ကမ္ဘာ့အဆန်းသစ်ဆုံး ကားအမျိုးအစားများကို ပထမဆုံးအကြိမ်မိတ်ဆက်ပြသမည်

ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပပြုလုပ်မယ့် ကားပြပွဲမှာ ဆန်းသစ်တဲ့အမြင်ဒီဇိုင်းတွေနဲ့ မောင်းသူမဲ့ယာဉ်တွေကို ပြသသွားမှာ ဖြစ်တယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကTokyo Big Sight convention hall မှာ အောက်တိုဘာလ(၃၀)ရက်နေ့ကနေ့အစပြုပြီး အဲ့ဒီကားပြပွဲကိုပြုလုပ်သွားမှာပါ။ ပြသမဲ့ကားအမျိုးအစားတွေမှာတော့ကားအိတ်ဇောဓာတ်ငွေ့ထုတ်လွှတ်မှု မရှိတဲ့ယာဉ်အမျိုးအစားတွေပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီကားပြပွဲမှာ ကမ္ဘာတစ်ဝှမ်းက ကားကုမ္ပဏီပေါင်း (၁၆၀)က လာရောက်ပြသမှာ ဖြစ်ပေမဲ့ အများစုကတော့ ဂျပန်နိုင်ငံက ကားကုမ္ပဏီတွေ အများဆုံးပါဝင်တယ်လို့ လည်းသိရှိရပါတယ်။

အဲ့ဒီပြပွဲမှာ ပါဝင်ပြသမဲ့ကားတွေထဲမှာ ဟွန်ဒါကားကုမ္ပဏီက ထုတ်လုပ်တဲ့ fuel cell ယာဉ်အမျိုးအစားလည်းပါဝင်ပါတယ်။ အဲ့ဒီမော်တော်ယာဉ်ကတော့ လောင်စာဆီသိုလှောင်ရုံအတွင်းမှာ ဟိုက်ဒရိုဂျင်နဲ့ လေထဲက အောက်ဆီဂျင်ကို သိုလှောင်ထားပြီး ကားအိတ်ဇောဓာတ်ငွေ့ထုတ်လွှတ်မှု မရှိဘဲ ရေကိုသာ ထုတ်လွှတ်ပေးတဲ့ယာဉ်ဖြစ်ပါတယ်။ အဲ့ဒီယာဉ်ရဲ့ အမည်ကိုတော့ ပြပွဲအတွင်းမှာ ထုတ်ပြန်ကြေညာသွားမှာ ပါ။လောင်စာဆီသိုလှောင်ရုံအတွင်း အပြည့် သိုလှောင်ထား မယ်ဆိုရင် မိုင်ပေါင်း (၄၃၀)ကျော်ကို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်ပြသမဲ့ယာဉ်အမျိုးအစားတစ်ခုကတော့ မိုဘိုင်းဖုန်းတွေကို နှစ်သက်သဘောကျတဲ့လူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာတဲ့မော်တော်ယာဉ်ပါ။ကားရဲ့အတွင်းပိုင်းကိုတော့ ကွန်ပျူတာမျက်နှာပြင်လို ပြုလုပ်ထားပါတယ်။ အဲ့ဒီကားဟာ မောင်းသူမဲ့ယာဉ် အမျိုးအစားဖြစ်ပြီး ကားအတွင်းဖန်တီးထုတ်လုပ်ထားတဲ့ ကွန်ပျူတာမျက်နှာပြင်မှာ လူမှုကွန်ရက်အသုံးပြုမှုတွေ၊ mail စစ်ဆေးတာတွေနဲ့ အင်တာနက်အသုံးပြုမှုတွေကို လုပ်ဆောင်နိုင်တဲ့ယာဉ်အမျိုးအစား ဖြစ်ပါတယ်။

နောက်ထပ်ယာဉ်အမျိုးအစားတစ်ခုကတော့ ရိုးရှင်းပြီး ကီရိုဘီစက်ရုပ်အသေးစားပုံစံ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီယာဉ်ဟာ လူတစ်ဦးသာ လိုက်ပါစီးနင်းနိုင်မှာဖြစ်ပြီး ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ လည်းတိုယိုတာ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ အဲ့ဒီယာဉ်ကိုတော့ အပျော်တမ်းမောင်းနှင်ဖို့ ထုတ်လုပ်ထားတာပါ။ဒါ့အပြင် (၃)ယောက် လိုက်ပါစီးနင်းနိုင်ပြီး လောင်စာဆီကန်၊ အိတ်ဇောဓာတ်ငွေ့လွှတ်တဲ့ပိုက်စတဲ့ အစိတ်အပိုင်းတွေကို ကားရဲ့ အပြင်ဘက် အမြင်ကနေ ဖျောက်ထားတဲ့ကားကိုမိတ်ဆက်ပြသမှာပါ။အဲ့ကားကတော့ လမ်းတွေပေါ်မှာ မောင်းနှင်ရတာ ပိုမိုအဆင်ပြေစေအောင်ဖန်တီးထားတယ်လို့သိရပါတယ်။ တိုယိုတာအနေနဲ့ အဲ့ဒီကားကို ဈေးကွက်အတွင်း ရောင်းချသွားဖို့ အစီအစဉ်မရှိသေးဘူး။ အဲ့ဒီပြပွဲမှာကမ္ဘာ့အဆန်းသစ်ဆုံးကားအမ်ျိုးအစား (၄၂)စီး ပါဝင်မှာဖြစ်ပြီး အဲ့ဒီယာဉ်အမျိုးအစားတွေကို ပထမဆုံးအကြိမ်မိတ်ဆက်ပြသခြင်းဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Credit: MotoExpo

 

www.carsdb.com

No. 1 Car Site in Myanmar

 

Latest News

သင်္ကြန်ကာလအဝေးပြေးခရီးယာဉ်များနှင့် YBS ယာဉ်များ...

2012 yangon thingyan yelwinoo 18 150x150

သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးတွင်​ ​ပြေးဆွဲ​နေသည့်​ အဝေးပြေး ခရီးသည် တင်ယာဉ်များနှင့် YBS ယာဉ်များကို မူလသတ်မှတ် ဈေးနှုန်းထား အတိုင်း...

Read more »

စက်သုံးဆီလုပ်ငန်းများကို ...

Petrol 150x150

စက်သုံးဆီလုပ်ငန်းများကိုပြည်ပစီးပွားရေးလုပ်ငန်းရှင်များအား မကြာခင် လုပ်ကိုင်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ မြန်မာ့ရင်းနှီးမြုပ်နှံမှူ ကော်မရှင်က...

Read more »

ကညနနှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်းကို...

Car exchange auto yangon ka nya na 150x150

ကညန နှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်း ပုဂ္ဂလိကအား သတ်​မှတ်​ချက်​နဲ့အညီ ​လုပ်​ကိုင်​ခွင့်​ပြုသွားမည်​ဖြစ်​​တယ်လို့...

Read more »

ယနေ့ (၂၃.၃.၂၀၁၇) အတွက်...

Weeklyupdate23317 150x150

စလစ်ဈေး- ၁၁၃ သိန်းဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၂၁.၇ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

သင်္ကြန်​ကာလအ​ဝေး​ပြေးယာဉ်​လိုင်းများယာဉ်​စီးခတိ...

Thingyan 150x150

 မဟာသင်္ကြန်​ကာလအတွင်း ​နေရပ်​ပြန်​မည့်​ ခရီးသွားပြည်​သူများအဆင်​​ပြေစွာ သွားလာနိုင်​ရန်​နှင့်​ယခင်​နှစ်​များထက်​ ခရီးသွားလာရာတွင်...

Read more »
Download Android App