fb-pageview-tracker
ယာဉ်​နံပတ်​ရယူ၍ ယာဉ်​စစ်​​ဆေးထားပြီး မှတ်​ပုံတင်​အခ​ငွေ မ​ပေးသွင်းသည့်​ကားများအား ဥပ​ဒေအရ​ အ​ရေးယူမည်


Zawgyi Version

ကနဦးမှတ်​ပုံတင်​ထား​သော ​မော်​​တော်​ယာဉ်​အစီး​ရေ ၆,၀၀၀ နီးပါးမှာ မူ​သေယာဉ်နံပတ်များ​​ရယူ၍ ယာဉ်​စစ်​​ဆေးထားပြီး နိုင်​ငံ​တော်သို့​​ပေးသွင်းရမည့်​အခ​ငွေများ ​ပေးသွင်းရန်​ကျန်​ရှိ​နေ​သော ယာဉ်​များကို ၁ လအတွင်း မှတ်​ပုံတင်​အခ​ငွေ​များဥပ​ဒေအရ အ​ရေးယူသွားမည်ဖြစ်​​ကြောင်း ကုန်းလမ်းပို့​ဆောင်​​ရေး ညွှန်​ကြားမှုဦးစီးဌာနမှသိရသည်​။




Unicode Version

ကနဦးမှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေ ၆,၀၀၀ နီးပါးမှာ မူသေယာဉ်နံပတ်များရယူ၍ ယာဉ်စစ်ဆေးထားပြီး နိုင်ငံတော်သို့ပေးသွင်းရမည့်အခငွေများ ပေးသွင်းရန်ကျန်ရှိနေသော ယာဉ်များကို ၁ လအတွင်း မှတ်ပုံတင်အခငွေများဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုှုဦးစီးဌာနမှသိရသည်။

"မော်တော်ယာဉ်တွေမှာ ယာဉ်နံပတ် မူသေအမှတ်ရယူပြီး နိုင်ငံတော်ပေးသွင်းရမယ့် အခငွေတွေ မပေးသွင်းဘဲ လုပ်ထားတဲ့ကားတွေအများကြီးကျန်နေသေးတယ်။ ဒီကားတွေကိုလည်း တစ်လ အထိအချိန်ပေးထားပြီးသားပါ။ အခုအချိန်အထိ၊ ၁ လကျော်တဲ့အထိ အခွန်လာမဆောင်တဲ့ကားတွေကျန်သေးလို့ ဥပဒေအရ အရေးယူသွားမှာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

မော်တော်ယာဉ်ပိုင်ရှင်များ၊ ယာဉ်တင်သွင်းသည့် ကုမ္ပဏီများ၊ လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ကနဦးမှတ်ပုံတင်ယာဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူသေအမှတ်ရယူခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ မှတ်ပုံတင် အခငွေပေးသွင်းခြင်း၊ ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) နှင့် ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် CVR ထုတ်ယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ရာ အချို့သော ကနဦးမှတ်ပုံတင်ယာဉ်များမှာ မူသေအမှတ်ရယူ၍ ယာဉ်စစ်ဆေးထားပြီး နိုင်ငံတော်သို့ပေးသွင်းရမည့်အခငွေများ မပေးသွင်းဘဲ မော်တော်ယာဉ်များကို ကာလကြာမြင့်စွာ အသုံးပြုနေသောကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရေးအတွက် ဥပဒေအရ အရေးယူဆောင်ရွက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကညန မှ အသိပေးကြေညာထားသည်။

Latest News

သင်သတိမပြုမိပါက သင်နှင့်သင့်ကားကို...

Zawgyi Version ကားရဲ့အကြီးမားဆုံးပြဿနာရယ်လို့ဆိုလိုက်ရင် တော်တော်များများက အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာပြဿနာတွေကို...

Read more »

ကမ္ဘာကျော် ကြယ်ပွင့်တွေနဲ့ ထူးထူးခြားခြား...

Zawgyi Version ကမ္ဘာကျော်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့အတိုင်းပါပဲ။ သူတို့စီးတဲ့ကားတွေက ထိပ်တန်းတွေချည့်ပါ။ ဒါပေမယ့် အခုဖေါ်ပြပေးမယ့်ကားတွေကတော့...

Read more »

တစ်ဦးချင်းပိုင်ယာဉ်လိုင်းများကို...

  Zawgyi Version ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် YBS တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းများအား...

Read more »

သင်္ကြန်ကာလ စည်ပင်နယ်နိမိတ်အတွင်း...

  Zawgyi Version သင်္ကြန်ကာလအတွင်း စည်ပင်နယ်နိမိတ်၌ မည်သည့်ဆိုင်ကယ်မှ စီးနင်းခွင့်ပြုမည်မဟုတ်ဘဲ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းမှုများ...

Read more »

ကားလေအေးစက်ကပေးသော ကျန်းမာရေးပြဿနာများ

Zawgyi Version ရာသီဥတုဖောက်ပြန်မှုများကြောင့် ကမ္ဘာကြီးပိုမိုပူနွေးလာချိန်တွင် မော်တော်ကားစီး၍ ခရီးသွားလာရသည့်ကိစ္စကလည်း...

Read more »