လမ်းပြောင်းပြန်နှင့် မီးနီဖြတ်မောင်းသူများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်မှ လေးနှစ်အထိ ပိတ်မည်

ရန်ကုန်၊ မေ ၁၀ (The Voice Sunday)

 

ရန်ကုန်မြို့တော်တွင် မောင်းနှင်လျက်ရှိသော မော်တော်ယာဉ်များအနေနှင့် လမ်းပြောင်းပြန်နှင့် မီးနီဖြတ်မောင်းပါက သတ်မှတ်ထားသော ဒဏ်ကြေးငွေများအပြင် လိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ (နှစ်အကန့်အသတ်ဖြင့်) ပိတ်သိမ်းရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ညှိနှိုင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

traffic-signal-ahead-500x383

မော်တော်ယာဉ်များအနေနှင့် မီးနီဖြတ်မောင်းခြင်း၊ ကွေ့ကြောကိုအတည့်ထွက်ခြင်း၊ နှစ်ထပ်ရပ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်းများကို ဒဏ်ငွေကျပ်၁၅၀၀ ပေးဆောင်ရပြီး ယခုအခါ စည်းကမ်းတင်းကျပ်သည့်အနေနှင့် ယာဉ်မောင်းလိုင်စင်ကို တစ်နှစ်မှလေးနှစ်အထိ ပိတ်သိမ်းအရေးယူနိုင်ရေးနှင့် ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းသော ကာလအတွင်းဆက်လက်မောင်းနှင်ပါက ထောင်ဒဏ်တစ်လအထိ ချမှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

"ယာဉ်မောင်းတွေက ဒဏ်ငွေ၁၅၀၀ လောက်ကို မမှုတော့ဘဲ လမ်းစည်းကမ်းချိုးဖောက်မှုတွေ ပိုများလာလို့ အခုလို စည်းကမ်းတင်းကျပ်ဖို့ လုပ်ထာပါ။ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်သွားမှာပါ" ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များကို အရေးယူရာတွင် မူဝါဒအတိုင်းတစ်ပြေးညီဖြစ်စေချင်ပြီး ယာဉ်ကြောပိတ်ဆို့သောနေရာတွင် ယာဉ်ထိန်းရဲများကို ချထားပေးစေလိုကြောင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် အသက် ၆၅နှစ်အရွယ် အငှားယာဉ်မောင်း ဦးမောင်မောင်ကပြောကြားသည်။

 

-

The Voice Sunday, May 11, 2014 မှ ကူးယူဖော်ပြသည်။

Latest News

သင်္ကြန်ကာလအဝေးပြေးခရီးယာဉ်များနှင့် YBS ယာဉ်များ...

2012 yangon thingyan yelwinoo 18 150x150

သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးတွင်​ ​ပြေးဆွဲ​နေသည့်​ အဝေးပြေး ခရီးသည် တင်ယာဉ်များနှင့် YBS ယာဉ်များကို မူလသတ်မှတ် ဈေးနှုန်းထား အတိုင်း...

Read more »

စက်သုံးဆီလုပ်ငန်းများကို ...

Petrol 150x150

စက်သုံးဆီလုပ်ငန်းများကိုပြည်ပစီးပွားရေးလုပ်ငန်းရှင်များအား မကြာခင် လုပ်ကိုင်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ မြန်မာ့ရင်းနှီးမြုပ်နှံမှူ ကော်မရှင်က...

Read more »

ကညနနှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်းကို...

Car exchange auto yangon ka nya na 150x150

ကညန နှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်း ပုဂ္ဂလိကအား သတ်​မှတ်​ချက်​နဲ့အညီ ​လုပ်​ကိုင်​ခွင့်​ပြုသွားမည်​ဖြစ်​​တယ်လို့...

Read more »

ယနေ့ (၂၃.၃.၂၀၁၇) အတွက်...

Weeklyupdate23317 150x150

စလစ်ဈေး- ၁၁၃ သိန်းဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၂၁.၇ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

သင်္ကြန်​ကာလအ​ဝေး​ပြေးယာဉ်​လိုင်းများယာဉ်​စီးခတိ...

Thingyan 150x150

 မဟာသင်္ကြန်​ကာလအတွင်း ​နေရပ်​ပြန်​မည့်​ ခရီးသွားပြည်​သူများအဆင်​​ပြေစွာ သွားလာနိုင်​ရန်​နှင့်​ယခင်​နှစ်​များထက်​ ခရီးသွားလာရာတွင်...

Read more »
Download Android App