fb-pageview-tracker
ေမာင္းသူမဲ့ကားမ်ားႏွင့္ အနာဂတ္၏ေလာင္စာဆီ က်ပ္တည္းမႈျပႆနာ


Zawgyi Version

ကြန္ပ်ဴတာထိန္းခ်ဳပ္စနစ္နဲ႔ ေမာင္းႏွင္ႏုိင္မယ့္ ေမာင္းသူမဲ့ကား (driverless cars) ေတြဟာ ဒီေန႔ေခတ္ကားဝါသနာအိုးေတြရဲ့ ပါးစပ္ဖ်ားမွာ ေရပန္းအစားဆံုးျဖစ္ေနပါတယ္။ Google တို႔လို နည္းပညာကုမၸဏီႀကီးေတြကလည္း အာရံုခံကိရိယာေတြ၊ ကြန္ပ်ဴတာပရိုဂရမ္ေတြကို အသံုးျပဳၿပီး ေမာင္းသူမဲ့ကားေတြ စတင္ထုတ္လုပ္လာခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္ႏွစ္အနည္းငယ္မွာ မ်ားမ်ားစားစားေတြ႕ျမင္ရဖို႔ရွိေနတဲ့ ေမာင္းသူမဲ့ကားေတြနဲ႔ပတ္သက္ၿပီး အနာဂတ္ေရးရာေဝဖန္သံုးသပ္သူေတြဆီက ထင္ျမင္ခ်က္ေတြလည္း အမ်ိဳးမ်ိဳးထြက္ေပၚေနပါတယ္။ အဓိကအားျဖင့္ေတာ့ မေတာ္တဆမႈေတြေလ်ာ့နည္းသြားဖို႔၊ ပါကင္ထိုးစရာေနရာေတြကို အလြယ္တကူရွာေဖြႏိုင္ဖို႔၊ ခရီးရွည္ကားေမာင္းရတဲ့ပင္ပန္းမႈ မခံရေစဖို႔ ဆိုတဲ့အခ်က္ေတြပါပဲ။ ဒါေပမဲ့ အေရးႀကီးဆံုးဆိုတဲ့ေမးခြန္းတစ္ခုလည္း က်န္ရွိပါေသးတယ္။ အဲဒါကေတာ့ မၾကာခင္မွာ ျပတ္လပ္ဖြယ္ရွိေနတဲ့ ေလာင္စာဆီနဲ႔စြမ္းအင္ျပႆနာေတြကို ေမာင္းသူမဲ့ကားကေျဖရွင္းႏုိင္မွာလား ဆိုတာပဲျဖစ္ပါတယ္။

လာမယ့္ဆယ္စုႏွစ္အနည္းငယ္အတြင္း ကမၻာႀကီးႀကံဳေတြ႕လာႏုိင္တဲ့ျပႆနာေတြက ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲလာျခင္းနဲ႔အတူ ကမၻာေျမကေနရရွိတဲ့ စြမ္းအင္ရင္းျမစ္ေတြ တျဖည္းျဖည္းခမ္းေျခာက္ျပတ္ေတာက္လာႏုိင္တာပါပဲ။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က အေမရိကန္ျပည္ေထာင္စုရဲ့ သိပံၸနဲ႔အင္ဂ်င္နီယာသုေတသနအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ National Academy of Sciences (NAS) က လာမယ့္ ၂၀၅၀ ခုႏွစ္ဝန္းက်င္မွာ ႏိုင္ငံအတြင္းေလာင္စာဆီသံုးစြဲမႈကို ၈၀ ရာခိုင္ႏႈန္းအထိ မျဖစ္မေနေလွ်ာ့ခ်ရလိမ့္မယ္လုိ႔ ေၾကညာခဲ့ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ global warming ဆိုတဲ့ ကမၻာႀကီးပူေႏြးလာမႈကို ကာကြယ္ဖို႔ရယ္၊ တျခားႏုိင္ငံရဲ့ ေလာင္စာဆီတင္သြင္းမႈအေပၚ မွီခိုေနရတဲ့အားနည္းခ်က္ကို ျပင္ဆင္ဖို႔အတြက္ပါပဲ။ ဒီလိုေလာင္စာဆီသံုးစြဲမႈကို လံုးဝနီးပါးေလွ်ာ့ခ်ပစ္လုိက္ဖို႔ဆိုရင္ အေမရိကန္တို႔ရဲ့ တစ္ခုတည္းေသာထြက္ေပါက္ဟာ လွ်ပ္စစ္ကားေတြမ်ားမ်ားထုတ္လုပ္ဖို႔နဲ႔ biofuel လို႔ေခၚတဲ့ သဘာဝထြက္ကုန္ကရတဲ့ ေလာင္စာဆီကို ပိုမိုသံုးစြဲဖို႔ပဲ ရွိေနပါတယ္။ ဒီထြက္ေပါက္နဲ႔ အကိုက္ညီဆံုးနည္းပညာတစ္ခုကို NAS က တာဝန္ရွိသူေတြ စူးစမ္းရွာေဖြလုိက္တဲ့အခါမွာေတာ့ ေမာင္းသူမဲ့ကားဆုိတာကို သြားၿပီးေတြ႕ရွိပါေတာ့တယ္။ ေလာင္စာဆီအေပၚေမာင္းသူမဲ့ကားေတြ အက်ိဳးျပဳ/မျပဳ ဆိုတာနဲ႔ပတ္သက္ၿပီး ဆန္႔က်င္ဘက္အျမင္ ၂ မ်ိဳးလည္းထြက္ေပၚေနပါတယ္။ ပထမဆံုးအေနနဲ႔ ေမာင္းသူမဲ့ကားေတြဟာ အနာဂတ္မွာေလာင္စာဆီနဲ႔ပတ္သက္လုိ႔ ဘယ္လိုအက်ိဳးေက်းဇူးေတြရရွိေစႏုိင္မလဲဆိုတာ ဆက္ၿပီးေလ့လာၾကည့္ၾကရေအာင္ပါ။

ေလာင္စာဆီသံုးစြဲမႈကို ေမာင္းသူမဲ့ကားက ဘယ္လုိထိန္းခ်ဳပ္ေပးမလဲ

ေမာင္းသူမဲ့ကားေတြဟာ သာမန္ကားနဲ႔ယွဥ္ရင္ ေလာင္စာဆီပိုၿပီးအသံုးခံမွာေသခ်ာပါတယ္။ ဘာ့ေၾကာင့္လဲဆုိေတာ့ စိတ္အေျပာင္းအလဲျမန္တဲ့လူသားဒရိုင္ဘာေတြထက္စာရင္ ခရီးတစ္ခုကို ပံုေသအရွိန္နဲ႔ ေမာင္းႏွင္ႏုိင္တာေၾကာင့္ပါပဲ။ တကယ္လုိ႔လမ္းမေပၚမွာ လူသားေမာင္းတဲ့ကားမပါဘဲ အလိုအေလ်ာက္ေမာင္းႏွင္ႏုိင္တဲ့ driverless car ေတြခ်ည္းသာဆုိရင္ ကားအားလံုးဟာ ကုိယ့္လမ္းကိုယ္ပံုေသအရွိန္နဲ႔ ေမာင္းႏိုင္ၾကမွာပါ။ ဒါဆိုရင္ ယာဥ္ေၾကာပိတ္ဆို႔မႈ၊ ယာဥ္မေတာ္တဆမႈတို႔ဆုိတာေတြလည္း အတိတ္မွာက်န္ခဲ့မွာ အေသအခ်ာပါပဲ။ ယာဥ္မွာပါဝင္တဲ့ကြန္ပ်ဴတာစနစ္ဟာ ေလာင္စာဆီအနည္းဆံုးကိုသာသံုးစြဲၿပီး အထိေရာက္ဆံုးေမာင္းႏွင္ေပးပါလိမ့္မယ္။ သုေတသီေတြရဲ႕ခန္႔မွန္းခ်က္အရ ေမာင္းသူမဲ့ကားေတြ တြင္တြင္က်ယ္က်ယ္အသံုးျပဳမယ့္အခ်ိန္မွာ အေမရိကန္ႏိုင္ငံတြင္းက ေလာင္စာဆီသံုးစြဲမႈႏႈန္းဟာ ၂၀ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္းအထိေလ်ာ့က်သြားမယ္လုိ႔ သိရပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ သာမန္ကားေတြထက္ ပိုၿပီးေပါ့တဲ့ေမာင္းသူမဲ့ကားေတြရဲ့ အေလးခ်ိန္ပါပဲ။ ယေန႔ေခတ္ရဲ႕သာမန္ကားေတြဟာ ေပါင္ ၄,၀၀၀ ေလာက္ရွိေပမယ့္ ကြန္ပ်ဴတာထိ္န္းခ်ဳပ္စနစ္နဲ႔ ေမာင္းႏွင္မယ့္လွ်ပ္စစ္ကားေတြကေတာ့ ေပါင္ ၇၅၀ ေလာက္ပဲေလးမယ္လို႔ သိရပါတယ္။ အေလးခ်ိန္နည္းေလေလ အင္ဂ်င္အရုန္းရသက္သာေလျဖစ္တာေၾကာင့္ ေလာင္စာဆီလည္းပိုၿပီးသက္သာမယ္ဆိုတာ အထူးေျပာစရာမလိုပါဘူး။ ဒါ့အျပင္ အာရံုခံစနစ္ေတြ၊ ကြန္ပ်ဴတာလမ္းေၾကာင္းရွာစနစ္ေတြေၾကာင့္ ကားပါကင္ထိုးတဲ့ေနရာမွာလည္း အရင္ကလို အခက္အခဲရွိမွာမဟုတ္ေတာ့ပါဘူး။ ဒီအားသာခ်က္ေၾကာင့္လဲ ေလာင္စာဆီသံုးစြဲရမႈကို ေလွ်ာ့ခ်ေပးႏုိင္ပါေသးတယ္။ စစ္တမ္းတစ္ခုအရဆိုရင္ ကားအတြင္းမွာပါတဲ့ေလာင္စာဆီရဲ့ ၄၀ ရာခိုင္ႏႈန္းကို ကားပါကင္ရွာေဖြရင္း ျဖဳန္းတီးပစ္ေနၾကတယ္လုိ႔လည္း သိရပါတယ္။

ပတ္ဝန္းက်င္ကိုလည္း အက်ိဳးျပဳႏုိင္တဲ့ ေမာင္းသူမဲ့ကား

အလိုအေလ်ာက္ေမာင္းႏွင္ႏုိင္တဲ့ေမာင္းသူမဲ့ကားေတြဟာ လမ္းမေပၚမွာ ဘယ္သူမဆိုငွားရမ္းအသံုးျပဳႏုိင္တဲ့ စနစ္ကိုလည္း ဝန္ေဆာင္မႈေပးပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ အလုပ္ကိုသြားမယ္ဆိုရင္ အိမ္ကကားဂိုေဒါင္ထဲက ကိုယ္ပိုင္ကားႀကီးကို ထုတ္ေမာင္းဖို႔မလုိအပ္ေတာ့ပါဘူး။ လုိရင္းကေတာ့ အနာဂတ္ရဲဲ့ လမ္းမေတြေပၚမွာ ယာဥ္ေပါင္းစံုနဲ႔ ရႈပ္ယွက္ခတ္ေနေတာ့မွာမဟုတ္ပါဘူး။ ဒီလိုဆိုရင္ လမ္းမေပၚမွာ လမ္းေလွ်ာက္သူေတြ၊ စက္ဘီးစီးသူေတြနဲ႔ ပိုၿပီးစည္စည္ကားကားျဖစ္လာမယ္လို႔ ယူဆရပါတယ္။ ေမာင္းသူမဲ့ကားေတြမွာပါဝင္မယ့္ ထိန္းခ်ဳပ္စနစ္ဟာ လူသားဒရုိင္ဘာေတြထက္ ပိုၿပီးတိက်ပါတယ္။ စနစ္သာတကယ္ေကာင္းရင္ ယာဥ္တိုက္မႈဆိုတာ ျဖစ္မွာမဟုတ္ေတာ့လုိ႔ ကေလးငယ္ေတြ၊ လမ္းေလွ်ာက္သူေတြနဲ႔ စက္ဘီးစီးသူေတြဟာ စိတ္ေအးလက္ေအးနဲ႔ လမ္းမေပၚထြက္ႏုိင္ေတာ့မွာပါ။ ခရီးသြားျပည္သူေတြအားလံုးဟာလည္း လမ္းမေပၚက ေမာင္းသူမဲ့ကားေတြကိုသာ အသံုးျပဳစီးနင္းရေတာ့မွာျဖစ္လုိ႔ ေလာင္စာဆီသံုးစြဲမႈကို ပိုမိုေခၽြတာေပးႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။

အနာဂတ္ရဲ့စြမ္းအင္လိုအပ္ခ်က္ကို ပိုၿပီးျမင့္မားလာေစမွာလား

ေမာင္းသူမဲ့ကားနဲ႔ပတ္သက္ၿပီး အေကာင္းျမင္တဲ့ဘက္က သံုးသပ္ေဖာ္ျပခဲ့ၿပီးပါၿပီ။ ဒီတစ္ခါေတာ့ အနာဂတ္ရဲ့ ေလာင္စာဆီျပႆနာကို ေမာင္းသူမဲ့ကားေတြက ပိုၿပီးဆိုးရြားလာေစမလားဆိုတဲ့ အခ်က္ကိုလည္း ျဖစ္ႏုိင္ေခ်ရွိ/မရွိ ဆက္ၿပီးစဥ္းစားဖို႔လိုလာပါတယ္။ ယေန႔ကမၻာႀကီးမွာ ကားေမာင္းခ်င္တဲ့သူေတြဟာ ေလ်ာ့နည္းမသြားဘဲ တျဖည္းျဖည္းပိုၿပီးတိုးပြားလို႔သာလာေနပါတယ္။ အေမရိကန္ႏုိင္ငံရဲ႕စည္းကမ္းဥပေဒအရ အသက္ ၁၆ ႏွစ္ေအာက္လူငယ္ေတြ၊ သက္ႀကီးရြယ္အုိေတြ၊ မသန္စြမ္းတဲ့ဒုကိၡတေတြနဲ႔ က်န္းမာေရးခ်ိဳ႕တဲ့သူေတြဟာ ကားေမာင္းခြင့္မရွိပါဘူး။ ေမာင္းသူမဲ့ကားေတြ တြင္တြင္က်ယ္က်ယ္အသံုးျပဳလာၾကရင္ေတာ့ ဒီလူေတြလည္း သက္ေသာင့္သက္သာနဲ႔ ဒီကားေတြကို တက္စီးႏုိင္ၾကပါၿပီ။ အဲဒီအခါမွာ ကားေမာင္းသူ (သို႔) ကားစီးသူအေရအတြက္ဟာ လက္ရွိထက္ပိုလို႔ေတာင္မ်ားျပားလာမွာ အေသအခ်ာပါပဲ။ ျပည္တြင္းပို႔ေဆာင္ဆက္သြယ္ေရးဟာလည္း ကြယ္ေပ်ာက္သြားႏုိင္ပါတယ္။ အဲဒီအစား ေမာင္းသူမဲ့ဘတ္စ္ကားေတြ၊ ေမာင္းသူမဲ့တကၠဆီေတြကိုသာ ျမင္ေတြ႕ရဖို႔ရွိပါတယ္။ ေမာင္းႏွင္ပို႔ေဆာင္ေပးရမယ့္ self driving car ေတြမ်ားလာေလေလ၊ ေလာင္စာဆီလုိအပ္ခ်က္ကလည္း ပိုၿပီးမ်ားလာေလေလ ျဖစ္မွာကေတာ့ ေသခ်ာေနပါတယ္။

လမ္းမေတြေပၚမွာ ေမာင္းသူမဲ့ကားေတြ ပ်ားပန္းခပ္ေအာင္လႈပ္ရွားသြားလာေနၿပီး ပုိ႔ေဆာင္ဆက္သြယ္ေရးက႑အားလံုးရဲ့ ဦးတည္ခ်က္ဟာလည္း ေမာင္းသူမဲ့ကားေတြျဖစ္လာၿပီဆိုရင္ ဒီကားေတြရဲ့သက္တမ္းကိုလည္း ျပန္လည္သတ္မွတ္ေပးဖို႔လိုလာပါလိမ့္္မယ္။ လက္ရွိအခ်ိန္မွာ ကားတစ္စီးရဲ့သက္တမ္းကို ၁၁ ႏွစ္သတ္မွတ္ထားေပမယ့္ သံုးစြဲမႈသက္တမ္းကို ၃ ႏွစ္ကေန ၅ ႏွစ္အတြင္းသာ သတ္မွတ္သင့္တယ္လို႔ ဆိုပါတယ္။ ဒါမွသာ လိုက္ပါလုိတဲ့ခရီးသည္ေတြအေနနဲ႔ ႀကံ့ခိုင္မႈအျပည့္ရွိတဲ့ ေမာင္းသူမဲ့ယာဥ္တစ္စင္းကို စိတ္ေအးလက္ေအးစီးနင္းႏုိင္ပါလိမ့္မယ္။ ေမာင္းသူမဲ့ကားတစ္စီးဟာ သက္တမ္း ၅ ႏွစ္ေက်ာ္လြန္လာၿပီဆိုရင္ေတာ့ ဆက္လက္စီးနင္းဖို႔မသင့္ဘဲ လုိအပ္တဲ့ျပဳျပင္မႈေတြ၊ နည္းပညာအသစ္နဲ႔အညီ အဆင့္ျမွင့္တင္မႈေတြ လုပ္ေပးရပါမယ္။ ဒီအခါမွာလည္း ေလာင္စာဆီသံုးစြဲမႈပမာဏက ဘယ္လုိရွိမလဲဆိုတာ ခန္႔မွန္းဖို႔မလြယ္ေသးပါဘူး။ ဘယ္လုိပဲျဖစ္ျဖစ္ အခုေဖာ္ျပခဲ့တာေတြဟာ အေမရိကန္က ကၽြမ္းက်င္တဲ့ပညာရွင္ေတြ၊ သုေတသီအဖြဲ႕အစည္းေတြက အနီးစပ္ဆံုးေလ့လာမႈေတြသံုးၿပီး အနာဂတ္အတြက္ စဥ္းစားအေျဖထုတ္ခဲ့တာေတြပါ။ ေမာင္းသူမဲ့ကားေတြနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ထြက္ေပၚလာႏုိင္တဲ့အေျဖေတြလည္း အေျမာက္အမ်ားက်န္ရွိေနႏိုင္ပါေသးတယ္။ အနာဂတ္ရဲ႕ေလာင္စာဆီ ျပတ္လပ္မယ့္အႏၱရာယ္ကို ေမာင္းသူမဲ့ကားေတြက အကူအညီေပးမွာလား …? ဒါမွမဟုတ္ ပိုၿပီးဆိုးရြားလာေစမွာလား ဆိုတာကိုေတာ့ …။

စာေရးသူ : ကိုုဆြဲ (မုံရြာ)
Ref: Will Driverless Cars Solve Our Energy Problems or Just Create New Ones?


Unicode Version

ကွန်ပျူတာထိန်းချုပ်စနစ်နဲ့ မောင်းနှင်နိုင်မယ့် မောင်းသူမဲ့ကား (driverless cars) တွေဟာ ဒီနေ့ခေတ်ကားဝါသနာအိုးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ Google တို့လို နည်းပညာကုမ္ပဏီကြီးတွေကလည်း အာရုံခံကိရိယာတွေ၊ ကွန်ပျူတာပရိုဂရမ်တွေကို အသုံးပြုပြီး မောင်းသူမဲ့ကားတွေ စတင်ထုတ်လုပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်အနည်းငယ်မှာ များများစားစားတွေ့မြင်ရဖို့ရှိနေတဲ့ မောင်းသူမဲ့ကားတွေနဲ့ပတ်သက်ပြီး အနာဂတ်ရေးရာဝေဖန်သုံးသပ်သူတွေဆီက ထင်မြင်ချက်တွေလည်း အမျိုးမျိုးထွက်ပေါ်နေပါတယ်။ အဓိကအားဖြင့်တော့ မတော်တဆမှုတွေလျော့နည်းသွားဖို့၊ ပါကင်ထိုးစရာနေရာတွေကို အလွယ်တကူရှာဖွေနိုင်ဖို့၊ ခရီးရှည်ကားမောင်းရတဲ့ပင်ပန်းမှု မခံရစေဖို့ ဆိုတဲ့အချက်တွေပါပဲ။ ဒါပေမဲ့ အရေးကြီးဆုံးဆိုတဲ့မေးခွန်းတစ်ခုလည်း ကျန်ရှိပါသေးတယ်။ အဲဒါကတော့ မကြာခင်မှာ ပြတ်လပ်ဖွယ်ရှိနေတဲ့ လောင်စာဆီနဲ့စွမ်းအင်ပြဿနာတွေကို မောင်းသူမဲ့ကားကဖြေရှင်းနိုင်မှာလား ဆိုတာပဲဖြစ်ပါတယ်။

လာမယ့်ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာကြီးကြုံတွေ့လာနိုင်တဲ့ပြဿနာတွေက ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာခြင်းနဲ့အတူ ကမ္ဘာမြေကနေရရှိတဲ့ စွမ်းအင်ရင်းမြစ်တွေ တဖြည်းဖြည်းခမ်းခြောက်ပြတ်တောက်လာနိုင်တာပါပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမေရိကန်ပြည်ထောင်စုရဲ့ သိပ္ပံနဲ့အင်ဂျင်နီယာသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ National Academy of Sciences (NAS) က လာမယ့် ၂၀၅၀ ခုနှစ်ဝန်းကျင်မှာ နိုင်ငံအတွင်းလောင်စာဆီသုံးစွဲမှုကို ၈၀ ရာခိုင်နှုန်းအထိ မဖြစ်မနေလျှော့ချရလိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ global warming ဆိုတဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ဖို့ရယ်၊ တခြားနိုင်ငံရဲ့ လောင်စာဆီတင်သွင်းမှုအပေါ် မှီခိုနေရတဲ့အားနည်းချက်ကို ပြင်ဆင်ဖို့အတွက်ပါပဲ။ ဒီလိုလောင်စာဆီသုံးစွဲမှုကို လုံးဝနီးပါးလျှော့ချပစ်လိုက်ဖို့ဆိုရင် အမေရိကန်တို့ရဲ့ တစ်ခုတည်းသောထွက်ပေါက်ဟာ လျှပ်စစ်ကားတွေများများထုတ်လုပ်ဖို့နဲ့ biofuel လို့ခေါ်တဲ့ သဘာဝထွက်ကုန်ကရတဲ့ လောင်စာဆီကို ပိုမိုသုံးစွဲဖို့ပဲ ရှိနေပါတယ်။ ဒီထွက်ပေါက်နဲ့ အကိုက်ညီဆုံးနည်းပညာတစ်ခုကို NAS က တာဝန်ရှိသူတွေ စူးစမ်းရှာဖွေလိုက်တဲ့အခါမှာတော့ မောင်းသူမဲ့ကားဆိုတာကို သွားပြီးတွေ့ရှိပါတော့တယ်။ လောင်စာဆီအပေါ်မောင်းသူမဲ့ကားတွေ အကျိုးပြု/မပြု ဆိုတာနဲ့ပတ်သက်ပြီး ဆန့်ကျင်ဘက်အမြင် ၂ မျိုးလည်းထွက်ပေါ်နေပါတယ်။ ပထမဆုံးအနေနဲ့ မောင်းသူမဲ့ကားတွေဟာ အနာဂတ်မှာလောင်စာဆီနဲ့ပတ်သက်လို့ ဘယ်လိုအကျိုးကျေးဇူးတွေရရှိစေနိုင်မလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ကြရအောင်ပါ။

လောင်စာဆီသုံးစွဲမှုကို မောင်းသူမဲ့ကားက ဘယ်လိုထိန်းချုပ်ပေးမလဲ

မောင်းသူမဲ့ကားတွေဟာ သာမန်ကားနဲ့ယှဉ်ရင် လောင်စာဆီပိုပြီးအသုံးခံမှာသေချာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စိတ်အပြောင်းအလဲမြန်တဲ့လူသားဒရိုင်ဘာတွေထက်စာရင် ခရီးတစ်ခုကို ပုံသေအရှိန်နဲ့ မောင်းနှင်နိုင်တာကြောင့်ပါပဲ။ တကယ်လို့လမ်းမပေါ်မှာ လူသားမောင်းတဲ့ကားမပါဘဲ အလိုအလျောက်မောင်းနှင်နိုင်တဲ့ driverless car တွေချည်းသာဆိုရင် ကားအားလုံးဟာ ကိုယ့်လမ်းကိုယ်ပုံသေအရှိန်နဲ့ မောင်းနိုင်ကြမှာပါ။ ဒါဆိုရင် ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုတို့ဆိုတာတွေလည်း အတိတ်မှာကျန်ခဲ့မှာ အသေအချာပါပဲ။ ယာဉ်မှာပါဝင်တဲ့ကွန်ပျူတာစနစ်ဟာ လောင်စာဆီအနည်းဆုံးကိုသာသုံးစွဲပြီး အထိရောက်ဆုံးမောင်းနှင်ပေးပါလိမ့်မယ်။ သုတေသီတွေရဲ့ခန့်မှန်းချက်အရ မောင်းသူမဲ့ကားတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုမယ့်အချိန်မှာ အမေရိကန်နိုင်ငံတွင်းက လောင်စာဆီသုံးစွဲမှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိလျော့ကျသွားမယ်လို့ သိရပါတယ်။ နောက်တစ်ချက်ကတော့ သာမန်ကားတွေထက် ပိုပြီးပေါ့တဲ့မောင်းသူမဲ့ကားတွေရဲ့ အလေးချိန်ပါပဲ။ ယနေ့ခေတ်ရဲ့သာမန်ကားတွေဟာ ပေါင် ၄,၀၀၀ လောက်ရှိပေမယ့် ကွန်ပျူတာထိန်းချုပ်စနစ်နဲ့ မောင်းနှင်မယ့်လျှပ်စစ်ကားတွေကတော့ ပေါင် ၇၅၀ လောက်ပဲလေးမယ်လို့ သိရပါတယ်။ အလေးချိန်နည်းလေလေ အင်ဂျင်အရုန်းရသက်သာလေဖြစ်တာကြောင့် လောင်စာဆီလည်းပိုပြီးသက်သာမယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဒါ့အပြင် အာရုံခံစနစ်တွေ၊ ကွန်ပျူတာလမ်းကြောင်းရှာစနစ်တွေကြောင့် ကားပါကင်ထိုးတဲ့နေရာမှာလည်း အရင်ကလို အခက်အခဲရှိမှာမဟုတ်တော့ပါဘူး။ ဒီအားသာချက်ကြောင့်လဲ လောင်စာဆီသုံးစွဲရမှုကို လျှော့ချပေးနိုင်ပါသေးတယ်။ စစ်တမ်းတစ်ခုအရဆိုရင် ကားအတွင်းမှာပါတဲ့လောင်စာဆီရဲ့ ၄၀ ရာခိုင်နှုန်းကို ကားပါကင်ရှာဖွေရင်း ဖြုန်းတီးပစ်နေကြတယ်လို့လည်း သိရပါတယ်။

ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်တဲ့ မောင်းသူမဲ့ကား

အလိုအလျောက်မောင်းနှင်နိုင်တဲ့မောင်းသူမဲ့ကားတွေဟာ လမ်းမပေါ်မှာ ဘယ်သူမဆိုငှားရမ်းအသုံးပြုနိုင်တဲ့ စနစ်ကိုလည်း ဝန်ဆောင်မှုပေးပါလိမ့်မယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အလုပ်ကိုသွားမယ်ဆိုရင် အိမ်ကကားဂိုဒေါင်ထဲက ကိုယ်ပိုင်ကားကြီးကို ထုတ်မောင်းဖို့မလိုအပ်တော့ပါဘူး။ လိုရင်းကတော့ အနာဂတ်ရဲ့ လမ်းမတွေပေါ်မှာ ယာဉ်ပေါင်းစုံနဲ့ ရှုပ်ယှက်ခတ်နေတော့မှာမဟုတ်ပါဘူး။ ဒီလိုဆိုရင် လမ်းမပေါ်မှာ လမ်းလျှောက်သူတွေ၊ စက်ဘီးစီးသူတွေနဲ့ ပိုပြီးစည်စည်ကားကားဖြစ်လာမယ်လို့ ယူဆရပါတယ်။ မောင်းသူမဲ့ကားတွေမှာပါဝင်မယ့် ထိန်းချုပ်စနစ်ဟာ လူသားဒရိုင်ဘာတွေထက် ပိုပြီးတိကျပါတယ်။ စနစ်သာတကယ်ကောင်းရင် ယာဉ်တိုက်မှုဆိုတာ ဖြစ်မှာမဟုတ်တော့လို့ ကလေးငယ်တွေ၊ လမ်းလျှောက်သူတွေနဲ့ စက်ဘီးစီးသူတွေဟာ စိတ်အေးလက်အေးနဲ့ လမ်းမပေါ်ထွက်နိုင်တော့မှာပါ။ ခရီးသွားပြည်သူတွေအားလုံးဟာလည်း လမ်းမပေါ်က မောင်းသူမဲ့ကားတွေကိုသာ အသုံးပြုစီးနင်းရတော့မှာဖြစ်လို့ လောင်စာဆီသုံးစွဲမှုကို ပိုမိုချွေတာပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အနာဂတ်ရဲ့စွမ်းအင်လိုအပ်ချက်ကို ပိုပြီးမြင့်မားလာစေမှာလား

မောင်းသူမဲ့ကားနဲ့ပတ်သက်ပြီး အကောင်းမြင်တဲ့ဘက်က သုံးသပ်ဖော်ပြခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ အနာဂတ်ရဲ့ လောင်စာဆီပြဿနာကို မောင်းသူမဲ့ကားတွေက ပိုပြီးဆိုးရွားလာစေမလားဆိုတဲ့ အချက်ကိုလည်း ဖြစ်နိုင်ချေရှိ/မရှိ ဆက်ပြီးစဉ်းစားဖို့လိုလာပါတယ်။ ယနေ့ကမ္ဘာကြီးမှာ ကားမောင်းချင်တဲ့သူတွေဟာ လျော့နည်းမသွားဘဲ တဖြည်းဖြည်းပိုပြီးတိုးပွားလို့သာလာနေပါတယ်။ အမေရိကန်နိုင်ငံရဲ့စည်းကမ်းဥပဒေအရ အသက် ၁၆ နှစ်အောက်လူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတဲ့ဒုက္ခိတတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေဟာ ကားမောင်းခွင့်မရှိပါဘူး။ မောင်းသူမဲ့ကားတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြရင်တော့ ဒီလူတွေလည်း သက်သောင့်သက်သာနဲ့ ဒီကားတွေကို တက်စီးနိုင်ကြပါပြီ။ အဲဒီအခါမှာ ကားမောင်းသူ (သို့) ကားစီးသူအရေအတွက်ဟာ လက်ရှိထက်ပိုလို့တောင်များပြားလာမှာ အသေအချာပါပဲ။ ပြည်တွင်းပို့ဆောင်ဆက်သွယ်ရေးဟာလည်း ကွယ်ပျောက်သွားနိုင်ပါတယ်။ အဲဒီအစား မောင်းသူမဲ့ဘတ်စ်ကားတွေ၊ မောင်းသူမဲ့တက္ကဆီတွေကိုသာ မြင်တွေ့ရဖို့ရှိပါတယ်။ မောင်းနှင်ပို့ဆောင်ပေးရမယ့် self driving car တွေများလာလေလေ၊ လောင်စာဆီလိုအပ်ချက်ကလည်း ပိုပြီးများလာလေလေ ဖြစ်မှာကတော့ သေချာနေပါတယ်။

လမ်းမတွေပေါ်မှာ မောင်းသူမဲ့ကားတွေ ပျားပန်းခပ်အောင်လှုပ်ရှားသွားလာနေပြီး ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍအားလုံးရဲ့ ဦးတည်ချက်ဟာလည်း မောင်းသူမဲ့ကားတွေဖြစ်လာပြီဆိုရင် ဒီကားတွေရဲ့သက်တမ်းကိုလည်း ပြန်လည်သတ်မှတ်ပေးဖို့လိုလာပါလိမ့််မယ်။ လက်ရှိအချိန်မှာ ကားတစ်စီးရဲ့သက်တမ်းကို ၁၁ နှစ်သတ်မှတ်ထားပေမယ့် သုံးစွဲမှုသက်တမ်းကို ၃ နှစ်ကနေ ၅ နှစ်အတွင်းသာ သတ်မှတ်သင့်တယ်လို့ ဆိုပါတယ်။ ဒါမှသာ လိုက်ပါလိုတဲ့ခရီးသည်တွေအနေနဲ့ ကြံ့ခိုင်မှုအပြည့်ရှိတဲ့ မောင်းသူမဲ့ယာဉ်တစ်စင်းကို စိတ်အေးလက်အေးစီးနင်းနိုင်ပါလိမ့်မယ်။ မောင်းသူမဲ့ကားတစ်စီးဟာ သက်တမ်း ၅ နှစ်ကျော်လွန်လာပြီဆိုရင်တော့ ဆက်လက်စီးနင်းဖို့မသင့်ဘဲ လိုအပ်တဲ့ပြုပြင်မှုတွေ၊ နည်းပညာအသစ်နဲ့အညီ အဆင့်မြှင့်တင်မှုတွေ လုပ်ပေးရပါမယ်။ ဒီအခါမှာလည်း လောင်စာဆီသုံးစွဲမှုပမာဏက ဘယ်လိုရှိမလဲဆိုတာ ခန့်မှန်းဖို့မလွယ်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခုဖော်ပြခဲ့တာတွေဟာ အမေရိကန်က ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ သုတေသီအဖွဲ့အစည်းတွေက အနီးစပ်ဆုံးလေ့လာမှုတွေသုံးပြီး အနာဂတ်အတွက် စဉ်းစားအဖြေထုတ်ခဲ့တာတွေပါ။ မောင်းသူမဲ့ကားတွေနဲ့ပတ်သက်ပြီး နောက်ထပ်ထွက်ပေါ်လာနိုင်တဲ့အဖြေတွေလည်း အမြောက်အများကျန်ရှိနေနိုင်ပါသေးတယ်။ အနာဂတ်ရဲ့လောင်စာဆီ ပြတ်လပ်မယ့်အန္တရာယ်ကို မောင်းသူမဲ့ကားတွေက အကူအညီပေးမှာလား …? ဒါမှမဟုတ် ပိုပြီးဆိုးရွားလာစေမှာလား ဆိုတာကိုတော့ …။

စာရေးသူ : ကိုဆွဲ (မုံရွာ)
Ref: Will Driverless Cars Solve Our Energy Problems or Just Create New Ones?

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »