ယာဥ္အႏၱရာယ္ရွိသျဖင့္ Toyota ကုမၸဏီမွ US ထုတ္ RAV4 ကား 760,000 ေက်ာ္၊ Lexus HS 250h ကား 18,000 ေက်ာ္ ကို ျပန္လည္အပ္ႏွံရန္ေခၚယူျခင္း

တိုယိုတာ ကုမၸဏီသည္ United States တြင္ ေရာင္းခ်ထားေသာ သူ၏ RAV4 ကားေပါင္း ၇၆၀၀၀၀ ေက်ာ္နဲ႕ Lexus HS 250h Hybrid Compact Sedan ေပါင္း ၁၈၀၀၀ ေက်ာ္ကို စက္ရံုသို႕ျပန္လည္အပ္ႏွင္းရန္ ဗုဒၶဟူးေန႕တြင္ေၾကျငာလိုက္သည္။ ျပႆနာမွာ အေနာက္ Suspension ၏ ေဒါက္တစ္ခုတြင္ ေဆြးေျမ႕ပ်က္စီးမႈျဖစ္ကာ ျပဳတ္ထြက္ႏိုင္သည့္ေဘးအႏၱရာယ္ရွိေနျခင္းေၾကာင့္ျဖစ္သည္။ affect ျဖစ္သည့္ကားေမာ္ဒယ္မ်ားမွာ RAV4 2006 မွ 2011 ေမာ္ဒယ္အထိျဖစ္ၿပီး၊ Lexus HS250h 2010 ေမာ္ဒယ္မ်ားျဖစ္ေၾကာင္းသိရွိရသည္။

တိုယိုတာကုမၸဏီမွ ေျပာေရးဆိုခြင့္ရွိသူ၏ အဆိုအရ wheel alignment service လုပ္ဖူးေသာကားမ်ားသာ ျပန္လည္တပ္ဆင္ခ်ိန္တြင္ Nut အခ်ိဳ႕ကို ေသခ်ာမတပ္ဆင္ထားခဲ့ပါက အထက္ပါ ေဆြးေျမ့ပ်က္စီးျပဳတ္ထြက္သည့္ အႏၱရာယ္ရွိေၾကာင္းထုတ္ေဖာ္ေျပာၾကားခဲ့သည္။ တိုယိုတာကုမၸဏီအေနျဖင့္လည္း သူ၏ Maintenance Guide ကိုျပန္လည္ ျပင္ဆင္ၿပီး အထက္ပါ ျပႆနာမ်ားမရွိေအာင္မည္သို႕ျပဳျပင္ရမည္စသည္တို႕ကိုမၾကာမီအခ်ိန္အတြင္းထုတ္ေ၀သြားမည္ဟုေျဖၾကားခဲ့သည္။

rav4sus

 

ယခုလို ယာဥ္ျပႆနာကို ဦးစြာေတြ႕ရွိခဲ့သည့္ဌာနမွ အေမရိကန္ႏိုင္ငံ National Highway Traffic Safety Administration (NHTSA) ျဖစ္သည္။ ယင္းဌာနမွ June 4 မွ စ၍ အထက္ပါျပႆနာမ်ားျဖစ္ေသာ 2006-2008 ေမာ္ဒယ္ RAV4s ၄၆၀၀၀၀ ခန္႕ကို စစ္ေဆးေလ့လာခဲ့ျခင္းမွ ဤ Rear Suspension ျပႆနာကို ေကာက္ခ်က္ခ်ႏိုင္ခဲ့ျခင္းျဖစ္သည္။ NHTSA ၏အဆိုအရ ျဖစ္ႏိုင္ေခ်အရမ္းနည္းေသာ္လည္း Rear Suspension ျပဳတ္ထြက္ပါက ယာဥ္ကိုထိန္းခ်ဳပ္မႈကင္းမဲ့သြားႏိုင္ၿပီး ေဘးအႏၱရာယ္မ်ားရွိႏိုင္ျခင္းေၾကာင့္ တိုယိုတာကုမၸဏီကို ယခုလို ကားမ်ားျပန္လည္ အပ္ႏွံစစ္ေဆးေပးရန္ ေစခိုင္းလိုက္ျခင္းျဖစ္ပါသည္။

ျမန္မာျပည္တြင္လည္း RAV4s မ်ား အင္မတန္လူၾကိဳက္မ်ားေၾကာင္း ကြ်န္ေတာ္တို႕သိရပါသည္။ သို႕ေသာ္ ကားအမ်ားစုမွာ ဂ်ပန္ႏိုင္ငံမွသြင္းထားျခင္းျဖစ္၍ ဤသတင္းေၾကာင့္ မိတ္ေဆြတို႕ စိုးရိမ္ေၾကာင့္ၾကျဖစ္ရန္မလိုပါ။ သို႕ေသာ္ - သင္၏ RAV4 သုိ႕မဟုတ္ Lexus HS250h ကို အေမရိကန္မွ သြင္းခဲ့သည္ဆိုလ်ွင္ေတာ့ စိတ္ပူရမည့္အေျခအေနတစ္ခုျဖစ္ပါသည္။

MyanmarCarsDB - Yangon - 3 Aug 2012

Reference: Reuters



Unicode Version

တိုယိုတာ ကုမ္ပဏီသည် United States တွင် ရောင်းချထားသော သူ၏ RAV4 ကားပေါင်း ၇၆ဝဝဝဝ ကျော်နဲ့ Lexus HS 250h Hybrid Compact Sedan ပေါင်း ၁၈ဝဝဝ ကျော်ကို စက်ရုံသို့ပြန်လည်အပ်နှင်းရန် ဗုဒ္ဓဟူးနေ့တွင်ကြေငြာလိုက်သည်။ ပြဿနာမှာ အနောက် Suspension ၏ ဒေါက်တစ်ခုတွင် ဆွေးမြေ့ပျက်စီးမှုဖြစ်ကာ ပြုတ်ထွက်နိုင်သည့်ဘေးအန္တရာယ်ရှိနေခြင်းကြောင့်ဖြစ်သည်။ affect ဖြစ်သည့်ကားမော်ဒယ်များမှာ RAV4 2006 မှ 2011 မော်ဒယ်အထိဖြစ်ပြီး၊ Lexus HS250h 2010 မော်ဒယ်များဖြစ်ကြောင်းသိရှိရသည်။

တိုယိုတာကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ wheel alignment service လုပ်ဖူးသောကားများသာ ပြန်လည်တပ်ဆင်ချိန်တွင် Nut အချို့ကို သေချာမတပ်ဆင်ထားခဲ့ပါက အထက်ပါ ဆွေးမြေ့ပျက်စီးပြုတ်ထွက်သည့် အန္တရာယ်ရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ တိုယိုတာကုမ္ပဏီအနေဖြင့်လည်း သူ၏ Maintenance Guide ကိုပြန်လည် ပြင်ဆင်ပြီး အထက်ပါ ပြဿနာများမရှိအောင်မည်သို့ပြုပြင်ရမည်စသည်တို့ကိုမကြာမီအချိန်အတွင်းထုတ်ဝေသွားမည်ဟုဖြေကြားခဲ့သည်။

rav4sus

 

ယခုလို ယာဉ်ပြဿနာကို ဦးစွာတွေ့ရှိခဲ့သည့်ဌာနမှ အမေရိကန်နိုင်ငံ National Highway Traffic Safety Administration (NHTSA) ဖြစ်သည်။ ယင်းဌာနမှ June 4 မှ စ၍ အထက်ပါပြဿနာများဖြစ်သော 2006-2008 မော်ဒယ် RAV4s ၄၆ဝဝဝဝ ခန့်ကို စစ်ဆေးလေ့လာခဲ့ခြင်းမှ ဤ Rear Suspension ပြဿနာကို ကောက်ချက်ချနိုင်ခဲ့ခြင်းဖြစ်သည်။ NHTSA ၏အဆိုအရ ဖြစ်နိုင်ချေအရမ်းနည်းသော်လည်း Rear Suspension ပြုတ်ထွက်ပါက ယာဉ်ကိုထိန်းချုပ်မှုကင်းမဲ့သွားနိုင်ပြီး ဘေးအန္တရာယ်များရှိနိုင်ခြင်းကြောင့် တိုယိုတာကုမ္ပဏီကို ယခုလို ကားများပြန်လည် အပ်နှံစစ်ဆေးပေးရန် စေခိုင်းလိုက်ခြင်းဖြစ်ပါသည်။

မြန်မာပြည်တွင်လည်း RAV4s များ အင်မတန်လူကြိုက်များကြောင်း ကျွန်တော်တို့သိရပါသည်။ သို့သော် ကားအများစုမှာ ဂျပန်နိုင်ငံမှသွင်းထားခြင်းဖြစ်၍ ဤသတင်းကြောင့် မိတ်ဆွေတို့ စိုးရိမ်ကြောင့်ကြဖြစ်ရန်မလိုပါ။ သို့သော် - သင်၏ RAV4 သို့မဟုတ် Lexus HS250h ကို အမေရိကန်မှ သွင်းခဲ့သည်ဆိုလျှင်တော့ စိတ်ပူရမည့်အခြေအနေတစ်ခုဖြစ်ပါသည်။

MyanmarCarsDB - Yangon - 3 Aug 2012

Reference: Reuters

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »