၂၀၁၄ ခုႏွစ္ အေကာင္းဆံုးကားဆု ဆန္ခါတင္စာရင္း ထြက္ေပၚ

ျပင္သစ္ႏိုင္ငံမွ ေပးအပ္ခ်ီးျမႇင့္သည့္ ၂၀၁၄ ခုႏွစ္အတြက္ ကမၻာ့ အေကာင္းဆံုးကားဆု ဆန္ခါတင္စာရင္း ထြက္ေပၚလာၿပီျဖစ္ရာ ဂ်ာမန္ ကားအမွတ္တံဆိပ္ႏွစ္ခုႏွင့္ ဂ်ပန္ ကားအမွတ္တံဆိပ္တစ္ခု ပါ၀င္ေနေၾကာင္း ႏိုင္ငံတကာမီဒီယာမ်ားက မတ္ ၁၀ ရက္တြင္ ေရးသားေဖာ္ျပခဲ့ၾကသည္။

World-Car-of-Year-Awards

ျပင္သစ္ႏိုင္ငံသည္ ၂၀၀၅ ခုႏွစ္မွ စတင္ကာ ကမၻာ့အေကာင္းဆံုးကားဆုကို ေပးအပ္လ်က္ရွိၿပီး World Car of the Year ဆု အပါအ၀င္ World Performance Car ၊ World Green Car ၊ World Car Design of the Year ဆုမ်ားကိုလည္း ေပးအပ္ခ်ီးျမႇင့္လ်က္ ရွိသည္။ ယခုႏွစ္ World Car of the Year ဆု ဆန္ခါတင္ စာရင္းတြင္ Audi A3 ၊ BMW 4 Series ၊ Mazda 3 တို႔ ပါ၀င္ေနၿပီး ၂၀၁၄ ဥ ေရာပ အေကာင္းဆံုးကားဆုရရွိခဲ့ေသာ Peugeot 308 ၊ BMW i3 ၊ Infiniti Q50၊ Lexus IS ၊ Skoda Octaria တို႔မွာ ဆန္ခါတင္ သံုးခု ေရြးခ်ယ္ရာတြင္ က်န္ရစ္ခဲ့သည္။ World Green Car ဆု ဆန္ခါတင္စာရင္းတြင္ ဂ်ာမန္ အမွတ္တံဆိပ္မ်ားျဖစ္သည့္ Audi A3 Sportback g-tron ၊ BMW i3 ၊ Infiniti Q50 တို႔ ပါ၀င္ေနၿပီး World Performance Car ဆန္ခါတင္ စာရင္းတြင္ Chevrolet Corvette Stingray ၊ Ferrari 458 ၊ Porsche 911 GT3 ၊ World Car Design ဆု ဆန္ခါတင္ စာရင္းတြင္ Mercedes Benz C-Class ၊ BMW i3 ၊ Mazda 3 တို႔ ပါ၀င္လ်က္ရွိသည္။ ဆန္ခါတင္ စာရင္းကို ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံမွ ဂ်ာနယ္လစ္ ၆၉ ဦးက ေရြးခ်ယ္ခဲ့ျခင္းျဖစ္ၿပီး ဧၿပီ ၁၇ ရက္တြင္ က်င္းပမည့္ နယူး ေယာ့ခ္ကားျပပြဲ၌ ဆုရရွိေသာ မိုဒယ္မ်ားအား ေရြးခ်ယ္ မည္ျဖစ္သည္။


 

Ref  ; Automobile



Unicode Version

ပြင်သစ်နိုင်ငံမှ ပေးအပ်ချီးမြှင့်သည့် ၂ဝ၁၄ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံးကားဆု ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီဖြစ်ရာ ဂျာမန် ကားအမှတ်တံဆိပ်နှစ်ခုနှင့် ဂျပန် ကားအမှတ်တံဆိပ်တစ်ခု ပါဝင်နေကြောင်း နိုင်ငံတကာမီဒီယာများက မတ် ၁ဝ ရက်တွင် ရေးသားဖော်ပြခဲ့ကြသည်။

World-Car-of-Year-Awards

ပြင်သစ်နိုင်ငံသည် ၂ဝဝ၅ ခုနှစ်မှ စတင်ကာ ကမ္ဘာ့အကောင်းဆုံးကားဆုကို ပေးအပ်လျက်ရှိပြီး World Car of the Year ဆု အပါအဝင် World Performance Car ၊ World Green Car ၊ World Car Design of the Year ဆုများကိုလည်း ပေးအပ်ချီးမြှင့်လျက် ရှိသည်။ ယခုနှစ် World Car of the Year ဆု ဆန်ခါတင် စာရင်းတွင် Audi A3 ၊ BMW 4 Series ၊ Mazda 3 တို့ ပါဝင်နေပြီး ၂ဝ၁၄ ဥ ရောပ အကောင်းဆုံးကားဆုရရှိခဲ့သော Peugeot 308 ၊ BMW i3 ၊ Infiniti Q50၊ Lexus IS ၊ Skoda Octaria တို့မှာ ဆန်ခါတင် သုံးခု ရွေးချယ်ရာတွင် ကျန်ရစ်ခဲ့သည်။ World Green Car ဆု ဆန်ခါတင်စာရင်းတွင် ဂျာမန် အမှတ်တံဆိပ်များဖြစ်သည့် Audi A3 Sportback g-tron ၊ BMW i3 ၊ Infiniti Q50 တို့ ပါဝင်နေပြီး World Performance Car ဆန်ခါတင် စာရင်းတွင် Chevrolet Corvette Stingray ၊ Ferrari 458 ၊ Porsche 911 GT3 ၊ World Car Design ဆု ဆန်ခါတင် စာရင်းတွင် Mercedes Benz C-Class ၊ BMW i3 ၊ Mazda 3 တို့ ပါဝင်လျက်ရှိသည်။ ဆန်ခါတင် စာရင်းကို နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ဂျာနယ်လစ် ၆၉ ဦးက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ကျင်းပမည့် နယူး ယော့ခ်ကားပြပွဲ၌ ဆုရရှိသော မိုဒယ်များအား ရွေးချယ် မည်ဖြစ်သည်။


 

Ref  ; Automobile

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »