fb-pageview-tracker
ရန္ကုန္ - မႏၱေလး အျမန္လမ္းမႀကီးတြင္ သတ္မွတ္မိုင္ႏႈန္းထက္ ေက်ာ္လြန္ေမာင္းႏွင္သည့္ ယာဥ္အစီး​ေရ ၅ ​ေထာင္​နီးပါးဖမ္းဆီးခဲ့


Zawgyi Version

ရန္ကုန္ - မႏၱေလးအျမန္လမ္းမေပၚတြင္ ယခု ၂၀၁၉ ခုနွစ္​အတြင္​း ဇန္နဝါရီလ ၁ ရက္ေန႔မွ ေမလ ၁၁ ရက္ေန႔အထိ သတ္မွတ္မိုင္ႏႈန္းထက္ ေက်ာ္လြန္ေမာင္းႏွင္ခဲ့သည့္ ယာဥ္အစီး​ေရ ၅ ​ေထာင္​နီးပါးကို ဖမ္းဆီးအေရးယူခဲ့ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။ ရန္ကုန္- မႏၲေလးအျမန္လမ္းမႀကီး၌ ၂၀၁၉ ခုနွစ္​အတြင္​း ၅ လတာျဖစ္​​ေသာ ဇန္နဝါရီလ ၁ ရက္ေန႔မွ ေမလ ၁၁ ရက္ေန႔အထိ သတ္​မွတ္​ထားသည့္အရွိန္​ႏႈန္းထက္ ​​ေက်ာ္​လြန္​​ေမာင္​းႏွင္​ခဲ့​ေသာ ကားအစီး​ေရ ၄၉၅၇ စီးအျပင္ ​ထိုင္ခံုခါးပတ္မပတ္ဘဲ ေမာင္းႏွင္ေသာယာဥ္ ၆၄ စီးကိုလည္း ဖမ္းဆီးအေရးယူထားခဲ့​ေၾကာင္​းသိရသည္။

“အခု​ေနာက္​ပိုင္​း မိုးရြာရင္ပိုၿပီး​သတိထား​ေမာင္​းႏွင္​ၾကဖို႔လိုတယ္​။ အခု​ေနာက္​ပိုင္​းကား​ေတြကလည္​း အရမ္​းေကာင္​းလာ​ေတာ့ ​အဲယားကြန္​းဖြင့္ၿပီး တံခါး​ေတြပိတ္​ထား​ေတာ့ အရွိန္​ႏႈန္​းက မ်ားလို႔မ်ားမွန္​းမသိ​ေတာ့ဘူး။ မိုးတြင္​းက လမ္​း​ေခ်ာ္​တာတို႔၊ စလစ္​ျဖစ္​တာ​တို႔ အမ်ားဆံုးျဖစ္​ၾကတယ္​။ သတ္​မွတ္​အရွိန္​ႏႈန္​းထက္​ပို​ေမာင္​းရင္ေတာ့ ​ေမာ္​​ေတာ္​ယာဥ္​ဥပ​ေဒအတိုင္​းအ​ေရးယူမွာပါ။” ဟု အျမန္​​လမ္​းရဲတပ္​ဖြဲ႕မွ တာဝန္႐ွိသူတစ္​ဦးက ​ေျပာသည္​။

ေမလ ၁၀ ရက္ေန႔ႏွင့္ ၁၁ ရက္ေန႔တို႔တြင္ ရန္ကုန္- မႏၲေလးအျမန္လမ္း ၂၀၁ မိုင္ ေနျပည္ေတာ္တိုးဂိတ္၌ သတ္မွတ္မိုင္ႏႈန္းထက္ ပိုမိုေမာင္းႏွင္ေသာ ေမာ္ေတာ္ယာဥ္ ၁၃ စီး၊ ျဖဴးၿမိဳ႕နယ္၊ ျဖဴးတိုးဂိတ္၌ ေမာ္ေတာ္ယာဥ္ ၉ စီး၊ လွည္းကူးၿမိဳ႕နယ္ အမွတ္ (၃) လမ္းဆုံတိုးဂိတ္၌ ေမာ္ေတာ္ယာဥ္ ၇ စီး၊ မိတၳီလာၿမိဳ႕နယ္ သီးကုန္းတိုးဂိတ္၌ ေမာ္ေတာ္ ယာဥ္ ၂ စီး၊ တံတားဦးၿမိဳ႕နယ္ စကားအင္းတိုးဂိတ္၌ ေမာ္ေတာ္ယာဥ္ ၇ စီး စုစုေပါင္း ၃၈ စီး ဖမ္းဆီးခဲ့ၿပီး စကားအင္းတိုးဂိတ္၌ ခါးပတ္မပတ္ဘဲ ေမာင္းႏွင္ေသာေမာ္ေတာ္ယာဥ္ ၁ စီးအား ဖမ္းဆီးရမိခဲ့​ေၾကာင္​းသိရသည္။ ရန္ကုန္- မႏၲေလးအျမန္လမ္းတြင္ ၂ ႏွစ္နီးပါးကာလ (၂၀၁၆ ခုႏွစ္ စက္တင္ဘာလ ၁ ရက္ေန႔မွ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၅ ရက္ေန႔) အထိ သတ္မွတ္အရွိန္ႏႈန္းထက္ ပိုမိုေမာင္းႏွင္ေသာယာဥ္ ၃၃၃၁၉ စီးကို ဖမ္းဆီးအေရးယူခဲ့ေၾကာင္းလည္း​သိရသည္။


Unicode Version

ရန်ကုန် - မန္တလေးအမြန်လမ်းမပေါ်တွင် ယခု ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့သည့် ယာဉ်အစီးရေ ၅ ထောင်နီးပါးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၌ ၂၀၁၉ ခုနှစ်အတွင်း ၅ လတာဖြစ်သော ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ သတ်မှတ်ထားသည့်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့သော ကားအစီးရေ ၄၉၅၇ စီးအပြင် ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ် ၆၄ စီးကိုလည်း ဖမ်းဆီးအရေးယူထားခဲ့ကြောင်းသိရသည်။

“အခုနောက်ပိုင်း မိုးရွာရင်ပိုပြီးသတိထားမောင်းနှင်ကြဖို့လိုတယ်။ အခုနောက်ပိုင်းကားတွေကလည်း အရမ်းကောင်းလာတော့ အဲယားကွန်းဖွင့်ပြီး တံခါးတွေပိတ်ထားတော့ အရှိန်နှုန်းက များလို့များမှန်းမသိတော့ဘူး။ မိုးတွင်းက လမ်းချော်တာတို့၊ စလစ်ဖြစ်တာတို့ အများဆုံးဖြစ်ကြတယ်။ သတ်မှတ်အရှိန်နှုန်းထက်ပိုမောင်းရင်တော့ မော်တော်ယာဉ်ဥပဒေအတိုင်းအရေးယူမှာပါ။” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ရန်ကုန်- မန္တလေးအမြန်လမ်း ၂၀၁ မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၁၃ စီး၊ ဖြူးမြို့နယ်၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၉ စီး၊ လှည်းကူးမြို့နယ် အမှတ် (၃) လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ၇ စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော် ယာဉ် ၂ စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၇ စီး စုစုပေါင်း ၃၈ စီး ဖမ်းဆီးခဲ့ပြီး စကားအင်းတိုးဂိတ်၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သောမော်တော်ယာဉ် ၁ စီးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ၂ နှစ်နီးပါးကာလ (၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့) အထိ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် ၃၃၃၁၉ စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်းလည်းသိရသည်။

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »