ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှု ရန်ကုန်မြို့ နေရာနှစ်ဆယ်တွင် စောင့်ကြပ် ဖမ်းဆီးအရေးယူမည်

ရန်ကုန်မြို့တွင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်နေမှုများအား နေရာနှစ်ဆယ်တွင် စောင့်ကြပ်ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း ‘အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံး’မှ သိရသည်။

Racing

ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှု များအား စစ်ဆေးဖမ်းဆီး ဆောင်ရွက်ရန်အတွက် ယာဉ်စစ်ပိတ်ဆို့ အဖွဲ့များ ဖွဲ့စည်း၍ ညစဉ် အဖွဲ့ ၁၀ ဖွဲ့ ဖွဲ့စည်းကာ ပြိုင်ကား ယှဉ်ပြိုင် မောင်းနှင်မှု အများဆုံးပြု လုပ်လေ့ရှိသည့်နေရာ နှစ်ဆယ် တွင် စောင့်ကြည့်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။ “ပြိုင်ကားတွေ ယှဉ်ပြိုင် မောင်းနှင်မှုက လူခြေတိတ် တဲ့ ညအချိန်တွေမှာ ဖြစ်တာများတယ်၊ ဒါကြောင့် ညပိုင်းအချိန် လူရှင်းတဲ့ ည ၁၀ နာရီကျော်ကနေ မနက် ၄ နာရီအထိ ပြိုင်ကားဖမ်းဆီးရေးအဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေး ဖမ်းဆီး မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ “ပြိုင်ကားတွေ ပြိုင်မောင်းနေတာတွေက ယာဉ် မတော် တဆမှုတွေ ဖြစ်လာနိုင်တယ်၊ လမ်းအသုံးပြုသူတွေကို ထိခိုက်စေနိုင်တယ်၊ ပြီးတော့ အုပ်စုဖွဲ့ပြီး ရာဇ၀တ်မှုကျူး လွန်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါတွေကို ကြိုတင် ကာကွယ်မှု ပြုလုပ်ပြီး တားဆီးသွားမှာဖြစ်ပါတယ်”ဟု ‘အမှတ်(၆) ယာဉ်ထိန်းရဲတပ် ခွဲဖွဲ့မှူးရုံး’မှ ရဲအုပ်ဝင်းလွင်ကဆိုသည်။ ပြိုင်ကားယှဉ်ပြိုင်မောင်းနှင်မှု များအားရွေ့လျား စနစ်ဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက်သွားခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး စစ်ဆေးဖမ်းဆီးရရှိသည့် ယာဉ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။


 

Ref : Automobile

Latest News

အမြန်​လမ်းမ​​ပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်...

Tzh ygn mdy highway5 150x150

Photo Credit အမြန်​လမ်းမ​​ကြီးပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်​အောက်​ကားများသည် ယာဉ်အန္တရယ်ဖြစ်ပွားမှူ ပိုမိုဖြစ်​​ပေါ်နိုင်​သဖြင့် တစ်​နာရီ...

Read more »

ယာဉ်မောင်းလိုင်စင်အတု...

Download 150x150

Photo Credit to Shwe Myin Thar ​မော်​​တော်​ယာဉ်​ ​မောင်းနှင်​ရာတွင်​ ယာဉ်မောင်းလိုင်စင်အတု ကိုင်​​ဆောင်အသုံးပြုနေသူများကို ​ဇူလိုင်လ...

Read more »

ခရီးသည်​တင်​ အပ်​နှံပြီး လူစီးစလစ်​များ ...

Weekly price 6 27 2017 1 150x150

Photo Credit ရန်​ကုန်​တိုင်း​ဒေသကြီး ခရီးသည်​တင်​ယာဉ်များ ​အပ်​နှံပြီး လူစီးစလစ်များလာ​သော်​လည်း အ​ရောင်းအဝယ်​မလုပ်​ဘဲ...

Read more »

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Kanyana 150x150

Photo Credit to ရွှေမြင်သာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​...

Read more »
Download Android App