fb-pageview-tracker
ရန္ကုန္ဆင္ေျခဖံုး ၆ ၿမိဳ႕နယ္တြင္ ဆိုင္ကယ္ စီးနင္းခြင့္ျပဳရန္ အဆို ကန္႕ကြက္​​ပယ္ခ်ခံရ


Zawgyi Version

ရန္ကုန္ဆင္ေျခဖံုးျမိဳ႕နယ္မ်ား ျဖစ္ေသာ ဒဂုံၿမိဳ႕သစ္ ၄ ၿမိဳ႕နယ္ႏွင့္ လႈိင္သာယာ၊ ေ႐ႊျပည္သာၿမိဳ႕သစ္ ၿမိဳ႕နယ္မ်ားတြင္ တိက်သည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ားျဖင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားကို စီးနင္းခြင့္ျပဳပါရန္ အဆိုမွာ ကန္႔ကြက္သူမ်ားသျဖင့္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔တြင္ ျပဳလုပ္သည့္ ဒုတိယအၾကိမ္၊ ျပည္သူ႔လႊတ္ေတာ္၊ ၁၁ ၾကိမ္ေၿမာက္ ပံုမွန္အစည္းအေဝး၊ အ႒မေန႔၌ ျပည္သူ႔လြတ္ေတာ္မွ ပယ္ခ်လိုက္ျခင္​းျဖစ္​သည္​။

ျပီးခဲ့သည့္ေန႕က က်င္းပခဲ့သည့္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးႏိုင္တင္သြင္းခဲ့သည့္ အဆိုမွာ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ ၄ ၿမိဳ႕နယ္ႏွင့္ လႈိင္သာယာ၊ ေ႐ႊျပည္သာၿမိဳ႕သစ္ ၆ ၿမိဳ႕နယ္တြင္ တိက်သည့္ နယ္နိမိတ္သတ္မွတ္ခ်က္၊ တိက်သည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ား ခ်မွတ္၍ တရားဝင္မွတ္ပုံတင္ေစၿပီး အခ်ိန္ကာလတစ္ခုအထိ ရည္႐ြယ္ကာ ေမာ္ေတာ္ဆိုင္ကယ္ စီးနင္းခြင့္ျပဳပါရန္ ႏိုင္ငံေတာ္အစိုးရအား တိုက္တြန္းေၾကာင္း အဆိုတင္​ျပထားခဲ့ျခင္းျဖစ္သည္​။

ရန္ကုန္ဆင္ေျခဖံုးေဒသမ်ားတြင္​ ဆိုင္​ကယ္​စီးနင္​းခြင္​့ျပဳရန္​အဆိုကို တြံေတးမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္က ကန္႔ကြက္ခဲ့ၿပီး ကန္​႔ကြက္​သူျပည္​့သူ႔လႊတ္​​ေတာ္​ကိုယ္​စားလွယ္​မွ ျပည္ေထာင္စုတစ္ခုလုံးႏွင့္ သက္ဆိုင္သည့္ အဆိုတစ္ခုမဟုတ္ပါဘဲ ရန္ကုန္တိုင္းလႊတ္ေတာ္ကိုသာ တင္သြင္းသင့္သည့္ အဆုိတစ္ရပ္ျဖစ္ေၾကာင္း၊ အကယ္၍ ျပည္ေထာင္စုလႊတ္ေတာ္ကုိ တင္သြင္းမည္ဆုိပါကလည္း အဆုိအျဖစ္တင္သြင္းရန္ မသင့္ေလွ်ာ္ဘဲ ေမးခြန္းအဆင့္သာ ေမးျမန္းရန္သင့္ေတာ္သည္ဟု ယူဆပါေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိအေနၿဖင့္ ဤအဆုိကုိကန္႔ကြက္ပါေၾကာင္း တင္ျပခဲ့သည္။

အဆုိကုိကန္႔ကြက္အၿပီး တပ္မေတာ္သားျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဗိုလ္မွဴးဇင္လင္းက "ဖြဲ႔စည္ပံုအေျခခံ ဥပေဒ ဇယား ၂ မွာ တုိင္းေဒသၾကီးႏွင့္ ျပည္နယ္အတြင္းသာသြားလာသည့္ ပုဂၢလိက ယာဥ္မ်ား စနစ္တက် ေျပးဆြဲနုိင္ေရးလို႔ ျပ႒ာန္းထားပါတယ္။ ဖြဲ႔စည္းပံုအေျခခံဥပေဒႏွင့္ ညီ/မညီ ကိစၥက အဆုိတင္သြင္းတဲ့ေနရာမွာ ျပည္သူ႔လႊတ္ေတာ္ဆုိင္ရာ နည္းဥပေဒ ၁၅၉ မွာ ဥကၠ႒ရဲ့ လုပ္ပုိင္ခြင့္ၿဖစ္တဲ့ အတြက္ ဥကၠ႒ၾကီးအေနနဲ႔ အဆံုးအျဖတ္ေပးဖုိ႔ တင္ျပအပ္ပါတယ္" ဟု တင္​ျပ​ေျပာဆိုခဲ့သည္။

ရန္ကုန္ဆင္ေျခဖံုးေဒသမ်ားတြင္​ ဆိုင္​ကယ္​စီးနင္​းခြင္​့ျပဳရန္အဆိုအား အတည္ျပဳေဆြးေႏြးရန္ သင့္/ မသင့္အား ျပည္သူ႔လႊတ္ေတာ္ဥကၠ႒မွ စက္ခလုတ္နွ္ိပ္ မဲခြဲစနစ္ျဖင့္ မဲခြဲဆုံးျဖတ္ရာတြင္ ေထာက္ခံဆႏၵမဲ ၅၀ မဲ၊ ကန္႔ကြက္ဆႏၵမဲ ၂၆၅ မဲနွင့္ ၾကားေနမဲ ၃ မဲ ရရွိ ခဲ့သည္။ ကန္႔ကြက္သူမ်ား၍ အဆုိကုိ လႊတ္ေတာ္မွ လက္ခံေဆြးေႏြးရန္မရွိေႀကာင္း ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္က ေၾကညာခဲ့သည္။

Unicode Version

ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များ ဖြစ်သော ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် မြို့နယ်များတွင် တိကျသည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် မော်တော်ဆိုင်ကယ်များကို စီးနင်းခွင့်ပြုပါရန် အဆိုမှာ ကန့်ကွက်သူများသဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့၌ ပြည်သူ့လွတ်တော်မှ ပယ်ချလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်တင်သွင်းခဲ့သည့် အဆိုမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် ၆ မြို့နယ်တွင် တိကျသည့် နယ်နိမိတ်သတ်မှတ်ချက်၊ တိကျသည့် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်၍ တရားဝင်မှတ်ပုံတင်စေပြီး အချိန်ကာလတစ်ခုအထိ ရည်ရွယ်ကာ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်ပြထားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဆင်ခြေဖုံးဒေသများတွင် ဆိုင်ကယ်စီးနင်းခွင့်ပြုရန်အဆိုကို တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ကန့်ကွက်ခဲ့ပြီး ကန့်ကွက်သူပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သည့် အဆိုတစ်ခုမဟုတ်ပါဘဲ ရန်ကုန်တိုင်းလွှတ်တော်ကိုသာ တင်သွင်းသင့်သည့် အဆိုတစ်ရပ်ဖြစ်ကြောင်း၊ အကယ်၍ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမည်ဆိုပါကလည်း အဆိုအဖြစ်တင်သွင်းရန် မသင့်လျှော်ဘဲ မေးခွန်းအဆင့်သာ မေးမြန်းရန်သင့်တော်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဤအဆိုကိုကန့်ကွက်ပါကြောင်း တင်ပြခဲ့သည်။

အဆိုကိုကန့်ကွက်အပြီး တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းက "ဖွဲ့စည်ပုံအခြေခံ ဥပဒေ ဇယား ၂ မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းသာသွားလာသည့် ပုဂ္ဂလိက ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးလို့ ပြဋ္ဌာန်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ/မညီ ကိစ္စက အဆိုတင်သွင်းတဲ့နေရာမှာ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉ မှာ ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့ အတွက် ဥက္ကဋ္ဌကြီးအနေနဲ့ အဆုံးအဖြတ်ပေးဖို့ တင်ပြအပ်ပါတယ်" ဟု တင်ပြပြောဆိုခဲ့သည်။

ရန်ကုန်ဆင်ခြေဖုံးဒေသများတွင် ဆိုင်ကယ်စီးနင်းခွင့်ပြုရန်အဆိုအား အတည်ပြုဆွေးနွေးရန် သင့်/ မသင့်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ စက်ခလုတ်နှိပ် မဲခွဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံဆန္ဒမဲ ၅၀ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂၆၅ မဲနှင့် ကြားနေမဲ ၃ မဲ ရရှိ ခဲ့သည်။ ကန့်ကွက်သူများ၍ အဆိုကို လွှတ်တော်မှ လက်ခံဆွေးနွေးရန်မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

Latest News

ရူးသြပ္ဖြယ္ရာ မဟားတရားပါဝါေတြနဲ႕ ၁၉-၂၀...

Zawgyi Version စြမ္းေဆာင္ရည္ အစြန္းဆုံးနဲ႕ sport ကားေတြဟာ ေမာ္ေတာ္ကားထုတ္လုပ္မႈနယ္ပယ္ကို အရွိန္အဟုန္နဲ႕ တိုးခ်ဲ႕ေနတာပါ။...

Read more »

ေမာ္ေတာ္ယာဥ္မ်ား ယာဥ္စည္းကမ္းေဖာက္ဖ်က္ခဲ့မႈ...

Zawgyi Version ျမန္မာႏိုင္ငံအတြင္းရွိ ယာဥ္မ်ားအားလံုးကို မည္သည့္တိုင္း၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ ေနရာမ်ားတြင္မဆို...

Read more »

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »