fb-pageview-tracker
ညာ​ေမာင္​း​ေက်ာင္​းႀကိဳ/ပို႔ကားမ်ား ဘယ္​​ေမာင္​း​ school bus အစားထိုးဝယ္​ယူရန္​ အခ်ိန္​အနည္​းဆံုး ၃ လအထိ ခြင္​့ျပဳ​ေပးမည္​ဟုဆို


Zawgyi Version

ယခု ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ school bus ​ေက်ာင္​းကားစနစ္​ စတင္​​ေျပးဆြဲရာ၌ ​ေက်ာင္​းႀကိဳ/ပို႔လုပ္ငန္​းအတြင္​း ေျပးဆြဲမည္​့သူမ်ား လက္​ရွိအသံုးျပဳ​ေျပးဆြဲ​ေနသည္​့ ညာ​ေမာင္​းေက်ာင္းႀကိဳ/ပို႔ကားမ်ားေနရာတြင္ ဘယ္​​ေမာင္​း​ school bus မ်ား အစားထိုးဝယ္​ယူရန္ ​အခ်ိန္အနည္​းဆံုး ၃ လအထိ ခြင္​့ျပဳ​ေပးသြားမည္​ျဖစ္​​ေၾကာင္​း ရန္​ကုန္​တိုင္း​​ေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) မွ သိရသည္​။ ​ေက်ာင္​းသား/သူမ်ား စီးနင္​းမည္​့ ​ေက်ာင္​းကား​ေျပးဆြဲသည္​့လုပ္​ငန္​း လုပ္​ကိုင္​မည္​့သူမ်ားအေနျဖင့္ ဘယ္​​ေမာင္​း school bus ​ေက်ာင္​းကားမ်ားကို ကားအ​ေရာင္း​စင္​တာမ်ားထံမွဝယ္​ယူၿပီး ရန္​ကုန္​လိုင္​စင္​​ေလွ်ာက္​ထားရယူရာတြင္ ​ယခင္​ကတည္​းက ​ေက်ာင္​းႀကိဳ/ပို႔လုပ္​ငန္​း လုပ္​ကိုင္​သူမ်ားကိုသာ ရန္​ကုန္​လိုင္​စင္​စလစ္​ကပ္​ရန္မလိုအပ္​ဘဲ ခြင္​့ျပဳ​ေပးမည္ျဖစ္ၿပီး ကားဝယ္​ယူထားသည္​့ အ​ေရာင္​းအဝယ္​စာခ်ဳပ္​အား YRTA ထံသို႔ တင္​ျပ​ေလွ်ာက္​ထား၍ က.ည.န ထံ ယာဥ္မွတ္​ပံုတင္ ​တင္​ျပသြားရမည္​ျဖစ္​​ေၾကာင္​း သိရသည္​။

“အခုဆြဲ​ေနတဲ့ ညာ​ေမာင္​းကား​ေတြက ဘယ​္​​ေမာင္​း school bus ကို အစားထိုးဝယ္​ယူရမွာပါ။ ​ေက်ာင္​းကားဝယ္​ယူတာကို အခ်ိန္​က​ေတာ့ အနည္​းဆံုး ၃ လ​ေလာက္ ​​ေပးထားတယ္​။ School bus ဘယ္​​ေမာင္​းကို ဘယ္​​ေနရာမွာပဲဝယ္ဝယ္​ ညာ​ေမာင္​းကား​ေတြက​ေန ဘယ္​​ေမာင္​းကားအစားထိုးဝယ္​တယ္​ဆိုတဲ့ ကားဝယ္​ထားတဲ့​ စာခ်ဳပ္​အ​ေထာက္​အထားကို​ေတာ့ YRTA ကို တင္​ျပရမွာပါ။ အ​ေရာင္​းစင္​တာ​ေတြက​ေန ဘယ္ေမာင္​း​ေက်ာင္း​ကား​ေတြ အစားထိုးဝယ္​ယူတဲ့အခါ ယာဥ္​အို၊ ယာဥ္​​ေဟာင္​း စလစ္​ကပ္​ဖို႔မလိုအပ္ေတာ့ဘဲ ခြင္​့ျပဳ​ေပးမွာပါ။” ဟု ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) မွ တာဝန္​ရွိသူတစ္​ဦးက ​ေျပာသည္​။

ၿပီးခဲ့သည္​့ ၂၀၁၈-၂၀၁၉ စာသင္​ႏွစ္​တြင္​ ဘယ္​​ေမာင္​း​ေက်ာင္​းကားစနစ္​​ကိုစတင္ခဲ့ရာ အစိုးရအဖြဲ႕မွ ဝယ္ယူထား​ေသာ ​ေက်ာင္​းကား အစီး ၂၀၀ အနက္​၊ ကားအစီး ၆၀ ​ေက်ာ္​ျဖင့္ စတင္​​ေျပးဆြဲဲေပးခဲ့ၿပီး စာသင္ေက်ာင္​းမ်ား၏ ေတာင္းဆိုမႈေၾကာင့္ ညာေမာင္းကားမ်ားကို ၁ ႏွစ္​​ ေျပးဆြဲခြင္​့ေပးခဲ့​ရေၾကာင္​း သိရသည္​။


Unicode Version

ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် school bus ကျောင်းကားစနစ် စတင်ပြေးဆွဲရာ၌ ကျောင်းကြို/ပို့လုပ်ငန်းအတွင်း ပြေးဆွဲမည့်သူများ လက်ရှိအသုံးပြုပြေးဆွဲနေသည့် ညာမောင်းကျောင်းကြို/ပို့ကားများနေရာတွင် ဘယ်မောင်း school bus များ အစားထိုးဝယ်ယူရန် အချိန်အနည်းဆုံး ၃ လအထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။ ကျောင်းသား/သူများ စီးနင်းမည့် ကျောင်းကားပြေးဆွဲသည့်လုပ်ငန်း လုပ်ကိုင်မည့်သူများအနေဖြင့် ဘယ်မောင်း school bus ကျောင်းကားများကို ကားအရောင်းစင်တာများထံမှဝယ်ယူပြီး ရန်ကုန်လိုင်စင်လျှောက်ထားရယူရာတွင် ယခင်ကတည်းက ကျောင်းကြို/ပို့လုပ်ငန်း လုပ်ကိုင်သူများကိုသာ ရန်ကုန်လိုင်စင်စလစ်ကပ်ရန်မလိုအပ်ဘဲ ခွင့်ပြုပေးမည်ဖြစ်ပြီး ကားဝယ်ယူထားသည့် အရောင်းအဝယ်စာချုပ်အား YRTA ထံသို့ တင်ပြလျှောက်ထား၍ က.ည.န ထံ ယာဉ်မှတ်ပုံတင် တင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။

“အခုဆွဲနေတဲ့ ညာမောင်းကားတွေက ဘယ်မောင်း school bus ကို အစားထိုးဝယ်ယူရမှာပါ။ ကျောင်းကားဝယ်ယူတာကို အချိန်ကတော့ အနည်းဆုံး ၃ လလောက် ပေးထားတယ်။ School bus ဘယ်မောင်းကို ဘယ်နေရာမှာပဲဝယ်ဝယ် ညာမောင်းကားတွေကနေ ဘယ်မောင်းကားအစားထိုးဝယ်တယ်ဆိုတဲ့ ကားဝယ်ထားတဲ့ စာချုပ်အထောက်အထားကိုတော့ YRTA ကို တင်ပြရမှာပါ။ အရောင်းစင်တာတွေကနေ ဘယ်မောင်းကျောင်းကားတွေ အစားထိုးဝယ်ယူတဲ့အခါ ယာဉ်အို၊ ယာဉ်ဟောင်း စလစ်ကပ်ဖို့မလိုအပ်တော့ဘဲ ခွင့်ပြုပေးမှာပါ။” ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ စာသင်နှစ်တွင် ဘယ်မောင်းကျောင်းကားစနစ်ကိုစတင်ခဲ့ရာ အစိုးရအဖွဲ့မှ ဝယ်ယူထားသော ကျောင်းကား အစီး ၂၀၀ အနက်၊ ကားအစီး ၆၀ ကျော်ဖြင့် စတင်ပြေးဆွဲပေးခဲ့ပြီး စာသင်ကျောင်းများ၏ တောင်းဆိုမှုကြောင့် ညာမောင်းကားများကို ၁ နှစ် ပြေးဆွဲခွင့်ပေးခဲ့ရကြောင်း သိရသည်။

Latest News

ရူးသြပ္ဖြယ္ရာ မဟားတရားပါဝါေတြနဲ႕ ၁၉-၂၀...

Zawgyi Version စြမ္းေဆာင္ရည္ အစြန္းဆုံးနဲ႕ sport ကားေတြဟာ ေမာ္ေတာ္ကားထုတ္လုပ္မႈနယ္ပယ္ကို အရွိန္အဟုန္နဲ႕ တိုးခ်ဲ႕ေနတာပါ။...

Read more »

ေမာ္ေတာ္ယာဥ္မ်ား ယာဥ္စည္းကမ္းေဖာက္ဖ်က္ခဲ့မႈ...

Zawgyi Version ျမန္မာႏိုင္ငံအတြင္းရွိ ယာဥ္မ်ားအားလံုးကို မည္သည့္တိုင္း၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ ေနရာမ်ားတြင္မဆို...

Read more »

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »