fb-pageview-tracker
ဘရိတ္စစ္ေဆးမႈ အမွားအယြင္းမ်ားေၾကာင့္ ဂ်ပန္ျပည္တြင္းေဈးကြက္အတြင္းရွိ ေမာ္ေတာ္ယာဥ္ ၂ သန္းခန္႔ကို Suzuki Motor မွျပန္လည္သိမ္းယူ


Zawgyi Version

Suzuki Motor Corp. အေနျဖင့္ ၿပီးခဲ့ေသာ ဧၿပီ ၁၂ ရက္ေန႔က ေၾကညာခဲ့သည္မွာ ၂၀၁၆ ဧၿပီလမွေနာက္ပိုင္း ဂ်ပန္ျပည္တြင္းအသုံးျပဳရန္အတြက္ ထုတ္လုပ္ထားေသာ ကားအစီးေရ ၂ သန္းခန္႔ကို ျပန္လည္သိမ္းယူသြားမည္ျဖစ္ၿပီး ဘရိတ္အပါအဝင္ စိတ္ခ်လုံျခံဳေရးဆိုင္ရာ အဓိက အဂၤါရပ္မ်ား စစ္ေဆးမႈ အမွားအယြင္းမ်ားေၾကာင့္ဟု ဝန္ခံခဲ့ၾကသည္။

အဆိုပါ ျပန္လည္သိမ္းယူမႈ စီမံကိန္းသည္ ကုမၸဏီအတြက္ ယန္း ၈၀ ဘီလီယံ ($714M) ခန္႔အထိ ကုန္က်ႏုိင္ဖြယ္ရာရွိေနသည္။
ဧျပီလ ၁၂ ရက္ေန႕တြင္ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပြဲ၌ ကုမၸဏီ၏ ဥကၠ႒ျဖစ္သူ Toshihiro Suzuki မွ ေဖါက္သည္မ်ား၏ ယုံၾကည္မႈကို ကင္းမဲ့ေအာင္ျပဳလုပ္ခဲ့ျခင္းအတြက္ ေတာင္းပန္မႈျပဳလုပ္ခဲ့သည္။ သို႕ရာတြင္ ကုမၸဏီ၏ အေရးၾကီးေသာ လုံေလာက္မႈမရွိသည့္ စစ္ေဆးမႈမ်ားအေပၚ ၾကီးၾကီးမားမားလ်စ္လ်ဴရႈထားခဲ့ျခင္းအတြက္ အရိပ္အျမြတ္သာေျပာဆိုသြားခဲ့ျပီး Suzuki က သူသည္ အဖြဲ႕အစည္း၏ ဖြဲ႕စည္းတည္ေဆာက္ပုံကို ျပည္လည္တည္ေဆာက္ရန္အတြက္ ဆက္လက္ရွိေနဦးမည္ျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့သည္။
ျပန္လည္သိမ္းယူရသည့္ အဓိကအေၾကာင္းအရင္းမ်ားမွာ ဘရိတ္စစ္ေဆးမႈအမွားအယြင္းမ်ား၊ ေလာင္စာဆီအက်ိဳးထိေရာက္စြာသုံးစြဲမႈအခ်က္အလက္ အမွားအယြင္းမ်ားႏွင့္ ေနာက္ဆုံး စစ္ေဆးမႈအခ်က္အလက္မ်ား ေသခ်ာမႈမရွိျခင္းတို႕ပါဝင္ေနျပီး Nissan ၊ Mazda ႏွင့္ Mitsubishi သို႕ထုတ္လုပ္ေပးခဲ့သည့္ Suzuki ၏ ေမာ္ေတာ္ယာဥ္အစိတ္အပိုင္းထုတ္ကုန္မ်ား၌ပင္ အက်ိဳးသက္ေရာက္မႈမ်ား ရွိေနႏိုင္သည္ဟု အဆိုပါ ျပန္လည္သိမ္းယူမႈႏွင့္ပတ္သက္ျပီး ေျပာဆိုေနၾကသည္။

Ref: The Asahi Shimbum/Japan Today


Unicode Version

Suzuki Motor Corp. အနေဖြင့် ပြီးခဲ့သော ဧပြီ ၁၂ ရက်နေ့က ကြေညာခဲ့သည်မှာ ၂၀၁၆ ဧပြီလမှနောက်ပိုင်း ဂျပန်ပြည်တွင်းအသုံးပြုရန်အတွက် ထုတ်လုပ်ထားသော ကားအစီးရေ ၂ သန်းခန့်ကို ပြန်လည်သိမ်းယူသွားမည်ဖြစ်ပြီး ဘရိတ်အပါအဝင် စိတ်ချလုံခြုံရေးဆိုင်ရာ အဓိက အင်္ဂါရပ်များ စစ်ဆေးမှု အမှားအယွင်းများကြောင့်ဟု ဝန်ခံခဲ့ကြသည်။

အဆိုပါ ပြန်လည်သိမ်းယူမှု စီမံကိန်းသည် ကုမ္ပဏီအတွက် ယန်း ၈၀ ဘီလီယံ ($714M) ခန့်အထိ ကုန်ကျနိုင်ဖွယ်ရာရှိနေသည်။
ဧပြီလ ၁၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Toshihiro Suzuki မှ ဖေါက်သည်များ၏ ယုံကြည်မှုကို ကင်းမဲ့အောင်ပြုလုပ်ခဲ့ခြင်းအတွက် တောင်းပန်မှုပြုလုပ်ခဲ့သည်။ သို့ရာတွင် ကုမ္ပဏီ၏ အရေးကြီးသော လုံလောက်မှုမရှိသည့် စစ်ဆေးမှုများအပေါ် ကြီးကြီးမားမားလျစ်လျူရှုထားခဲ့ခြင်းအတွက် အရိပ်အမြွတ်သာပြောဆိုသွားခဲ့ပြီး Suzuki က သူသည် အဖွဲ့အစည်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပြည်လည်တည်ဆောက်ရန်အတွက် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ပြန်လည်သိမ်းယူရသည့် အဓိကအကြောင်းအရင်းများမှာ ဘရိတ်စစ်ဆေးမှုအမှားအယွင်းများ၊ လောင်စာဆီအကျိုးထိရောက်စွာသုံးစွဲမှုအချက်အလက် အမှားအယွင်းများနှင့် နောက်ဆုံး စစ်ဆေးမှုအချက်အလက်များ သေချာမှုမရှိခြင်းတို့ပါဝင်နေပြီး Nissan ၊ Mazda နှင့် Mitsubishi သို့ထုတ်လုပ်ပေးခဲ့သည့် Suzuki ၏ မော်တော်ယာဉ်အစိတ်အပိုင်းထုတ်ကုန်များ၌ပင် အကျိုးသက်ရောက်မှုများ ရှိနေနိုင်သည်ဟု အဆိုပါ ပြန်လည်သိမ်းယူမှုနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်။

Ref: The Asahi Shimbum/Japan Today

Latest News

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »

တစ္​ႏိုင္​ငံလံုးတြင္​ ၄ လအတြင္​း လိုင္​စင္​မဲ့...

Zawgyi Version တစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ ၂၀၁၉ ခုႏွစ္​ ၄ လတာကာလအတြင္​း တရားမဝင္​ စီးနင္​း​ေမာင္​းႏွင္​​ေနလ်က္​ရွိသည္​့...

Read more »

မီးသံေခါက္ျခင္းႏွင့့္ ပတ္သက္၍

Zawgyi Version သင့္ကား ဘာလုိ႕ မီးသံေခါက္တာလဲ? အခု ဂ်ပန္ တစ္ပတ္ရစ္ကားေလာကမွာ အျဖစ္အမ်ားဆံုး ျပႆနာေတြထဲက တစ္ခုကေတာ့ "တက္တက္တက္၊...

Read more »