Ref: Automobile
Unicode Version
သီလဝါဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြို့တွင်းသို့ လာရောက်မည့် ကုန်စည်တင်ယာဉ်များယာဉ် ကြောကျပ်တည်းမှု လျော့ကျစေရန် သာကေတ မြစ်ကူးတံတားသစ် တစ်စင်း ယခုနှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ဇန်နဝါရီ ၁၄ ရက်၊ ရန်ကုန်မြို့၊ Asia Plaza Hotel တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။River-Bridge
အဆိုပါ တံတားသစ်အား ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ချိတ်ဆက် တည်ဆောက်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းရေးဆွဲရေး အဖွဲ့(YUTRA) မှ စစ်တမ်းကောက်ယူနေကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး အတွက်ရေးဆွဲထားတဲ့ နှစ်အလိုက် စီမံကိန်းတွေထဲက အခု ၂ဝ၁၄ ဆိုရင် ရှစ်မိုင်၊ မြေနီကုန်းမီးပွိုင့်တွေမှာ အချက်ပြစနစ်တွေပြောင်းပြီး တပ်ဆင်ဖို့ နဲ့ သာကေတ တံတားသစ် တည်ဆောက်ဖို့ ရှိပါတယ်၊ သီလဝါဆိပ်ကမ်း ဘက်ကလာမယ့် ကုန်စည်တွေ ကူးသန်းပို့ဆောင်တဲ့အခါ ယာဉ်မကျပ်အောင်ပါ၊ အဓိက ရည်ရွယ်တာကတော့ ကုန်စည်တင်ယာဉ်တွေပဲ၊ ၂ဝ၁၅ ဆို ရင် ကုန်စည်တင်ယာဉ်တွေ ပိုများလာမယ်၊ ဒီအတွက် ကြိုတင်ပြင် ဆင်ထားတာပါ ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပို့ဆောင်ရေး ဝန်ကြီးဦးအောင်ခင် ကပြောသည်။ ယခု ထပ်မံတည်ဆောက်မည့် မြစ်ကူးတံတားသစ်တည်ဆောက်ရေး အတွက် စစ်တမ်းကောက်ယူမှုများကို ဖေဖော်ဝါရီလတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဟု သိရသည်။ အရင်က တည်ဆောက်ထားတဲ့ မြစ်ကူးတံတား အများစုက တံတားခံနိုင်ရည် တန်ခြောက်ဆယ် လောက်ပဲရှိတယ်၊ အခု ဆောက်မယ့်တံတားက ကုန်စည်တင်ယာဉ်တွေကို ရည်ရွယ်ထားတာဖြစ်တဲ့အတွက် အနည်းဆုံး ခံနိုင်ရည် တန်ကိုးဆယ်နဲ့ အထက်ကိုပဲ တည်ဆောက်မှာပါဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)မှ ဒုတိယဌာနမှူးက ပြောသည်။
Ref: Automobile
Latest News
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »
အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...
23825675 2163404850378933 415467733 o 150x150
Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...
Read more »
စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...
Latest news1 12 150x150
Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...
Read more »