fb-pageview-tracker
Tesla Model X 2019 Review


Zawgyi Version

တစ္ကမၻာလုံးကေတာ့ Tesla ကထုတ္တဲ့ကားေတြကို ကားေလာကရဲ့ အနာဂတ္လို႕ေခၚေနၾကပါတယ္။ ကားသမိုင္းေၾကာင္းတစ္ေလွ်ာက္ ထုတ္လုပ္ခဲ့ဖူးတဲ့ လွ်ပ္စစ္ကားေတြထဲမွာေတာ့ Tesla ဟာ လက္ရွိအခ်ိန္အထိ အေကာင္းဆုံးပါပဲ။ Tesla Model X ကေတာ့ လူခုနစ္ေယာက္စီး SUV အမ်ိဳးအစားပါ။ ဒါေပမယ့္......

အားသာခ်က္
+ အျမင့္ဆုံး အဆင့္ျမင့္နည္းပညာမ်ားတပ္ဆင္ထား
+ လွ်ပ္စစ္ကားမ်ားအတြင္း အျပတ္အသတ္သာလြန္တဲ့ စြမ္းေဆာင္ရည္
+ Falcon တံခါးေတြရဲ့ လုပ္ေဆာင္ခ်က္

အားနည္းခ်က္
- ေဈးႏႈန္းျမင့္မားျခင္း
- အခ်ဳိ႕အစိတ္အပိုင္းမ်ားရဲ့ အရည္အေသြး
- Falcon တံခါးေတြရဲ့ အဖြင့္အပိတ္အတြက္ အခ်ိန္ေပးရမႈ

သုံးသပ္ခ်က္

Tesla Model X ကေတာ့ျဖင့္ တကယ့္ကို အ့ံအားသင့္စရာပါ။ Model X ကို SUV တစ္စီးလို႕ေျပာေကာင္းေျပာၾကလိမ့္မယ္။ ဒါေပမယ့္ Model X ဟာ Tesla ရဲ့ Model S ကို လူမ်ားမ်ားတင္ေဆာင္ႏိုင္ဖုိ႕အတြက္ ပုံစံေျပာင္းလဲထားတာနဲ႕ ပိုတူပါတယ္။ S နဲ႕ တူတာေတြကေတာ့ X ဟာလည္းပဲ electric ကားျဖစ္သလို chassis ေတာင္မွ တူညီတဲ့ chassis ပဲအသုံးျပဳထားတယ္။ Drivertrain (transmission ႏွင့္ drive axles တို႕ကို ဆက္သြယ္သည့္စနစ္) တို႕ suspension အစိတ္အပိုင္းေတြကလည္း အတူတူပါပဲ။ ဒါေပမယ့္ ပိုျပီးလက္ေတြ႕က်တဲ့ ကိုယ္ထည္နဲ႕ေပါ့။ X က လူခုနစ္ေယာက္ ေကာင္းေကာင္းၾကီး စီးလို႕ရတယ္ေလ။
Tesla Model X ကို အနီးစပ္ဆုံး ႏႈိင္းယွဥ္ရမယ္ဆိုရင္ BMW X5 hybrid ၊ Audi Q7 e-tron နဲ႕ Range Rover P400e တို႕နဲ႕ ႏႈိင္းယွဥ္ရမယ္ထင္တယ္။ ဒါေပမယ့္ တကယ့္ေတာ့ Tesla Model X က ဒီေန႕ေဈးကြက္အတြင္းမွာရွိတဲ့ ဘယ္ကားနဲ႕မွ မတူပါဘူး။ လုံးဝကို ကြဲထြက္ေနတဲ့ ကားအမ်ိဳးအစားပါ။
Tesla Model X ရဲ့ ထူးျခားခ်က္ေတြက ဘာလဲ?
(၁) လက္ရွိ ရွိေနတဲ့ ဘယ္ကားမဆို Model X ေလာက္ ေနာက္ျပန္လွည့္ၾကည့္ခံရဖို႕မရွိဘူး။
(၂) Falcon ငွက္ရဲ့ အေတာင္ပံလိုမ်ိဳး အေပၚကိုလွန္ဖြင့္ရတဲ့ အေနာက္တံခါးႏွစ္ခ်ပ္ (ငွက္အေတာင္ပံျဖန္႕သလိုမ်ိဳး ပြင့္လာတဲ့ Model X ရဲ့ တံခါးဟာ က်ဥ္းၾကပ္တဲ့ ကားပါကင္မ်ိဳးမွာ ဖြင့္ဖို႕မလြယ္လွဘူူးထင္ရေပမယ့္ ပုံမွန္တံခါးေတြထက္ ဖြင့္ဖို႕ ပိုလြယ္တဲ့အျပင္ အတက္အဆင္းျပဳလုပ္ရာမွာလည္း သိသိသာသာေကာင္းမြန္တာကိုေတြ႕ရပါတယ္။ ဆိုးတာကေတာ့ တံခါးအဖြင့္အပိတ္ အခ်ိန္ၾကာတာပါ)
(၃) ဘယ္လိုကားမ်ိဳးမွာမွ မပါဝင္တဲ့ ၁၇ လက္မ infotainment စနစ္ (ကားရဲ့ ရွိသမွ် တံခါးေပါက္အားလုံးကို အဖြင့္အပိတ္ လုပ္ေဆာင္ႏုိင္ျခင္း၊ ကားအတြင္းရွိထိုင္ခုံအေနအထား အေျပာင္းအေရႊ႕လုပ္ေဆာင္ႏုိင္ျခင္း အပါအဝင္ ကားတစ္စီးလုံးမွာပါဝင္တဲ့ features ေတြအားလုံးကို ဒီ infortianment စနစ္က အလုံးစုံထိန္းခ်ဳပ္ထားျပီး မ်က္ႏွာျပင္ကေတာ့ တုန္႕ျပန္မႈေရာ ၾကည္လင္ျပတ္သားမႈပါ အထူးေကာင္းမြန္တဲ့အျပင္ လက္ေတြ႕စမ္းသပ္ခ်က္အရ မီးျခစ္နဲ႕ ရႈိ႕ၾကည့္တာေတာင္မွ မပ်က္စီးသည္အထိ အၾကမ္းလည္းခံပါတယ္)
(၄) Auto Pilot စနစ္ပါဝင္ျခင္း (သူ႕ရဲ့ Auto Pilot က ႏိုင္ငံတကာ စည္းမ်ဥ္းစည္းကမ္းေတြနဲ႕အညီ ေဖါက္လုပ္ထားတဲ့လမ္းေတြေပၚမွာဆိုရင္ ကားကိုလူက ထိန္းခ်ဳပ္စရာ လုံးဝမလိုတဲ့အထိ စြမ္းေဆာင္ႏုိင္ပါတယ္)
(၅) ပစၥည္းထားရန္အတြက္ တာယာအၾကီး ေလးလုံးကို သာသာေလးဝင့္ဆံ့တဲ့ အေနာက္ခန္းအျပင္ အေရွ႕ခန္းမွာလည္း ေနရာလြတ္ေတြပါရွိျခင္း (အေရွ႕အင္ဂ်င္ခန္းေနရာက ဘာမွမပါတဲ့ေနရာလြတ္ပါ။ လွ်ပ္စစ္ ေမာ္တာေတြနဲ႕ ေမာင္းႏွင္တဲ့ကားျဖစ္ျပီး ေမာ္တာေတြနဲ႕ ဘက္ထရီက ကားၾကမ္းျပင္မွာ ထားရွိထားတာပါ)
(၆) လွ်ပ္စစ္ကားမ်ားတြင္သာမက အလြန္ေကာင္းမြန္ေသာ တန္ဖိုးၾကီးျပိဳင္ကားမ်ားမွအပ မည္သည့္ကားအမ်ိဳးအစားထက္မဆို ေနာက္က်က်န္ေနတာမ်ိဳး မရွိျခင္း
(၇) ယာဥ္ေမာင္းသူရဲ့အထက္ ေခါင္းေပၚကိုေက်ာ္တဲ့အထိ အေရွ႕ေလကာမွန္ပါရွိျခင္း (ဘယ္ကားမွာမွ မေတြ႕ရႏုိင္တဲ့ panaromic ျမင္ကြင္းက်ယ္နဲ႕ ေမာင္းႏွင္ႏုိင္ပါတယ္)
(၈) Boot တြင္ ပိုမိုဝင္ဆံ့ေစရန္အတြက္ အေနာက္ဆုံးခုံတန္းကို ေခါက္ရန္မွလြဲ၍ က်န္အရာအားလုံးကို electric စနစ္ျဖင့္ ထိန္းေၾကာင္းေပးျခင္း (တစ္စီးလုံး electric ျဖစ္ေနတာကေတာ့ ေယဘုယ်ေျပာရရင္ ေကာင္းတာခ်ည္းပါပဲ၊ ဒါေပမယ့္ တံခါးအဖြင့္အပိတ္လုပ္တဲ့အခါမွာေတာ့ ဆြဲျပီးပိတ္၊ ဆြဲျပီးဖြင့္တာထက္ေတာ့ အခ်ိန္ပိုကုန္ပါလိမ့္မယ္)
(၉) ေလထုညစ္ညမ္းမႈလြန္စြာနည္းပါးေစတဲ့အျပင္ Tesla ရဲ့ အဆိုအရ သူတို႕ကားအတြင္းက ေလထုသန္႕ရွင္းမႈဟာ ဘယ္ကားမ်ိဳးမွာမဆိုထက္ ပိုျပီးသန္႕ရွင္းတယ္လို႕ဆိုထားပါတယ္။
(၁၀) လွ်ပ္စစ္ကား စစ္စစ္ျဖစ္တာေၾကာင့္ အျခားေလာင္စာဆီသုံး ကားေတြထက္ ကုန္က်စာရိတ္ လြန္စြာသက္သာပါတယ္။ စြမ္းေဆာင္ရည္ကလည္း ေလာင္စာဆီသုံး ထိပ္တန္းကားေတြထက္ မသာရင္သာေနမယ္။ နိမ့္တဲ့အထဲမွာ မပါတဲ့ကားမ်ိဳးပါ။
ဆိုေတာ့ကာ...... အနာဂတ္ရဲ့ ကားတစ္စီးကိုစီးခ်င္တယ္။ ေဒၚလာ ရွစ္ေသာင္းကေန တစ္သိန္းရွစ္ေသာင္းအၾကားသုံးခ်င္တယ္။ အခု ေခတ္စားေနတဲ့ လူခုနစ္ေယာက္စီး SUV စီးခ်င္တယ္။ ဆီစားသက္သာတဲ့ ကားမ်ိဳးကိုစီးခ်င္တယ္ (ဆီကိုလုံးဝမစားတာပါ)။ ေနာက္ျပီး စြမ္းေဆာင္ရည္နိမ့္မွာကိုလည္း မလိုလားဘူး။ ေခတ္အမီဆုံး နည္းပညာေတြလည္း အသုံးျပဳခ်င္တယ္။ ကားေမာင္းရင္းနဲ႕ အလုပ္ေတြလုပ္ခ်င္တယ္ဆိုရင္ေတာ့ Tesla Model X တစ္မ်ိဳးထဲကိုပဲ ေရြးခ်ယ္စရာရွိေနပါတယ္။

အတြင္းခန္း

Dashboard အတြက္ ေကာင္းမြန္ျပီး ႏူးညံ့မႈရွိတဲ့သားေရသား အုပ္ထားတဲ့အတြက္ တန္ဖိုးရွိတဲ့ ထိေတြ႕မႈမ်ိဳးကိုရရွိေစပါတယ္။ ၁၇ လက္မ မ်က္ႏွာျပင္နဲ႕ infotainment စနစ္ကေတာ့ ဘယ္လိုကားအမ်ဳိးအစားထက္ကိုမဆို ပိုမိုေကာင္းမြန္ျပည့္စုံလွပါတယ္ (၁၇ လက္မ iPad နဲ႕ေတာင္တူတယ္ထင္ရ)။ ကားနဲ႕ပတ္သက္တဲ့ ဘယ္အရာကိုမဆို ဒီ display ကေန ထိန္းခ်ဳပ္လုပ္ေဆာင္ႏိုင္တဲ့စနစ္ကိုအသုံးျပဳထားတာေၾကာင့္ ကားတစ္စီးလုံးမွာ ယာဥ္ေမာင္းသူအတြက္ လက္ကိုင္ေခြ၊ ယာဥ္ေမာင္းသူ display၊ လီဗာနဲ႕ ဘရိတ္ေျခနင္း၊ Infotainment display ေတြပဲပါတာျဖစ္တဲ့အတြက္ အတြင္းခန္းဟာ ရွင္းလင္းလွပါတယ္။
Gear မပါဝင္ဘူး။ စက္ႏႈိးစရာ ေသာ့၊ Push start button ေတြမပါဝင္ပါဘူူး။
ကားေမာင္းဖို႕အတြက္ဆိုရင္ ကားေသာ့ (remote) ကို အိတ္ထဲထည့္ထားပါ (smart phone app နဲ႕လည္း အသုံးျပဳႏုိင္ပါတယ္)။ Remote နဲ႕ တံခါးဖြင့္ႏိုင္သလို remote ေသာ့ကို အိတ္ထဲထည့္ျပီး လက္ကိုင္ေနရာက ခလုတ္ကိုႏွိပ္ျပီးလည္းဖြင့္ႏိုင္ပါတယ္။ တံခါးပြင့္သြားရင္ဝင္ထိုင္လုိက္ပါ။ ဘရိတ္နင္းလိုက္ရင္ တံခါးက အလိုအေလ်ာက္ျပန္ပိတ္သြားပါလိမ့္မယ္။ ကားသြားခ်င္ရင္ေတာ့ လီဗာ နင္းလိုက္ရုံပါပဲ။ ဘရိတ္ေျခနင္းကို နင္းသည့္အခ်ိန္တိုင္း တံခါးပြင့္ေနပါက ပိတ္သြားပါလိမ့္မယ္။ တံခါးကို ဆြဲမပိတ္ခ်င္ေလာက္ေအာင္ ပ်င္းရိသူမ်ားအတြက္ သူ႕ထက္ေကာင္းမြန္တဲ့စနစ္ မရွိေသးပါ။
လူခုနစ္ေယာက္စီးျဖစ္ျပီး လူခုနစ္ေယာက္စာအတြက္ လုံလုံေလာက္ေလာက္ အက်ယ္အဝန္းရွိပါတယ္။ အသုံးျပဳရမယ့္ နည္းပညာေတြကလည္း အျမင့္စားေတြခ်ည့္ပါပဲ။ ေျပာရမယ္ဆိုရင္ လိုက္ပါတဲ့ လူခုနစ္ေယာက္စလုံး ေမာင္းႏွင္စရာမလိုပဲ စီးနင္းႏိုင္တဲ့ ကားမ်ိဳးပါ။ တခ်ိဳ႕ features ငယ္ေတြဟာ ဖန္တီးမႈရွိတဲ့အတြက္ ဆန္းက်ယ္ျပီး အသုံးျပဳရာမွာ ပိုမိုလြယ္ကူစနစ္က်ေစပါတယ္။ ဥပမာ ေရဘူးထည့္တဲ့ေနရာမွာေတာင္ ေရဘူးကို လႈပ္ခါမႈမရွိေအာင္ electric စနစ္နဲ႕ အလိုအေလ်ာက္ ၾကပ္တည္းထိန္းသိမ္းေပးတဲ့ စနစ္ေတြ ပါတာမ်ိဳးေပါ့။
ျခံဳျပီးေျပာရမယ္ဆိုရင္ေတာ့ အနာဂတ္ကားတစ္စီးရဲ့ အတြင္းခန္းမွာ ထုိင္ေမာင္းခ်င္တယ္ဆိုရင္ Tesla Model X ကိုပဲေရြးခ်ယ္ရမွာပါပဲ။

လက္ေတြ႕ဆိုရင္

ပထမဆုံး ယာဥ္ေမာင္းသူအတန္း ႏွစ္ခုံ၊ အလယ္တန္း သုံးခုံနဲ႕ ေနာက္ဆုံးတန္း ႏွစ္ခုံ၊ လူ ခုနစ္ေယာက္ သက္ေသာင့္သက္သာစြာ စီးနင္းေမာင္းႏွင္ႏိုင္တဲ့ ကားျဖစ္တယ္။ အေနာက္ပစၥည္းထားခန္း boot အျပင္ အေရွ႕ပစၥည္းထားခန္းလည္းပါဝင္တယ္။ သမားရိုးက်ကားေတြမွာေတာ့ အေရွ႕က အင္ဂ်င္ခန္းျဖစ္ျပီး Tesla Model X ကေတာ့ ေမာ္တာနဲ႕ ဘက္ထရီက ကားၾကမ္းျပင္မွာသာထားရွိတဲ့အတြက္ အေရွ႕အင္ဂ်င္ခန္းက အလြတ္ျဖစ္ျပီး လူတစ္ေယာက္စာဆန္႕ေလာက္ေအာင္ (ေကြးျပီးေနရင္) က်ယ္ဝန္းပါတယ္။
ေဈးႏႈန္းၾကီးျမင့္မႈသာမရွိဘူးဆိုရင္ေတာ့ ဝယ္ယူျပီးေနာက္ပိုင္း အကုန္အက် လြန္စြာသက္သာတဲ့ electric ကား Tesla Model X ဟာ SUV ေဈးကြက္ၾကီးတစ္ခုလုံးကိုေတာင္မွ သိမ္းပိုက္သြားမယ့္ပုံစံမွာရွိေနတာပါ။ စြမ္းေဆာင္ရည္ကလည္း ဘာနဲ႕ယွဥ္ယွဥ္ ေနာက္က် က်န္ေနမယ့္ကားမ်ိဳးမွမဟုတ္တာ။
Safety ပိုင္းမွာလည္း ABS And Driveline Traction Control ၊ Electronic Stability Control (ESC) ၊ အတြင္းအျပင္ ကင္မရာပတ္လည္၊ ေလအိတ္ပတ္လည္၊ Blind Spot Sensor စသည္ျဖင့္ေပါ့၊ ဒီေန႕ေခတ္ ကားေတြမွာ ပါဝင္ေနက် safety စနစ္ေတြ အျပည့္အစုံပါဝင္တဲ့အျပင္ အလြန္ေကာင္းမြန္ျပီး ယာဥ္ေမာင္းသူရဲ့ဝန္ထုပ္ဝန္ပိုးကို မ်ားစြာေလ်ာ့က်ေစႏိုင္တဲ့ အလိုအေလ်ာက္ကားေမာင္းစနစ္ Auto Pilot လည္းပါဝင္ပါတယ္။ စမ္းသပ္မႈေတြအရ အေရွ႕၊ အလယ္၊ အေနာက္ဘက္ျခမ္းေတြမွာ safety နဲ႕ပတ္သက္ျပီး ၾကယ္ငါးပြင့္အဆင့္ေတြရရွိထားတဲ့ လုံျခံဳစိတ္အခ်ရဆုံး SUV တစ္စီးျဖစ္ေနတာဟာလည္း အားသာခ်က္တစ္ခုပါပဲ။

ေမာင္းႏွင္မႈ

အရွိန္တင္မႈအေနနဲ႕ 0-60mph ကို ၂.၇ စကၠန္႕ထဲနဲ႕ အရွိန္တင္ႏုိင္တဲ့ SUV အမ်ိိဳးအစား လွ်ပ္စစ္ကားတစ္စီးရဲ့ စြမ္းေဆာင္ရည္ကေတာ့ ထိပ္တန္းလို႕ဆိုလိုက္တာဟာ အျငင္းပြားစရာမရွိပါဘူး။ ဒီလိုမ်ိဳးစြမ္းေဆာင္ရည္ဆိုတာ ရိုးရိုး ေလာင္စာဆီသုံး SUV ေတြထဲမွာေတာင္ လက္ခ်ိဳးေရလို႕ရတာမ်ိဳး။ ဒီလို အရွိန္ကို ခ်က္ျခင္းတင္ႏိုင္စြမ္းဆိုတာက လွ်ပ္စစ္ကားေတြအတြက္ ခက္ခဲတဲ့အရာပါ။ ဒါကို Tesla က ရေအာင္ထုတ္လုပ္ေပးထားတာကေတာ့ ခ်ီးက်ဴးထိုက္ပါတယ္။ Max power အေနနဲ႕ ဝန္ရိုးႏွစ္ခုအေပၚမွာ တပ္ဆင္ေပးထားတဲ့ လွ်ပ္စစ္ေမာ္တာႏွစ္လုံးရွိျပီး တစ္လုံးစီကေန 259hp စီထြက္တာျဖစ္လို႕ စြမ္းအားျပည့္ဝတာျဖစ္ျပီး AWD အမ်ိဳးအစား SUV ပါ။
Tesla Model X ရဲ့အေလးခ်ိန္က ေတာ္ေတာ္မ်ားပါတယ္။ ေပါင္ ၅,၅၀၀ ေလာက္ရွိတယ္။ တနင့္တပိုးပါပဲ။ ဒါေပမယ့္လည္း steering ကို ကိုင္တြယ္ထိန္းခ်ဳပ္ရာမွာေတာ့ သာမန္ကားတစ္စီးသာသာပဲျဖစ္ေနတာကေတာ့ အံ့အားသင့္စရာတစ္ခ်က္ပါပဲ။
Ground Clearance က ပုံမွန္ဆိုရင္ ၅ လက္မ ေက်ာ္ေက်ာ္သာရွိေပမယ့္ ကားေအာက္ပိုင္းအျမင့္ကို very low ၊ low ၊ standard ၊ high ၊ very high ငါးမ်ိဳးလိုသလိုထားလိုု႕ရတဲ့အတြက္ စိတ္ၾကိဳက္ခ်ိန္ညွိႏိုင္ပါတယ္။
ေမာင္းႏွင္မႈနဲ႕ စြမ္းေဆာင္ရည္ကိုၾကည့္မယ္ဆိုရင္လည္း Telsa ရဲ့ Model X ဟာ သူ႕အမ်ိဳးအစားထဲမွာဆိုရင္ ဘယ္လိုကားမ်ိဳးရဲ့ ေနာက္မွာမွ က်န္ေနခဲ့မယ့္ကားမ်ိဳးမဟုတ္ပါဘူူး။ ထိပ္တန္းမွာသာရွိေနပါလိမ့္မယ္။

ပါဝင္တဲ့အခ်က္ေတြ

2019 Tesla Model X ကေတာ့ အဓိက specs ၃ မ်ိဳးနဲ႕ပါ။ Performance ၊ Long Range နဲ႕ Standard Range တို႕ျဖစ္ပါတယ္။
ကြာျခားခ်က္ေတြကေတာ့ Performance မွာက 0-60mph အတြက္ ၂.၇ စကၠန္႕အခ်ိန္သာလိုအပ္ျပီး ခန္႕မွန္း epa (Electric car range and efficiency) ကေတာ့ ၃၀၅ မိုင္အထိရွိပါတယ္။ Long Range ကေတာ့ 0-60mph အတြက္ ၄.၄ စကၠန္႕ၾကာျမင့္မွာျဖစ္ျပီး ခန္႕မွန္း epa ကေတာ့ ၃၂၅ မိုင္အထိရွိကာ လက္ရွိ လွ်ပ္စစ္ကား အားလုံးမွာေတာ့ အမ်ားဆုံးလို႕ေျပာလို႕ရပါတယ္။ Standard Range ကေတာ့ 0-60mph အရွိန္ရဖို႕ ၄.၆ စကၠန္႕အခ်ိန္လိုအပ္ျပီး ခန္႕မွန္း epa ကေတာ့ မိုင္ ၂၅၀ ပါ။

အက်ဥ္းခ်ဳပ္သုံးသပ္ရမယ္ဆိုရင္ေတာ့ Tesla Model X ဟာ လွ်ပ္စစ္ရွိတဲ့ေနရာတိုင္း ဘယ္ေနရာသြားသြား ျမန္ျမန္ဆန္ဆန္ ဇိမ္က်က် သြားလာႏုိင္မယ့္အျပင္ သဘာဝပတ္ဝန္းက်င္ကိုလည္း အေကာင္းဆုံး အကာအကြယ္ေပးႏိုင္မယ့္ SUV ျဖစ္ပါတယ္။ ဝယ္ျပီးတဲ့အခ်ိန္ ကုန္က်မႈစာရိတ္ကလည္း အထူးသက္သာဦးမွာပါ။

စာေရးသူ : စိုင္းဆိုင္(ရန္ကုန္)
Ref: Tesla/TopGear/YouTube/Carwow


Unicode Version

တစ်ကမ္ဘာလုံးကတော့ Tesla ကထုတ်တဲ့ကားတွေကို ကားလောကရဲ့ အနာဂတ်လို့ခေါ်နေကြပါတယ်။ ကားသမိုင်းကြောင်းတစ်လျှောက် ထုတ်လုပ်ခဲ့ဖူးတဲ့ လျှပ်စစ်ကားတွေထဲမှာတော့ Tesla ဟာ လက်ရှိအချိန်အထိ အကောင်းဆုံးပါပဲ။ Tesla Model X ကတော့ လူခုနစ်ယောက်စီး SUV အမျိုးအစားပါ။ ဒါပေမယ့်......

အားသာချက်
+ အမြင့်ဆုံး အဆင့်မြင့်နည်းပညာများတပ်ဆင်ထား
+ လျှပ်စစ်ကားများအတွင်း အပြတ်အသတ်သာလွန်တဲ့ စွမ်းဆောင်ရည်
+ Falcon တံခါးတွေရဲ့ လုပ်ဆောင်ချက်

အားနည်းချက်
- ဈေးနှုန်းမြင့်မားခြင်း
- အချို့အစိတ်အပိုင်းများရဲ့ အရည်အသွေး
- Falcon တံခါးတွေရဲ့ အဖွင့်အပိတ်အတွက် အချိန်ပေးရမှု

သုံးသပ်ချက်

Tesla Model X ကတော့ဖြင့် တကယ့်ကို အံ့အားသင့်စရာပါ။ Model X ကို SUV တစ်စီးလို့ပြောကောင်းပြောကြလိမ့်မယ်။ ဒါပေမယ့် Model X ဟာ Tesla ရဲ့ Model S ကို လူများများတင်ဆောင်နိုင်ဖို့အတွက် ပုံစံပြောင်းလဲထားတာနဲ့ ပိုတူပါတယ်။ S နဲ့ တူတာတွေကတော့ X ဟာလည်းပဲ electric ကားဖြစ်သလို chassis တောင်မှ တူညီတဲ့ chassis ပဲအသုံးပြုထားတယ်။ Drivertrain (transmission နှင့် drive axles တို့ကို ဆက်သွယ်သည့်စနစ်) တို့ suspension အစိတ်အပိုင်းတွေကလည်း အတူတူပါပဲ။ ဒါပေမယ့် ပိုပြီးလက်တွေ့ကျတဲ့ ကိုယ်ထည်နဲ့ပေါ့။ X က လူခုနစ်ယောက် ကောင်းကောင်းကြီး စီးလို့ရတယ်လေ။
Tesla Model X ကို အနီးစပ်ဆုံး နှိုင်းယှဉ်ရမယ်ဆိုရင် BMW X5 hybrid ၊ Audi Q7 e-tron နဲ့ Range Rover P400e တို့နဲ့ နှိုင်းယှဉ်ရမယ်ထင်တယ်။ ဒါပေမယ့် တကယ့်တော့ Tesla Model X က ဒီနေ့ဈေးကွက်အတွင်းမှာရှိတဲ့ ဘယ်ကားနဲ့မှ မတူပါဘူး။ လုံးဝကို ကွဲထွက်နေတဲ့ ကားအမျိုးအစားပါ။
Tesla Model X ရဲ့ ထူးခြားချက်တွေက ဘာလဲ?
(၁) လက်ရှိ ရှိနေတဲ့ ဘယ်ကားမဆို Model X လောက် နောက်ပြန်လှည့်ကြည့်ခံရဖို့မရှိဘူး။
(၂) Falcon ငှက်ရဲ့ အတောင်ပံလိုမျိုး အပေါ်ကိုလှန်ဖွင့်ရတဲ့ အနောက်တံခါးနှစ်ချပ် (ငှက်အတောင်ပံဖြန့်သလိုမျိုး ပွင့်လာတဲ့ Model X ရဲ့ တံခါးဟာ ကျဉ်းကြပ်တဲ့ ကားပါကင်မျိုးမှာ ဖွင့်ဖို့မလွယ်လှဘူူးထင်ရပေမယ့် ပုံမှန်တံခါးတွေထက် ဖွင့်ဖို့ ပိုလွယ်တဲ့အပြင် အတက်အဆင်းပြုလုပ်ရာမှာလည်း သိသိသာသာကောင်းမွန်တာကိုတွေ့ရပါတယ်။ ဆိုးတာကတော့ တံခါးအဖွင့်အပိတ် အချိန်ကြာတာပါ)
(၃) ဘယ်လိုကားမျိုးမှာမှ မပါဝင်တဲ့ ၁၇ လက်မ infotainment စနစ် (ကားရဲ့ ရှိသမျှ တံခါးပေါက်အားလုံးကို အဖွင့်အပိတ် လုပ်ဆောင်နိုင်ခြင်း၊ ကားအတွင်းရှိထိုင်ခုံအနေအထား အပြောင်းအရွှေ့လုပ်ဆောင်နိုင်ခြင်း အပါအဝင် ကားတစ်စီးလုံးမှာပါဝင်တဲ့ features တွေအားလုံးကို ဒီ infortianment စနစ်က အလုံးစုံထိန်းချုပ်ထားပြီး မျက်နှာပြင်ကတော့ တုန့်ပြန်မှုရော ကြည်လင်ပြတ်သားမှုပါ အထူးကောင်းမွန်တဲ့အပြင် လက်တွေ့စမ်းသပ်ချက်အရ မီးခြစ်နဲ့ ရှို့ကြည့်တာတောင်မှ မပျက်စီးသည်အထိ အကြမ်းလည်းခံပါတယ်)
(၄) Auto Pilot စနစ်ပါဝင်ခြင်း (သူ့ရဲ့ Auto Pilot က နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖေါက်လုပ်ထားတဲ့လမ်းတွေပေါ်မှာဆိုရင် ကားကိုလူက ထိန်းချုပ်စရာ လုံးဝမလိုတဲ့အထိ စွမ်းဆောင်နိုင်ပါတယ်)
(၅) ပစ္စည်းထားရန်အတွက် တာယာအကြီး လေးလုံးကို သာသာလေးဝင့်ဆံ့တဲ့ အနောက်ခန်းအပြင် အရှေ့ခန်းမှာလည်း နေရာလွတ်တွေပါရှိခြင်း (အရှေ့အင်ဂျင်ခန်းနေရာက ဘာမှမပါတဲ့နေရာလွတ်ပါ။ လျှပ်စစ် မော်တာတွေနဲ့ မောင်းနှင်တဲ့ကားဖြစ်ပြီး မော်တာတွေနဲ့ ဘက်ထရီက ကားကြမ်းပြင်မှာ ထားရှိထားတာပါ)
(၆) လျှပ်စစ်ကားများတွင်သာမက အလွန်ကောင်းမွန်သော တန်ဖိုးကြီးပြိုင်ကားများမှအပ မည်သည့်ကားအမျိုးအစားထက်မဆို နောက်ကျကျန်နေတာမျိုး မရှိခြင်း
(၇) ယာဉ်မောင်းသူရဲ့အထက် ခေါင်းပေါ်ကိုကျော်တဲ့အထိ အရှေ့လေကာမှန်ပါရှိခြင်း (ဘယ်ကားမှာမှ မတွေ့ရနိုင်တဲ့ panaromic မြင်ကွင်းကျယ်နဲ့ မောင်းနှင်နိုင်ပါတယ်)
(၈) Boot တွင် ပိုမိုဝင်ဆံ့စေရန်အတွက် အနောက်ဆုံးခုံတန်းကို ခေါက်ရန်မှလွဲ၍ ကျန်အရာအားလုံးကို electric စနစ်ဖြင့် ထိန်းကြောင်းပေးခြင်း (တစ်စီးလုံး electric ဖြစ်နေတာကတော့ ယေဘုယျပြောရရင် ကောင်းတာချည်းပါပဲ၊ ဒါပေမယ့် တံခါးအဖွင့်အပိတ်လုပ်တဲ့အခါမှာတော့ ဆွဲပြီးပိတ်၊ ဆွဲပြီးဖွင့်တာထက်တော့ အချိန်ပိုကုန်ပါလိမ့်မယ်)
(၉) လေထုညစ်ညမ်းမှုလွန်စွာနည်းပါးစေတဲ့အပြင် Tesla ရဲ့ အဆိုအရ သူတို့ကားအတွင်းက လေထုသန့်ရှင်းမှုဟာ ဘယ်ကားမျိုးမှာမဆိုထက် ပိုပြီးသန့်ရှင်းတယ်လို့ဆိုထားပါတယ်။
(၁၀) လျှပ်စစ်ကား စစ်စစ်ဖြစ်တာကြောင့် အခြားလောင်စာဆီသုံး ကားတွေထက် ကုန်ကျစာရိတ် လွန်စွာသက်သာပါတယ်။ စွမ်းဆောင်ရည်ကလည်း လောင်စာဆီသုံး ထိပ်တန်းကားတွေထက် မသာရင်သာနေမယ်။ နိမ့်တဲ့အထဲမှာ မပါတဲ့ကားမျိုးပါ။
ဆိုတော့ကာ...... အနာဂတ်ရဲ့ ကားတစ်စီးကိုစီးချင်တယ်။ ဒေါ်လာ ရှစ်သောင်းကနေ တစ်သိန်းရှစ်သောင်းအကြားသုံးချင်တယ်။ အခု ခေတ်စားနေတဲ့ လူခုနစ်ယောက်စီး SUV စီးချင်တယ်။ ဆီစားသက်သာတဲ့ ကားမျိုးကိုစီးချင်တယ် (ဆီကိုလုံးဝမစားတာပါ)။ နောက်ပြီး စွမ်းဆောင်ရည်နိမ့်မှာကိုလည်း မလိုလားဘူး။ ခေတ်အမီဆုံး နည်းပညာတွေလည်း အသုံးပြုချင်တယ်။ ကားမောင်းရင်းနဲ့ အလုပ်တွေလုပ်ချင်တယ်ဆိုရင်တော့ Tesla Model X တစ်မျိုးထဲကိုပဲ ရွေးချယ်စရာရှိနေပါတယ်။

အတွင်းခန်း

Dashboard အတွက် ကောင်းမွန်ပြီး နူးညံ့မှုရှိတဲ့သားရေသား အုပ်ထားတဲ့အတွက် တန်ဖိုးရှိတဲ့ ထိတွေ့မှုမျိုးကိုရရှိစေပါတယ်။ ၁၇ လက်မ မျက်နှာပြင်နဲ့ infotainment စနစ်ကတော့ ဘယ်လိုကားအမျိုးအစားထက်ကိုမဆို ပိုမိုကောင်းမွန်ပြည့်စုံလှပါတယ် (၁၇ လက်မ iPad နဲ့တောင်တူတယ်ထင်ရ)။ ကားနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမဆို ဒီ display ကနေ ထိန်းချုပ်လုပ်ဆောင်နိုင်တဲ့စနစ်ကိုအသုံးပြုထားတာကြောင့် ကားတစ်စီးလုံးမှာ ယာဉ်မောင်းသူအတွက် လက်ကိုင်ခွေ၊ ယာဉ်မောင်းသူ display၊ လီဗာနဲ့ ဘရိတ်ခြေနင်း၊ Infotainment display တွေပဲပါတာဖြစ်တဲ့အတွက် အတွင်းခန်းဟာ ရှင်းလင်းလှပါတယ်။
Gear မပါဝင်ဘူး။ စက်နှိုးစရာ သော့၊ Push start button တွေမပါဝင်ပါဘူူး။
ကားမောင်းဖို့အတွက်ဆိုရင် ကားသော့ (remote) ကို အိတ်ထဲထည့်ထားပါ (smart phone app နဲ့လည်း အသုံးပြုနိုင်ပါတယ်)။ Remote နဲ့ တံခါးဖွင့်နိုင်သလို remote သော့ကို အိတ်ထဲထည့်ပြီး လက်ကိုင်နေရာက ခလုတ်ကိုနှိပ်ပြီးလည်းဖွင့်နိုင်ပါတယ်။ တံခါးပွင့်သွားရင်ဝင်ထိုင်လိုက်ပါ။ ဘရိတ်နင်းလိုက်ရင် တံခါးက အလိုအလျောက်ပြန်ပိတ်သွားပါလိမ့်မယ်။ ကားသွားချင်ရင်တော့ လီဗာ နင်းလိုက်ရုံပါပဲ။ ဘရိတ်ခြေနင်းကို နင်းသည့်အချိန်တိုင်း တံခါးပွင့်နေပါက ပိတ်သွားပါလိမ့်မယ်။ တံခါးကို ဆွဲမပိတ်ချင်လောက်အောင် ပျင်းရိသူများအတွက် သူ့ထက်ကောင်းမွန်တဲ့စနစ် မရှိသေးပါ။
လူခုနစ်ယောက်စီးဖြစ်ပြီး လူခုနစ်ယောက်စာအတွက် လုံလုံလောက်လောက် အကျယ်အဝန်းရှိပါတယ်။ အသုံးပြုရမယ့် နည်းပညာတွေကလည်း အမြင့်စားတွေချည့်ပါပဲ။ ပြောရမယ်ဆိုရင် လိုက်ပါတဲ့ လူခုနစ်ယောက်စလုံး မောင်းနှင်စရာမလိုပဲ စီးနင်းနိုင်တဲ့ ကားမျိုးပါ။ တချို့ features ငယ်တွေဟာ ဖန်တီးမှုရှိတဲ့အတွက် ဆန်းကျယ်ပြီး အသုံးပြုရာမှာ ပိုမိုလွယ်ကူစနစ်ကျစေပါတယ်။ ဥပမာ ရေဘူးထည့်တဲ့နေရာမှာတောင် ရေဘူးကို လှုပ်ခါမှုမရှိအောင် electric စနစ်နဲ့ အလိုအလျောက် ကြပ်တည်းထိန်းသိမ်းပေးတဲ့ စနစ်တွေ ပါတာမျိုးပေါ့။
ခြုံပြီးပြောရမယ်ဆိုရင်တော့ အနာဂတ်ကားတစ်စီးရဲ့ အတွင်းခန်းမှာ ထိုင်မောင်းချင်တယ်ဆိုရင် Tesla Model X ကိုပဲရွေးချယ်ရမှာပါပဲ။

လက်တွေ့ဆိုရင်

ပထမဆုံး ယာဉ်မောင်းသူအတန်း နှစ်ခုံ၊ အလယ်တန်း သုံးခုံနဲ့ နောက်ဆုံးတန်း နှစ်ခုံ၊ လူ ခုနစ်ယောက် သက်သောင့်သက်သာစွာ စီးနင်းမောင်းနှင်နိုင်တဲ့ ကားဖြစ်တယ်။ အနောက်ပစ္စည်းထားခန်း boot အပြင် အရှေ့ပစ္စည်းထားခန်းလည်းပါဝင်တယ်။ သမားရိုးကျကားတွေမှာတော့ အရှေ့က အင်ဂျင်ခန်းဖြစ်ပြီး Tesla Model X ကတော့ မော်တာနဲ့ ဘက်ထရီက ကားကြမ်းပြင်မှာသာထားရှိတဲ့အတွက် အရှေ့အင်ဂျင်ခန်းက အလွတ်ဖြစ်ပြီး လူတစ်ယောက်စာဆန့်လောက်အောင် (ကွေးပြီးနေရင်) ကျယ်ဝန်းပါတယ်။
ဈေးနှုန်းကြီးမြင့်မှုသာမရှိဘူးဆိုရင်တော့ ဝယ်ယူပြီးနောက်ပိုင်း အကုန်အကျ လွန်စွာသက်သာတဲ့ electric ကား Tesla Model X ဟာ SUV ဈေးကွက်ကြီးတစ်ခုလုံးကိုတောင်မှ သိမ်းပိုက်သွားမယ့်ပုံစံမှာရှိနေတာပါ။ စွမ်းဆောင်ရည်ကလည်း ဘာနဲ့ယှဉ်ယှဉ် နောက်ကျ ကျန်နေမယ့်ကားမျိုးမှမဟုတ်တာ။
Safety ပိုင်းမှာလည်း ABS And Driveline Traction Control ၊ Electronic Stability Control (ESC) ၊ အတွင်းအပြင် ကင်မရာပတ်လည်၊ လေအိတ်ပတ်လည်၊ Blind Spot Sensor စသည်ဖြင့်ပေါ့၊ ဒီနေ့ခေတ် ကားတွေမှာ ပါဝင်နေကျ safety စနစ်တွေ အပြည့်အစုံပါဝင်တဲ့အပြင် အလွန်ကောင်းမွန်ပြီး ယာဉ်မောင်းသူရဲ့ဝန်ထုပ်ဝန်ပိုးကို များစွာလျော့ကျစေနိုင်တဲ့ အလိုအလျောက်ကားမောင်းစနစ် Auto Pilot လည်းပါဝင်ပါတယ်။ စမ်းသပ်မှုတွေအရ အရှေ့၊ အလယ်၊ အနောက်ဘက်ခြမ်းတွေမှာ safety နဲ့ပတ်သက်ပြီး ကြယ်ငါးပွင့်အဆင့်တွေရရှိထားတဲ့ လုံခြုံစိတ်အချရဆုံး SUV တစ်စီးဖြစ်နေတာဟာလည်း အားသာချက်တစ်ခုပါပဲ။

မောင်းနှင်မှု

အရှိန်တင်မှုအနေနဲ့ 0-60mph ကို ၂.၇ စက္ကန့်ထဲနဲ့ အရှိန်တင်နိုင်တဲ့ SUV အမျိုးအစား လျှပ်စစ်ကားတစ်စီးရဲ့ စွမ်းဆောင်ရည်ကတော့ ထိပ်တန်းလို့ဆိုလိုက်တာဟာ အငြင်းပွားစရာမရှိပါဘူး။ ဒီလိုမျိုးစွမ်းဆောင်ရည်ဆိုတာ ရိုးရိုး လောင်စာဆီသုံး SUV တွေထဲမှာတောင် လက်ချိုးရေလို့ရတာမျိုး။ ဒီလို အရှိန်ကို ချက်ခြင်းတင်နိုင်စွမ်းဆိုတာက လျှပ်စစ်ကားတွေအတွက် ခက်ခဲတဲ့အရာပါ။ ဒါကို Tesla က ရအောင်ထုတ်လုပ်ပေးထားတာကတော့ ချီးကျူးထိုက်ပါတယ်။ Max power အနေနဲ့ ဝန်ရိုးနှစ်ခုအပေါ်မှာ တပ်ဆင်ပေးထားတဲ့ လျှပ်စစ်မော်တာနှစ်လုံးရှိပြီး တစ်လုံးစီကနေ 259hp စီထွက်တာဖြစ်လို့ စွမ်းအားပြည့်ဝတာဖြစ်ပြီး AWD အမျိုးအစား SUV ပါ။
Tesla Model X ရဲ့အလေးချိန်က တော်တော်များပါတယ်။ ပေါင် ၅,၅၀၀ လောက်ရှိတယ်။ တနင့်တပိုးပါပဲ။ ဒါပေမယ့်လည်း steering ကို ကိုင်တွယ်ထိန်းချုပ်ရာမှာတော့ သာမန်ကားတစ်စီးသာသာပဲဖြစ်နေတာကတော့ အံ့အားသင့်စရာတစ်ချက်ပါပဲ။
Ground Clearance က ပုံမှန်ဆိုရင် ၅ လက်မ ကျော်ကျော်သာရှိပေမယ့် ကားအောက်ပိုင်းအမြင့်ကို very low ၊ low ၊ standard ၊ high ၊ very high ငါးမျိုးလိုသလိုထားလို့ရတဲ့အတွက် စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။
မောင်းနှင်မှုနဲ့ စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်လည်း Telsa ရဲ့ Model X ဟာ သူ့အမျိုးအစားထဲမှာဆိုရင် ဘယ်လိုကားမျိုးရဲ့ နောက်မှာမှ ကျန်နေခဲ့မယ့်ကားမျိုးမဟုတ်ပါဘူူး။ ထိပ်တန်းမှာသာရှိနေပါလိမ့်မယ်။

ပါဝင်တဲ့အချက်တွေ

2019 Tesla Model X ကတော့ အဓိက specs ၃ မျိုးနဲ့ပါ။ Performance ၊ Long Range နဲ့ Standard Range တို့ဖြစ်ပါတယ်။
ကွာခြားချက်တွေကတော့ Performance မှာက 0-60mph အတွက် ၂.၇ စက္ကန့်အချိန်သာလိုအပ်ပြီး ခန့်မှန်း epa (Electric car range and efficiency) ကတော့ ၃၀၅ မိုင်အထိရှိပါတယ်။ Long Range ကတော့ 0-60mph အတွက် ၄.၄ စက္ကန့်ကြာမြင့်မှာဖြစ်ပြီး ခန့်မှန်း epa ကတော့ ၃၂၅ မိုင်အထိရှိကာ လက်ရှိ လျှပ်စစ်ကား အားလုံးမှာတော့ အများဆုံးလို့ပြောလို့ရပါတယ်။ Standard Range ကတော့ 0-60mph အရှိန်ရဖို့ ၄.၆ စက္ကန့်အချိန်လိုအပ်ပြီး ခန့်မှန်း epa ကတော့ မိုင် ၂၅၀ ပါ။

အကျဉ်းချုပ်သုံးသပ်ရမယ်ဆိုရင်တော့ Tesla Model X ဟာ လျှပ်စစ်ရှိတဲ့နေရာတိုင်း ဘယ်နေရာသွားသွား မြန်မြန်ဆန်ဆန် ဇိမ်ကျကျ သွားလာနိုင်မယ့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း အကောင်းဆုံး အကာအကွယ်ပေးနိုင်မယ့် SUV ဖြစ်ပါတယ်။ ဝယ်ပြီးတဲ့အချိန် ကုန်ကျမှုစာရိတ်ကလည်း အထူးသက်သာဦးမှာပါ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Tesla/TopGear/YouTube/Carwow

Latest News

ျမန္မာအပါအဝင္ ဥေရာပႏွင့္ အာရွႏိုင္ငံေပါင္း ၁၀...

Zawgyi Version ဥေရာပႏွင့္ ျမန္မာအပါအဝင္ အာရွႏိုင္ငံေပါင္း ၁၀ ႏိုင္ငံေက်ာ္မွ professional rally drivers ႏွင့္...

Read more »

ယာဥ္​အမည္​​ေပါက္​​ေျပာင္​းလဲျခင္​းကို ၃...

​Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​ေပါက္​​ေျပာင္​းလဲျခင္​းကို ၃ ရာခိုင္​ႏႈန္​းအထိ ​ေျဖ​ေလွ်ာ့သတ္​မွတ္​​ေပးရန္​အတြက္​...

Read more »

Suzuki Ertiga 2019 Review (Local)

Zawgyi Version ကိုယ္ေတြႏုိင္ငံနဲ႕ အဆင္ေျပမယ့္ ကားတစ္စီးဆိုတာဟာ ပုံမွန္ထက္ ျမင့္ရမယ္၊ က်ယ္ရမယ္၊ ဆီစားသက္သာရမယ္။ ေနာက္တစ္ခု ေဈးႏႈန္းလည္း...

Read more »

ကမၻာ့အျမန္ဆုံး full-size luxury sedan...

Zawgyi Version Twin-turbo W-12 အင္ဂ်င္၊ အျမင့္ဆုံးပါဝင္ထုတ္လႊတ္ႏုိင္မႈ 626hp၊ အျမန္ဆုံးျမန္ႏႈန္း 207mph နဲ႕ Bentley ရဲ့ Flying Spur 2020...

Read more »

မွတ္ပံုတင္နံပါတ္ တူညီမႈမ်ားရွိေနေသာေၾကာင့္...

Zawgyi Version ယာဥ္ေမာင္းလိုင္စင္ ျပဳလုပ္ျခင္းႏွင့္သက္တမ္းတိုးျခင္းမ်ားျပဳလုပ္ရာတြင္ မွတ္ပံုတင္နံပါတ္ထပ္ေနျခင္းမ်ား ရွိေနသည့္အတြက္...

Read more »