2014 ခုနှစ်အတွက် ဈေးအကြီးဆုံး ကား 10 စီး

2014 ခုနှစ်အတွက် ဈေးအကြီးဆုံးကား (10)စီးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။ အနိမ့်ဆုံးဈေးနှုန်း ဒေါ်လာ 200,000 ကျော်ကနေ အမြင့်ဆုံး ဒေါ်လာ 4.5 သန်းအထိ ရှိပါတယ်.။ အမျိုးအစားတွေကလဲ Marcedes-Benz ကနေ Lamborgini အထိ အစုံပါပဲ.။ ကျနော်တို့ MyanmarCarsDB ရဲ့ ဈေးအကြီးဆုံးကားတွေကို ကြည့်ချင်ရင်တော့ အောက်ကလင့်ခ်မှာ ရှိပါတယ်.။

 

MyanmarCarsDB's most expensive cars in Myanmar

 

ကဲ ကျနော်တို့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကားတွေကို လေ့လာကြည့်ရအောင်..

(10) Mercedes-Benz CL65 AMG Coupe

Marcedes-Benz Myanmar Cars
Marcedes-Benz CL65 AMG Coupe ရဲ့ အင်ဂျင်ဟာ မြင်းကောင်ရေ 621 ကောင်အား 6.0-liter, bi-turbo V-12 အင်ဂျင်ဖြစ်ပြီး 0-60 mph ကို 4.2 seconds အတွင်း ရောက်ရှိနိုင်ပါတယ်.။ Family car တစ်စီးအတွက် မဆိုးဘူးလို့ပြောနိုင်တဲ့ တစ်နာရီ 186 မိုင်နှုန်းအထိ မောင်းနှင်နိုင်တာ တွေ့ရပါတယ်.။ ဈေးနှုန်းကတော့ $215,500 ဖြစ်ပါတယ်.။

 

(9) Aston Martin Vanquish

Aston Martin Myanmar Car Market
ဗြိတိန်နိုင်ငံထုတ် Aston Martin Vanquish ဟာ အင်ဂျင်ပါဝါ မြင်းကောင်ရေ 565 ကောင်အားရှိပြီး 6.0-liter V-12 အင်ဂျင်ဖြစ်ပါတယ်.။ တစ်နာရီ 62 မိုင်နှုန်းကို 4.1 seconds အတွင်းရောက်ရှိနိုင်ပါတယ်.။ Vanquish ရဲ့ Body ကို ပေါ့ပါးခိုင်မာတဲ့ Carbon-fiber နဲ့ တည်ဆောက်ထားပြီး ဝယ်ယူသူများစိတ်ကြိုက် အရောင်ရွေးချယ်နိုင်ခြင်း၊ ထိုင်ခုံ leather အမျိုးအစားရွေးချယ်နိုင်ခြင်း၊ အစရှိတဲ့ ဝယ်သူစိတ်ကြိုက်ဝန်ဆောင်မှုလဲ ပါဝင်ပါတယ်.။ အဲဒီဝန်ဆောင်မှုကို "Q by Aston Martin" လို့ပေးထားပြီး James Bond ရုပ်ရှင်ဇာတ်ကားများထဲက တီထွင်သူ "Q" ကို ကိုယ်စားပြုထားတာဖြစ်ပါတယ်.။ ဈေးနှုန်းကတော့ $279,995 ဖြစ်ပါတယ်.။

 

(8) Bentley Mulsanne

Bentley Myanmar Cars
ဗြိတိသျှကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Bentley ကထုတ်လုပ်တဲ့ Mulsanne ဟာ ကြည့်လိုက်ကတည်းက ခန့်ခန့်ငြားငြားရှိသလို စွမ်းဆောင်ရည်ကလဲ 505-hp 6.75-liter, twin-turbo V-8 ဖြစ်ပါတယ်.။ 0-60 mph အတွင်းကို 5.1 seconds အတွင်းရောက်နိုင်ပါတယ်.။ အတွင်းပိုင်းတွေကို သစ်သား နဲ့ leather တွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့အတွက် ကားဟာ လေးလံပေမယ့် performance တော့ တော်တော်လေးကောင်းတာကို တွေ့ရပါတယ်.။ အလေးချိန် ပေါင် 6,000 နီးပါးလောက်ရှိပါတယ်.။ ဈေးနှုန်းကတော့ $298,900 ပါ.။

 

(7) Ferrari F12berlinetta

Myanmar Car Market Ferrari
အီတလီနိုင်ငံရဲ့ ကမ္ဘာကျော်ကားကုမ္ပဏီ Ferrari ကထုတ်တဲ့ F12berlinetta ဟာ အမြန်ဆုံးမောင်းနှင်မယ်ဆိုရင် 211 mph ကျော်တဲ့အထိ မောင်းနှင်နိုင်ပါတယ်.။ မြင်းကောင်ရေ 740 အား 6.3-liter, V-12 အင်ဂျင်တပ်ဆင်ထားပြီး 0-62 mph ကို 3.1 seconds အတွင်း ရောက်ရှိနိုင်ပါတယ်.။ Ferrari ကားတွေထဲမှာ အမြန်ဆုံးအရှိန်နှုန်းကို ရရှိမှာဖြစ်ပြီး 125 mph ကို ရောက်ရှိဖို့ 8.5 seconds သာကြာမြင့်မှာဖြစ်ပါတယ်.။ ဈေးနှုန်းကတော့ $315,888 ဖြစ်ပါတယ်.။

 

(6) Rolls-Royce Phantom Extended Wheelbase

Roll-Royce Myanmar Cars
Rolls-Royce ရဲ့ Phantom Extended Wheelbase ဟာ ခန့်ငြားကြီးမားတဲ့ ကားတစ်စီးဖြစ်ပြီး အင်ဂျင်ကလဲ 453-hp, 6.75-liter V-12 ဖြစ်ပါတယ်.။ 0-60 mph ကို 5.8 seconds အတွင်းရောက်ရှိနိုင်မှာဖြစ်ပါတယ်.။ သာမာန် Phantom ကားထက် အရှည် 9 လက်မ ပိုရှည်ပါတယ်.။ ဒီဇိုင်းပိုင်းဟာ ခေတ်အောက်နေသလိုဖြစ်နေပေမယ့် အသုံးပြုထားတဲ့နည်းပညာတွေကတော့ ခေတ်မီပါတယ်.။ Parking ထိုးရာမှာနဲ့ အနောက်ဆုတ်တဲ့အခါ ကြည့်ရှုဖို့ ကင်မရာ 5 လုံးထိ တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်.။ ဝယ်ယူမယ်ဆိုရင်တော့ $298,900 ကျသင့်မှာဖြစ်ပါတယ်.။

 

(5) Porsche 918 Spyder

Myanmar Cars Porsche
Porsche 918 spyder ဟာ အင်ဂျင်ပါဝါအနေနဲ့ 887 hp အထိတောင် ရရှိနိုင်မှာဖြစ်ပြီး 4.6-liter V-8 အင်ဂျင်အသုံးပြုထားတာကို တွေ့ရပါတယ်.။ လျှပ်စစ်မော်တာ 2 ခုတပ်ဆင်ပါဝင်ပြီး Hybrid အင်ဂျင်ဖြစ်ပါတယ်.။ Battery အသုံးပြုပြီး 19 miles အထိမောင်းနှင်နိုင်ပါတယ်.။ အရှိန်တင်မယ်ဆိုရင် 0-62 mph ကို 2.5 seconds အတွင်းရောက်ရှိနိုင်မှာပါ.။ ပေါ့ပါးခိုင်မာတဲ့ Carbon-fiber ကားတစ်စီးဖြစ်ပြီး ရောင်းဈေးကတော့ $845,000 ဖြစ်ပါတယ်.။ ဒီထက်ပိုမိုပေါ့ပါးတဲ့ lightweight version တပ်ဆင်မယ်ဆိုရင်တော့ $929,000 ကျသင့်မှာပဲဖြစ်ပါတယ်.။

 

(4) Hennessey Venom GT

Myanmar Cars Hannessy
Hennessey ဟာ မြန်မာနိုင်ငံမှာတော့ တွေ့ရခဲတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်.။ Hennessey Venom GT ဟာ ကုမ္ပဏီရဲ့အဆိုအရ ကမ္ဘာ့စံချိန်ဖြစ်တဲ့ 186mph ကို 13.63 seconds နဲ့ ရောက်ရှိခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ဆိုပါတယ်.။ အင်ဂျင်ကလဲ စပါယ်ရှယ်ပါပဲ.. မြင်းကောင်ရေ 1,244 ကောင်အား 7.0-liter, twin-turbo V-8 အင်ဂျင်ကို အသုံးပြုထားပြီး 0-60mph ကို 2.7 seconds အတွင်း ရောက်ရှိနိုင်ပါတယ်.။ အစီးရေ 29 စီးသာထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းကတော့ $ 1.2 million ဖြစ်ပါတယ်.။

 

(3) Koenigsegg Agera S

Myanmar Car Market
Koenigsegg Agera S ဟာ ဒီစာရင်းမှာ ရှားရှားပါးပါး တစ်စီးတည်းသာပါတဲ့ ဆွီဒင်နိုင်ငံက ထုတ်လုပ်တဲ့ ကားအမျိုးအစားဖြစ်ပါတယ်.။ အင်ဂျင်ဟာ twin-turbo, 5.0 liter V-8 အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 1,030 အထိ ထုတ်ပေးနိုင်ပါတယ်.။ တစ်နာရီ 62 မိုင်နှုန်းကို 2.9 seconds အတွင်းရောက်ရှိမှာဖြစ်ပြီး 188 mph ကို 22.7 seconds အတွင်းရောက်ရှိနိုင်ပါတယ်.။ ဈေးနှုန်းကတော့ $1,520,000 သို့မဟုတ် $ 1.5 million ဖြစ်ပါတယ်.။

 

(2) Bugatti Veyron 16.4 Grand Sport Vitesse

Buggati Myanmar Cars
Bugatti Veyron ကိုတော့ ကမ္ဘာ့အမြန်ဆုံးကားအဖြစ် တော်တော်များများသိကြပြီးဖြစ်ပါလိမ့်မယ်.။ 255.5 mph အထိ မောင်းနှင်ထားနိုင်တာကို တွေ့ရပါတယ်.။ အင်ဂျင်ပါဝါ 1,200 hp ရှိပြီး 8-liter, 16-cylinder အင်ဂျင်ဖြစ်ပါတယ်.။ 0-62 mph ကို 2.6 seconds အတွင်း ရောက်ရှိအောင် မောင်းနှင်နိုင်ပါတယ်.။ အစီးရေ 450 သာ ကန့်သတ်ထုတ်လုပ်တာဖြစ်ပြီး $2.5 million တန်ကြေးရှိပါတယ်.။

 

(1) Lamborghini Veneno Roadster

Vennon Cars Myanmar
Lamborghini Veneno ဟာ လောလောဆယ်တော့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကား ဖြစ်ပါတယ်.။ တစ်စီးကို $ 4.5 millions ကျသင့်မှာဖြစ်ပြီး 9 စီးသာ ထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်.။ မြင်းကောင်ရေ 750 အား 6.5-liter, 12-cylinder အင်ဂျင်ကိုအသုံးပြုထားပြီး 62 mph ကို 2.9 seconds အတွင်း ရောက်ရှိနိုင်ပါတယ်.။ Top Speed ကတော့ 221 mph ဖြစ်ပါတယ်ခင်ဗျာ.။

 

ref: Forbes

Aung Mon Chan
www.myanmarcarsdb.com

Latest News

အမြန်​လမ်းမ​​ပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်...

Tzh ygn mdy highway5 150x150

Photo Credit အမြန်​လမ်းမ​​ကြီးပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်​အောက်​ကားများသည် ယာဉ်အန္တရယ်ဖြစ်ပွားမှူ ပိုမိုဖြစ်​​ပေါ်နိုင်​သဖြင့် တစ်​နာရီ...

Read more »

ယာဉ်မောင်းလိုင်စင်အတု...

Download 150x150

Photo Credit to Shwe Myin Thar ​မော်​​တော်​ယာဉ်​ ​မောင်းနှင်​ရာတွင်​ ယာဉ်မောင်းလိုင်စင်အတု ကိုင်​​ဆောင်အသုံးပြုနေသူများကို ​ဇူလိုင်လ...

Read more »

ခရီးသည်​တင်​ အပ်​နှံပြီး လူစီးစလစ်​များ ...

Weekly price 6 27 2017 1 150x150

Photo Credit ရန်​ကုန်​တိုင်း​ဒေသကြီး ခရီးသည်​တင်​ယာဉ်များ ​အပ်​နှံပြီး လူစီးစလစ်များလာ​သော်​လည်း အ​ရောင်းအဝယ်​မလုပ်​ဘဲ...

Read more »

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Kanyana 150x150

Photo Credit to ရွှေမြင်သာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​...

Read more »
Download Android App