fb-pageview-tracker
ပြည်​ပမှ Brand New (Ageing Stock) ဖြင့်​ ကားတင်​သွင်းရာတွင်​ သွင်းကုန်​လိုင်​စင်​အတိုင်း တင်​သွင်းရမည်​ဖြစ်​ရာ ၁ နှစ်​ နိမ့်​မော်ဒယ်တင်​သွင်းခြင်းနှင့်​ မော်ဒယ်​ခုန်​ တင်​သွင်းခြင်းကို ခွင့်​ပြု​တော့မည်​မဟုတ်


Zawgyi Version




Unicode Version

ပြည်ပမှ Brand New (Ageing Stock) ဖြင့် ကားတင်သွင်းရာတွင် သွင်းကုန်ပါမစ်အတိုင်း၊ သတ်မှတ်ထားသည့်မော်ဒယ်အတိုင်း တင်သွင်းရမည်ဖြစ်ရာ ၁ နှစ် နိမ့်မော်ဒယ်တင်သွင်းခြင်းနှင့် မော်ဒယ်ခုန် တင်သွင်းခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယခင်က ပြည်ပမှ Brand New (Ageing Stock) ဖြင့် ကားတင်သွင်းရာတွင် သွင်းကုန်ပါမစ်လျှောက်ထားမှု၊ ထုတ်လုပ်သည့်ခုနှစ်၂ နှစ်သက်တမ်းရှိ မော်တော်ယာဉ်များအား ရောက်ရှိခုနှစ်၊ မိုဒယ် Brand New ကို အကောက်ခွန်တွင် ဒဏ်ကြေးပေးဆောင်၍ ဈေးကွက်တွင်အပြိုင်ရောင်းချမှု များပြားလာနေသဖြင့် ၁ နှစ်နိမ့်မော်ဒယ်တင်သွင်းခြင်းနှင့် မော်ဒယ်ခုန် တင်သွင်းခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။

“Brand New (Ageing Stock) နဲ့တင်သွင်းတဲ့ကားတွေကို သွင်းကုန်ပါမစ်အတိုင်း လျှောက်ထားရမှာပါ။ ကြီးကော်က သွင်းကုန်ပါမစ်အတိုင်းမဟုတ်ဘဲ ၁ နှစ်နိမ့် model down ကိုတင်သွင်းတာတွေ၊ model အမြင့်ကိုတင်သွင်းတာတွေ နောက်ပိုင်းလက်မခံတော့ပါဘူး။ ဒါကလည်း Ageing Stock နဲ့တင်သွင်းတဲ့ Brand New ကားတွေကိုပဲ ကန့်သတ်ထားတာပါ။” ဟု နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပွဲကို Junction City မှာ မေလ (၂၃) ရက်နေ့ကနေပြီး (၂၆)...

Read more »

ယာဉ်​အမည်​​​ပြောင်းခွန်​ကောက်​ခံခြင်းကို...

 Zawgyi Version ​မော်​​တော်​ယာဉ်​အမည်​​​ပြောင်းခွန်​ ​ကောက်​ခံခြင်းကို ​လျှော့​ချ​ကောက်​ခံရန်​ ​ဆွေး​နွေးထားမှု မရှိ​သေးဘဲ ယခုအတိုင်းသာ...

Read more »

ကားရှေ့မီးကြီးနဲ့ ဝါယာရှော့ အန္တရာယ်

Zawgyi Version အမျိုးသမီး တစ်ဦးမောင်းတဲ့ Honda Fit ကားလေးတစ်စီး ကားရှေ့မီးကြီး တစ်ဖက်မလာလို့ဆိုပြီး ကျနော်တို့ကားဝပ်ရှော့ ကို ရောက်လာတယ်။...

Read more »

အာမခံထားသော ကားတစ်စီး မတော်တဆမှုဖြစ်ပွားလျင် ......

Zawgyi Version ယာဉ်ကြောတွေပိတ်ဆို့ပြီး ကားအစီးရေတွေများပြားလွန်းလှတဲ့ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆမှုဆိုတာ...

Read more »

ရန်ကုန်တိုင်း စည်​ပင်​နယ်​နိမိတ်​အတွင်း...

Zawgyi Version ရန်ကုန်တိုင်းစည်​ပင်​နယ်​နိမိတ်​မြို့နယ်​များအတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုထား​သော်​လည်း လိုင်​စင်​မဲ့ဆိုင်​ကယ်​များ...

Read more »