fb-pageview-tracker
ယာဉ်​မှတ်​ပုံတင်​ အသစ်​ပြုလုပ်​သည့်ကားများ၊ ယာဉ်​သက်​တမ်းတိုးပြုလုပ်​သည့်​ကားများ၏ ယာဉ်​နံပတ်​ပြားတွင်​ လုံခြုံ​ရေးအဆင့်မြင့်​ QR code များ တပ်​ဆင်​ပြုလုပ်​​ပေးသွားမည်


Zawgyi






Unicode

မော်တော်ယာဉ်များတွင် တပ်ဆင်အသုံးပြုသည့် ယာဉ်အက္ခရာနံပတ်ပြားများအား အတုအပပြုလုပ်မှုမရှိစေရန် ယာဉ်မှတ်ပုံတင် အသစ်ပြုလုပ်သည့်ကားများ၊ ယာဉ်သက်တမ်းတိုးပြုလုပ်သည့်ကားများ လုပ်ငန်း လာရောက်လုပ်ဆောင်ပါက လုံခြုံရေးအဆင့်မြှင့်တင်ထားသော QR code များ တပ်ဆင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရာ၌ ယာဉ်အက္ခရာ နံပါတ်ပြားများတွင် လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်ထားသော အချက်အလက်များထပ်မံဖြည့်သွင်းထားရှိသည့် QR Code များကို ယာဉ်နံပတ်ပြား အက္ခရာ 4Q/----  မှစ၍ ဇန်နဝါရီ ၁ ရက်နေ့ မှစတင်ပြီး အသုံးပြုတပ်ဆင်ပြုလုပ်ပေးနေရာ ယာဉ်သက်တမ်းတိုး လာရောက်ပြုလုပ်သည့် ကားများကိုလည်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မော်တော်ယာဉ်နံပတ်ပြားတွေမှာ လုံခြုံရေးဆိုင်ရာအချက်အလက် QR Code တွေကို ဇန်နဝါရီ ၁ ရက်ကစပြီး အသုံးပြုနေပါတယ်။ ယာဉ်နံပါတ်ပြားတွေကို အတုအပပြုလုပ်လို့မရအောင် လုံခြုံရေး အဆင့်မြှင့် တဲ့သဘောပါ။ အခုကစ တပ်ဆင်အသုံးပြုမှာဖြစ်ပြီး ယာဉ်သက်တမ်းတိုး လာလုပ်တဲ့ကားတွေအားလုံးကိုလည်း လုံခြုံရေးမြှင့်ထားတဲ့ QR Code တွေတပ်ဆင်လုပ်ဆောင်ပေးသွားမှာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကညနမှ တရားဝင်ထုတ်ပေးထားသည့် သတ်မှတ်ထားသော ယာဉ်နံပတ်ပြား မတပ်ဆင်ထားသည့် ယာဉ်များ၊ ယာဉ်စည်းကမ်းဖောက်ဖျက်သွားလာသည့်ယာဉ်များကို စစ်ဆေးအရေးယူနေလျက်ရှိရာ ယခုလုံခြုံရေးအဆင့်မြှင့်တင်ထားသော QR Code တွင် တရားဝင်မှတ်ပုံတင်ထားသော ကားဟုတ်မဟုတ် ခွဲခြားသော စနစ်များတပ်ဆင်ထားရှိကြောင်း သိရသည်။

Latest News

ကားရှေ့မီးကြီးနဲ့ ဝါယာရှော့ အန္တရာယ်

Zawgyi Version အမျိုးသမီး တစ်ဦးမောင်းတဲ့ Honda Fit ကားလေးတစ်စီး ကားရှေ့မီးကြီး တစ်ဖက်မလာလို့ဆိုပြီး ကျနော်တို့ကားဝပ်ရှော့ ကို ရောက်လာတယ်။...

Read more »

အာမခံထားသော ကားတစ်စီး မတော်တဆမှုဖြစ်ပွားလျင် ......

Zawgyi Version ယာဉ်ကြောတွေပိတ်ဆို့ပြီး ကားအစီးရေတွေများပြားလွန်းလှတဲ့ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆမှုဆိုတာ...

Read more »

ရန်ကုန်တိုင်း စည်​ပင်​နယ်​နိမိတ်​အတွင်း...

Zawgyi Version ရန်ကုန်တိုင်းစည်​ပင်​နယ်​နိမိတ်​မြို့နယ်​များအတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုထား​သော်​လည်း လိုင်​စင်​မဲ့ဆိုင်​ကယ်​များ...

Read more »

YBS ယာဉ်လိုင်းများ နည်းပညာအသုံးပြုရာတွင်...

Zawgyi Version YBS ယာဉ်လိုင်းများ နည်းပညာအသုံးပြုရာတွင် အားနည်းနေသေးဟု ရန်ကုန်တိုင်းဒေသကြီး...

Read more »

မော်​​တော်​ယာဉ်​အားလုံး...

Zawgyi Version ​မော်​​တော်​ယာဉ်​အားလုံး အမည်​​ပြောင်း​​​​ခွန်​ပေး​ဆောင်​ခြင်းကို ကညန မှတ်​ပုံတင်​ပြုလုပ်​ရာတွင်​...

Read more »