ရန်ကုန်မြို့အတွင်းရှိ လိုင်စင်မဲ့ ကားများ အရေးယူဆောင်ရွက်ပြီးမှ ရန်ကုန်ကားတင်သွင်းခွင့်ပြန်လည်ခွင့်ပြုမည်။



Unicode Version

ရန်ကုန်မြို့အတွင်းရှိ လိုင်စင်မဲ့ ကားများကို အရေးယူရှင်းလင်းဆောင်ရွက်ပြီးမှသာ ရန်ကုန်ကားတင်သွင်းခွင့် ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှုး ဒေါက်တာ မောင်အောင်က စာနယ်ဇင်းများနှင့် တွေ့ဆုံစဉ်ပြောသည်။
လက်ရှိအချိန်ထိ ရန်ကုန်ကားတင်သွင်းမှုရပ်ဆိုင်းထားသည်မှာ လေးလကျော်ကြာမြင့်နေသော်လည်း တိကျသည့်အဖြေမထုတ်ပြန်နိုင်ပဲ ထင်ကြေးအမျိုးမျိုး နှင့် စမ်းတဝါးဝါးပြောဆိုမှုများ အချိန်ကြာမြင့်လာကြောင်း ကားလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။ ရန်ကုန်တိုင်း အတွင်းကားတင်သွင်းမှုကို ယခင်အစိုးရလက်ထက်တွင် ယာဉ်ကြောပိတ်ဆို့မှုလျော့ကျနိုင်ရန် ၂ဝ၁၅ ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ကားပါကင်ထောက်ခံချက်စနစ်ကျင့်သုံးခဲ့သည်။
ထိုစနစ်သည် ယာဉ်ကြောပိတ်ဆို့မှုအနည်းငယ်လျော့နည်းသွားသော်လည်း မသမာသည့်လုပ်ရပ်များဖြစ်ပေါ်လာ၍ အစိုးရသစ်လက်ထက်တွင် ရပ်ဆိုင်းခဲ့သည်။
မီးပွင့်တွေမှာ လိုင်စင်မဲ့ကား ဟုတ်မဟုတ် သိနိုင်အောင် ကင်မရာတွေတပ်ပြီး စစ်ဆေးအရေးယူသွားမှာပါ။ လိုင်စင်မဲ့ ကားတွေကို ရှင်းထုတ်ပြီးရင်တော့ ရန်ကုန်ကားတင်သွင်းတာကို ပြန်လည်ချပေးမှာပါ။ဘယ်အချိန်လောက် ခွင့်ပြုပေးမယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး ဟုရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှု ဒေါက်တာ မောင်အောင်က ဆိုသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှလည်း ရန်ကုန်ကားတင်သွင်းမှုကို အဆင်ပြေစေမည့် နည်းလမ်းတစ်ခုလုပ်ဆောင်ရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုကို အရင်ဆုံးဖြေရှင်းဆောင်ရွက်နေကြောင်းသိရသည်။

Latest News

Without ကားများကို RFID စနစ်​အသုံးပြု၍...

Latest news1 13 150x150

Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကို...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...

Read more »

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »