Top Gear Went to Myanmar

BBC ရုပ်သံမှ ကမ္ဘာကျော်အစီအစဉ်တစ်ခုဖြစ်သော Top Gear သည်မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးထားသော အစီအစဉ်ကို ယခုတစ်ပါတ်တွင် ထုတ်လွှင့်ခဲ့ပါသည်။ Top Gear မှအစီအစဉ်တင်ဆက်သူများဖြစ်သော Jemery Clarkson, Richard Hammond နှင့် James May တို့သုံးယောက်သည် Truck ကားတစ်ယောက်တစ်စီးစီဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံနယ်စပ်အထိ မောင်းနှင်ကြသည်ကို ရိုက်ကူးထားခြင်းဖြစ်သည်။

tgspesh

အစီအစဉ်အစတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ထဲတွင် ကားသုံးစီးကို စတင်မိတ်ဆက်ကာ စတင်မောင်းနှင်ခဲ့ပြီး ရန်ကုန်မြို့၏ ကားများနှင့် လမ်းများ ပြောင်းပြန်ဖြစ်နေပုံ (လက်ယာဘက်ကပ်မောင်းစနစ်တွင် အသုံးပြုနေသော ကားများမှာ လက်ဝဲမောင်းများဖြစ်နေခြင်း)၊ လမ်းသွားလမ်းလာများမှာ ကားများကြားထဲတွင် မကြောက်မရွံ့ သွားလာနေကြပုံ၊ မြို့ထဲရှိ လမ်းကျဉ်းအတွင်း ဖြတ်မောင်းစဉ် လမ်းဘေးရှိဆိုင်များနှင့်မလွတ်ပဲ ဒုက္ခရောက်ပုံများကို ဟာသများနှင့်ရောနှော၍ တင်ဆက်ထားသည်။ လည်းကောင်းတို့ ခရီးစဉ်မှာ ရန်ကုန်မှတစ်ဆင့် နေပြည်တော်၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်ကို ဖြတ်၍ ထိုင်းနယ်စပ်သို့ သွားမည့် အစီအစဉ်ဖြစ်သည်။

နေပြည်တော်တွင် တစ်ထောက်နားစဉ် လမ်းများမှာ အလွန်ကျယ်ဝန်းမှု၊ အသွားအလာ အလွန်နည်းပါးမှု စသည်တို့ကိုလည်း ရိုက်ကူးပြသထားသည်။ ကျယ်ဝန်းသော လမ်းမပေါ်တွင် ဘောလုံးကန်ခြင်း၊ လည်းကောင်းတို့၏ truck ကား ၃စီးဖြင့် Drag Race ပြုလုပ်ခြင်းများလည်း ပါဝင်သည်။

Top Gear went to Myanmar

ယခုအစီအစဉ်ကို ၂ ပိုင်းထုတ်လွှင့်သွားမည်ဖြစ်ပြီး ယခုအပိုင်းတွင် ရှမ်းပြည်နယ်အထိ ရောက်ရှိသွားပုံကို တင်ဆက်ထားသည်။ နောက်တစ်ပတ်တွင် ထုတ်လွှင့်မည့်အစီအစဉ်တွင်လည်း စိတ်ဝင်စားဖွယ်ရာများစွာ ပါဝင်လိမ့်မည်ဖြစ်ကြောင်း Trailer တွင်ပါဝင်သော ပြကွက်များအရ ခန့်မှန်းရပါသည်။ အဆိုပါအစီအစဉ်အား အောက်ပါ Youtube video တွင်ကြည့်ရှုနိုင်ပါသည်။

Latest News

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Ggege 150x150

Photo Credit ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​ ယာဉ်မှတ်ပုံတင်...

Read more »

၁၉၉၅ မိုဒယ်​​အောက်​ကား​များ အပ်​နှံပါက ...

Adsas 150x150

Photo Credit ရန်​ကုန်​မြို့တွင်​ ​ပြေးဆွဲလျှက်​ရှိ​သော ခရီးသည်​တင်​ကားများဖြစ်​သည့်​ ၁၉၉၅ မိုဒယ်​​အောက်​ကား​များ ဖျက်​သိမ်းအပ်​နှံပါက...

Read more »

လာ​မည့်နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »
Download Android App