ယာဥ္ရပ္နားရန္ ေနရာမ်ားရွားပါးမွဳႏွင့္ ရန္ကုန္ၿမိဳ႕

ယခုရက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕တစ္ဝွမ္း လမ္းေဘးကားမရပ္ရေနရာမ်ားတြင္ ရပ္ထားေသာ ကားမ်ားအား ကရိန္းျဖင့္ လိုက္လံဖယ္ရွားေနေၾကာင္းသိရွိရသည္။ အေပၚယံအားျဖင့္ၾကည့္လွ်င္ မွန္ကန္ေသာ လုပ္ေဆာင္ခ်က္ျဖစ္ေၾကာင္း မွတ္ခ်က္ခ်ရလိမ့္မည္။ သို႔ေသာ္ ယခုကဲ့သို႔ ကားမရပ္ရေနရာမ်ားတြင္ ရပ္ေနေသာ ကားမ်ားကို ကရိန္းျဖင့္ဆြဲရံုမွ်ျဖင့္ ျပသနာမွာ ေျပလည္သြားႏိုင္မည္လား။

ယခုျဖစ္ေပၚေနေသာ ကိစၥမွာ လြယ္လြယ္ကူကူေျဖရွင္း၍ ရေသာအရာမဟုတ္သည္က ေသခ်ာပါသည္။ တာဝန္ရွိသူမ်ားအေနျဖင့္ ျပသနာ၏ အရင္းအျမစ္ကို ေသခ်ာစိစစ္ၾကည့္ဖို႔လုိပါသည္။ အရင္ဦးဆံုးအေနျဖင့္ ကားမ်ားကို မည္သည့္အတြက္ေၾကာင့္ လမ္းေဘးမ်ား၊ လမ္းေပၚမ်ားတြင္ ႏွစ္ထပ္ သံုးထပ္ ရပ္နားေနရပါသလဲ။ ယဥ္ရပ္နားစရာ ေနရာမ်ား အလံုအေလာက္မရွိျခင္းက အဓိကအခက္အခဲျဖစ္ပါသည္။ ရန္ကုန္ၿမိဳ႕ကဲ့သို႔ ၿမိဳ႕ေတာ္ႀကီးတစ္ခုတြင္ ကားရပ္နားရန္ ေနရာမ်ားထည့္သြင္းတည္ေဆာက္ရန္ ယခင္ထဲက စဥ္းစားခဲ့ျခင္း မရွိခဲ့။ အထပ္နိမ့္တိုက္မ်ားေနရာတြင္ အထပ္ျမင့္တုိက္ခန္းမ်ား အစားထိုးတည္ေဆာက္ခဲ့ေသာ္လည္း ကားရပ္နားရန္ေနရာမ်ား ထည့္သြင္းတည္ေဆာက္ျခင္း မျပဳလုပ္ခဲ့ပါ။ မည္သည့္ တာဝန္ရွိသူမွလည္း ထိုကိစၥကို အေလးအနက္မထားခဲ့။ ယခုအခ်ိန္တြင္ ယာဥ္ရပ္နားရန္ ေနရာမ်ား တည္ေဆာက္ခ်င္သည္ ဆိုလွ်င္ေတာင္ ေျမေနရာ အေတာ္ကို ရွားပါးသြားၿပီျဖစ္သည္။ ေရရွည္အတြက္ ႀကိဳတင္စဥ္းစားခဲ့ျခင္းမရွိသည့္အတြက္ ယခုအခါ ျပည္သူမ်ားစြာ ဒုကၡခံစားေနၾကရၿပီျဖစ္သည္။

2893245013_c22a1050a8_o-500x375

Public car park in Singapore

အျခားႏိုင္ငံမ်ားရွိ ၿမိဳ႕ ႀကီးမ်ားတြင္ ယာဥ္ရပ္နားရန္ေနရာမ်ားကို လံုေလာက္စြာတည္ေဆာက္ေပးထားေလ့ရွိသည္။ ထို႔အတြက္ ယာဥ္မရပ္ရေနရာမ်ားတြင္ ရပ္နားလွ်င္လည္း ထိုက္တန္စြာ ျပစ္ဒဏ္ေပးေလ့ရွိသည္။ ယာဥ္ရပ္နားမည့္ေနရာအလိုက္ ရပ္နားခမ်ားကိုလည္း အမ်ိဳးမ်ိဳးသတ္မွတ္ကာ ေကာက္ခံသည္။ လူစည္ကားသည့္ ၿမိဳ႕တြင္းေနရာ၊ စီးပြားေရးအခ်က္အခ်ာက်ေသာ ေနရာမ်ားရွိ ယာဥ္ရပ္နားရန္ေနရာမ်ားတြင္ ရပ္နားခသည္ ပိုမိုေစ်းႀကီးသည္။ ထို႔အတြက္ လူစည္ကားသည့္ ေနရာမ်ားတြင္ ကားၾကပ္မွဳကို အထိုက္အေလွ်ာက္ ေလ်ာ့ခ်ႏိုင္သည္။ အမ်ားျပည္သူရပ္နားႏိုင္သည့္ ယာဥ္ရပ္နားရန္ေနရာမ်ား ရွိသည့္အတြက္ လမ္းေပၚတြင္ ကားမ်ားပိတ္ဆို႔မွဳကို အထိုက္အေလ်ာက္ ေျဖရွင္း၍ရႏိုင္သည္။

Screen-Shot-2013-11-15-at-6.36.20-PM-500x353

Singapore ႏိုင္ငံရွိ အမ်ားျပည္သူသံုး ယာဥ္ရပ္နားရန္ေနရာမ်ား

Screen-Shot-2013-11-15-at-6.47.06-PM-500x317

Sydney ၿမိဳ႕ ရွိ အမ်ားျပည္သူသံုး ယာဥ္ရပ္နားရန္ေနရာမ်ား

ယခု ရန္ကုန္ၿမိဳ႕တြင္ အမ်ားျပည္သူအတြက္ ယာဥ္ရပ္နားရန္ေနရာမ်ားမရွိေသာ္လည္း  ယာဥ္မရပ္ရေနရာမ်ား သတ္မွတ္၍ အေရးယူေနျခင္းေၾကာင့္ ကားရပ္၍ရေသာ လမ္းက်ဥ္းမ်ားတြင္ ပိုမိုပိတ္ဆို႔လာပါလိမ့္မည္။ ယာဥ္ရပ္ရန္ ေနရာလုမွဳမ်ားကို ပိုမိုျမင္ေတြ႕လာရပါမည္။ ေဆးၿမီးတိုနည္းျဖင့္ ေျဖရွင္းေနသည္မ်ားကို ျပန္လည္စဥ္းစားသင့္သည္။ ေျခေထာက္ႏွင့္ ဖိနပ္မေတာ္၍ ေျခဖေနာင့္ကို ဓါးျဖင့္ လွီးေနသည့္အေျခအေနမ်ိဳး ျဖစ္ေပၚေနသည္ဟု ထင္ျမင္မိပါသည္။



Unicode Version

ယခုရက်ပိုင်းတွင် ရန်ကုန်မြို့တစ်ဝှမ်း လမ်းဘေးကားမရပ်ရနေရာများတွင် ရပ်ထားသော ကားများအား ကရိန်းဖြင့် လိုက်လံဖယ်ရှားနေကြောင်းသိရှိရသည်။ အပေါ်ယံအားဖြင့်ကြည့်လျှင် မှန်ကန်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း မှတ်ချက်ချရလိမ့်မည်။ သို့သော် ယခုကဲ့သို့ ကားမရပ်ရနေရာများတွင် ရပ်နေသော ကားများကို ကရိန်းဖြင့်ဆွဲရုံမျှဖြင့် ပြသနာမှာ ပြေလည်သွားနိုင်မည်လား။

ယခုဖြစ်ပေါ်နေသော ကိစ္စမှာ လွယ်လွယ်ကူကူဖြေရှင်း၍ ရသောအရာမဟုတ်သည်က သေချာပါသည်။ တာဝန်ရှိသူများအနေဖြင့် ပြသနာ၏ အရင်းအမြစ်ကို သေချာစိစစ်ကြည့်ဖို့လိုပါသည်။ အရင်ဦးဆုံးအနေဖြင့် ကားများကို မည်သည့်အတွက်ကြောင့် လမ်းဘေးများ၊ လမ်းပေါ်များတွင် နှစ်ထပ် သုံးထပ် ရပ်နားနေရပါသလဲ။ ယဉ်ရပ်နားစရာ နေရာများ အလုံအလောက်မရှိခြင်းက အဓိကအခက်အခဲဖြစ်ပါသည်။ ရန်ကုန်မြို့ကဲ့သို့ မြို့တော်ကြီးတစ်ခုတွင် ကားရပ်နားရန် နေရာများထည့်သွင်းတည်ဆောက်ရန် ယခင်ထဲက စဉ်းစားခဲ့ခြင်း မရှိခဲ့။ အထပ်နိမ့်တိုက်များနေရာတွင် အထပ်မြင့်တိုက်ခန်းများ အစားထိုးတည်ဆောက်ခဲ့သော်လည်း ကားရပ်နားရန်နေရာများ ထည့်သွင်းတည်ဆောက်ခြင်း မပြုလုပ်ခဲ့ပါ။ မည်သည့် တာဝန်ရှိသူမှလည်း ထိုကိစ္စကို အလေးအနက်မထားခဲ့။ ယခုအချိန်တွင် ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်ချင်သည် ဆိုလျှင်တောင် မြေနေရာ အတော်ကို ရှားပါးသွားပြီဖြစ်သည်။ ရေရှည်အတွက် ကြိုတင်စဉ်းစားခဲ့ခြင်းမရှိသည့်အတွက် ယခုအခါ ပြည်သူများစွာ ဒုက္ခခံစားနေကြရပြီဖြစ်သည်။

2893245013_c22a1050a8_o-500x375

Public car park in Singapore

အခြားနိုင်ငံများရှိ မြို့ ကြီးများတွင် ယာဉ်ရပ်နားရန်နေရာများကို လုံလောက်စွာတည်ဆောက်ပေးထားလေ့ရှိသည်။ ထို့အတွက် ယာဉ်မရပ်ရနေရာများတွင် ရပ်နားလျှင်လည်း ထိုက်တန်စွာ ပြစ်ဒဏ်ပေးလေ့ရှိသည်။ ယာဉ်ရပ်နားမည့်နေရာအလိုက် ရပ်နားခများကိုလည်း အမျိုးမျိုးသတ်မှတ်ကာ ကောက်ခံသည်။ လူစည်ကားသည့် မြို့တွင်းနေရာ၊ စီးပွားရေးအချက်အချာကျသော နေရာများရှိ ယာဉ်ရပ်နားရန်နေရာများတွင် ရပ်နားခသည် ပိုမိုစျေးကြီးသည်။ ထို့အတွက် လူစည်ကားသည့် နေရာများတွင် ကားကြပ်မှုကို အထိုက်အလျှောက် လျော့ချနိုင်သည်။ အများပြည်သူရပ်နားနိုင်သည့် ယာဉ်ရပ်နားရန်နေရာများ ရှိသည့်အတွက် လမ်းပေါ်တွင် ကားများပိတ်ဆို့မှုကို အထိုက်အလျောက် ဖြေရှင်း၍ရနိုင်သည်။

Screen-Shot-2013-11-15-at-6.36.20-PM-500x353

Singapore နိုင်ငံရှိ အများပြည်သူသုံး ယာဉ်ရပ်နားရန်နေရာများ

Screen-Shot-2013-11-15-at-6.47.06-PM-500x317

Sydney မြို့ ရှိ အများပြည်သူသုံး ယာဉ်ရပ်နားရန်နေရာများ

ယခု ရန်ကုန်မြို့တွင် အများပြည်သူအတွက် ယာဉ်ရပ်နားရန်နေရာများမရှိသော်လည်း  ယာဉ်မရပ်ရနေရာများ သတ်မှတ်၍ အရေးယူနေခြင်းကြောင့် ကားရပ်၍ရသော လမ်းကျဉ်းများတွင် ပိုမိုပိတ်ဆို့လာပါလိမ့်မည်။ ယာဉ်ရပ်ရန် နေရာလုမှုများကို ပိုမိုမြင်တွေ့လာရပါမည်။ ဆေးမြီးတိုနည်းဖြင့် ဖြေရှင်းနေသည်များကို ပြန်လည်စဉ်းစားသင့်သည်။ ခြေထောက်နှင့် ဖိနပ်မတော်၍ ခြေဖနောင့်ကို ဓါးဖြင့် လှီးနေသည့်အခြေအနေမျိုး ဖြစ်ပေါ်နေသည်ဟု ထင်မြင်မိပါသည်။

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »