fb-pageview-tracker
သန္လ်င္တံတား အမွတ္ (၃) ကိုစတင္ေဆာက္လုပ္ရန္အတြက္ မူလလမ္းေဟာင္းကို ပိတ္သိမ္းထားမွာျဖစ္ေသာေၾကာင့္ လမ္းေဘး ဝဲ/ယာ ႏွစ္ဘက္မွာ ေဖာက္လုပ္ထားတဲ့ လမ္းသစ္မ်ားအတိုင္းသြားလာၾကပါရန္ ပန္ၾကားထား


Zawgyi Version

ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတား အမွတ္ ၃) တည္ေဆာက္ေရးလုပ္ငန္းေတြကို ၂၀၁၉ ေမလ ၁၃ ရက္ေန႕ (ယေန႔) မွာ စတင္ေတာ့မွာျဖစ္ပါတယ္။ သန္လ်င္တံတားခ်ဥ္းကပ္လမ္း (သာေကတဘက္အျခမ္း) မွာေတာ့ သာေကတအဝိုင္းအနီး ၁၀၈ ေတာင္ဘုရားအေရွ႕ကေန ရႈခင္းသာၿမိဳ႕ပတ္လမ္းအထိ မူလလမ္းေဟာင္းကိုပိတ္သိမ္းထားမွာျဖစ္လို႕ လမ္းအသံုးျပဳမယ့္သူေတြဟာ လမ္းေဘး ဝဲ/ယာႏွစ္ဘက္မွာေဖာက္လုပ္ထားတဲ့ လမ္းသစ္ေတြအတိုင္း သြားလာၾကပါဆိုျပီး ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္ေရးအဖြဲ႔၊ တံတားဦးစီးဌာနကေန အသိေပးပန္ၾကားထားတာ ေတြ႕ရပါတယ္။

သန္လ်င္တံတားအမွတ္ (၃) ဟာ သန္လ်င္တံတားအမွတ္ (၁) ရဲ့ေအာက္ဘက္ (၁၂၅) မီတာအကြာ၊ သန္လ်င္ၿမိဳ႕နဲ႕သာေကတၿမိဳ႕နယ္ကို ဆက္သြယ္ေဖာက္လုပ္သြားမွာျဖစ္ျပီး ပင္မတံတားအရွည္ကေတာ့ ၁၂၂၄ မီတာရွိမွာျဖစ္ျပီး သန္လ်င္ဘက္အျခမ္းမွာဆိုရင္ ခ်ဥ္းကပ္တံတားအရွည္ ၄၀၄ မီတာ၊ သာေကတဘက္အျခမ္းမွာေတာ့ ခ်ဥ္းကပ္တံတားအရွည္ ၃၀၀ မီတာ၊ စုစုေပါင္းတံတားအရွည္ ၁၉၂၈ မီတာအထိ ေဆာက္လုပ္သြားမွာျဖစ္ပါတယ္။ တံတားကိုယ္ထည္ကို steel box girder ျဖင့္ တည္ေဆာက္သြားမွာျဖစ္ၿပီး တံတားအုတ္ျမစ္ကိုေတာ့ steel pipe sheet pile နဲ႕တည္ေဆာက္သြားမွာပါ။ တံတားရဲ့ ယာဥ္တစ္စီးခ်င္း ခံႏိုင္ဝန္ကို ၇၅ တန္ အျဖစ္သတ္မွတ္သြားမယ္လိုု႕လည္း သိရပါတယ္။

သန္လ်င္တံတားအမွတ္(၃) ကို ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (JICA) နဲ႕ ေဆာက္လုပ္ေရးဝန္ႀကီးဌာန တို႔ပူးေပါင္းတည္ေဆာက္သြားမွာျဖစ္ပါတယ္။

Zing


Unicode Version

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် ၃) တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၁၉ မေလ ၁၃ ရက်နေ့ (ယနေ့) မှာ စတင်တော့မှာဖြစ်ပါတယ်။ သန်လျင်တံတားချဉ်းကပ်လမ်း (သာကေတဘက်အခြမ်း) မှာတော့ သာကေတအဝိုင်းအနီး ၁၀၈ တောင်ဘုရားအရှေ့ကနေ ရှုခင်းသာမြို့ပတ်လမ်းအထိ မူလလမ်းဟောင်းကိုပိတ်သိမ်းထားမှာဖြစ်လို့ လမ်းအသုံးပြုမယ့်သူတွေဟာ လမ်းဘေး ဝဲ/ယာနှစ်ဘက်မှာဖောက်လုပ်ထားတဲ့ လမ်းသစ်တွေအတိုင်း သွားလာကြပါဆိုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးအဖွဲ့၊ တံတားဦးစီးဌာနကနေ အသိပေးပန်ကြားထားတာ တွေ့ရပါတယ်။

သန်လျင်တံတားအမှတ် (၃) ဟာ သန်လျင်တံတားအမှတ် (၁) ရဲ့အောက်ဘက် (၁၂၅) မီတာအကွာ၊ သန်လျင်မြို့နဲ့သာကေတမြို့နယ်ကို ဆက်သွယ်ဖောက်လုပ်သွားမှာဖြစ်ပြီး ပင်မတံတားအရှည်ကတော့ ၁၂၂၄ မီတာရှိမှာဖြစ်ပြီး သန်လျင်ဘက်အခြမ်းမှာဆိုရင် ချဉ်းကပ်တံတားအရှည် ၄၀၄ မီတာ၊ သာကေတဘက်အခြမ်းမှာတော့ ချဉ်းကပ်တံတားအရှည် ၃၀၀ မီတာ၊ စုစုပေါင်းတံတားအရှည် ၁၉၂၈ မီတာအထိ ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ တံတားကိုယ်ထည်ကို steel box girder ဖြင့် တည်ဆောက်သွားမှာဖြစ်ပြီး တံတားအုတ်မြစ်ကိုတော့ steel pipe sheet pile နဲ့တည်ဆောက်သွားမှာပါ။ တံတားရဲ့ ယာဉ်တစ်စီးချင်း ခံနိုင်ဝန်ကို ၇၅ တန် အဖြစ်သတ်မှတ်သွားမယ်လို့လည်း သိရပါတယ်။

သန်လျင်တံတားအမှတ်(၃) ကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ပူးပေါင်းတည်ဆောက်သွားမှာဖြစ်ပါတယ်။

Zing

Latest News

ရူးသြပ္ဖြယ္ရာ မဟားတရားပါဝါေတြနဲ႕ ၁၉-၂၀...

Zawgyi Version စြမ္းေဆာင္ရည္ အစြန္းဆုံးနဲ႕ sport ကားေတြဟာ ေမာ္ေတာ္ကားထုတ္လုပ္မႈနယ္ပယ္ကို အရွိန္အဟုန္နဲ႕ တိုးခ်ဲ႕ေနတာပါ။...

Read more »

ေမာ္ေတာ္ယာဥ္မ်ား ယာဥ္စည္းကမ္းေဖာက္ဖ်က္ခဲ့မႈ...

Zawgyi Version ျမန္မာႏိုင္ငံအတြင္းရွိ ယာဥ္မ်ားအားလံုးကို မည္သည့္တိုင္း၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ ေနရာမ်ားတြင္မဆို...

Read more »

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »