fb-pageview-tracker
တိုင္​း​ေဒသႀကီး ၃ ခုတြင္​ လိုင္​စင္​မဲ့ကားဟုတ္​/မဟုတ္​ သိ႐ွိႏိုင္​ရန္​ တရားဝင္​မွတ္​ပံုတင္​ကားမ်ားကို stickers မ်ားကပ္​၍ RFID စနစ္​ျဖင္​့ ထိန္​းခ်ဳပ္​ရွင္​းလင္​းသြားမည္​


Zawgyi Version

ရန္​ကုန္​တိုင္​း​ေဒသႀကီး၊ မႏၲ​ေလးတိုင္​း​ေဒသႀကီးႏွင္​့ ​ေနျပည္​​ေတာ္​တို႔တြင္​ လိုင္​စင္​မဲ့ ကားဟုတ္​/မဟုတ္​ သိ႐ွိႏိုင္​ရန္​ တရားဝင္​မွတ္​ပံုတင္​ကားမ်ားကို RFID stickers မ်ားကပ္​၍ နည္​းပညာျမင္​့ RFID စနစ္​ျဖင္​့ ထိန္​းခ်ဳပ္​ရွင္​းလင္​းသြားမည္​ျဖစ္​​ေၾကာင္​း ​ေနျပည္​​ေတာ္​ ကုန္​းလမ္​းပို႔​ေဆာင္​​ေရးၫႊန္​ၾကားမႈဦးစီးဌာနမွ သိရသည္​။

တရားမဝင္​မွတ္​ပံုတင္​မဲ့ ​ေမာ္​​ေတာ္​ယာဥ္​မ်ား၊ ဆိုင္​ကယ္​မ်ားကို စစ္​​ေဆးထိန္​းခ်ဳပ္​ႏိုင္​ရန္ရည္​႐ြယ္​၍ RFID (Radio Frequency Identification) စနစ္ကို အ​ေကာင္​အထည္​​ေဖာ္​​ေဆာင္​႐ြက္​သြားမည္​ျဖစ္​ရာ တရားဝင္​မွတ္​ပံုတင္​​ေမာ္​​ေတာ္​ယာဥ္​ႏွင္​့ ဆိုင္ကယ္​မ်ားကို သတ္​မွတ္​ကာလအတြင္​း RFID Sticker သို႔မဟုတ္​ RFID Tag တပ္​ဆင္​မႈမ်ားျပဳလုပ္​ျပီး တရားမဝင္​လိုင္​စင္​မဲ့ ​ေမာ္​​ေတာ္​ယာဥ္​မ်ား၊ ဆိုင္​ကယ္​မ်ားကို စစ္​​ေဆးထိန္​းခ်ဳပ္​သြားမည္​ျဖစ္​​ေၾကာင္​း သိရသည္​။

"တရားမဝင္​လိုင္​စင္​မဲ့ကား​ေတြကို ထိန္​းခ်ဳပ္​ႏိုင္​ဖို႔ RFID စနစ္​ကို အ​ေကာင္​အထည္​​ေဖာ္​လုပ္​​ေဆာင္​ဖို႔ အႀကံ​ေပး​ကုမၸဏီနဲ႔​ေဆြး​ေႏြးထားတယ္​။ တရားဝင္​မွတ္​ပံုတင္​တဲ့ကား​ေတြမွာ RFID sticker ကပ္​ျပီး မွတ္​ပံုတင္​ထားတဲ့ယာဥ္​ဟုတ္​/မဟုတ္​ကို ထိန္​းခ်ဳပ္​တဲ့စနစ္​ပါ။ ယာဥ္​တိုက္​မႈျဖစ္​ျပီးထြက္​​ေျပးတိမ္​း​ေရွာင္​​ေနတဲ့ ​ေမာ္​​ေတာ္​ယာဥ္​ေတြကုိ အလြယ္​တကူ စိစစ္​​ေဖာ္​ထုတ္​ဖမ္​းဆီးလို႕ရနိုင္​တယ္​။ RFID စနစ္​ကိုလုပ္​ဖို႔ အႀကံ​ေပးဝန္​​ေဆာင္မႈလုပ္​ငန္​း ​တင္​ဒါ​ေအာင္​ျမင္​ထားတဲ့ကုမၸဏီနဲ႔ လာမယ္​့ဇူလိုင္​ထဲမွာ လက္​မွတ္​​ေရးထိုးသြားမွာပါ။ တင္​ဒါ​ေအာင္​ျမင္​ထားတဲ့ အႀကံ​ေပးတဲ့ကုမၸဏီနဲ႔ စာခ်ဳပ္​ခ်ဳပ္ျ​ပီးသြားရင္​ အ​ေကာင္​အထည္​​ေဖာ္​ဖို႔ တင္​ဒါဆက္​ျပီး​ေခၚယူသြားမွပါ။ တိုင္​း​ေဒသႀကီး ၃ ခုထဲက လူစည္​းကားတဲ့​ေနရာ​ေတြမွာ RFID sticker ကိုဖတ္​လို႔ရတဲ့ အင္​တာနာ​ေတြ တပ္​ဆင္​​တာ​ေတြလုပ္​သြားမယ္​။" ဟု ​ေနျပည္​​ေတာ္​ ကုန္​းလမ္​းပို႔​ေဆာင္​​ေရးၫႊန္​ၾကားမႈဦးစီးဌာနမွ တာဝန္​ရွိသူတစ္​ဦးက ​ေျပာၾကားခဲ့ျခင္းျဖစ္သည္​။

ထိုကဲ့သို႔ လိုင္​စင္​မဲ့ကားမ်ားဟုတ္/​မဟုတ္​ စစ္​​ေဆးထိန္​းခ်ဳပ္​ႏိုင္​​ေသာ RFID စနစ္​ကို အ​ေကာင္​အထည္​​ေဖာ္​ရန္​ အႀကံ​ေပးဝန္​​ေဆာင္​မႈလုပ္​ငန္​းအတြက္​ တင္​ဒါ​ေအာင္​ျမင္​ထားသည္​့ Moon Engineering joint venture ကုမၸဏီိလီမိတက္​ႏွင္​့ ဇူလိုင္​လအတြင္​း စာခ်ဳပ္​ ခ်ဳပ္​ဆိုသြားမည္ျဖစ္​ရာ Main Data Centre ကို ျမန္​မာ့ဆက္​သြယ္​​ေရးလုပ္​ငန္​း၏ Data Centre တြင္​ colocation servers မ်ားထားရွိ​ေဆာင္​႐ြက္​၍ တိုင္​း​ေဒသႀကီး ၃ ခုတြင္​ ဦးစား​ေပးအ​ေကာင္​အထည္​​ေဖာ္​သြားမည္​ျဖစ္​​သည္​။


Unicode Version

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် လိုင်စင်မဲ့ ကားဟုတ်/မဟုတ် သိရှိနိုင်ရန် တရားဝင်မှတ်ပုံတင်ကားများကို RFID stickers များကပ်၍ နည်းပညာမြင့် RFID စနစ်ဖြင့် ထိန်းချုပ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တရားမဝင်မှတ်ပုံတင်မဲ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များကို စစ်ဆေးထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ RFID (Radio Frequency Identification) စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ တရားဝင်မှတ်ပုံတင်မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို သတ်မှတ်ကာလအတွင်း RFID Sticker သို့မဟုတ် RFID Tag တပ်ဆင်မှုများပြုလုပ်ပြီး တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များကို စစ်ဆေးထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"တရားမဝင်လိုင်စင်မဲ့ကားတွေကို ထိန်းချုပ်နိုင်ဖို့ RFID စနစ်ကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့ အကြံပေးကုမ္ပဏီနဲ့ဆွေးနွေးထားတယ်။ တရားဝင်မှတ်ပုံတင်တဲ့ကားတွေမှာ RFID sticker ကပ်ပြီး မှတ်ပုံတင်ထားတဲ့ယာဉ်ဟုတ်/မဟုတ်ကို ထိန်းချုပ်တဲ့စနစ်ပါ။ ယာဉ်တိုက်မှုဖြစ်ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့ မော်တော်ယာဉ်တွေကို အလွယ်တကူ စိစစ်ဖော်ထုတ်ဖမ်းဆီးလို့ရနိုင်တယ်။ RFID စနစ်ကိုလုပ်ဖို့ အကြံပေးဝန်ဆောင်မှုလုပ်ငန်း တင်ဒါအောင်မြင်ထားတဲ့ကုမ္ပဏီနဲ့ လာမယ့်ဇူလိုင်ထဲမှာ လက်မှတ်ရေးထိုးသွားမှာပါ။ တင်ဒါအောင်မြင်ထားတဲ့ အကြံပေးတဲ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီးသွားရင် အကောင်အထည်ဖော်ဖို့ တင်ဒါဆက်ပြီးခေါ်ယူသွားမှပါ။ တိုင်းဒေသကြီး ၃ ခုထဲက လူစည်းကားတဲ့နေရာတွေမှာ RFID sticker ကိုဖတ်လို့ရတဲ့ အင်တာနာတွေ တပ်ဆင်တာတွေလုပ်သွားမယ်။" ဟု နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ လိုင်စင်မဲ့ကားများဟုတ်/မဟုတ် စစ်ဆေးထိန်းချုပ်နိုင်သော RFID စနစ်ကို အကောင်အထည်ဖော်ရန် အကြံပေးဝန်ဆောင်မှုလုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားသည့် Moon Engineering joint venture ကုမ္ပဏီလီမိတက်နှင့် ဇူလိုင်လအတွင်း စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ရာ Main Data Centre ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Data Centre တွင် colocation servers များထားရှိဆောင်ရွက်၍ တိုင်းဒေသကြီး ၃ ခုတွင် ဦးစားပေးအကောင်အထည်ဖော်သွားမည်ဖြစ်သည်။

Latest News

ရူးသြပ္ဖြယ္ရာ မဟားတရားပါဝါေတြနဲ႕ ၁၉-၂၀...

Zawgyi Version စြမ္းေဆာင္ရည္ အစြန္းဆုံးနဲ႕ sport ကားေတြဟာ ေမာ္ေတာ္ကားထုတ္လုပ္မႈနယ္ပယ္ကို အရွိန္အဟုန္နဲ႕ တိုးခ်ဲ႕ေနတာပါ။...

Read more »

ေမာ္ေတာ္ယာဥ္မ်ား ယာဥ္စည္းကမ္းေဖာက္ဖ်က္ခဲ့မႈ...

Zawgyi Version ျမန္မာႏိုင္ငံအတြင္းရွိ ယာဥ္မ်ားအားလံုးကို မည္သည့္တိုင္း၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ ေနရာမ်ားတြင္မဆို...

Read more »

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »