ကမ္ဘာ့ဒီဇိုင်းပိုင်း အလှဆုံး ကား (၁၀) စီး

အခုခေတ်မှာ ကားဆိုတာ ခရီးသွားလာဖို့ တစ်နေရာမှတစ်နေရာကို အလွယ်တကူ သွားလာနိုင်ဖို့ ဆိုတဲ့ အဓိကကျတဲ့ ရည်ရွယ်ချက်တစ်ခုတည်းအတွက် အသုံးပြုတဲ့အရာ မဟုတ်တော့ပါဘူး.။ Fashion တစ်ခု၊ ဂုဏ်ယူဝံ့ကြွားဖွယ်ရာ တစ်ခုအနေနဲ့ အသုံးပြုတဲ့ ဇိမ်ခံပစ္စည်းအဖြစ် ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်.။ ဒါကြောင့် ကားရဲ့ ဒီဇိုင်းပိုင်းလှပမှုဟာလဲ ကားတစ်စီးဝယ်ယူဖို့ စဉ်းစားဆုံးဖြတ်ရာမှာ အရေးပါတဲ့ အရာတစ်ခု ဖြစ်လာပြီဖြစ်ပါတယ်.။ ဒီပို့စ်မှာတော့ ယနေ့ခေတ်မှာ ဝယ်ယူရရှိနိုင်ပြီဖြစ်တဲ့ ကားများထဲမှ ဒီဇိုင်းပိုင်း အလှဆုံး ကား (၁၀) စီးကို ရွေးချယ်တင်ပြပေးထားပါတယ်.။

 


  1. Volkswagen Scirocco


10-volkswagen-scirocco-based-on-the-fantastic-volkswagen-gti-the-scirocco-offers-a-wide-stance-and-an-aggressive-angular-front-headlight-and-grille-combo

Volkswagen ရဲ့ နာမည်ကျော် Volkswagen GTI ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Scirocco ဟာ ဒီဇိုင်းမိုက်တဲ့ ရှေ့မီးခွက်နဲ့ Shell တွေပါဝင်တဲ့ ဒီဇိုင်းဖြစ်ပြီး Hatchback တွေထဲမှာ အတော်လေး လှတဲ့ ဒီဇိုင်းကို ပိုင်ဆိုင်တဲ့ ကားတစ်စီးဖြစ်ပါတယ်.။ မြင်းကောင်ရေ 125 ကောင်၊ 180 နဲ့ 220 ကောင် အား အင်ဂျင် (၃) မျိုး ရရှိနိုင်ပြီး အမြန်ဆုံးအင်ဂျင်နဲ့ မောင်းနှင်မယ်ဆိုရင်     0-62 ကို 5.5 စက္ကန့်အတွင်း ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်.။

ဈေးနှုန်း - $31,413 ++

although-the-scirocco-is-sold-around-the-world-it-is-doesnt-look-like-the-stylish-coupe-will-be-coming-to-america-anytime-soon


  1. Chevrolet Corvette Stingray


Corvette-Stingray-Cover-shot

Corvette ဟာ သူ့ကိုနှစ်သက်ကြသူတွေအတွက် အမြဲတမ်းအလှဆုံး ဖြစ်ခဲ့သလို နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Stingray ဟာဆိုရင် ဆယ်စုနှစ်တွေအတွင်း ထုတ်လုပ်ခဲ့သမျှ အမေရိကန်ကားတွေထဲမှာ အလှဆုံးကားတစ်စီးလို့ ဆိုရမှာဖြစ်ပါတယ်.။ အင်ဂျင်ပါဝါ မြင်းကောင်ရေ 455 ကောင်အားရှိတဲ့ အင်ဂျင်တပ်ဆင်ပါဝင်ပြီး 0-60 ကို 3.7 စက္ကန့််အတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်.။

ဈေးနှုန်း - $55,400 ++

The all-new 2014 Chevrolet Corvette Stingray’s provocative exterior styling is as functional as it is elegant; every line, vent, inlet and surface has been optimized to enhance the car's overall performance.


  1. Peugeot RCZ


8-peugeot-rcz-while-most-americans-may-be-unfamiliar-with-this-french-sports-coupe-the-rcz-has-been-racking-up-the-awards-since-its-debut-in-2009--including-top-gears-2010-coupe-of-the-year

ကျွန်တော်တို့တွေ သိပ်ပြီး Familiar မဖြစ်တဲ့ ပြင်သစ်ကားကုမ္ပဏီ Peugeot မှ ထုတ်လုပ်တဲ့ RCZ ဟာ စတင်ထုတ်လုပ်ခဲ့တဲ့ 2009 မှစပြီး နှစ်စဉ်နှစ်တိုင်း ဆုတံဆိပ်များ ဆွတ်ခူးနေတဲ့ ကားတစ်စီးဖြစ်ပါတယ်.။ မြင်းကောင်ရေ 200 နဲ့ 270 ကောင်အား အင်ဂျင် ၂ မျိုး ရရှိနိုင်ပြီး အမြန်ဆုံးအနေနဲ့ 0-62 ကို 5.9 စက္ကန့်နဲ့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်.။

ဈေးနှုန်း - $22,350 ++

the-rczs-soft-flowing-curves-and-classic-double-bubble-roofline-make-for-one-gorgeous-silhouette


  1. Maserati GranTurismo


7-maserati-granturismo-even-though-the-granturismo-has-been-on-sale-for-nearly-a-decade-now-the-gts-elegant-lines-are-truly-timeless

GranTurismo ကို စတင်ရောင်းချခဲ့တာ ဆယ်စုနှစ်တစ်စု နီးပါး ကြာမြင့်နေပြီ ဖြစ်ပေမယ့် ဒီကားရဲ့ ဒီဇိုင်းပိုင်းဟာ အခုချိန်ထိ သစ်လွင်နေဆဲ ဖြစ်ပါတယ်.။ မြင်းကောင်ရေ 444 ကောင်အားမှ စတင်ပြီး ဝယ်ယူရရှိနိုင်တဲ့ ဒီကားဟာ 0-60 ကို 5 စက္ကန့်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်.။

ဈေးနှုန်း - $132,825 ++

the-granturismos-pininfarina-designed-body-offers-a-perfect-balance-between-feminine-and-masculine-features--with-its-rounded-edges-elegantly-offset-by-its-aggressive-front-fascia


  1. BMW i8


6-bmw-i8-the-bmw-i8-looks-like-no-other-car-on-the-road-today

BMW i8 ဟာ ယနေ့ခေတ်မှာ မောင်းနှင်နေတဲ့ မည်သည့်ကားနဲ့မှ မတူတဲ့ ဒီဇိုင်းကို ပိုင်ဆိုင်ထားပါတယ်.။ BMW ဟာ i8 မှာ သတ္တုတွေ၊ ဒီဇိုင်းတွေနဲ့ ဒေါင့်ချိုးတွေကို အချိုးညီကျနစွာ ပေါင်းစပ်ထားပြီး 0-60 ကို 3.6 စက္ကန့်အတွင်း ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်.။ အင်ဂျင်ပါဝါအားဖြင့် မြင်းကောင်ရေ 357 ကောင်အား ရရှိနိုင်ပြီး 155 mph အထိ အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်.။

ဈေးနှုန်း - $140,700 ++

with-the-i8-bmw-has-successfully-blended-a-cacophony-of-materials-textures-and-angles-to-create-a-harmonious-composition


  1. Lamborghini Aventador


5lamborghini-aventador-a-lamborghini-should-neither-be-boring-nor-conventionally-beautiful-fortunately-the-flagship-aventador-isnt

Lamborghini ရဲ့ ဒီဇိုင်းပိုင်း ထူးခြားမှုတွေကို Aventador မှာ ဆက်လက်မြင်တွေ့ရပြီး ဒီကားရဲ့ ထူးခြားချက်ကတော့ အမေရိကန်တိုက်လေယာဉ်ဖြစ်တဲ့ Stealth Fighter လေယာဉ်တွေရဲ့ ဒီဇိုင်းပိုင်းကို အနည်းငယ်မှီငြမ်းထားတာပဲ ဖြစ်ပါတယ်.။ မြင်းကောင်ရေ 691 မှ 720 အားအထိ ရှိတဲ့ အင်ဂျင်ပါဝါ ကြောင့် 0-60 ကို 3.0 စက္ကန့်အတွင်း ရောက်ရှိနိုင်စွမ်းရှိပါတယ်.။

ဈေးနှုန်း - $397,500 ++

the-aventadors-aggressive-lines-and-stealth-fighter-like-edges-make-for-a-menacing-beauty-thats-perfect-for-lambos-attention-hoarding-ethos


  1. Ferrari LaFerrari


4-ferrari-laferrari-people-tend-to-find-ferraris-attractive-simply-because-they-are-ferraris-but-the-reality-is-that-the-company-created-some-misses-the-ferrari-laferrari-isnt-one-of-them

Ferrari ရဲ့ ပရိသတ်တွေဟာ Ferrari က ထုတ်လုပ်သမျှကားတွေကို ကြိုက်နှစ်သက်ကြပါတယ်.။ ဒါပေမယ့် တကယ်တော့ Ferrari ကားတိုင်းတော့ လှနေတာမဟုတ်ပါဘူး.။ Ferrari ရဲ့ အလှဆုံး ကားတွေထဲမှာ နံပါတ် (၁) လို့ ဆိုရမယ့် ကားကတော့ LaFerrari ပဲ ဖြစ်ပါတယ်.။ မြင်းကောင်ရေ 949 ကောင်အား ရှိတဲ့ အင်ဂျင်ကလဲ စွမ်းအားအပြည့်ရှိပြီး 2.3 kWh ထုတ်ပေးနိုင်တဲ့ လျှပ်စစ်မော်တာလဲ ပါဝင်ပါသေးတယ်.။

ဈေးနှုန်း - $1.416 million ++

designed-in-house-at-ferrari-laferrari-is-a-bold-melange-of-classic-elements-from-maranellos-supercars-of-yore-its-lines-are-sleek-evocative-of-a-spaceship-yielding-the-ultimate-ferrari-hypercar


  1. Aston Martin Vanquish


2014-aston-martin-vanquish-0

နာမည်ကျော် James Bond မောင်းနှင်နေကြဖြစ်တဲ့ Aston Martin ကားတွေထဲမှာ ရိုးရှင်းတဲ့ပုံစံကို မော်ဒန်ဒီဇိုင်းပိုင်းနဲ့ ရောစပ်တည်ဆောက်ထားတဲ့ Vanquish က အလှဆုံးလို့ ဆိုရမှာဖြစ်ပါတယ်.။ မြင်းကောင်ရေ 565 ကောင်အား အထိ မောင်းနှင်နိုင်တဲ့ အင်ဂျင်ပါဝင်ပြီး 0-60 ကို 3.6 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။

ဈေးနှုန်း - $279,995 ++

2015-Aston-Martin-Vanquish-Rear-Driving


  1. Pagani Huayra


2-pagani-huayra-the-230-mph-huayra-is-the-second-all-new-model-to-emerge-from-the-italian-workshop-of-horacio-pagani-it-serves-as-the-successor-to-the-widely-praised-zonda

အီတလီနိုင်ငံထုတ် Pagani Huayra Hypercar ဟာ Top Speed အနေနဲ့ 230 mph အထိ ရရှိနိုင်တဲ့ supercar တစ်စီးဖြစ်ပါတယ်.။ ကားရဲ့ အမြန်နှုန်း၊ အင်ဂျင်ပါဝါ အစရှိတာတွေကို ထည့်မတွက်ဘဲ ဒီဇိုင်းသီးသန့် ကြည့်မယ်ဆိုရင်တောင် ကားရဲ့ လေကိုခွင်းသွားမယ့် ဒီဇိုင်းပိုင်းနဲ့ ဂီယာထိုးတဲ့အခါ ထွက်လာတဲ့ “Ding” အသံအထိ အသေးစိတ် ဂရုတစိုက် ဒီဇိုင်းထုတ်ထားတဲ့ ကားတစ်စီးဖြစ်ပါတယ်.။ မြင်းကောင်ရေ 720 ကောင်အားအထိ ထည့်သွင်းပါဝင်ပြီး 0-60 ကို 3 စက္ကန့်နဲ့ အရှိန်တင်နိုင်ပါတယ်.။

ဈေးနှုန်း - $1 million ++

the-result-is-a-hypercar-with-a-rocket-ship-body-and-a-sort-of-steampunk-interior--utterly-original

နံပါတ် (1) နေရာမှာ ရှိနေတဲ့ ကားကရော ဘာကားများဖြစ်မလဲ?

 


  1. Jaguar F-Type


1-jaguar-f-type-designer-ian-callum-once-told-me-a-jaguar-design-must-possess-beauty-simplicity-and-a-sense-of-visual-prowess

ဒီဇိုင်နာ Ian Callum တစ်ခါက ပြောဖူးသလို Jaguar ကားတစ်စီးရဲ့ ဒီဇိုင်းဟာ လှပရမယ်၊ simple ဖြစ်ရမယ်၊ အားအင်အပြည့်ရှိတဲ့ ပုံစံပေါက်ရမယ်လို့ ဆိုပါတယ်.။ Jaguar F-Type ဟာ ဒီအချက်တွေအားလုံး ပါဝင်ပြီးသားဖြစ်တဲ့အပြင် လှပတဲ့ အမို့အမောက်အကွေ့အဝိုက်တွေနဲ့ တကယ့်ကျားသစ်တစ်ကောင် ခုန်လွှားတော့မယ့် ပုံစံမျိုးပါပဲ.။ မြင်းကောင်ရေ 340 မှ 567 အထိ အင်ဂျင်ပါဝါ အမျိုးမျိုးရရှိနိုင်ပြီး 0-60 ကို 4.9 စက္ကန့်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်.။

ဈေးနှုန်း - $65,000 ++

the-f-types-feline-curves-and-muscular-stance-means-this-cat-from-coventry-is-ready-to-pounce with-the-f-type-sir-ian-has-checked-all-of-those-boxes--and-then-some

 

Ref: Business Insider, Cars and Driver

Created by: Aung Mon Chan

www.carsdb.com

No. 1 Car Site in Myanmar

Latest News

အမြန်​လမ်းမ​​ပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်...

Tzh ygn mdy highway5 150x150

Photo Credit အမြန်​လမ်းမ​​ကြီးပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်​အောက်​ကားများသည် ယာဉ်အန္တရယ်ဖြစ်ပွားမှူ ပိုမိုဖြစ်​​ပေါ်နိုင်​သဖြင့် တစ်​နာရီ...

Read more »

ယာဉ်မောင်းလိုင်စင်အတု...

Download 150x150

Photo Credit to Shwe Myin Thar ​မော်​​တော်​ယာဉ်​ ​မောင်းနှင်​ရာတွင်​ ယာဉ်မောင်းလိုင်စင်အတု ကိုင်​​ဆောင်အသုံးပြုနေသူများကို ​ဇူလိုင်လ...

Read more »

ခရီးသည်​တင်​ အပ်​နှံပြီး လူစီးစလစ်​များ ...

Weekly price 6 27 2017 1 150x150

Photo Credit ရန်​ကုန်​တိုင်း​ဒေသကြီး ခရီးသည်​တင်​ယာဉ်များ ​အပ်​နှံပြီး လူစီးစလစ်များလာ​သော်​လည်း အ​ရောင်းအဝယ်​မလုပ်​ဘဲ...

Read more »

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Kanyana 150x150

Photo Credit to ရွှေမြင်သာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​...

Read more »
Download Android App