fb-pageview-tracker
တစ္ဦးခ်င္းပိုင္ယာဥ္လိုင္းမ်ားကို လက္႐ွိယာဥ္လိုင္းမွ အျခားယာဥ္လိုင္းသို ့လမ္းေၾကာင္းေျပာင္း ေျပးဆြဲခြင့္မျပဳရန္ လုပ္ေဆာင္မည္

 


Zawgyi Version

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေျပးဆြဲလ်က္႐ွိသည့္ ခရီးသည္တင္ YBS တစ္ဦးခ်င္းပိုင္ ပုဂၢလိကယာဥ္လိုင္းမ်ားအား လက္႐ွိေျပးဆြဲေနေသာ ယာဥ္လိုင္းမွ အျခားယာဥ္လိုင္းသို ့လမ္းေၾကာင္းေျပာင္း ေျပးဆြဲခြင့္မျပဳရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈအာဏာပိုင္အဖြဲ႔ (YRTA) မွသိရသည္။

ခရီးသည္တင္ တစ္ဦးခ်င္းပုဂၢလိက YBS ယာဥ္လိုင္းမ်ားကို ယာဥ္လိုင္းတစ္ခုမွ တစ္ခုသို႕ေျပာင္းလဲျခင္း၊ ယာဥ္လိုင္းလမ္းေၾကာင္းေျပာင္းလဲျခင္းမ်ားအား YRTA ထံေလွ်ာက္ထားလာပါက ခြင့္ျပဳေဆာင္ရြက္ေပးေတာ့မည္မဟုတ္ဘဲ လုပ္ငန္းလိုင္စင္သက္တမ္းတိုးလုပ္ေဆာင္ျခင္းမ်ားကိုလည္း ကုမၸဏီယာဥ္လိုင္းမ်ားႏွင့္ပူးေပါင္း၍ လုပ္ေဆာင္ရန္သတ္မွတ္ထား႐ွိသည္။

“တစ္ဦးခ်င္းပိုင္ယာဥ္လိုင္းေတြကို တျဖည္းျဖည္းပေပ်ာက္ေအာင္လုပ္ေဆာင္သြားမယ္။ တစ္ဦးခ်င္းပိုင္ယာဥ္လိုင္းေတြက သိတဲ့အတိုင္းပဲ၊ စည္းကမ္းေဖာက္ဖ်က္တာလည္း အမ်ားဆံုးျဖစ္ေနတယ္။ ဒါေၾကာင့္ တစ္ဦးခ်င္းပိုင္ယာဥ္လိုင္းေတြကို ယာဥ္လမ္းေၾကာင္းေျပာင္းလဲေျပးဆြဲဖို႔ တင္ျပလာရင္ ခြင့္ျပဳေတာ့မွာမဟုတ္ဘူး။ ယာဥ္လိုင္းကုမၸဏီေတြကေနတစ္ဆင့္ လုပ္ငန္းလိုင္စင္သက္တမ္းတိုးလုပ္တာေတြ၊ စည္ကမ္းတက်သြားလာဖို႔လုပ္တာေတြကို ကုမၸဏီယာဥ္လိုင္းေတြက အဓိက တာဝန္ယူတာေတြလုပ္ရမယ္။" ဟု အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ အာဏာပိုင္အဖြဲ႔ (YRTA) မွ တာဝန္႐ွိသူတစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕သယ္ယူပို႔ေဆာင္ေရး YBS စနစ္တြင္ တစ္ဦးခ်င္းပိုင္စနစ္မွ အမ်ားပိုင္စနစ္သို႔ ေျပာင္းလဲရန္၊ မျဖစ္မေနလုပ္ေဆာင္သြားရန္ ေျပာင္းလဲမႈမ်ားျပဳလုပ္ေနရာ ယာဥ္စီးခေပးေခ်သည့္ ကတ္စနစ္ကိုလည္း မၾကာခင္စတင္သြားမည္ျဖစ္ၿပီး လက္႐ွိတြင္ ၿမိဳ႕တြင္းခရီးသည္တင္ ယာဥ္လိုင္းေပါင္း ၁၀၀ ႏွင့္ ကားအစီးေရ ၆၀၀၀ ခန္႔ ေျပးဆြဲေနလ်က္႐ွိေၾကာင္းသိရသည္။


Unicode Version

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် YBS တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းများအား လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်းမှ အခြားယာဉ်လိုင်းသို့လမ်းကြောင်းပြောင်း ပြေးဆွဲခွင့်မပြုရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) မှသိရသည်။

ခရီးသည်တင် တစ်ဦးချင်းပုဂ္ဂလိက YBS ယာဉ်လိုင်းများကို ယာဉ်လိုင်းတစ်ခုမှ တစ်ခုသို့ပြောင်းလဲခြင်း၊ ယာဉ်လိုင်းလမ်းကြောင်းပြောင်းလဲခြင်းများအား YRTA ထံလျှောက်ထားလာပါက ခွင့်ပြုဆောင်ရွက်ပေးတော့မည်မဟုတ်ဘဲ လုပ်ငန်းလိုင်စင်သက်တမ်းတိုးလုပ်ဆောင်ခြင်းများကိုလည်း ကုမ္ပဏီယာဉ်လိုင်းများနှင့်ပူးပေါင်း၍ လုပ်ဆောင်ရန်သတ်မှတ်ထားရှိသည်။

“တစ်ဦးချင်းပိုင်ယာဉ်လိုင်းတွေကို တဖြည်းဖြည်းပပျောက်အောင်လုပ်ဆောင်သွားမယ်။ တစ်ဦးချင်းပိုင်ယာဉ်လိုင်းတွေက သိတဲ့အတိုင်းပဲ၊ စည်းကမ်းဖောက်ဖျက်တာလည်း အများဆုံးဖြစ်နေတယ်။ ဒါကြောင့် တစ်ဦးချင်းပိုင်ယာဉ်လိုင်းတွေကို ယာဉ်လမ်းကြောင်းပြောင်းလဲပြေးဆွဲဖို့ တင်ပြလာရင် ခွင့်ပြုတော့မှာမဟုတ်ဘူး။ ယာဉ်လိုင်းကုမ္ပဏီတွေကနေတစ်ဆင့် လုပ်ငန်းလိုင်စင်သက်တမ်းတိုးလုပ်တာတွေ၊ စည်ကမ်းတကျသွားလာဖို့လုပ်တာတွေကို ကုမ္ပဏီယာဉ်လိုင်းတွေက အဓိက တာဝန်ယူတာတွေလုပ်ရမယ်။" ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေး YBS စနစ်တွင် တစ်ဦးချင်းပိုင်စနစ်မှ အများပိုင်စနစ်သို့ ပြောင်းလဲရန်၊ မဖြစ်မနေလုပ်ဆောင်သွားရန် ပြောင်းလဲမှုများပြုလုပ်နေရာ ယာဉ်စီးခပေးချေသည့် ကတ်စနစ်ကိုလည်း မကြာခင်စတင်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းပေါင်း ၁၀၀ နှင့် ကားအစီးရေ ၆၀၀၀ ခန့် ပြေးဆွဲနေလျက်ရှိကြောင်းသိရသည်။

Latest News

ရန္​ကုန္​လိုင္​စင္​အားခြင္​့ျပဳ/မျပဳ...

Zawgyi Version ရန္​ကုန္​လိုင္​စင္​အား YVQC စနစ္​ျဖင္​့ ခြင္​့ျပဳ/မျပဳကို တိက်စြာ သတင္​းထုတ္​ျပန္​​ေပးရန္​ လိုအပ္​​ေနၿ​ပီး...

Read more »

ကားေဘာနက္ ဟစိ နဲ႕ heat တက္တဲ့ အယူအဆ အမွားမ်ား

Zawgyi Version အခု ရန္ကုန္က taxi တခ်ဳိ႕ car bonnet ကို lock က်ေအာင္ မပိတ္ဘဲ ဟစိေလးလုပ္ၿပီး ေမာင္းေနတာေတြ႕ရတယ္ဗ်။ အရင္က...

Read more »

Ford EcoSport Review (International)

Zawgyi Version အေမရိက က ထရပ္ကားအရုပ္ေလးေတြနဲ႕ဆင္တဲ့ small SUV Ford EcoSport ဟာ ဖ်တ္ဖ်တ္လတ္လတ္ ေမာင္းႏွင္ႏိုင္မယ့္ ကားမ်ိဳးပါ။...

Read more »

လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔

Zawgyi Version လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔။ သံျပားထူရင္ပိုမာပါတယ္။ ပိုမာလို႔ထိခိုက္ရင္ ပိုမိုေတာင့္ခံႏိုင္တယ္၊ ပိုမိုအႏၱရယ္ကင္းတယ္လို႔...

Read more »

လိုင္​စင္​မဲ့ကားမ်ားရွိ​ေနမႈကို...

Zawgyi Version ေနအိမ္​ၿခံဝန္​းမ်ားတြင္​ လိုင္​စင္​မဲ့ကားရွိ​ေနမႈမ်ားကို ထိ​ေရာက္​စြာဖမ္းဆီးႏိုင္​ရန္​အတြက္​ ဆု​ေၾကး​ေငြ​ေပး၍...

Read more »