Tesla မွ Model S ကားမ်ားအတြက္ အလိုအေလွ်ာက္ေမာင္းနွင္သည့္ Software ထုတ္ေပး

လွ်ပ္စစ္ကားကုမၸဏီျဖစ္ေသာ Tesla မွ Model S ကားမ်ားအတြက္ အလိုအေလ်ာက္ေမာင္းႏွင္ႏိုင္သည့္ Software Update 7.0 ကို ထုတ္ေပးခဲ့ေၾကာင္း သိရပါတယ္.။ Model S ကားမ်ားကို ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ စတင္ၿပီး လိုအပ္တဲ့ Sensor ေတြ တပ္ဆင္ေပးေနခဲ့တာျဖစ္ၿပီး ယခုအခါမွာေတာ့ အဆိုပါ Sensor မ်ားကို အသံုးျပဳၿပီး အလိုအေလွ်ာက္ေမာင္းႏွင္မႈေတြ လုပ္ေဆာင္ႏိုင္ၿပီျဖစ္ပါတယ္.။

 

Model S ရဲ႕ ဒီစနစ္ဟာ Google မွ စမ္းသပ္ေနတဲ့ ကားကဲ့သို႔ လံုးဝ အလိုအေလ်ာက္ ေမာင္းႏွင္ႏိုင္တဲ့ကားမ်ိဳးေတာ့ မဟုတ္ဘူးလို႔ ဆိုပါတယ္.။ အဓိက ပါဝင္လာတဲ့ Feature မွာ Autosteer လို႔ အမည္ေပးထားတဲ့ Feature ျဖစ္ၿပီး လမ္းမႀကီးေပၚကို ကားေရာက္ရွိတဲ့အခ်ိန္မွာ လက္ရွိသြားေနတဲ့ လမ္းေၾကာင္းအတိုင္း မေျပာင္းလဲဘဲ ေမာင္းႏွင္ႏိုင္တဲ့ စနစ္ျဖစ္ပါတယ္.။ Tesla ရဲ႕ CEO ျဖစ္တဲ့ Elon Musk ကေတာ့ ဒီ Feature ဟာ စမ္းသပ္အဆင့္ “beta” သာ ျဖစ္ၿပီး ကားေမာင္းႏွင္သူမ်ားအေနနဲ႔ အႏၱရာယ္ကင္းရွင္းေစဖို႔ ခါးပတ္မ်ားပတ္ထားၾကဖို႔နဲ႔ လက္ကို မလႊတ္ဘဲ Steering ကို ကိုင္ထားၾကဖို႔ သတိေပးထားပါတယ္.။

 

အသစ္ထြက္ရွိမယ့္ Update ျဖစ္တဲ့ 7.1 မွာေတာ့ အျခား Feature အသစ္ေတြ ျဖစ္တဲ့ ကားကို ကားဂိုေဒါင္ဆီသို႔ အလိုအေလ်ာက္ ေစလႊတ္ႏိုင္ျခင္း၊ ကားဂိုေဒါင္တြင္းမွ ထြက္ၿပီး ေမာင္းႏွင္သူဆီသို႔ အလိုအေလ်ာက္ လာေရာက္ေအာင္ ခိုင္းေစႏိုင္ျခင္း အစရွိတဲ့ Feature ေတြကိုပါ ရရွိလာမယ္လို႔ ဆိုပါတယ္.။

model

ဒီ အလိုအေလ်ာက္ေမာင္းႏွင္ႏိုင္တဲ့ Feature မ်ားဟာ စမ္းသပ္အဆင့္သာ ရွိေသးၿပီး ကားအက္ဆီးဒင့္ကဲ့သို႔ ကိစၥမ်ိဳးျဖစ္ခဲ့ရင္ ကားေမာင္းသူမွာသာ တာဝန္ရွိတယ္လို႔ Elon Musk က ဆိုပါတယ္.။ ကားေတြအေနနဲ႔ လံုးဝထိန္းသိမ္းစရာ မလိုေတာ့ဘဲ အလိုအေလ်ာက္ ေမာင္းနိုင္တဲ့ အခ်ိန္တစ္ခုေရာက္ဖို႔ကေတာ့ ေစာင့္ရပါဦးမယ္လို႔ သူက ျဖည့္စြက္ေျပာသြားပါေသးတယ္.။

 

အခုထုတ္လုပ္ေပးလိုက္တဲ့ 7.0 update မွာ အထက္မွာေဖာ္ျပထားတဲ့ Autosteer အျပင္ အျခား Feature မ်ားအျဖစ္ လမ္းေၾကာင္းေျပာင္းခလုတ္ကို ႏွိပ္တဲ့အခါ အျခားလမ္းေၾကာင္းကို ေျပာင္းလဲရယူေပးႏိုင္ျခင္း၊ အလိုအေလ်ာက္ ပါကင္ထိုးႏိုင္ျခင္း၊ အက္ဆီးဒင့္ျဖစ္လာနိုင္စရာ အေျခအေနေတြမွာ Steering ကို အလိုအေလ်ာက္ ထိန္းသိမ္းေပးျခင္း၊ ေဘးမွဝင္လာမယ့္ အႏၱရာယ္မ်ားကို ေမာင္းႏွင္သူအား သတိေပးျခင္း အစရွိတဲ့ Feature မ်ားလဲ ပါဝင္ဦးမွာျဖစ္ပါတယ္.။

 

လတ္တေလာမွာ ဒီစနစ္ကို Model S ေတြမွာသာ အသံုးျပဳႏိုင္ေသးေပမယ့္ တူညီတဲ့ Sensor စနစ္ေတြ တပ္ဆင္ထားၿပီးသားျဖစ္တဲ့ Model X ေတြမွာလဲ မၾကာခင္အခ်ိန္အတြင္း ရရွိႏိုင္ေတာ့မယ္လုိ႔ ခန္႔မွန္းရပါတယ္ခင္ဗ်ာ.။

 

Software Update ရရွိၿပီး စမ္းသပ္ေမာင္းႏွင္ေနၾကၿပီျဖစ္တဲ့ Model S ပိုင္ရွင္မ်ားရဲ႕ Video ကိုေတာ့ ေအာက္ပါလင့္မွာ သြားေရာက္ၾကည့္ရႈႏုိင္ပါတယ္.။

http://www.businessinsider.com/tesla-new-autopilot-feature-software-update-self-driving-car-2015-10

 

Written by: ေအာင္မြန္ခ်မ္း

Ref: The Verge, Business Insider

www.carsdb.com

No. 1 Car Site in Myanmar

 



Unicode Version

လျှပ်စစ်ကားကုမ္ပဏီဖြစ်သော Tesla မှ Model S ကားများအတွက် အလိုအလျောက်မောင်းနှင်နိုင်သည့် Software Update 7.0 ကို ထုတ်ပေးခဲ့ကြောင်း သိရပါတယ်.။ Model S ကားများကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စတင်ပြီး လိုအပ်တဲ့ Sensor တွေ တပ်ဆင်ပေးနေခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အဆိုပါ Sensor များကို အသုံးပြုပြီး အလိုအလျှောက်မောင်းနှင်မှုတွေ လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်.။

 

Model S ရဲ့ ဒီစနစ်ဟာ Google မှ စမ်းသပ်နေတဲ့ ကားကဲ့သို့ လုံးဝ အလိုအလျောက် မောင်းနှင်နိုင်တဲ့ကားမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်.။ အဓိက ပါဝင်လာတဲ့ Feature မှာ Autosteer လို့ အမည်ပေးထားတဲ့ Feature ဖြစ်ပြီး လမ်းမကြီးပေါ်ကို ကားရောက်ရှိတဲ့အချိန်မှာ လက်ရှိသွားနေတဲ့ လမ်းကြောင်းအတိုင်း မပြောင်းလဲဘဲ မောင်းနှင်နိုင်တဲ့ စနစ်ဖြစ်ပါတယ်.။ Tesla ရဲ့ CEO ဖြစ်တဲ့ Elon Musk ကတော့ ဒီ Feature ဟာ စမ်းသပ်အဆင့် “beta” သာ ဖြစ်ပြီး ကားမောင်းနှင်သူများအနေနဲ့ အန္တရာယ်ကင်းရှင်းစေဖို့ ခါးပတ်များပတ်ထားကြဖို့နဲ့ လက်ကို မလွှတ်ဘဲ Steering ကို ကိုင်ထားကြဖို့ သတိပေးထားပါတယ်.။

 

အသစ်ထွက်ရှိမယ့် Update ဖြစ်တဲ့ 7.1 မှာတော့ အခြား Feature အသစ်တွေ ဖြစ်တဲ့ ကားကို ကားဂိုဒေါင်ဆီသို့ အလိုအလျောက် စေလွှတ်နိုင်ခြင်း၊ ကားဂိုဒေါင်တွင်းမှ ထွက်ပြီး မောင်းနှင်သူဆီသို့ အလိုအလျောက် လာရောက်အောင် ခိုင်းစေနိုင်ခြင်း အစရှိတဲ့ Feature တွေကိုပါ ရရှိလာမယ်လို့ ဆိုပါတယ်.။

model

ဒီ အလိုအလျောက်မောင်းနှင်နိုင်တဲ့ Feature များဟာ စမ်းသပ်အဆင့်သာ ရှိသေးပြီး ကားအက်ဆီးဒင့်ကဲ့သို့ ကိစ္စမျိုးဖြစ်ခဲ့ရင် ကားမောင်းသူမှာသာ တာဝန်ရှိတယ်လို့ Elon Musk က ဆိုပါတယ်.။ ကားတွေအနေနဲ့ လုံးဝထိန်းသိမ်းစရာ မလိုတော့ဘဲ အလိုအလျောက် မောင်းနိုင်တဲ့ အချိန်တစ်ခုရောက်ဖို့ကတော့ စောင့်ရပါဦးမယ်လို့ သူက ဖြည့်စွက်ပြောသွားပါသေးတယ်.။

 

အခုထုတ်လုပ်ပေးလိုက်တဲ့ 7.0 update မှာ အထက်မှာဖော်ပြထားတဲ့ Autosteer အပြင် အခြား Feature များအဖြစ် လမ်းကြောင်းပြောင်းခလုတ်ကို နှိပ်တဲ့အခါ အခြားလမ်းကြောင်းကို ပြောင်းလဲရယူပေးနိုင်ခြင်း၊ အလိုအလျောက် ပါကင်ထိုးနိုင်ခြင်း၊ အက်ဆီးဒင့်ဖြစ်လာနိုင်စရာ အခြေအနေတွေမှာ Steering ကို အလိုအလျောက် ထိန်းသိမ်းပေးခြင်း၊ ဘေးမှဝင်လာမယ့် အန္တရာယ်များကို မောင်းနှင်သူအား သတိပေးခြင်း အစရှိတဲ့ Feature များလဲ ပါဝင်ဦးမှာဖြစ်ပါတယ်.။

 

လတ်တလောမှာ ဒီစနစ်ကို Model S တွေမှာသာ အသုံးပြုနိုင်သေးပေမယ့် တူညီတဲ့ Sensor စနစ်တွေ တပ်ဆင်ထားပြီးသားဖြစ်တဲ့ Model X တွေမှာလဲ မကြာခင်အချိန်အတွင်း ရရှိနိုင်တော့မယ်လို့ ခန့်မှန်းရပါတယ်ခင်ဗျာ.။

 

Software Update ရရှိပြီး စမ်းသပ်မောင်းနှင်နေကြပြီဖြစ်တဲ့ Model S ပိုင်ရှင်များရဲ့ Video ကိုတော့ အောက်ပါလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်.။

http://www.businessinsider.com/tesla-new-autopilot-feature-software-update-self-driving-car-2015-10

 

Written by: အောင်မွန်ချမ်း

Ref: The Verge, Business Insider

www.carsdb.com

No. 1 Car Site in Myanmar

 

Latest News

သယ္ယူပိုု႔ေဆာင္ေရးမူဝါဒႏွင့္...

Img 4279 150x150

Zawgyi Version • ျမန္မာတစ္ႏိုင္ငံလံုးအတိုင္းအတာအရ လိုင္စင္မဲ့ without ကားမ်ားကို ဖမ္းဆီးရ႐ွိမႈမွာ ၂၀၁၇ ဒီဇင္ဘာလတြင္ လိုင္စင္မဲ့ကား ၁၆...

Read more »

Suzuki Ciaz brand new ကားဝယ္​ယူရန္​...

Ciaz 150x150

Zawgyi Version ျမန္​မာႏိုင္​ငံတြင္​ SKD စနစ္​ျဖင့္ တပ္ဆင္​ထုတ္​လုပ္​​ေနသည့္ Suzuki ကားထုတ္​လုပ္​သည့္ စက္ရံုမွ Suzuki Ciaz brand new...

Read more »

တစ္​ႏိုင္​ငံလံုး ဒီဇင္​ဘာလအတြင္​း...

Zawgyi Version ျမန္​မာတစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ လိုင္​စင္​မဲ့ without ကားမ်ားကို ဖမ္​းဆီးရ႐ွိမႈမွာ ၂၀၁၇ ဒီဇင္​ဘာလတြင္​...

Read more »

ရိုုးမ ရန္ကုုန္အျပည္ျပည္ဆုုိင္ရာ...

Yyim 2017 participants cross the finish line image credit to yoma strategic holdings ltd 150x150

Zawgyi Version Yoma Strategic Holdings၊ First Myanmar Investment (FMI) ႏွင့္ ရန္ကုုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီတိုု႔ ဦးစီး က်င္းပသည့္...

Read more »

ရန္ကုန္တြင္ ေျမေအာက္လူကူးလမ္း တည္​​ေဆာက္​မည့္...

Latest news1 1 150x150

Zawgyi Version ရန္ကုန္ျမိဳ႕ လူစည္​ကားရာ​ေနရာမ်ားတြင္​ တည္​​ေဆာက္​မည့္ ေျမေအာက္လူကူးလမ္း(underpass) စီမံကိန္​း ၃ ခုကို တင္ဒါေခၚယူမႈ...

Read more »