နွေဦးအကြို ကားပြပွဲကျင်းပမည်

GTR Media Co.,Ltd မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ်မြောက် နွေဦးအကြိုကားပြပွဲနှင့် ကုန်စည်ပြပွဲကြီး ကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ငါးရက်တိုင်တိုင် ရန်ကုန်မြို့၊ ကန်တော်ကြီး၊ မျှော်စင်ကျွန်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

National-Expo-and-Car-Show-May-12-to-15-11
ယင်းပြပွဲကို နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ကားနှင့်ပတ်သက်သည့် ပစ္စည်းများ၊ အထွေထွေလူသုံးကုန် ပစ္စည်းများကို ပြခန်းပေါင်း ခြောက်ဆယ် ၀န်းကျင်ဖြင့် ပြသရောင်းချသွားမည်ဖြစ်သည်။ ထို့ပြင် Car Showroom အကျယ်အ၀န်းရှိ မော်တော်ယာဉ်ပြခန်းပေါင်း ခြောက်ခန်းတွင် ဂျပန်ကား၊ ကိုရီးယားကားများ အပြင် အခြားကားအမျိုး အစားများစွာကို ပြသရောင်းချမည်ဖြစ်သည်။ ပြပွဲတွင် ပြိုင်ကား အပိုပစ္စည်းများ၊ ကားအလှဆင် ပစ္စည်းများ၊ ကားဘက်ထရီများ၊ အင်ဂျင်ဝိုင်နှင့် စက်ဆီ၊ ချောဆီများ၊ တာယာနှင့် အလွိုင်းများ၊ ကားနှင့်ပတ်သက်သည့်လုပ်ငန်းများ၊ အ၀တ်အထည်များ၊ စားသောက်ကုန်များ၊ အလှကုန်များအပြင် အခြားကုန်စည် ပစ္စည်းများစွာကို တွဲဖက်ပြသရောင်းချသွားမည်ဖြစ်သည်။ ပြပွဲနှင့်အတူ ခမ်းနားကြီး ကျယ်သည့် Fashion Show ကျင်းပပြုလုပ်ခြင်း၊ ချစ်သူများနေ့ အထိမ်းအမှတ် အနေဖြင့် စုံတွဲများနှင့် ဂိမ်းကစားခြင်း၊ အလိုက်ဖက်ဆုံးစုံတွဲ ရွေးချယ်ခြင်း၊ မုန့်စားပြိုင်ပွဲ၊ အနုပညာရှင်စုံတွဲများနှင့် တွေ့ဆုံခြင်း၊ မော်ဒယ်များနှင့် လာရောက်ကြည့်ရှုသော ပရိသတ်များအား အပြန်အလှန် ပဟေဠိမေးခွန်းများ မေးမြန်းခြင်းနှင့် အခြား စိတ်ဝင်စားဖွယ်ရာ ကဏ္ဍများစွာဖြင့် နေ့စဉ်ဖျော်ဖြေသွားမည် ဖြစ်ကြောင်း GTR Media မှ သိရသည်။

 

Ref: Automobile

Latest News

၁၉၉၅ မိုဒယ်​​အောက်​ကား​များ အပ်​နှံပါက ...

Adsas 150x150

Photo Credit ရန်​ကုန်​မြို့တွင်​ ​ပြေးဆွဲလျှက်​ရှိ​သော ခရီးသည်​တင်​ကားများဖြစ်​သည့်​ ၁၉၉၅ မိုဒယ်​​အောက်​ကား​များ ဖျက်​သိမ်းအပ်​နှံပါက...

Read more »

လာ​မည့်နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »

အေ​ကာက်ခွန်ဒဏ်​​ကြေး VPA ဖြင့်...

1111 3 150x150

Photo Credit ပြည်ပနိုင်ငံကေ​​န ကားတင်​သွင်းသည့်​ လိုင်​စင်​ပါမစ်​မ​ရရှိဘဲ ကုန်​ပစ္စည်းကြိုတင်​​ရောက်​ရှိ​နေခြင်းကို ကားသိမ်းဆည်းမည့်​...

Read more »

Control Center ပြီးစီးရန် အချိန် ၃ လခန့်​...

12121 150x150

Photo Credit ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို ​စောင့်​ကြည့်​မည့်​ Control Center အားတည်ဆောက်လျက်ရှိရာ ပြီးဆုံးရန်​ အချိန်​ သုံးလ ခန့်​...

Read more »
Download Android App