ရန္ကုန္ၿမဳိ႕ရွိ စက္သံုးဆီအေရာင္းဆိုင္မ်ား အျခင္အတြယ္ျပည့္၀စြာ ေရာင္းခ်ေပးမႈမရွိေၾကာင္း ၀န္ႀကီးဌာနသို႔ တိုင္ၾကားမႈမ်ားရွိေန


ရန္ကုန္ၿမိဳ႕တြင္းရွိ စက္သံုးဆီအေရာင္းဆိုင္မ်ား အျခင္အတြယ္ျပည့္၀စြာ ေရာင္းခ်ေပးမႈ မရွိေၾကာင္း ၀န္ႀကီးဌာနသို႔ တုိင္ၾကားမႈမ်ားရွိေနသည္ဟု ‘စြမ္းအင္၀န္ႀကီးဌာန’မွ သတင္းရရွိသည္။tj


ပုဂၢလိကစက္သံုးဆီဆုိင္မ်ားမွ ၀ယ္ယူသံုးစဲြသူမ်ားအေနျဖင့္ စက္သံုးဆီ၀ယ္ယူရာတြင္ ေပးရသည့္တန္ဖိုးႏွင့္ ရရွိသည့္ပမာဏမွာထက္၀က္ခန္႔ ေလ်ာ့နည္းမႈရွိေနေၾကာင္း ကို ျပည္သူ႔၀န္ေဆာင္မႈ လုပ္ငန္းမ်ား စြမ္းေဆာင္ရည္အကဲ ျဖတ္အဖြဲ႕သို႔ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါ ရီလက တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “စက္သံုးဆီ အျခင္ အတြယ္ ျပည့္မီမႈ ရွိ/မရွိနဲ႔ စက္သံုးဆီ အရည္အေသြး တိုင္းတာစစ္ေဆးမႈကို ၂၀၁၃ ခုႏွစ္တုန္းက ျပဳလုပ္သလို ဒီႏွစ္မွာလည္း ေဆာင္ရြက္သြားမွာပါ၊ ဒီႏွစ္မွာ စက္သံုးဆီ အေရာင္း ဆိုင္ေတြကို တိုင္းတာစစ္ေဆးမႈ မလုပ္ရေသးေပမဲ့ မၾကာခင္မွာပဲ ေဆာင္ရြက္သြားမွာပါ”ဟု ‘ျမန္မာ့ ေရနံထြက္ပစၥည္း ေရာင္း၀ယ္ေရး’မွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။ ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္၌ ရန္ကုန္ၿမဳိ႕တြင္း ဖြင့္လွစ္ေရာင္းခ် လ်က္ရွိေသာ စက္သံုးဆီအေရာင္းဆုိင္မ်ား အျခင္အတြယ္ျပည့္မီျခင္း ရွိ/မရွိ စစ္ေဆးခဲ့ရာ စက္သံုးဆီ အေရာင္းဆိုင္ေပါင္း တစ္ရာေက်ာ္ အနက္ဆိုင္ ႏွစ္ဆယ္ခန႔္မွာ အျခင္အတြယ္ျပည့္၀မႈ မရွိသည္ကို ေတြ႕ရေၾကာင္း သိရသည္။ ယင္းသုိ႔ စက္သံုးဆီ အျခင္အတြယ္ ျပည့္ ၀စြာ ေရာင္းခ်ျခင္းမရွိသည့္ အေရာင္းဆိုင္မ်ားအား ပထမအႀကိမ္ သတိေပးျခင္းႏွင့္ ဒုတိယအႀကိမ္ ေရာင္းခ်ခြင့္ သံုးလ ပိတ္သိမ္းျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း စြမ္းအင္ ၀န္ႀကီးဌာနမွ သတင္းရရွိသည္။


 

Ref: Automobile



Unicode Version

ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်ပြည့်ဝစွာ ရောင်းချပေးမှု မရှိကြောင်း ဝန်ကြီးဌာနသို့ တိုင်ကြားမှုများရှိနေသည်ဟု ‘စွမ်းအင်ဝန်ကြီးဌာန’မှ သတင်းရရှိသည်။tj


ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ ဝယ်ယူသုံးစွဲသူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် ပေးရသည့်တန်ဖိုးနှင့် ရရှိသည့်ပမာဏမှာထက်ဝက်ခန့် လျော့နည်းမှုရှိနေကြောင်း ကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်အကဲ ဖြတ်အဖွဲ့သို့ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါ ရီလက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “စက်သုံးဆီ အခြင် အတွယ် ပြည့်မီမှု ရှိ/မရှိနဲ့ စက်သုံးဆီ အရည်အသွေး တိုင်းတာစစ်ဆေးမှုကို ၂ဝ၁၃ ခုနှစ်တုန်းက ပြုလုပ်သလို ဒီနှစ်မှာလည်း ဆောင်ရွက်သွားမှာပါ၊ ဒီနှစ်မှာ စက်သုံးဆီ အရောင်း ဆိုင်တွေကို တိုင်းတာစစ်ဆေးမှု မလုပ်ရသေးပေမဲ့ မကြာခင်မှာပဲ ဆောင်ရွက်သွားမှာပါ”ဟု ‘မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး’မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၌ ရန်ကုန်မြို့တွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်ပြည့်မီခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ စက်သုံးဆီ အရောင်းဆိုင်ပေါင်း တစ်ရာကျော် အနက်ဆိုင် နှစ်ဆယ်ခန့်မှာ အခြင်အတွယ်ပြည့်ဝမှု မရှိသည်ကို တွေ့ရကြောင်း သိရသည်။ ယင်းသို့ စက်သုံးဆီ အခြင်အတွယ် ပြည့် ဝစွာ ရောင်းချခြင်းမရှိသည့် အရောင်းဆိုင်များအား ပထမအကြိမ် သတိပေးခြင်းနှင့် ဒုတိယအကြိမ် ရောင်းချခွင့် သုံးလ ပိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သတင်းရရှိသည်။


 

Ref: Automobile

Latest News

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »