုင္းမ်ား နည္းပညာအသံုးျပဳရာတြင္...

Zawgyi Version YBS ယာဥ္လိုင္းမ်ား နည္းပညာအသံုးျပဳရာတြင္ အားနည္းေနေသးဟု ရန္ကုန္တိုင္းေဒသႀကီး...

Read more »