Frankfurt Motor Show 2015 မှာ ပြသခဲ့တဲ့ SUV ကားအလန်းစားများ

ကမ္ဘာအနှံ့က ကားကုမ္ပဏီကြီးများ မိမိတို့ရဲ့ နောက်ဆုံးပေါ်ကားများကို အပြိုင်အဆိုင် ပြသလေ့ရှိကြတဲ့ Frankfurt Motor Show ကြီးရဲ့ 2015 ခုနှစ်ပွဲမှာတော့ Concept Car တွေအပြင် SUV, Truck နဲ့ Vans ကားတွေဟာလဲ ရေပန်းစားခဲ့ပါတယ်.။ ဗြိတိန်နိုင်ငံမှ ကားကုမ္ပဏီကြီးများဖြစ်တဲ့ Bentley နဲ့ Jaguar တို့ရဲ့ ပထမဆုံး ထုတ်လုပ်တဲ့ SUV များနဲ့ အတူ မာစီဒီးကုမ္ပဏီကြီးရဲ့ 4x4 Truck အပြင် Land Rovers ရဲ့ SUV ကားအသစ်တွေနဲ့ အပြိုင်အဆိုင်ရှိနေတဲ့ SUV ကားကဏ္ဍကို လေ့လာကြည့်ရအောင်.။

frankfurt-2015-suv-39-500x332

FF Motor Show 2015 ရဲ့ စိတ်ဝင်စားဖွယ်အကောင်းဆုံး SUV ကို ပြပါဆိုရင် Bentley ရဲ့ Bentayga ကိုပဲ ပြရမှာဖြစ်ပါတယ်.။ Bentley ရဲ့ အဆိုအရ ဒီကားဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး၊ powerful အဖြစ်ဆုံး၊ ဇိမ်အကျဆုံး၊ နဲ့ သီးသန့်ထုတ်လုပ်ထားတဲ့ ကားဖြစ်ပါတယ်လို့ ဆိုပါတယ်.။ 12 cylinder အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ 600 အား အထိ ရရှိမှာဖြစ်တဲ့အပြင် 0-60 mph ကို 4 စက္ကန့်အတွင်း ရောက်ရှိမှာဖြစ်တဲ့အတွက် Bentley ရဲ့ အဆို မှန်ကန်တယ်လို့ ပြောရမှာဖြစ်ပါတယ်.။ ခန့်ညားတဲ့ အတွင်းခန်းထဲမှာ နောက်ဆုံးပေါ်နည်းပညာ အမြင့်တွေနဲ့ တည်ဆောက်ထားတဲ့ Bentley Bentayga ရဲ့ အောင်မြင်မှု ဘယ်လောက်အထိ ရှိမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်.။

frankfurt-2015-suv-60-500x332

Bentley အပြင် ကုမ္ပဏီရဲ့ ပထမဆုံး SUV ကို ဖော်ထုတ်ပြသခဲ့တဲ့ နောက်ထပ် ကုမ္ပဏီတစ်ခုကတော့ Jaguar ဖြစ်ပါတယ်.။ Jaguar ဟာ သူ့ရဲ့ ညီနောင်ကုမ္ပဏီဖြစ်တဲ့ Land Rover ရဲ့ SUV ကားတွေနဲ့ ကွဲပြားတဲ့ဒီဇိုင်းနဲ့ ပွဲထွက်လာပြီး Sport ကားပုံစံ ပိုဆန်တာကိုတွေ့ရပါတယ်.။ F-Pace လို့ အမည်ရတဲ့ ဒီ SUV ဟာ 3-liter twin-vortex အင်ဂျင်ကိုအသုံးပြုထားပြီး မြင်းကောင်ရေ 340 အားအထိ ထုတ်လုပ်ပေးနိုင်ပါတယ်.။ 0-60 mph ကို 5.4 စက္ကန့် အတွင်း အရောက်မောင်းနှင်နိုင်မှာဖြစ်ပြီး 155mph အထိ အမြင့်ဆုံးရောက်ရှိနိုင်မှာဖြစ်ပါတယ်.။ F-Pace ဟာ Power အရဆိုရင်တော့ Bentayga ထက် နည်းပါးပေမယ့် sport ဆန်တဲ့ ကားရဲ့ ပုံစံကြောင့် လူကြိုက်များနိုင်တဲ့ ကားတစ်စီးပဲဖြစ်ပါတယ်.။

frankfurt-2015-suv-6-500x332

ထုတ်လုပ်ထားတဲ့ SUV တွေရဲ့ အားနည်းချက်ကတော့ SUV ကားတွေထဲက အနည်းငယ်ကပဲ Off road မောင်းနှင်တဲ့နေရာမှာ အဆင်ပြေပါသေးတယ်.။ ဒါကို သိတဲ့ Marcedes ဟာ G500 4x4 ကို ပြသခဲ့ပြီး Off road မောင်းနှင်ဖို့အတွက် အဓိကထုတ်လုပ်ထားတာဖြစ်ပါတယ်.။ ဒီကားမှာ မြင်းကောင်ရေ 422 ကောင်အား အင်ဂျင်ကိုတပ်ဆင်ထားပြီး ဒါမှမလုံလောက်သေးရင် မြင်းကောင်ရေ 500 အားအထိ တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်.။ နာမည်ကြီး SUV ကားထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Land Rover ဟာလဲ အသစ်ထွက်ရှိလာတော့မယ့် James Bond ဇာတ်ကားသစ် spectre မှာ ပါဝင်မယ့် ကားအသစ် (၂) စီးကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်.။

frankfurt-2015-suv-58-500x332

Wirtten by: အောင်မွန်ချမ်း

Ref: gizmag

www.carsdb.com

No.1 Car Site in Myanmar

 

Latest News

ဧပြီ ၁ ရက်​မှစ၍ စလစ်​ကပ်​ကား...

Mazda 150x150

ယာဉ်အိုယာဉ်​​ဟောင်း ​စလစ်​ကပ်​ကားများကို လာမည့်​ ဧပြီလ ၁ ရက်​မှစ၍ ကြိုတင်​ဝင်​​ငွေခွန်​ ​ကောက်​ခံမည်​ဆိုခြင်း​ကြောင့်​CIF...

Read more »

Bangkok International Motor Show 2017

34qtq34t3q4t3q4 150x150

2017, March 29 မှ April 9 ရက်နေ့အထိကျင်းပတဲ့ 12 ရက်ကြာ Bangkok International Motor Show concept ကို ကျွန်တော်တို့ CarsDB မှအဖွဲ့ဝင်များ...

Read more »

(၁၁) ကြိမ်မြောက် TOYOTA...

G 4 150x150

Toyota Motor Asia Pacific PTE LTD (Toyota) သည် “Toyota စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ - နိုင်ငံအဆင့်ပြိုင်ပွဲ” မှ ဆုရရှိသူများအား...

Read more »

"လမ်းအန္တရာယ်ကင်းရှင်းဖို့...

Crowded yangon 150x150

ရန်​ကုန်​မြို့ တွင်​ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိကိုယ်တိုင်စတင်စို့ ဆိုသော လှုပ်ရှားမှုတစ်ခုကို ဧပြီလ ၄ ရက်​တွင် ​မဟာဗန္ဓုလပန်းခြံရှေ့တွင်...

Read more »

အခွန်​နှူန်းထားများတိုးမြှင့် ချက်ေ​ကြာင့်...

Car shipping 150x150

ပြည်​ပမှတင်​သွင်းလာ​သည့်​ ​မော်​​တော်​ယာဉ်​များကို ဆိပ်​ကမ်း​ရောက်​တန်​ဖိုးမြင့်​လာခြင်း၊ မိုဒယ်​သတ်​မှတ်​ချက်​အရ ဘယ်​​မောင်း...

Read more »
Download Android App