fb-pageview-tracker
ရန္ကုန္ျမိဳ႕တြင္​ အ႐ွိန္​ျမွင္​့​ေမာင္​းႏွင္​​ေသာျပိဳင္ကားမ်ားကို ပိုမိုထိေရာက္ေသာ ဒဏ္ေငြႏွင့္ လူလိုင္စင္၊ ယာဥ္လိုင္စင္မ်ား ပိတ္သိမ္းသည္အထိ ထိ​ေရာက္စြာအေရးယူရန္ ​သက္ဆိုင္ရာဌာနမ်ားႏွင့္ ညွိႏိႈ္င္းသြားမည္


Zawgyi Version

ရန္ကုန္တိုင္းေဒသၾကီးအတြင္း ညအခ်ိ္န္​ ဆူညံစြာ အရွိန္ျမွင့္ေမာင္းႏွင္သည့္ ျပိဳင္ကားမ်ားကို ပိုမိုထိေရာက္ေသာ ဒဏ္ေငြႏွင့္ လူလိုင္စင္၊ ယာဥ္လိုင္စင္မ်ား ပိတ္သိမ္းသည္အထိ ထိ​ေရာက္စြာအေရးယူရန္ ​သက္ဆိုင္ရာဌာနမ်ားႏွင့္ ညွိႏိႈ္င္းသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းလွ်ပ္စစ္၊ လမ္းပန္းဆက္သြယ္ေရးဝန္ၾကီး ေဒၚနီလာေက်ာ္မွ ယ​ေန႔က်င္​းပ​ေသာ ဒုတိယအၾကိမ္ ရန္ကုန္တုိင္းေဒသၾကီးလႊတ္ေတာ္ အစည္းအေဝး၌ ေျပာၾကားခဲ့သည္။

ညအခ်ိန္တြင္ ျပိဳင္ကားမ်ား အရွိန္ျမင့္ ဆူညံစြာေမာင္းႏွင္မႈမ်ားေၾကာင့္ ျပည္သူမ်ား အထိတ္တလန္႔ စိတ္အေႏွာင့္အယွက္ျဖစ္ေနရျပီး လမ္းအသံုးျပဳသူမ်ားလည္း အသက္အႏၱရာယ္မ်ားသျဖင့္ ထိထိေရာက္ေရာက္ အေရးယူတားျမစ္သြားရန္ အစီအစဥ္ရွိ္/မရွိကို သိရွိလိုေၾကာင္း ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က ျပဳလုပ္သည့္ ဒုတိယအၾကိမ္ ရန္ကုန္တုိင္းေဒသၾကီး လႊတ္ေတာ္အစည္းအေဝး၌ မရမ္းကုန္းျမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ရွင္း၏ေမးျမန္းမႈကို ရန္ကုန္တိုင္းလွ်ပ္စစ္၊ လမ္းပန္းဆက္သြယ္ေရးဝန္ၾကီး ေဒၚနီလာေက်ာ္မွ ျပန္လည္ေျဖဆို​ေျပာၾကားသြားခဲ့ျခင္းျဖစ္၏။

"ညအခ်ိန္ အရွိန္ျမင့္ဆူညံစြာ ေမာင္းႏွင္တဲ့ျပိဳင္ကားေတြကို ယာဥ္စစ္ပိတ္ဆို႕ရွာေဖြျခင္း၊ အေရးယူျခင္းေတြကို ေဆာင္ရြက္ေနပါတယ္။ သို႔ေသာ္လည္း လက္ရွိ ရွိေနတဲ့ ေမာ္ေတာ္ယာဥ္ ဥပေဒအရ အေရးယူေဆာင္ရြက္ေနရတာျဖစ္တဲ့အတြက္ ပိုျပီးထိေရာက္တဲ့ ဒဏ္ေငြနဲ႔ လူလိုင္စင္၊ ယာဥ္လိုင္စင္ေတြ ပိတ္သိမ္းတဲ့အထိ အေရးယူေဆာင္ရြက္ျခင္းကို ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏိုင္ေရးအတြက္ ျပည္ေထာင္စု ပို႔ေဆာင္ဆက္သြယ္ေရးဝန္ၾကီးဌာန၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရံုးနဲ႔ ရန္ကုန္တုိင္း ဥပေဒခ်ဳပ္ရံုးေတြနဲ႕ ညွိႏႈိင္းေဆာင္ရြက္သြားမွာျဖစ္ပါတယ္" ဟု ရန္ကုန္တိုင္း လွ်ပ္စစ္၊ လမ္းပန္းဆက္သြယ္ေရးဝန္ၾကီး ေဒၚနီလာေက်ာ္မွ ေျပာၾကားခဲ့သည္။

၂၀၁၆ ခုႏွစ္အတြင္း မဂၤလာဒံုၿမိဳ႕နယ္ရိွ ေလဆိပ္ဝင္းတြင္ အရွိန္ျမႇင့္ ဆူညံစြာေမာင္းႏွင္ေသာ ၿပိဳင္ကား (၈) စီးအား ၂၀၁၅ ေမာ္ေတာ္ယာဥ္ ဥပေဒပုဒ္မ ၅၈ (က) ျဖင့္ အေရးယူခဲ့ပါေၾကာင္း၊ ၂၀၁၇ ခုႏွစ္အတြင္း မရမ္းကုန္းၿမိဳ႕နယ္တြင္ ပါဝါ အိတ္ေဇာတပ္ေမာင္းႏွင္သည့္ Mark-II ေမာ္ေတာ္ယာဥ္အား ၂၀၁၅ ခုႏွစ္ ေမာ္ေတာ္ယာဥ္ ဥပေဒပုဒ္မ ၆၁ အရ အေရးယူခဲ့ပါေၾကာင္း၊ ၂၉၊ ၆၊ ၂၀၁၈ တြင္ Mark-II ယာဥ္ႏွင့္ Fairlady ယာဥ္ (၂) စီးမွာ ဒဂံုၿမိဳ႕နယ္၊ ဦးဝိစာရအဝိုင္းႏွင့္ ေက်ာက္တံတားၿမိဳ႕နယ္ ဆူးေလဘုရားပတ္လမ္းတို႕တြင္ ေမာ္ေတာ္ယာဥ္အား အရွိန္ျမႇင့္ေမာင္းႏွင္ျခင္းႏွင့္  drift ဆြဲျခင္းမ်ားျပဳလုပ္သျဖင့္ ၂၀၁၅ ခုႏွစ္ ေမာ္ေတာ္ယာဥ္ ဥပေဒပုဒ္​မ ၅၈ (က) အရ ဖမ္းဆီးအေရးယူခဲ့ပါေၾကာင္း ရန္ကုန္တိုင္း လွ်ပ္စစ္၊ လမ္းပန္းဆက္သြယ္ေရးဝန္ၾကီး ေဒၚနီလာေက်ာ္မွ ဆက္​လက္​​ေျပာၾကားသြားခဲ့သည္​။


Unicode Version

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညအချိန် ဆူညံစွာ အရှိန်မြှင့်မောင်းနှင်သည့် ပြိုင်ကားများကို ပိုမိုထိရောက်သော ဒဏ်ငွေနှင့် လူလိုင်စင်၊ ယာဉ်လိုင်စင်များ ပိတ်သိမ်းသည်အထိ ထိရောက်စွာအရေးယူရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ယနေ့ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

ညအချိန်တွင် ပြိုင်ကားများ အရှိန်မြင့် ဆူညံစွာမောင်းနှင်မှုများကြောင့် ပြည်သူများ အထိတ်တလန့် စိတ်အနှောင့်အယှက်ဖြစ်နေရပြီး လမ်းအသုံးပြုသူများလည်း အသက်အန္တရာယ်များသဖြင့် ထိထိရောက်ရောက် အရေးယူတားမြစ်သွားရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏မေးမြန်းမှုကို ရန်ကုန်တိုင်းလျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြန်လည်ဖြေဆိုပြောကြားသွားခဲ့ခြင်းဖြစ်၏။

"ညအချိန် အရှိန်မြင့်ဆူညံစွာ မောင်းနှင်တဲ့ပြိုင်ကားတွေကို ယာဉ်စစ်ပိတ်ဆို့ရှာဖွေခြင်း၊ အရေးယူခြင်းတွေကို ဆောင်ရွက်နေပါတယ်။ သို့သော်လည်း လက်ရှိ ရှိနေတဲ့ မော်တော်ယာဉ် ဥပဒေအရ အရေးယူဆောင်ရွက်နေရတာဖြစ်တဲ့အတွက် ပိုပြီးထိရောက်တဲ့ ဒဏ်ငွေနဲ့ လူလိုင်စင်၊ ယာဉ်လိုင်စင်တွေ ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်ခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်ရှိ လေဆိပ်ဝင်းတွင် အရှိန်မြှင့် ဆူညံစွာမောင်းနှင်သော ပြိုင်ကား (၈) စီးအား ၂၀၁၅ မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈ (က) ဖြင့် အရေးယူခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း မရမ်းကုန်းမြို့နယ်တွင် ပါဝါ အိတ်ဇောတပ်မောင်းနှင်သည့် Mark-II မော်တော်ယာဉ်အား ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၁ အရ အရေးယူခဲ့ပါကြောင်း၊ ၂၉၊ ၆၊ ၂၀၁၈ တွင် Mark-II ယာဉ်နှင့် Fairlady ယာဉ် (၂) စီးမှာ ဒဂုံမြို့နယ်၊ ဦးဝိစာရအဝိုင်းနှင့် ကျောက်တံတားမြို့နယ် ဆူးလေဘုရားပတ်လမ်းတို့တွင် မော်တော်ယာဉ်အား အရှိန်မြှင့်မောင်းနှင်ခြင်းနှင့်  drift ဆွဲခြင်းများပြုလုပ်သဖြင့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈ (က) အရ ဖမ်းဆီးအရေးယူခဲ့ပါကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ဆက်လက်ပြောကြားသွားခဲ့သည်။

Latest News

သင္သတိမျပဳမိပါက သင္ႏွင့္သင့္ကားကုိ...

Zawgyi Version ကားရဲ့အၾကီးမားဆံုးျပႆနာရယ္လုိ႕ဆုိလုိက္ရင္ ေတာ္ေတာ္မ်ားမ်ားက အင္ဂ်င္ပုိင္းဆုိင္ရာ ဂီယာပုိင္းဆုိင္ရာျပႆနာေတြကုိ...

Read more »

ကမၻာေက်ာ္ ၾကယ္ပြင့္ေတြနဲ႕ ထူးထူးျခားျခား...

Zawgyi Version ကမၻာေက်ာ္ၾကယ္ပြင့္ေတြ ျဖစ္ၾကတဲ့အတိုင္းပါပဲ။ သူတို႕စီးတဲ့ကားေတြက ထိပ္တန္းေတြခ်ည့္ပါ။ ဒါေပမယ့္ အခုေဖၚျပေပးမယ့္ကားေတြကေတာ့...

Read more »

တစ္ဦးခ်င္းပိုင္ယာဥ္လိုင္းမ်ားကို...

  Zawgyi Version ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေျပးဆြဲလ်က္႐ွိသည့္ ခရီးသည္တင္ YBS တစ္ဦးခ်င္းပိုင္ ပုဂၢလိကယာဥ္လိုင္းမ်ားအား...

Read more »

သၾကၤန္ကာလ စည္ပင္နယ္နိမိတ္အတြင္း...

  Zawgyi Version သၾကၤန္ကာလအတြင္း စည္ပင္နယ္နိမိတ္၌ မည္သည့္ဆိုင္ကယ္မွ စီးနင္းခြင့္ျပဳမည္မဟုတ္ဘဲ လိုင္စင္မဲ့ဆိုင္ကယ္စီးနင္းမႈမ်ား...

Read more »

ကားေလေအးစက္ကေပးေသာ က်န္းမာေရးျပႆနာမ်ား

Zawgyi Version ရာသီဥတုေဖာက္ျပန္မႈမ်ားေၾကာင့္ ကမၻာႀကီးပိုမိုပူေႏြးလာခ်ိန္တြင္ ေမာ္ေတာ္ကားစီး၍ ခရီးသြားလာရသည့္ကိစၥကလည္း...

Read more »