fb-pageview-tracker
လုပ္ငန္းသံုး 660cc ကားေလးမ်ား ၂၀၁၉ ခုႏွစ္တြင္ က်ပ္ သိန္း ၅၀ အထိ ေဈးႏႈန္းစံခ်ိန္တင္ျမင့္တက္


Zawgyi Version

ျပည္ပမွ ညာေမာင္းကားတင္သြင္းခြင့္မရွိေတာ့သည့္ေနာက္ပိုင္းတြင္ ဂ်ပန္လက္က်န္ ညာေမာင္းကားေဈးမွာ တရိပ္ရိပ္ ျမင့္တက္လာေနခဲ့ရာ အင္ဂ်င္ပါဝါေသးေသာ ကားေလးမ်ားျဖစ္သည့္ လုပ္ငန္းသံုး 660cc မီနီထရပ္ကားေလးမ်ားသည္ ၂၀၁၉ ခုနွစ္အတြင္း က်ပ္ သိန္း ၅၀ အထိေစ်းႏႈန္း စံခ်ိန္တင္ျမင့္တက္လာေနခဲ့ေၾကာင္း ကားေရာင္းဝယ္ေရးေစ်းကြက္အတြင္းမွ သိရသည္။

ယခင္က ျပည္တြင္းတြင္ တစ္နိုင္တစ္ပိုင္စီးပြားေရးလုပ္ငန္းမ်ားအတြက္ အသံုးျပဳရလြယ္ကူသည့္ လူႀကိဳက္အမ်ားဆံုးျဖစ္ခဲ့ေသာ 660cc မီနီထရပ္ ဂ်ပန္တစ္ပတ္ရစ္ကားမ်ားသည္ ေစ်းႏႈန္းက်ပ္ သိန္း ၇၀ မွ သိန္း ၁၀၀ ဝန္းက်င္သာရွိခဲ့ရာမွ ယခုအခါ က်ပ္ သိန္း ၁၅၀ မွ ၁၈၀ အထိ ေစ်းႏႈန္းမ်ားျမင့္တက္ၿပီး အဝယ္လိုက္လာရာ ကားေစ်းကြက္တြင္ အျမင့္ဆံုးစံခ်ိန္ျဖင့္ ေစ်းႏႈန္းျမင့္တက္လာေနခဲ့ေၾကာင္း သိရသည္။

“ကားေစ်းအတက္လာဆံုးကားေတြထဲမွာ အင္ဂ်င္ပါဝါ 660cc Hijet လုပ္ငန္းသံုးကားေလးေတြက ေစ်းအတက္ဆံုးျဖစ္ေနတယ္။ အရင္က သိန္း ၇၀ နဲ႔ ၉၀ ေလာက္နဲ႕ ဝယ္လို႔ရတဲ့ကားက အခုဆို ေစ်းက သိန္း ၁၃၀ ေလာက္ျဖစ္ေနၿပီ။ ေမာ္ဒယ္အျမင့္ Hijet ကားေတြဆို သိန္း ၁၈၀ ေလာက္အထိေစ်းတက္လာတယ္။ တစ္ႏိုင္တစ္ပိုင္ စီးပြားေရးလုပ္ငန္း လုပ္တဲ့သူေတြကလည္း အင္ဂ်င္ပါဝါအေသး 660cc ကားကိုပဲ အေမးမ်ားတယ္။ နယ္ေတြမွာ ကုန္သယ္ဖို႔အတြက္ မိုးတြင္းမေရာက္ခင္ ဆီစားႏႈန္းကလည္းသက္သာၿပီး ကားၾက့ံခိုင္မႈနဲ႔ ျပင္ဆင္ရတာလည္းလြယ္တဲ့အတြက္၊ ကားအပိုပစၥည္းဆိုလည္း အရမ္းေပါတဲ့အတြက္ ဒီကားေလးေတြပဲသံုးလာၾကတာ။ ေနာက္ေတာ့၊ ဒီကားေတြကထပ္ၿပီးသြင္းမရေတာ့၊ လိုအပ္ခ်က္ရွိလာေတာ့ ေစ်းကအရမ္းတက္လာတာ။” ဟု ကားေရာင္းဝယ္ေရးေစ်းကြက္အတြင္း လုပ္ငန္းသံုးကားေလးမ်ား အေရာင္းအဝယ္ျပဳလုပ္ေနသူ ဦးတင္ေမာင္ထြန္းက ေျပာသည္။

ျပည္နယ္ႏွင့္တိုင္းေဒသမ်ားမွ တစ္ႏိုင္တစ္ပိုင္ စီးပြားေရးလုပ္ငန္းလုပ္ကိုင္သူမ်ားမွာ လုပ္ငန္းသံုးအင္ဂ်င္ပါဝါအေသး ကားေလးမ်ားျဖစ္ေသာ Hijet ကားမ်ားကို ဝယ္ယူမႈမ်ားျပားလာရာ ယခင္ သိန္း ၇၀ သာ႐ွိေသာ Hijet ကားေစ်းမွာ လက္႐ွိ သိန္း ၁၄၀ ဝန္းက်င္ႏွင့္ သိန္း၁၈၀ အထိ ေစ်းႏႈန္းမ်ားျမင့္တက္လာေနေၾကာင္း သိရသည္။


Unicode Version

ပြည်ပမှ ညာမောင်းကားတင်သွင်းခွင့်မရှိတော့သည့်နောက်ပိုင်းတွင် ဂျပန်လက်ကျန် ညာမောင်းကားဈေးမှာ တရိပ်ရိပ် မြင့်တက်လာနေခဲ့ရာ အင်ဂျင်ပါဝါသေးသော ကားလေးများဖြစ်သည့် လုပ်ငန်းသုံး 660cc မီနီထရပ်ကားလေးများသည် ၂၀၁၉ ခုနှစ်အတွင်း ကျပ် သိန်း ၅၀ အထိဈေးနှုန်း စံချိန်တင်မြင့်တက်လာနေခဲ့ကြောင်း ကားရောင်းဝယ်ရေးဈေးကွက်အတွင်းမှ သိရသည်။

ယခင်က ပြည်တွင်းတွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုရလွယ်ကူသည့် လူကြိုက်အများဆုံးဖြစ်ခဲ့သော 660cc မီနီထရပ် ဂျပန်တစ်ပတ်ရစ်ကားများသည် ဈေးနှုန်းကျပ် သိန်း ၇၀ မှ သိန်း ၁၀၀ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ ကျပ် သိန်း ၁၅၀ မှ ၁၈၀ အထိ ဈေးနှုန်းများမြင့်တက်ပြီး အဝယ်လိုက်လာရာ ကားဈေးကွက်တွင် အမြင့်ဆုံးစံချိန်ဖြင့် ဈေးနှုန်းမြင့်တက်လာနေခဲ့ကြောင်း သိရသည်။

“ကားဈေးအတက်လာဆုံးကားတွေထဲမှာ အင်ဂျင်ပါဝါ 660cc Hijet လုပ်ငန်းသုံးကားလေးတွေက ဈေးအတက်ဆုံးဖြစ်နေတယ်။ အရင်က သိန်း ၇၀ နဲ့ ၉၀ လောက်နဲ့ ဝယ်လို့ရတဲ့ကားက အခုဆို ဈေးက သိန်း ၁၃၀ လောက်ဖြစ်နေပြီ။ မော်ဒယ်အမြင့် Hijet ကားတွေဆို သိန်း ၁၈၀ လောက်အထိဈေးတက်လာတယ်။ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေကလည်း အင်ဂျင်ပါဝါအသေး 660cc ကားကိုပဲ အမေးများတယ်။ နယ်တွေမှာ ကုန်သယ်ဖို့အတွက် မိုးတွင်းမရောက်ခင် ဆီစားနှုန်းကလည်းသက်သာပြီး ကားကြံ့ခိုင်မှုနဲ့ ပြင်ဆင်ရတာလည်းလွယ်တဲ့အတွက်၊ ကားအပိုပစ္စည်းဆိုလည်း အရမ်းပေါတဲ့အတွက် ဒီကားလေးတွေပဲသုံးလာကြတာ။ နောက်တော့၊ ဒီကားတွေကထပ်ပြီးသွင်းမရတော့၊ လိုအပ်ချက်ရှိလာတော့ ဈေးကအရမ်းတက်လာတာ။” ဟု ကားရောင်းဝယ်ရေးဈေးကွက်အတွင်း လုပ်ငန်းသုံးကားလေးများ အရောင်းအဝယ်ပြုလုပ်နေသူ ဦးတင်မောင်ထွန်းက ပြောသည်။

ပြည်နယ်နှင့်တိုင်းဒေသများမှ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများမှာ လုပ်ငန်းသုံးအင်ဂျင်ပါဝါအသေး ကားလေးများဖြစ်သော Hijet ကားများကို ဝယ်ယူမှုများပြားလာရာ ယခင် သိန်း ၇၀ သာရှိသော Hijet ကားဈေးမှာ လက်ရှိ သိန်း ၁၄၀ ဝန်းကျင်နှင့် သိန်း၁၈၀ အထိ ဈေးနှုန်းများမြင့်တက်လာနေကြောင်း သိရသည်။

Latest News

ရန္​ကုန္​လိုင္​စင္​အားခြင္​့ျပဳ/မျပဳ...

Zawgyi Version ရန္​ကုန္​လိုင္​စင္​အား YVQC စနစ္​ျဖင္​့ ခြင္​့ျပဳ/မျပဳကို တိက်စြာ သတင္​းထုတ္​ျပန္​​ေပးရန္​ လိုအပ္​​ေနၿ​ပီး...

Read more »

ကားေဘာနက္ ဟစိ နဲ႕ heat တက္တဲ့ အယူအဆ အမွားမ်ား

Zawgyi Version အခု ရန္ကုန္က taxi တခ်ဳိ႕ car bonnet ကို lock က်ေအာင္ မပိတ္ဘဲ ဟစိေလးလုပ္ၿပီး ေမာင္းေနတာေတြ႕ရတယ္ဗ်။ အရင္က...

Read more »

Ford EcoSport Review (International)

Zawgyi Version အေမရိက က ထရပ္ကားအရုပ္ေလးေတြနဲ႕ဆင္တဲ့ small SUV Ford EcoSport ဟာ ဖ်တ္ဖ်တ္လတ္လတ္ ေမာင္းႏွင္ႏိုင္မယ့္ ကားမ်ိဳးပါ။...

Read more »

လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔

Zawgyi Version လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔။ သံျပားထူရင္ပိုမာပါတယ္။ ပိုမာလို႔ထိခိုက္ရင္ ပိုမိုေတာင့္ခံႏိုင္တယ္၊ ပိုမိုအႏၱရယ္ကင္းတယ္လို႔...

Read more »

လိုင္​စင္​မဲ့ကားမ်ားရွိ​ေနမႈကို...

Zawgyi Version ေနအိမ္​ၿခံဝန္​းမ်ားတြင္​ လိုင္​စင္​မဲ့ကားရွိ​ေနမႈမ်ားကို ထိ​ေရာက္​စြာဖမ္းဆီးႏိုင္​ရန္​အတြက္​ ဆု​ေၾကး​ေငြ​ေပး၍...

Read more »