ကိုယ်ပိုင်ယာဉ်နံပါတ်အနက်မှ အငှားယာဉ်နံပါတ်အနီသို့ ပြောင်းလဲခြင်းကို ရပ်ဆိုင်းမည်ဖြစ်သောကြောင့် စလစ်ဈေးအနည်းငယ်မြင့်တက်

ရန်ကုန်၊ သြဂုတ်-၃

ကိုယ်ပိုင်ယာဉ်နံပါတ်အနက်မှ အငှားယာဉ်နံပါတ်အနီသို့ ပြောင်းလဲခွင့်ကို ရပ်ဆိုင်းမည်ဖြစ်သောကြောင့် စလစ်ဈေးများ အနည်းငယ်မြင့်တက်သွားခဲ့ကြောင်း ယာဉ်အိုယာဉ်ဟောင်းဈေးကွက်အတွင်းမှ သိရသည်.။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အတွင်း အငှားယာဉ်များပြားလာမှုကို ထိန်းချုပ်ရန်အတွက် ကိုယ်ပိုင်ယာဉ်များကို အငှားယာဉ်အဖြစ် ပြောင်းလဲခွင့်ကို သြဂုတ်လ ၁ ရက်မှ စတင်ရပ်ဆိုင်းခဲ့သောကြောင့် စလစ်ဈေးများ အနည်းငယ်မြင့်တက်လာခဲ့သည်.။ ထို့အပြင် တက္ကစီအဖြစ်အသုံးပြုနေသည့် မြန်မာမီနီများ ပြန်လည်အပ်နှံခွင့်ပြုထားသည်ဖြစ်ရာ မြန်မာမီနီစလစ်ဈေးများလည်း မြင့်တက်လာခဲ့သည်.။

 

သြဂုတ်လမှာ ကိုယ်ပိုင်ယာဉ်တွေကို နံပါတ်အနီပြောင်းခွင့်မပေးတော့တဲ့အတွက် နံပါတ်ထွက်ပြီးသား အငှားယာဉ်တွေဈေးအနည်းငယ်မြင့်တက်သွားတယ်.။ ဒါပေမယ့် အငှားယာဉ်လိုအပ်ချက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျော်လွန်နေပြီဆိုတော့  အငှားယာဉ်ဈေးတွေ အများကြီးမြင့်တက်သွားဖို့ မရှိပါဘူး.။ ယာဉ်အိုယာဉ်ဟောင်း စလစ်တွေကတော့ ဒီရက်ပိုင်းမှာ နှစ်သိန်းအထိ မြင့်တက်သွားခဲ့ပါတယ် ဟု ကားဝယ်ရောင်းဈေးကွက်အတွင်းမှ ဝါရင့်ကားဝယ်ရောင်းတစ်ဦးက ဆိုသည်.။

 

ယာဉ်အိုယာဉ်ဟောင်းဈေးကွက်အတွင်း သြဂုတ်လ ၁ ရက်နေ့အထိ ဖြစ်ပေါ်နေသည့် စလစ်ဈေးများအရ တက္ကစီစလစ်တစ်စောင်လျှင် ကျပ် ၅၈ သိန်းဝန်းကျင်၊ သက်တမ်းနှစ် ၂၀ ကားစလစ်တစ်စောင်လျှင် ကျပ် ၆၆ သိန်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်.။

 

မင်းညီ


No. 1 Car Site in Myanmar

www.carsdb.com



Unicode Version

ရန်ကုန်၊ သြဂုတ်-၃

ကိုယ်ပိုင်ယာဉ်နံပါတ်အနက်မှ အငှားယာဉ်နံပါတ်အနီသို့ ပြောင်းလဲခွင့်ကို ရပ်ဆိုင်းမည်ဖြစ်သောကြောင့် စလစ်စျေးများ အနည်းငယ်မြင့်တက်သွားခဲ့ကြောင်း ယာဉ်အိုယာဉ်ဟောင်းစျေးကွက်အတွင်းမှ သိရသည်.။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အတွင်း အငှားယာဉ်များပြားလာမှုကို ထိန်းချုပ်ရန်အတွက် ကိုယ်ပိုင်ယာဉ်များကို အငှားယာဉ်အဖြစ် ပြောင်းလဲခွင့်ကို သြဂုတ်လ ၁ ရက်မှ စတင်ရပ်ဆိုင်းခဲ့သောကြောင့် စလစ်စျေးများ အနည်းငယ်မြင့်တက်လာခဲ့သည်.။ ထို့အပြင် တက္ကစီအဖြစ်အသုံးပြုနေသည့် မြန်မာမီနီများ ပြန်လည်အပ်နှံခွင့်ပြုထားသည်ဖြစ်ရာ မြန်မာမီနီစလစ်စျေးများလည်း မြင့်တက်လာခဲ့သည်.။

 

သြဂုတ်လမှာ ကိုယ်ပိုင်ယာဉ်တွေကို နံပါတ်အနီပြောင်းခွင့်မပေးတော့တဲ့အတွက် နံပါတ်ထွက်ပြီးသား အငှားယာဉ်တွေစျေးအနည်းငယ်မြင့်တက်သွားတယ်.။ ဒါပေမယ့် အငှားယာဉ်လိုအပ်ချက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျော်လွန်နေပြီဆိုတော့  အငှားယာဉ်စျေးတွေ အများကြီးမြင့်တက်သွားဖို့ မရှိပါဘူး.။ ယာဉ်အိုယာဉ်ဟောင်း စလစ်တွေကတော့ ဒီရက်ပိုင်းမှာ နှစ်သိန်းအထိ မြင့်တက်သွားခဲ့ပါတယ် ဟု ကားဝယ်ရောင်းစျေးကွက်အတွင်းမှ ဝါရင့်ကားဝယ်ရောင်းတစ်ဦးက ဆိုသည်.။

 

ယာဉ်အိုယာဉ်ဟောင်းစျေးကွက်အတွင်း သြဂုတ်လ ၁ ရက်နေ့အထိ ဖြစ်ပေါ်နေသည့် စလစ်စျေးများအရ တက္ကစီစလစ်တစ်စောင်လျှင် ကျပ် ၅၈ သိန်းဝန်းကျင်၊ သက်တမ်းနှစ် ၂ဝ ကားစလစ်တစ်စောင်လျှင် ကျပ် ၆၆ သိန်းဝန်းကျင် ပေါက်စျေးရှိနေကြောင်း သိရသည်.။

 

မင်းညီ

(August 8, 2015 ထုတ် Auto Car Buyers' Guide မှ ကူးယူဖော်ပြသည်)

No. 1 Car Site in Myanmar

www.carsdb.com

Latest News

city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...

Read more »

နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...

Latest news1 9 150x150

Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...

Read more »

The Pizza Company မှ သိန်း၅၀၀တန်ဖိုးရှိ...

Pizza 150x150

Zawgyi Version The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉၀၀၀ ကျပ်ဖိုး...

Read more »

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »