ညအခ်ိန္ ပိတ္ဆို႔စစ္ေဆး အေရးယူမႈ ႏွစ္ပတ္တာအတြင္း ၿပိဳင္ကား ၂၄ စီး အပါအ၀င္ ယာဥ္အစီးေရ ငါးရာေက်ာ္ ဖမ္းဆီးအေရးယူ


ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ ၿပိဳင္ကားမ်ား ယွဥ္ၿပိဳင္ေမာင္းႏွင္ေနမႈႏွင့္ စည္းကမ္းပ်က္ယာဥ္မ်ားအား ညအခ်ိန္ ပိတ္ဆို႔စစ္ေဆး အေရးယူေဆာင္ရြက္ရာ၌ ႏွစ္ပတ္တာ ကာလအတြင္း ၿပိဳင္ကား ၂၄ စီးအပါအ၀င္ ယာဥ္အစီးေရ ငါးရာေက်ာ္ ဖမ္းဆီးအေရးယူခဲ့ေၾကာင္း ‘အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ံုး’မွ သတင္းရရွိသည္။                police1231


ညအခ်ိန္ စည္းကမ္းမဲ့ယာဥ္ ေမာင္းႏွင္မႈမ်ားအား စစ္ေဆးဖမ္းဆီးရန္အတြက္ ညစဥ္ ပိတ္ဆို႔ဖမ္းဆီး ေဆာင္ရြက္မႈမ်ားကို ၂၀၁၄ ခုႏွစ္၊ ေဖေဖာ္၀ါရီ ၂၅ ရက္မွ စတင္ေဆာင္ ရြက္ခဲ့ၿပီး မတ္ ၁၂ ရက္အထိ ၿပိဳင္ကား ၂၄ စီး အပါအ၀င္ ယာဥ္အစီးေရ ၅၃၄ စီးအား စစ္ေဆးအေရးယူခဲ့ေၾကာင္း သိရသည္။ “စည္းကမ္းနဲ႔မညီတဲ့ ယာဥ္ေတြကို ေန႔ေရာ ညပါ ဖမ္းဆီးထိန္းသိမ္းမႈေတြ ျပဳလုပ္ေနပါတယ္၊ စဥ္ဆက္မျပတ္ ေဆာင္ရြက္သြားမွာပါ”ဟု အမွတ္-၂ ယာဥ္ထိန္းရဲ တပ္ဖြဲ႕ခြဲမွဴး႐ံုးမွ တာ၀န္ရွိသူတစ္ဦး ကဆိုသည္။ပိတ္ဆို႔ ဖမ္းဆီးစစ္ေဆးျခင္းႏွင့္အတူ ညအခ်ိန္ ယာဥ္စည္းကမ္း ေဖာက္ဖ်က္မႈမ်ားအား လွည့္ကင္းအဖြဲ႕ ခုနစ္ဖြဲ႕ျဖင့္ ညစဥ္ ေဆာင္ရြက္လ်က္ရွိၿပီး ႏွစ္ပတ္တာ ကာလအတြင္း စည္း ကမ္းပ်က္ ယာဥ္အစီးေရ ၉၅၂ စီးအား ဖမ္းဆီးအေရးယူမႈမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။ “ၿပိဳင္ကားေတြကို စစ္ေဆးဖမ္းဆီး ခဲ့တဲ့ေနရာမွာ သတ္မွတ္ နံပါတ္ျပား မပါတာ၊ မီးပိုတပ္တာ၊ သတ္မွတ္လိုင္စင္ မဟုတ္ဘဲ ေမာင္းတာ အစရွိသျဖင့္ စစ္ေဆးဖမ္းဆီး အေရးယူခဲ့ပါတယ္”ဟု အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ံုးမွ ဒုရဲမွဴးႀကီး လင္းထြဋ္က ဆိုသည္။ စည္းကမ္းႏွင့္ ညီၫြတ္ျခင္းမရွိသည့္ ယာဥ္မ်ားအား ဖမ္းဆီး အေရးယူရာ၌ Taxi Box မပါျခင္း၊ တကၠစီဘုတ္ျပား၊ နံပါတ္ျပားမ်ား မီးမလင္းျခင္း၊ ယာဥ္မရပ္ရ ေနရာမ်ားတြင္ ရပ္နားျခင္း၊ မွတ္တိုင္မဟုတ္ဘဲ ရပ္နားျခင္း၊ စတစ္ကာကပ္ျခင္း၊ ဟိုင္းလပ္ ယာဥ္မ်ား တြယ္စီးျခင္း၊ ေကြ႕ေၾကာမ်ား တည့္ျဖတ္ျခင္း၊ မီးနီျဖတ္ ျခင္း အစရွိသျဖင့္ ပါ၀င္ေၾကာင္း သိရသည္။


Ref: Automobile


Unicode Version

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်နေမှုနှင့် စည်းကမ်းပျက်ယာဉ်များအား ညအချိန် ပိတ်ဆို့စစ်ဆေး အရေးယူဆောင်ရွက်ရာ၌ နှစ်ပတ်တာ ကာလအတွင်း ပြိုင်ကား ၂၄ စီးအပါအဝင် ယာဉ်အစီးရေ ငါးရာကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သတင်းရရှိသည်။                police1231


ညအချိန် စည်းကမ်းမဲ့ယာဉ် မောင်းနှင်မှုများအား စစ်ဆေးဖမ်းဆီးရန်အတွက် ညစဉ် ပိတ်ဆို့ဖမ်းဆီး ဆောင်ရွက်မှုများကို ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်ဆောင် ရွက်ခဲ့ပြီး မတ် ၁၂ ရက်အထိ ပြိုင်ကား ၂၄ စီး အပါအဝင် ယာဉ်အစီးရေ ၅၃၄ စီးအား စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။ “စည်းကမ်းနဲ့မညီတဲ့ ယာဉ်တွေကို နေ့ရော ညပါ ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်နေပါတယ်၊ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာပါ”ဟု အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။ပိတ်ဆို့ ဖမ်းဆီးစစ်ဆေးခြင်းနှင့်အတူ ညအချိန် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများအား လှည့်ကင်းအဖွဲ့ ခုနစ်ဖွဲ့ဖြင့် ညစဉ် ဆောင်ရွက်လျက်ရှိပြီး နှစ်ပတ်တာ ကာလအတွင်း စည်း ကမ်းပျက် ယာဉ်အစီးရေ ၉၅၂ စီးအား ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ “ပြိုင်ကားတွေကို စစ်ဆေးဖမ်းဆီး ခဲ့တဲ့နေရာမှာ သတ်မှတ် နံပါတ်ပြား မပါတာ၊ မီးပိုတပ်တာ၊ သတ်မှတ်လိုင်စင် မဟုတ်ဘဲ မောင်းတာ အစရှိသဖြင့် စစ်ဆေးဖမ်းဆီး အရေးယူခဲ့ပါတယ်”ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ စည်းကမ်းနှင့် ညီညွတ်ခြင်းမရှိသည့် ယာဉ်များအား ဖမ်းဆီး အရေးယူရာ၌ Taxi Box မပါခြင်း၊ တက္ကစီဘုတ်ပြား၊ နံပါတ်ပြားများ မီးမလင်းခြင်း၊ ယာဉ်မရပ်ရ နေရာများတွင် ရပ်နားခြင်း၊ မှတ်တိုင်မဟုတ်ဘဲ ရပ်နားခြင်း၊ စတစ်ကာကပ်ခြင်း၊ ဟိုင်းလပ် ယာဉ်များ တွယ်စီးခြင်း၊ ကွေ့ကြောများ တည့်ဖြတ်ခြင်း၊ မီးနီဖြတ် ခြင်း အစရှိသဖြင့် ပါဝင်ကြောင်း သိရသည်။


Ref: Automobile

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ေသာ...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ခဲ့ေသာ တိုက္​​ေျပးကားမ်ား၊ ကားခိုးမႈမ်ားႏွင့္ ကား​ေပ်ာက္​မႈမ်ားကို ဗဟိုထိန္​းခ်ဴပ္​​ေရး (control...

Read more »