Tesla မှ Model X SUV ကို ကြေညာ
Ref: The Next Web
www.carsdb.com
No.1 Car Site in Myanmar
Model X Gallery
Unicode Version
Tesla ကုမ္ပဏီမှ နောက်ဆုံးထုတ်လုပ်ထားတဲ့ Model X SUV ကို ကြေညာခဲ့ပြီဖြစ်ပါတယ်.။ Model X ဟာ ကုမ္ပဏီရဲ့ ပထမဆုံး SUV ကားဖြစ်ပြီး Model S ပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတဲ့ကားတစ်စီး ဖြစ်ပါတယ်.။ အမျိုးအစားကွဲ (၃) မျိုးခွဲခြားထုတ်လုပ်ထားပြီး Seating Plan (၂) မျိုးဖြင့် ရရှိနိုင်ပါတယ်.။ Model S ရဲ့ ညီနောင်လို့ပြောလို့ရတဲ့အတွက် အားအပြည့်သွင်းထားရင် ပုံမှန်အတိုင်းမောင်းနှင်မယ်ဆိုရင် 257 မိုင် အထိ မောင်းနိုင်မှာဖြစ်ပြီး Ludicrous mode လို့ခေါ်တဲ့ အမြန်မောင်းနှင်တဲ့ Mode နဲ့ မောင်းမယ်ဆိုရင် 250 မိုင် အထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်.။ Top Speed ကတော့ 155 mph အထိ ရရှိမှာဖြစ်ပြီး 0-60 mph ကို 4.8 စက္ကန့် အတွင်း ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်.။ Ludicrous Mode နဲ့ မောင်းနှင်မယ်ဆိုရင်တော့ 3.2 စက္ကန့် အတွင်း ရောက်ရှိမှာဖြစ်တဲ့အတွက် SUV တွေထဲမှာ အတော်လေးမြန်တယ်လို့ ပြောလို့ရပါတယ်.။
Model X ဟာ ခုံသုံးတန်း ပါဝင်တဲ့ ဧရိယာကျယ်ဝန်းတဲ့ ကားတစ်စီးဖြစ်ပြီး လူ (၇) ယောက်အထိ လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပါတယ်.။ ကားတံခါးဖွင့်လှစ်ရာမှာ အပေါ်ကိုမြောက်တက်သွားတဲ့ အတောင်ပံပုံစံ ဒီဇိုင်းဖြစ်ပြီး နောက်ခုံတန်းတွေကို အဝင်အထွက်ပြုလုပ်ရာမှာလဲ လွယ်ကူတာကို တွေ့ရပါတယ်.။ ဒုတိယခုံတန်းကို ခေါက်သိမ်းပြီး ပစ္စည်းတင်နိုင်သလို အနောက်ဖုံးဟာလဲ ကျယ်ဝန်းပါတယ်.။ ဒါတင်မကသေးပါဘူး.။ အမိုးနိမ့်တဲ့နေရာတွေမှာ အတောင်ပုံဒီဇိုင်း တံခါးတွေမှာ တပ်ဆင်ထားတဲ့ Sensor တွေကတဆင့် သိရှိနိုင်ပြီး အမိုးနဲ့ တိုက်မိခြင်းမရှိအောင် အလိုအလျောက် ထိန်းချုပ်ထားနိုင်ပါတယ်.။ ဒါ့အပြင် ကားမောင်းသူအပြင်မှာ ရှိနေတဲ့အချိန်မှာလဲ မောင်းသူရဲ့ တည်နေရာကို အလိုအလျောက်သိရှိနိုင်ပြီး ကားမောင်းသူက ကားအနားကိုရောက်လာတဲ့အခါ မောင်းသူနဲ့ တည့်တည့်နေရာကို အလိုအလျောက် ရှေ့တိုးပြီး ကားတံခါးကို အလိုအလျောက်ဖွင့်ပေးနိုင်စွမ်းလဲ ရှိပါတယ်.။
Tesla ဟာ Model X ကို ကမ္ဘာ့အန္တရာယ်အကင်းဆုံး SUV လို့ ကြေညာခဲ့ပြီး ကြေညာထားတဲ့အတိုင်းပဲ ကောင်းမွန်တာကိုတွေ့ရပါတယ်.။ Model X ကိုမောင်းနှင်ပြီး Accident တစ်ခုခုဖြစ်ခဲ့ရင် မောင်းနှင်သူကို ထိခိုက်ဒဏ်ရာ ရစေနိုင်တဲ့ ရာခိုင်နှုန်းက (၅) ရာခိုင်နှုန်းပဲ ရှိပါတယ်.။ ကုမ္ပဏီရဲ့ အဆိုအရ ဒါဟာ အရှေ့ဘက်မှာရှိတဲ့ ဧရိယာကျယ်ဝန်းမှုကြောင့် နဲ့ သေးငယ်တဲ့ အင်ဂျင်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်.။ ဒါ့အပြင် ဘေးဘက်က အတိုက်ခံရတဲ့အခါ ထိခိုက်ပျက်စီးမှုနှုန်းဟာလဲ အတော်လေးကို နည်းတာတွေ့ရပြီး အက်စီးဒင့်ကြောင့် ကားလိမ့်သွားနိုင်ချေဟာလဲ အခြား SUV တွေရဲ့ ထက်ဝက်လောက်သာ ရှိတာကို တွေ့ရပါတယ်.။ ဒါတွေအပြင် ရေဒါ နဲ့ ultrasonic sensor တွေကို အသုံးပြုပြီး ကားမတိုက်မိခင်မှာ အရေးပေါ်ဘရိတ် အလိုအလျောက်အုပ်ပေးနိုင်တဲ့ စနစ်တွေလဲ ပါဝင်တဲ့အတွက် Model X ဟာ ကားအက်စီးဒင့်ဖြစ်ဖို့ ရာခိုင်နှုန်း အတော်နည်းတာကို တွေ့ရပါတယ်.။
ကားရဲ့ အဲကွန်းစနစ်ဟာလဲ အထူးပြုလုပ်ထားတဲ့ HEPA filter ကို အသုံးပြုထားပြီး ကားအတွင်း ရောဂါပိုးမွှားတွေ၊ မသန့်ရှင်းတဲ့ လေတွေ မဝင်ရောက်နိုင်အောင် တားဆီးတဲ့စနစ်ဟာ ဆေးရုံတွေမှာ သုံးစွဲတဲ့ စနစ်နဲ့ အတူတူပဲဖြစ်တဲ့အတွက် ကားအတွင်းလိုက်ပါသူတွေရဲ့ ကျန်းမာရေးကိုလဲ စိတ်ချရအောင် ပြုလုပ်ပေးထားတာတွေ့ရပါတယ်.။ Model X ဟာ 2013 ခုနှစ်မှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပေမယ့် ထုတ်လုပ်မှု နှောင့်နှေးခဲ့ပြီး ယခုအချိန်မှ အပြည့်စုံဆုံး စနစ်တွေနဲ့ ပွဲထွက်လာတာဖြစ်ပါတယ်.။
Tesla ဟာ Model X ကို ကြိုတင်မှာယူထားသူများထံသို့ မကြာခင်တင်ပို့သွားတော့မှာဖြစ်ပြီး အခြေခံစျေးနှုန်း $100,000 နဲ့ စျေးအကြီးဆုံး မော်ဒယ်အတွက် $142,000 အထိ ကျသင့်မှာဖြစ်ပါတယ်.။ Tesla Model X ရဲ့ Gallery ကို အောက်မှာ ကြည့်နိုင်ပါတယ်.။
Written by: အောင်မွန်ချမ်း
Ref: The Next Web
www.carsdb.com
No.1 Car Site in Myanmar
Model X Gallery
tesla-model-x-launch-001-2040.0-500x333 tesla-model-x-launch-002-2040.0-500x333  tesla-model-x-launch-004-2040.0-500x333 tesla-model-x-launch-005-2040.0-500x333 tesla-model-x-launch-006-2040.0-500x333 tesla-model-x-launch-007-2040.0-500x333 tesla-model-x-launch-008-2040.0-500x333 tesla-model-x-launch-009-2040.0-500x333 tesla-model-x-launch-010-2040.0-500x333 tesla-model-x-launch-011-2040.0-500x333 tesla-model-x-launch-012-2040.0-500x333 tesla-model-x-launch-013-2040.0-500x333 tesla-model-x-launch-015-2040.0-500x333 tesla-model-x-launch-014-2040.0-500x333 tesla-model-x-launch-016-2040.0-500x333 tesla-model-x-launch-017-2040.0-500x333 tesla-model-x-launch-018-2040.0-500x333 tesla-model-x-launch-020-2040.0-500x333 tesla-model-x-launch-021-2040.0-500x333 tesla-model-x-launch-022-2040.0-500x333 tesla-model-x-launch-023-2040.0-500x333 tesla-model-x-launch-024-2040.0-500x333 tesla-model-x-launch-026-2040.0-500x333 tesla-model-x-launch-027-2040.0-500x333 tesla-model-x-launch-028-2040.0-500x333 tesla-model-x-launch-031-2040.0-500x333 tesla-model-x-launch-032-2040.0-500x333 tesla-model-x-launch-033-2040.0-500x333 tesla-model-x-launch-035-2040.0-500x333 tesla-model-x-launch-036-2040.0-500x333 tesla-model-x-launch-037-2040.0-500x333 tesla-model-x-launch-038-2040.0-500x333 tesla-model-x-launch-041-2040.0-500x333 tesla-model-x-launch-046-2040.0-500x333tesla-model-x-launch-045-2040.0-500x333
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...
23602231 2157311237654961 2105906177 n 150x150
Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...
Read more »