fb-pageview-tracker
Renault Captur Review (International)


Zawgyi Version

Honda Civic ၊ Range Rover Sport ျပီးရင္ UK မွာလူၾကိဳက္အမ်ားဆုံး ကားတစ္စီးကေတာ့ Renault ရဲ့ Captur ပါ။ ေဈးႏႈန္းသက္သာျပီး ေတာင့္တင္းခိုင္မာတဲ့ small SUV ျဖစ္တဲ့ Captur ဟာ က်ယ္က်ယ္ဝန္းဝန္းလည္းရွိတာေၾကာင့္ ေရပန္းစားေနပုံရပါတယ္။ ဒါေပမယ့္ ပိုမိုေကာင္းမြန္တဲ့ ေမာင္းႏွင္မႈကိုလိုခ်င္ရင္ေတာ့ ေငြအနည္းငယ္ပိုျပီး အကုန္ခံရမွာပါ။

အားသာခ်က္
+ ကားရဲ့ေဈးက သက္သာသလို ေမာင္းႏွင္မႈကုန္က်စာရိတ္လည္း သက္သာတယ္
+ ကားအေသးေတြထဲမွာေတာ့ က်ယ္က်ယ္ဝန္းဝန္းရွိတယ္
+ ပုံစံက ထူးကဲျပီး ဖက္ရွင္က်တယ္

အားနည္းခ်က္
- ဒီဇယ္အင္ဂ်င္နဲ႕ဆိုရင္ အသံနည္းနည္းဆူတယ္
- ပိုမိုေကာင္းမြန္တဲ့ ေမာင္းႏွင္မႈအတြက္ ေငြထပ္ကုန္ရဦးမယ္
- 4WD ေရြးခ်ယ္စရာမရွိဘူး

သုံးသပ္ခ်က္

Renault Captur ဟာ လမ္းမေတြေပၚမွာ ၾကည့္လို႕ေကာင္းတဲ့ small SUV တစ္စီးပါ။ ဒါေပမယ့္ ပုံမွန္ ကားအေသးေတြကို ေမာင္းရသလိုမ်ိဳးပဲလို႕ ခံစားမိတယ္။
Renault ဟာ Captur ကို ၂၀၁၃ ခုႏွစ္မွစတင္ထုတ္လုပ္ခဲ့တာျဖစ္ျပီး ၂၀၁၇ ခုႏွစ္မွာေတာ့ အေရွ႕နဲ႕အေနာက္ bumpers ေတြကို ျပန္လည္ဆန္းသစ္ခဲ့တယ္။ C ပုံသဏၭာန္ ေန႕ထြန္း LED မီးေတြပါဝင္ျပီး infotainment စနစ္ေတြကလည္း ေခတ္နဲ႕အညီမြမ္းမံထားျပီးသား။ အတြင္းခန္းကလည္း မဆိုးဘူး။ သားနားပါတယ္။ ပိုျပီး ထိလို႕ကိုင္လို႕ေကာင္းတဲ့ ပလတ္စတစ္သားအိအိေတြကိုသုံးထားတယ္။ Sunroof နဲ႕လိုခ်င္တယ္ဆိုရင္လည္း ေရြးခ်ယ္လို႕ရတယ္။
တကယ္ေတာ့ Captur ရဲ့ ခ်စ္စရာပုံစံက ဆန္းသစ္ဖို႕မလိုေလာက္ေသးပါဘူး။ ၾကည့္လို႕ေကာင္းတုန္း။ ဒါေပမယ့္ အေရွ႕နဲ႕အေနာက္ skid plates ေတြကေတာ့ ေျပာင္းလဲထားျပီး off-road ပိုဆန္လာပါတယ္။ တစ္ခုရွိတာက Captur ဟာ 4WD နဲ႕မလာဘူး။ အဲဒီအတြက္ မတ္ေဆာက္တဲ့ ေတာင္တက္ေတာင္ဆင္းလမ္းေတြမွာ ေကာင္းေကာင္းၾကီးေမာင္းႏိုင္မယ္လို႕ေတာ့ မေမွ်ာ္လင့္ထားပါနဲ႕။
Renault Captur ဟာ ႏွစ္ေရာင္စပ္ကားမ်ိဳးျဖစ္ျပီး သူနဲ႕ခပ္ဆင္ဆင္ဆိုရင္ Vauxhall ရဲ့ Mokka နဲ႕ Nissan ရဲ့ Juke တို႕ရွိပါလိမ့္မယ္။
Safety နဲ႕ပတ္သက္ျပီး Rear door child safety locks ၊ Seatbelt warning ၊ Front side airbags (head+thorax) ၊ Driver/Front Passenger airbags ၊ 3 point rear seatbelts x3 ၊ Anti-lock Brake System + Emergency Brake Assist ၊ Hill start assist ၊ Front passenger airbag deactivation ၊ ESC - Electronic Stability Control + traction control ၊ Tyre pressure monitor စတာေတြပါဝင္တာမလို႕ ေခတ္မီတယ္လို႕ေျပာလို႕ရပါတယ္။
ျခံဳငုံျပီး သုံးသပ္ရမယ္ဆိုရင္ေတာ့ ျမိဳ႕တြင္းေမာင္းႏွင္ဖို႕အတြက္ လက္ေတြ႕အက်ဆုံး small SUV ကိုလိုခ်င္တယ္ဆိုရင္ Renault Captur ကို ထည့္သြင္းစဥ္းစားသင့္တယ္လို႕ ဆိုရမွာပါပဲ။

အတြင္းခန္း

ေဈးႏႈန္းသက္သာတဲ့ ကားတစ္စီးရဲ့ အတြင္းခန္းကိုေတာ့ ထူးထူးကဲကဲရွိလိမ့္မယ္လို႕ ေမွ်ာ္လင့္မထားသင့္ပါဘူး။ အတြင္းခန္းတစ္ခုလုံးမွာ ေဈးေပါတဲ့ ပလတ္စတစ္သားေတြကို ေနရာအႏွံေတြ႕ႏိုင္ေပမယ့္ dashboard နဲ႕ တံခါးက လက္တင္ေတြကိုေတာ့ ႏူညံ့တဲ့ ပလတ္စတစ္အေကာင္းစားနဲ႕ အသုံးျပဳေပးထားပါတယ္။ အတြင္းခန္းအေရာင္က ေရြးခ်ယ္စရာခုနစ္မ်ိဳးအထိရွိျပီး ဆင္စြယ္ေရာင္ကေန အျပာေရာင္ အဲဒီကေန ခပ္မိႈင္းမိႈင္း သတၱဳေရာင္မ်ိဳးအထိ ရရွိႏိုင္တာကေတာ့ တကယ့္ကို စိတ္ေက်နပ္စရာပါပဲ။ ပိုမိုက္တာက အေရာင္ကိုလိုက္ျပီး ေျပာင္းလဲေပးမယ့္ ဗဟိုခလုတ္ခုံ၊ ေလေပါက္ေတြနဲ႕ လက္ကိုင္ေခြေတြပါ။
အေျခခံ trim မွာပါတဲ့ infotainment display က သိပ္အလန္းၾကီးမဟုတ္ပါဘူး။ အေရာင္စုံလည္းမဟုတ္ဘူး။ ဒါေပမယ့္ Bluetooth ကေနတဆင့္ ဖုန္းနဲ႕ဆက္သြယ္ျပီး သီခ်င္းဖြင့္တာေတြ၊ hand-free ေခၚတာေတြလုပ္ႏုိင္တယ္။ အေျခခံ trim မွာက ျဂိဳဟ္တုလမ္းညႊန္တစ္ပါတည္းမပါလို႕ ဖုန္းနဲ႕ပဲအသုံးျပဳလို႕ရမွာပါ။ ဒါေပမယ့္ သူ႕ထက္ျမင့္တဲ့ trim ေတြမွာေတာ့ infotainment display က ေရာင္စုံနဲ႕ျဖစ္သြားျပီး function အစုံလည္း သုံးလို႕ရသြားတဲ့အတြက္ ေခတ္စနစ္နဲ႕ေလ်ာ္ညီတဲ့ Captur ကိုလိုခ်င္ရင္ေတာ့ အေျခခံ trim ကို ေရွာင္ဖို႕လိုပါလိမ့္မယ္။ ေဖ်ာ္ေျဖေရးနဲ႕ပတ္သက္ျပီး ထူးျခားတာကေတာ့ speakers ေတြပါ။ အသံထြက္က ၾကည္လင္ျပီး က်ယ္က်ယ္လည္းဖြင့္ခ်င္ရင္ ဖြင့္လို႕ရပါတယ္။
အက်ဥ္းခ်ဳပ္ဆိုရင္ Renault Captur 2019 ရဲ့ အတြင္းခန္းအေနအထား၊ ပါဝင္တဲ့ပစၥည္းေတြအရ ေပးတဲ့ေဈးနဲ႕ ပိုမိုထိုက္တန္တဲ့ small SUV တစ္စီးပါ။ ကုန္က်စာရိတ္ေခၽြတာခ်င္တဲ့ မိသားစုေတြအတြက္ေတာ့ ဝယ္ယူစီးနင္းပါက အမွားအယြင္းမရွိႏိုင္တဲ့ ကားျဖစ္ပါတယ္။

လက္ေတြ႕ဆိုရင္

Renault Captur မွာက ႏွစ္သက္စရာ က်ယ္ဝန္းတဲ့ အတြင္းခန္းပါတယ္။ ဒီလိုမ်ိဳး ကားငယ္အတြက္ဆိုရင္ ေတာ္ေတာ္ၾကီးကို က်ယ္တယ္လို႕ ေျပာနိုင္တယ္။ အေနာက္ လူစီးခန္းက သိပ္ၾကီးမက်ယ္လွေပမယ့္ က်ဥ္းက်ဥ္းက်ဳတ္က်ဳတ္ေတာ့ မရွိလွဘူး။ အလယ္ခုံမွာပါ ထုိင္မယ္ဆိုရင္ေတာ့ က်ပ္တယ္။ သူ႕ထက္စာရင္ Suzuki ရဲ့ Vitara မွာက ပိုုေကာင္းတဲ့ ေနာက္ခုံတန္းပါဝင္ပါတယ္။ အတြင္းခန္းနဲ႕ပတ္သက္ျပီးျခံဳေျပာရရင္ေတာ့ လက္ခံႏိုင္ေလာက္စရာရွိေအာင္ က်ယ္တယ္။ Glovebox ကလည္းေတာ္ေတာ္ဆံ့တယ္။ အေရွ႕ႏွစ္ခုံအၾကားအလယ္မွာလည္း လက္တင္တန္းနဲ႕ box တစ္ခုပါ ပါေသးတယ္။ တစ္ခုရွိတာက တံခါးေဘာင္ေတြမွာပါတဲ့ ေရဘူးထည့္တန္းကေတာ့ ေသးတယ္။ ေရသန္႕ဘူးေသးေလာက္ပဲ ထည့္လို႕ဆံ့မွာပါ။
အေနာက္ပစၥည္းထားခန္းကေတာ့ ပုံမွန္ဆိုရင္ 377-litres ဝင္ဆံ့ပါတယ္။ ခုံအျပည့္နဲ႕ပါ။ ဒါေပမယ့္ အထင္ၾကီးစရာေကာင္းတာတစ္ခုက အေနာက္ခုံတန္းကို ေရွ႕တိုးျပီး 445-litres ထိဝင္ဆံ့ေအာင္ လုပ္လို႕ရတာပါ။ ခုံေတြေခါက္လိုက္မယ္ဆိုရင္ေတာ့ 1,235-litres အထိဝင္ဆံ့ပါတယ္။ မေကာင္းတာတစ္ခုကေတာ့ boot မွာ ခ်ိတ္စရာျပဳစရာ ခ်ိတ္ေတြ၊ ညွပ္စရာ ဆန္ကာေတြ မပါဝင္ျခင္းပါ။

ေမာင္းႏွင္မႈ

အင္ဂ်င္ပိုင္းမွာေတာ့ ဓါတ္ဆီ/ဒီဇယ္ ေရြးခ်ယ္စရာရွိတယ္။ 90hp ၊ 0.9-litre ဓါတ္ဆီအင္ဂ်င္ကေတာ့ ဆီစားအထူးသက္သာျပီး ျမိဳ႕တြင္းေမာင္းရာမွာေတာ့ ေတာ္ေတာ္ေလးအဆင္ေျပတယ္။ Five-speed gearbox နဲ႕မလို႕ အင္ဂ်င္သံဆူညံျခင္းကေန ထိန္းေပးႏိုင္ေပမယ့္ လ်င္ျမန္မႈအပိုင္းကေတာ့ ပါဝါနည္းတဲ့ အင္ဂ်င္ျဖစ္တဲ့အတြက္ အားရစရာေတာ့ မရွိပါဘူး။
90hp ၊ 1.5-litre ဒီဇယ္အင္ဂ်င္ကေတာ့ ျမိဳ႕တြင္းျမိဳ႕ျပင္ေမာင္းဖို႕ ပိုျပီး လက္ေတြ႕က်တဲ့ အင္ဂ်င္ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ စက္သံတဂ်ဳတ္ဂ်ဳတ္ေတာ့ ျမည္တာေပါ့ေလ။ ဆီစားႏႈန္းပိုသက္သာတာကေတာ့ ေကာင္းတဲ့အခ်က္ပါ။
ေမာင္းၾကည့္ရသေလာက္ေတာ့ Renault Captur ဟာ ျမိဳ႕ထဲေမာင္းဖို႕ အေကာင္းဆုံး ကားတစ္စီးလို႕ ခံစားမိပါတယ္။ ေအာက္ပိုင္းျမွင့္ထားတဲ့ ကားတစ္စီးျဖစ္တဲ့အတြက္ ခ်ိဳင့္ေတြ၊ ကမူအေသးစားေတြ (ကၽြန္ေတာ္တို႕ႏုိင္ငံအတြက္ေတာ့ slow down အျမင့္စားၾကီးေတြ) အတြက္ ေအးေဆးပါပဲ။ အရွိန္ၾကီးနဲ႕ေတာ့ ျဖတ္မေမာင္းနဲ႕ေပါ့။
ျမင္ကြင္းပိုင္းအေနနဲ႕ကေတာ့ အေရွ႕ေလကာမွန္က ျမင္ကြင္းေကာင္းပါတယ္။ ေလကာမွန္နဲ႕ ေဘးမွန္ေတြၾကားထဲက ေဘာင္က အၾကီးၾကီးမဟုတ္ဘူးဆိုရင္ ပိုမိုရွင္းလင္းတဲ့ ျမင္ကြင္းကို ရရွိႏုိင္တယ္။ အေနာက္မွန္ကေတာ့ ရွိရမယ့္ အက်ယ္အဝန္းထက္ ငယ္ပါတယ္။ ဒါေၾကာင့္မလို႕ ျမိဳ႕တြင္းမွာ သြက္သြက္လက္လက္ေမာင္းဖို႕ဆိုရင္ေတာ့ သတိပိုထားျပီး ေမာင္းရမယ့္ပုံစံမွာရွိပါတယ္။
တကယ္ေတာ့ Renault Captur ကိုေမာင္းရတာဟာ မိသားစုစီးကားအေသးကို ကုလားမေျခေထာက္ခုျပီး ေမာင္းရသလိုမ်ိဳးပါပဲ။ ခပ္ျမင့္ျမင့္ မိသားစုကားအေသးေမာင္းရသလိုမ်ိဳးေပါ့။ Steering ကေတာ့ ေသးငယ္ေပါ့ပါးျပီး အေကြ႕ေတြမွာလည္း ကားကိုေကာင္းေကာင္း ထိန္းခ်ဳပ္ႏုိင္တာေတြ႕ရတယ္။ ေခြမွာ လက္ကိုင္စရာ ေနရာအမ်ားအျပားပါတာကေတာ့ ျပိဳင္ကားပုံစံလိုမ်ိဳးျဖစ္သြားတယ္။

ပါဝင္တဲ့အခ်က္ေတြ

Trim အေနနဲ႕ Renault Captur မွာ Play ၊ Iconic ၊ GT Line ၊ S Edition ဆိုျပီး ၄ မ်ိဳးရွိပါတယ္။

Play

အေျခခံ trim ပါ။ ေဈးအသက္သာဆုံးျဖစ္ျပီး ၁၆ လက္မ အလြိဳင္းေခြ၊ keyless entry ၊ cruise control ၊ automatic lights နဲ႕ wipers ေတြပါဝင္ပါတယ္။ ေလေအးစက္အရည္အေသြးက ေကာင္းမြန္ျပီး DAB infotainment စနစ္နဲ႕ပါ။ ေျမပုံေတြ၊ သီခ်င္းေတြအတြက္ ဖုန္းနဲ႕ဆက္သြယ္လို႕ရပါတယ္။
အေျခခံအေနနဲ႕ အင္ဂ်င္က ႏွစ္မ်ိဳးပါ။ 0.9L ဓါတ္ဆီ 90hp ထြက္တဲ့ 0.9 TCE 90 နဲ႕ 1.5L ဒီဇယ္ 90hp ထြက္တဲ့ 1.5 DCI 90 ရယ္ပါ။ Manual gearbox ေတြနဲ႕ခ်ည္းျဖစ္ျပီး ဆီစားႏႈန္းအေနနဲ႕ ဓါတ္ဆီဆိုရင္ 52mpg နဲ႕ ဒီဇယ္ဆိုရင္ 67mpg အထိရရွိႏိုင္တယ္ဆိုျပီး Renault ကဆိုထားပါတယ္။ လက္ေတြ႕မွာေတာ့ 42kml နဲ႕ 57kml ေလာက္အထိေတာ့ ရႏိုင္မွာပါ။

Iconic

၁၇ လက္မ အလြိဳင္းေခြနဲ႕ Iconic ကေတာ့ Play ထက္ပိုလန္းသြားပါျပီ။ ေဈးကလည္း နည္းနည္းပိုေကာင္းသြားတာကို။ အေနာက္ parking sensors ေတြပါလာျပီး ၇ လက္မ infotainment စနစ္နဲ႕ျဖစ္သြားပါျပီ။ ျဂိဳဟ္တုလမ္းညႊန္လည္း တစ္ပါတည္း ပါလာပါျပီ။
အင္ဂ်င္ပိုင္းမွာလည္း ေရြးခ်ယ္စရာက ၅ မ်ိဳးျဖစ္သြားပါတယ္။ ထပ္ေဆာင္း ေရြးခ်ယ္စရာ အင္ဂ်င္ ၃ မ်ိဳးကေတာ့ manual gearbox နဲ႕ 1.3L ဓါတ္ဆီ 130hp ထြက္တဲ့ 1.3 TCE 130 အင္ဂ်င္ရယ္၊ automatic gearbox ေတြအေနနဲ႕ 1.5L ဒီဇယ္ 90hp ထြက္တဲ့ 1.5 DCI 90 EDC ရယ္ 1.3L ဓါတ္ဆီ 150hp ထြက္တဲ့ 1.3 TCE 150 EDC အင္ဂ်င္ရယ္ပါ။

GT Line

GT Line ကေတာ့ ေငြေရာင္ skid plates ေတြ၊ ေဘးေျခနင္းေတြ အျပည့္အစုံပါလာပါျပီ။ အေနာက္ၾကည့္ ကင္မရာ၊ အလိုအေလ်ာက္ ပါကင္ထုိးတဲ့စနစ္၊ blind spot အေထာက္အပံ့ေတြပိုပါလာမွာျဖစ္ျပီး အတြင္းခန္းမွာေတာ့ အပူေပးႏုိင္တဲ့ ထိုင္ခုံ၊ အလူမီနီယမ္ ေျခနင္းေတြ၊ R-Link infotainment စနစ္နဲ႕ျဖစ္သြားပါျပီ။ R-Link infotainment စနစ္ကေတာ့ features အသစ္ေတြကို download လုပ္ေပးႏိုင္စြမ္းရွိပါတယ္။
အင္ဂ်င္ေရြးခ်ယ္စရာကေတာ့ Iconic နဲ႕အတူတူပါပဲ။ ၅ မ်ိဳးပါ။

S Edition

S Edition trim ကေတာ့ Captur မွာ အေကာင္းဆုံး trim ပါပဲ။ အေမႊးပြအနည္းငယ္ပါတဲ့ faux-suede ထိုင္ခုံေတြနဲ႕ဆိုေတာ့ ဇိမ္က်တဲ့အထဲကိုေတာင္မွ ပါလာတဲ့ trim ပါ။ က်န္တာေတြကေတာ့ သိပ္ကြာျခားမႈမရွိလွေပမယ့္ အင္ဂ်င္ပိုင္းမွာေတာ့ နည္းနည္းကြာသြားပါတယ္။
Manual gearbox နဲ႕က 1.3L ဓါတ္ဆီ 130hp ထြက္တဲ့ 1.3 TCE 130 အင္ဂ်င္ရယ္ 90hp ထြက္တဲ့ 1.5L ဒီဇယ္ 1.5 DCI 90 ရယ္ဆိုျပီးနွစ္မ်ိဳးထဲက ေရြးခ်ယ္ႏုိင္ျပီး automatic gearbox နဲ႕ဆိုရင္ ဓါတ္ဆီအတြက္ 1.3L 150hp ထြက္တဲ့ 1.3 TCE 150 EDC နဲ႕ ဒီဇယ္အတြက္ဆိုရင္ 90hp ထြက္တဲ့ 1.5L 1.5 DCI 90 EDC ရယ္ဆိုျပီး ႏွစ္မ်ိဳးထဲက ေရြးခ်ယ္ရမွာပါ။

 

စာေရးသူ : စိုင္းဆိုင္(ရန္ကုန္)
Ref: Renault Captur Review (International) by Mat Watson


Unicode Version

Honda Civic ၊ Range Rover Sport ပြီးရင် UK မှာလူကြိုက်အများဆုံး ကားတစ်စီးကတော့ Renault ရဲ့ Captur ပါ။ ဈေးနှုန်းသက်သာပြီး တောင့်တင်းခိုင်မာတဲ့ small SUV ဖြစ်တဲ့ Captur ဟာ ကျယ်ကျယ်ဝန်းဝန်းလည်းရှိတာကြောင့် ရေပန်းစားနေပုံရပါတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ မောင်းနှင်မှုကိုလိုချင်ရင်တော့ ငွေအနည်းငယ်ပိုပြီး အကုန်ခံရမှာပါ။

အားသာချက်
+ ကားရဲ့ဈေးက သက်သာသလို မောင်းနှင်မှုကုန်ကျစာရိတ်လည်း သက်သာတယ်
+ ကားအသေးတွေထဲမှာတော့ ကျယ်ကျယ်ဝန်းဝန်းရှိတယ်
+ ပုံစံက ထူးကဲပြီး ဖက်ရှင်ကျတယ်

အားနည်းချက်
- ဒီဇယ်အင်ဂျင်နဲ့ဆိုရင် အသံနည်းနည်းဆူတယ်
- ပိုမိုကောင်းမွန်တဲ့ မောင်းနှင်မှုအတွက် ငွေထပ်ကုန်ရဦးမယ်
- 4WD ရွေးချယ်စရာမရှိဘူး

သုံးသပ်ချက်

Renault Captur ဟာ လမ်းမတွေပေါ်မှာ ကြည့်လို့ကောင်းတဲ့ small SUV တစ်စီးပါ။ ဒါပေမယ့် ပုံမှန် ကားအသေးတွေကို မောင်းရသလိုမျိုးပဲလို့ ခံစားမိတယ်။
Renault ဟာ Captur ကို ၂၀၁၃ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာတော့ အရှေ့နဲ့အနောက် bumpers တွေကို ပြန်လည်ဆန်းသစ်ခဲ့တယ်။ C ပုံသဏ္ဌာန် နေ့ထွန်း LED မီးတွေပါဝင်ပြီး infotainment စနစ်တွေကလည်း ခေတ်နဲ့အညီမွမ်းမံထားပြီးသား။ အတွင်းခန်းကလည်း မဆိုးဘူး။ သားနားပါတယ်။ ပိုပြီး ထိလို့ကိုင်လို့ကောင်းတဲ့ ပလတ်စတစ်သားအိအိတွေကိုသုံးထားတယ်။ Sunroof နဲ့လိုချင်တယ်ဆိုရင်လည်း ရွေးချယ်လို့ရတယ်။
တကယ်တော့ Captur ရဲ့ ချစ်စရာပုံစံက ဆန်းသစ်ဖို့မလိုလောက်သေးပါဘူး။ ကြည့်လို့ကောင်းတုန်း။ ဒါပေမယ့် အရှေ့နဲ့အနောက် skid plates တွေကတော့ ပြောင်းလဲထားပြီး off-road ပိုဆန်လာပါတယ်။ တစ်ခုရှိတာက Captur ဟာ 4WD နဲ့မလာဘူး။ အဲဒီအတွက် မတ်ဆောက်တဲ့ တောင်တက်တောင်ဆင်းလမ်းတွေမှာ ကောင်းကောင်းကြီးမောင်းနိုင်မယ်လို့တော့ မမျှော်လင့်ထားပါနဲ့။
Renault Captur ဟာ နှစ်ရောင်စပ်ကားမျိုးဖြစ်ပြီး သူနဲ့ခပ်ဆင်ဆင်ဆိုရင် Vauxhall ရဲ့ Mokka နဲ့ Nissan ရဲ့ Juke တို့ရှိပါလိမ့်မယ်။
Safety နဲ့ပတ်သက်ပြီး Rear door child safety locks ၊ Seatbelt warning ၊ Front side airbags (head+thorax) ၊ Driver/Front Passenger airbags ၊ 3 point rear seatbelts x3 ၊ Anti-lock Brake System + Emergency Brake Assist ၊ Hill start assist ၊ Front passenger airbag deactivation ၊ ESC - Electronic Stability Control + traction control ၊ Tyre pressure monitor စတာတွေပါဝင်တာမလို့ ခေတ်မီတယ်လို့ပြောလို့ရပါတယ်။
ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင်တော့ မြို့တွင်းမောင်းနှင်ဖို့အတွက် လက်တွေ့အကျဆုံး small SUV ကိုလိုချင်တယ်ဆိုရင် Renault Captur ကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဆိုရမှာပါပဲ။

အတွင်းခန်း

ဈေးနှုန်းသက်သာတဲ့ ကားတစ်စီးရဲ့ အတွင်းခန်းကိုတော့ ထူးထူးကဲကဲရှိလိမ့်မယ်လို့ မျှော်လင့်မထားသင့်ပါဘူး။ အတွင်းခန်းတစ်ခုလုံးမှာ ဈေးပေါတဲ့ ပလတ်စတစ်သားတွေကို နေရာအနှံတွေ့နိုင်ပေမယ့် dashboard နဲ့ တံခါးက လက်တင်တွေကိုတော့ နူညံ့တဲ့ ပလတ်စတစ်အကောင်းစားနဲ့ အသုံးပြုပေးထားပါတယ်။ အတွင်းခန်းအရောင်က ရွေးချယ်စရာခုနစ်မျိုးအထိရှိပြီး ဆင်စွယ်ရောင်ကနေ အပြာရောင် အဲဒီကနေ ခပ်မှိုင်းမှိုင်း သတ္တုရောင်မျိုးအထိ ရရှိနိုင်တာကတော့ တကယ့်ကို စိတ်ကျေနပ်စရာပါပဲ။ ပိုမိုက်တာက အရောင်ကိုလိုက်ပြီး ပြောင်းလဲပေးမယ့် ဗဟိုခလုတ်ခုံ၊ လေပေါက်တွေနဲ့ လက်ကိုင်ခွေတွေပါ။
အခြေခံ trim မှာပါတဲ့ infotainment display က သိပ်အလန်းကြီးမဟုတ်ပါဘူး။ အရောင်စုံလည်းမဟုတ်ဘူး။ ဒါပေမယ့် Bluetooth ကနေတဆင့် ဖုန်းနဲ့ဆက်သွယ်ပြီး သီချင်းဖွင့်တာတွေ၊ hand-free ခေါ်တာတွေလုပ်နိုင်တယ်။ အခြေခံ trim မှာက ဂြိုဟ်တုလမ်းညွှန်တစ်ပါတည်းမပါလို့ ဖုန်းနဲ့ပဲအသုံးပြုလို့ရမှာပါ။ ဒါပေမယ့် သူ့ထက်မြင့်တဲ့ trim တွေမှာတော့ infotainment display က ရောင်စုံနဲ့ဖြစ်သွားပြီး function အစုံလည်း သုံးလို့ရသွားတဲ့အတွက် ခေတ်စနစ်နဲ့လျော်ညီတဲ့ Captur ကိုလိုချင်ရင်တော့ အခြေခံ trim ကို ရှောင်ဖို့လိုပါလိမ့်မယ်။ ဖျော်ဖြေရေးနဲ့ပတ်သက်ပြီး ထူးခြားတာကတော့ speakers တွေပါ။ အသံထွက်က ကြည်လင်ပြီး ကျယ်ကျယ်လည်းဖွင့်ချင်ရင် ဖွင့်လို့ရပါတယ်။
အကျဉ်းချုပ်ဆိုရင် Renault Captur 2019 ရဲ့ အတွင်းခန်းအနေအထား၊ ပါဝင်တဲ့ပစ္စည်းတွေအရ ပေးတဲ့ဈေးနဲ့ ပိုမိုထိုက်တန်တဲ့ small SUV တစ်စီးပါ။ ကုန်ကျစာရိတ်ချွေတာချင်တဲ့ မိသားစုတွေအတွက်တော့ ဝယ်ယူစီးနင်းပါက အမှားအယွင်းမရှိနိုင်တဲ့ ကားဖြစ်ပါတယ်။

လက်တွေ့ဆိုရင်

Renault Captur မှာက နှစ်သက်စရာ ကျယ်ဝန်းတဲ့ အတွင်းခန်းပါတယ်။ ဒီလိုမျိုး ကားငယ်အတွက်ဆိုရင် တော်တော်ကြီးကို ကျယ်တယ်လို့ ပြောနိုင်တယ်။ အနောက် လူစီးခန်းက သိပ်ကြီးမကျယ်လှပေမယ့် ကျဉ်းကျဉ်းကျုတ်ကျုတ်တော့ မရှိလှဘူး။ အလယ်ခုံမှာပါ ထိုင်မယ်ဆိုရင်တော့ ကျပ်တယ်။ သူ့ထက်စာရင် Suzuki ရဲ့ Vitara မှာက ပိုကောင်းတဲ့ နောက်ခုံတန်းပါဝင်ပါတယ်။ အတွင်းခန်းနဲ့ပတ်သက်ပြီးခြုံပြောရရင်တော့ လက်ခံနိုင်လောက်စရာရှိအောင် ကျယ်တယ်။ Glovebox ကလည်းတော်တော်ဆံ့တယ်။ အရှေ့နှစ်ခုံအကြားအလယ်မှာလည်း လက်တင်တန်းနဲ့ box တစ်ခုပါ ပါသေးတယ်။ တစ်ခုရှိတာက တံခါးဘောင်တွေမှာပါတဲ့ ရေဘူးထည့်တန်းကတော့ သေးတယ်။ ရေသန့်ဘူးသေးလောက်ပဲ ထည့်လို့ဆံ့မှာပါ။
အနောက်ပစ္စည်းထားခန်းကတော့ ပုံမှန်ဆိုရင် 377-litres ဝင်ဆံ့ပါတယ်။ ခုံအပြည့်နဲ့ပါ။ ဒါပေမယ့် အထင်ကြီးစရာကောင်းတာတစ်ခုက အနောက်ခုံတန်းကို ရှေ့တိုးပြီး 445-litres ထိဝင်ဆံ့အောင် လုပ်လို့ရတာပါ။ ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ 1,235-litres အထိဝင်ဆံ့ပါတယ်။ မကောင်းတာတစ်ခုကတော့ boot မှာ ချိတ်စရာပြုစရာ ချိတ်တွေ၊ ညှပ်စရာ ဆန်ကာတွေ မပါဝင်ခြင်းပါ။

မောင်းနှင်မှု

အင်ဂျင်ပိုင်းမှာတော့ ဓါတ်ဆီ/ဒီဇယ် ရွေးချယ်စရာရှိတယ်။ 90hp ၊ 0.9-litre ဓါတ်ဆီအင်ဂျင်ကတော့ ဆီစားအထူးသက်သာပြီး မြို့တွင်းမောင်းရာမှာတော့ တော်တော်လေးအဆင်ပြေတယ်။ Five-speed gearbox နဲ့မလို့ အင်ဂျင်သံဆူညံခြင်းကနေ ထိန်းပေးနိုင်ပေမယ့် လျင်မြန်မှုအပိုင်းကတော့ ပါဝါနည်းတဲ့ အင်ဂျင်ဖြစ်တဲ့အတွက် အားရစရာတော့ မရှိပါဘူး။
90hp ၊ 1.5-litre ဒီဇယ်အင်ဂျင်ကတော့ မြို့တွင်းမြို့ပြင်မောင်းဖို့ ပိုပြီး လက်တွေ့ကျတဲ့ အင်ဂျင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စက်သံတဂျုတ်ဂျုတ်တော့ မြည်တာပေါ့လေ။ ဆီစားနှုန်းပိုသက်သာတာကတော့ ကောင်းတဲ့အချက်ပါ။
မောင်းကြည့်ရသလောက်တော့ Renault Captur ဟာ မြို့ထဲမောင်းဖို့ အကောင်းဆုံး ကားတစ်စီးလို့ ခံစားမိပါတယ်။ အောက်ပိုင်းမြှင့်ထားတဲ့ ကားတစ်စီးဖြစ်တဲ့အတွက် ချိုင့်တွေ၊ ကမူအသေးစားတွေ (ကျွန်တော်တို့နိုင်ငံအတွက်တော့ slow down အမြင့်စားကြီးတွေ) အတွက် အေးဆေးပါပဲ။ အရှိန်ကြီးနဲ့တော့ ဖြတ်မမောင်းနဲ့ပေါ့။
မြင်ကွင်းပိုင်းအနေနဲ့ကတော့ အရှေ့လေကာမှန်က မြင်ကွင်းကောင်းပါတယ်။ လေကာမှန်နဲ့ ဘေးမှန်တွေကြားထဲက ဘောင်က အကြီးကြီးမဟုတ်ဘူးဆိုရင် ပိုမိုရှင်းလင်းတဲ့ မြင်ကွင်းကို ရရှိနိုင်တယ်။ အနောက်မှန်ကတော့ ရှိရမယ့် အကျယ်အဝန်းထက် ငယ်ပါတယ်။ ဒါကြောင့်မလို့ မြို့တွင်းမှာ သွက်သွက်လက်လက်မောင်းဖို့ဆိုရင်တော့ သတိပိုထားပြီး မောင်းရမယ့်ပုံစံမှာရှိပါတယ်။
တကယ်တော့ Renault Captur ကိုမောင်းရတာဟာ မိသားစုစီးကားအသေးကို ကုလားမခြေထောက်ခုပြီး မောင်းရသလိုမျိုးပါပဲ။ ခပ်မြင့်မြင့် မိသားစုကားအသေးမောင်းရသလိုမျိုးပေါ့။ Steering ကတော့ သေးငယ်ပေါ့ပါးပြီး အကွေ့တွေမှာလည်း ကားကိုကောင်းကောင်း ထိန်းချုပ်နိုင်တာတွေ့ရတယ်။ ခွေမှာ လက်ကိုင်စရာ နေရာအများအပြားပါတာကတော့ ပြိုင်ကားပုံစံလိုမျိုးဖြစ်သွားတယ်။

ပါဝင်တဲ့အချက်တွေ

Trim အနေနဲ့ Renault Captur မှာ Play ၊ Iconic ၊ GT Line ၊ S Edition ဆိုပြီး ၄ မျိုးရှိပါတယ်။

Play

အခြေခံ trim ပါ။ ဈေးအသက်သာဆုံးဖြစ်ပြီး ၁၆ လက်မ အလွိုင်းခွေ၊ keyless entry ၊ cruise control ၊ automatic lights နဲ့ wipers တွေပါဝင်ပါတယ်။ လေအေးစက်အရည်အသွေးက ကောင်းမွန်ပြီး DAB infotainment စနစ်နဲ့ပါ။ မြေပုံတွေ၊ သီချင်းတွေအတွက် ဖုန်းနဲ့ဆက်သွယ်လို့ရပါတယ်။
အခြေခံအနေနဲ့ အင်ဂျင်က နှစ်မျိုးပါ။ 0.9L ဓါတ်ဆီ 90hp ထွက်တဲ့ 0.9 TCE 90 နဲ့ 1.5L ဒီဇယ် 90hp ထွက်တဲ့ 1.5 DCI 90 ရယ်ပါ။ Manual gearbox တွေနဲ့ချည်းဖြစ်ပြီး ဆီစားနှုန်းအနေနဲ့ ဓါတ်ဆီဆိုရင် 52mpg နဲ့ ဒီဇယ်ဆိုရင် 67mpg အထိရရှိနိုင်တယ်ဆိုပြီး Renault ကဆိုထားပါတယ်။ လက်တွေ့မှာတော့ 42kml နဲ့ 57kml လောက်အထိတော့ ရနိုင်မှာပါ။

Iconic

၁၇ လက်မ အလွိုင်းခွေနဲ့ Iconic ကတော့ Play ထက်ပိုလန်းသွားပါပြီ။ ဈေးကလည်း နည်းနည်းပိုကောင်းသွားတာကို။ အနောက် parking sensors တွေပါလာပြီး ၇ လက်မ infotainment စနစ်နဲ့ဖြစ်သွားပါပြီ။ ဂြိုဟ်တုလမ်းညွှန်လည်း တစ်ပါတည်း ပါလာပါပြီ။
အင်ဂျင်ပိုင်းမှာလည်း ရွေးချယ်စရာက ၅ မျိုးဖြစ်သွားပါတယ်။ ထပ်ဆောင်း ရွေးချယ်စရာ အင်ဂျင် ၃ မျိုးကတော့ manual gearbox နဲ့ 1.3L ဓါတ်ဆီ 130hp ထွက်တဲ့ 1.3 TCE 130 အင်ဂျင်ရယ်၊ automatic gearbox တွေအနေနဲ့ 1.5L ဒီဇယ် 90hp ထွက်တဲ့ 1.5 DCI 90 EDC ရယ် 1.3L ဓါတ်ဆီ 150hp ထွက်တဲ့ 1.3 TCE 150 EDC အင်ဂျင်ရယ်ပါ။

GT Line

GT Line ကတော့ ငွေရောင် skid plates တွေ၊ ဘေးခြေနင်းတွေ အပြည့်အစုံပါလာပါပြီ။ အနောက်ကြည့် ကင်မရာ၊ အလိုအလျောက် ပါကင်ထိုးတဲ့စနစ်၊ blind spot အထောက်အပံ့တွေပိုပါလာမှာဖြစ်ပြီး အတွင်းခန်းမှာတော့ အပူပေးနိုင်တဲ့ ထိုင်ခုံ၊ အလူမီနီယမ် ခြေနင်းတွေ၊ R-Link infotainment စနစ်နဲ့ဖြစ်သွားပါပြီ။ R-Link infotainment စနစ်ကတော့ features အသစ်တွေကို download လုပ်ပေးနိုင်စွမ်းရှိပါတယ်။
အင်ဂျင်ရွေးချယ်စရာကတော့ Iconic နဲ့အတူတူပါပဲ။ ၅ မျိုးပါ။

S Edition

S Edition trim ကတော့ Captur မှာ အကောင်းဆုံး trim ပါပဲ။ အမွှေးပွအနည်းငယ်ပါတဲ့ faux-suede ထိုင်ခုံတွေနဲ့ဆိုတော့ ဇိမ်ကျတဲ့အထဲကိုတောင်မှ ပါလာတဲ့ trim ပါ။ ကျန်တာတွေကတော့ သိပ်ကွာခြားမှုမရှိလှပေမယ့် အင်ဂျင်ပိုင်းမှာတော့ နည်းနည်းကွာသွားပါတယ်။
Manual gearbox နဲ့က 1.3L ဓါတ်ဆီ 130hp ထွက်တဲ့ 1.3 TCE 130 အင်ဂျင်ရယ် 90hp ထွက်တဲ့ 1.5L ဒီဇယ် 1.5 DCI 90 ရယ်ဆိုပြီးနှစ်မျိုးထဲက ရွေးချယ်နိုင်ပြီး automatic gearbox နဲ့ဆိုရင် ဓါတ်ဆီအတွက် 1.3L 150hp ထွက်တဲ့ 1.3 TCE 150 EDC နဲ့ ဒီဇယ်အတွက်ဆိုရင် 90hp ထွက်တဲ့ 1.5L 1.5 DCI 90 EDC ရယ်ဆိုပြီး နှစ်မျိုးထဲက ရွေးချယ်ရမှာပါ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Renault Captur Review (International) by Mat Watson

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »