တက္ကစီတင်သွင်းခွင့် ပါမစ် ၂၀၁၄ ခုနှစ်ကုန်အထိ ယာယီရပ်ဆိုင်းမည်

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် ရပ်နားခဲ့သော တက္ကစီတင်သွင်းခွင့် ပါမစ်ကို ၂၀၁၄ ခုနှစ် နှစ်ကုန်အထိ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှသတင်းရရှိသည်။

Taxi
ယခင်က တက္ကစီတင်သွင်းခွင့် ပါမစ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ချထားပေးခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့တွင်း ဖြစ်ပေါ်နေသော ယာဉ်ကြောကျပ်တည်းမှု များကြောင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အငှားယာဉ်တက္ကစီ တင်သွင်းခွင့်ပါမစ်ကို ယာယီရပ်ဆိုင်းခြင်းနှင့် ယာဉ်ကြောကျပ်တည်းမှုဖြေလျှော့ရန် ခုံးကျော် တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောကျပ်တည်းမှုကို အနည်းငယ်သာဖြေလျှော့နိုင်သောကြောင့် အငှားယာဉ်တင်သွင်းခွင့်ပါမစ်အား ၂၀၁၄ ခုနှစ် ကုန်အထိယာယီရပ်ဆိုင်းမည် ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်ကပြောသည်။ လက်ရှိတွင် မြို့တော်စည်ပင် ၌တရားဝင် မှတ်ပုံတင်ထားသည့် စာရင်းများအရ ရန်ကုန်မြို့တွင် တက္ကစီ အစီးရေ ၂၂,၀၀၀ ကျော်၊ ကညနမှ ထုတ်ပြန်သည့် စာရင်းများအရ အစီးရေ ၃၄,၀၀၀ ကျော် နှင့် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ (AA, BB, CC, DD) အပါအ၀င် အစီးရေ ၃၆,၀၀၀ ကျော်ရှိကြောင်း ဌာနများက အသီးသီး ထုတ်ပြန်ထားပြီး ပျမ်းမျှအားဖြင့် လက်ရှိ ရန်ကုန်မြို့တွင်း တက္ကစီအစီးရေမှာ သုံးသောင်းကျော်ခန့်ရှိကြောင်း စာရင်းများအရသိရသည်။


Ref: Automobile

Latest News

ယနေ့ (၂၃.၃.၂၀၁၇) အတွက်...

Weeklyupdate23317 150x150

စလစ်ဈေး- ၁၁၃ သိန်းဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၂၁.၇ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

သင်္ကြန်​ကာလအ​ဝေး​ပြေးယာဉ်​လိုင်းများယာဉ်​စီးခတိ...

Thingyan 150x150

 မဟာသင်္ကြန်​ကာလအတွင်း ​နေရပ်​ပြန်​မည့်​ ခရီးသွားပြည်​သူများအဆင်​​ပြေစွာ သွားလာနိုင်​ရန်​နှင့်​ယခင်​နှစ်​များထက်​ ခရီးသွားလာရာတွင်...

Read more »

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ...

Delivery van 150x150

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ မှတ်​ပုံတင်​ထုတ်​​ပေးရာတွင်​ လူစီးယာဉ်​အဖြစ်​အသုံးပြုခွင့်​မရှိ​ကြောင်း...

Read more »

ဧပြီ ၁...

Toll fees 150x150

ရန်​ကုန်​မြို့သန်​လျှင်​မြို့နယ်​ရှိ ခရမ်း၊​ကျောက်​တန်း၊သုံးခွ မြို့နယ်​များသို့ ဆက်​သွယ်​တန်းထား​သော သန်​လျှင်​တံတားအမှတ်​( ၁)လာမည့်​...

Read more »

Free permit ဖြင့်​ ယာဉ်​နံပတ်​အမြင့်​...

Free permit 150x150

 Free permit ဖြင့်​ ယာဉ်​နံပတ်​အမြင့်​ ဝယ်​ယူလိုပါက ​ပိုင်​ရှင်​ကိုယ်​တိုင်​လာ​ရောက်​ဝယ်​ယူမှ ​ရောင်းချ​ပေးမှာဖြစ်​တယ်​လို့...

Read more »
Download Android App