အကြော်ကြားဆုံး ဂျပန်နိုင်ငံထုတ် ကားများ
Nissan Skyline GT-R
Subaru Impreza
Unicode Version
ဂျပန်နိုင်ငံသည် engineering နှင့်ပတ်သက်ပြီး ကမ္ဘာမှာ လူသိများ၍ ကားထုတ်လုပ်သည့် လုပ်ငန်းများသည်လည်း ကမ္ဘာ့စျေးကွက်တွင် ထင်ရှားပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် ဂျပန်နိုင်ငံထုတ်ကားများကို လူကြိုက်များနေကြဆဲဖြစ်ပြီး ထိုကားအမျိုးအစား အများကြီးထဲမှ မည်သည့်ကားများသည် လူသိအများဆုံးနှင့် လူကြိုက်အများဆုံးဖြစ်သည်ကို ကြည့်ကြရအောင်။
Nissan Skyline GT-R
Nissan_Skyline_R34_GT-R-500x279
(photo credit: wikipedia)
Nissan Skyline GT-R ကားများသည် စျေးသက်သာသော ကားအမျိုးအစားမဟုတ်သော်လည်း လူကြိုက်အများဆုံး ဂျပန်ကားများထဲတွင် အထင်ရှားဆုံးဟု ဆိုရမည်။ Nissan Skyline GT-R ကားသည် ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော supercar အစစ်ဖြစ်သည်ဟု လူကြိုက်များသော TV show တစ်ခုဖြစ်သည့် Top Gear ၏ ပထမဆုံး season တွင် တင်ဆက်သွားခဲ့သည်။
The Fast and the Furious ကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်ကားများထဲတွင် ပါဝင်မှုနှင့် Gran Turismo(GT) video games series များထဲတွင် ပါဝင်မှုတို့ကလည်း ကမ္ဘာတစ်ဝှမ်းရှိ ကားဝါသနာရှင်များအကြား ပိုမိုကျော်ကြားစေခဲ့သည်။
Subaru Impreza
Subaru_Impreza-500x215
(photo credit: wikipedia)
လမ်းကြမ်းမောင်း World Rally ပြိုင်ပွဲများနှင့် ၂ဝဝ၁ ခုနှစ်တွင် Richard Burns မောင်းနှင်သော Subaru Impreza ကားသည် World Rally ပြိုင်ပွဲတွင် ချန်ပီယံရခဲ့ခြင်းတို့ကြောင့် ဤကားသည်ကျော်ကြားလာခဲသည်ဆိုလျှင်လည်း မမှားနိုင်ပါ။ ၁၉၉၃ ခုနှစ်က စတင်ထုတ်လုပ်ခဲ့သော Impreza အမျိုးအစားကားများသည် ဂျပန်ပြည်တွင်းတွင် လူကြိုက်များသော compact car အဖြစ်လည်း ရပ်တည်လျှက်ရှိသည်။ လည်းကောင်းထက် ပိုကြီးသော Subaru Legacy ကားနှင့် အင်ဂျင်အတူတူသုံးထားသော်လည်း Impreza  ကားများမှာ frame ပိုသေးအောင် တည်ဆောက်ထားသည်။
ဤကားသည် သူ၏ ကားအချိုးအစားလှပမှု၊ performance ကောင်းမွန်မှုနှင့် တည်ဆောက်ထားသော အရည်အသွေးကောင်းမွန်မှုတို့ဖြင့် ကမ္ဘာတစ်ဝှမ်း နာမည်ကောင်းရထားသည်။ ယုံကြည်စိတ်ချရသော compact car အမျိုးအစားများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဂျပန်နိုင်ငံထုတ် အအောင်မြင်ဆုံး Rally ကားများထဲတွင်လည်း ထိပ်ဆုံးတွင် ပါဝင်ပါသည်။
Mitsubishi Lancer Evolution
Mitsubishi_Lancer_EVO_X-500x281
(photo credit: wikipedia)
Mitsubishi ၏ Lancer Evo ကားများသည်လည်း အောင်မြင်သော ဂျပန်နိုင်ငံထုတ် performance ဦးစားပေးကားများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Rally ပြိုင်ပွဲများတွင်ပါ အသုံးပြုသော ကားများဖြစ်သည်။ Lancer Evo ကားများထုတ်လုပ်သည့်နှစ်သည် Subaru Impreza ကားထက် တစ်နှစ်သာစောသည်။ Lancer ကားများသည် ဂျပန်နိုင်ငံမှ ထုတ်လုပ်တင်ပို့သော ကားများအနက် လူသိအများဆုံးထဲမှ တစ်ခုအဖြစ်နှစ်ပေါင်းများစွာ ရပ်တည်လျှက်ရှိသည်။
အကယ်၍သင့်တွင် ထိုကားအမျိုးအစားများ ပိုင်ဆိုင်လျှင်ဖြစ်စေ၊ အခြား သင်ကြိုက်နှစ်သက်သော ကားအမျိုးအစားများရှိလျှင်ဖြစ်စေ အောက်တွင် comment ပေးကာဝင်ရောက်ဆွေးနွေးနိုင်ပါသည်။
Latest News
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »