fb-pageview-tracker
Porsche Cayenne Review (International)


Zawgyi Version

SUV ဝယ္ဖို႕အတြက္ Porsche ရဲ့ Cayenee ကိုေရြးခ်ယ္မယ္ဆိုရင္ေတာ့ စြမ္းအားျပည့္အင္ဂ်င္၊ ညက္ေညာတဲ့ ထိန္းခ်ဳပ္မႈ၊ ေနရာက်ယ္ဝန္းျခင္းအျပင္ ဇိမ္က်မႈကိုပါ ရရွိႏိုင္မွာပါ။ လူငါးေယာက္ပဲ စီးမယ္ဆိုရင္ေတာ့ ခရီးေဝးသြားသြား၊ ျမိဳ႕ထဲေမာင္းေမာင္း သက္ေသာင့္သက္သာအျဖစ္ဆုံး ကားတစ္စီးကို ရရွိႏိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီဇင္အင္ဂ်င္ေရြးခ်ယ္စရာမရွိျခင္းနဲ႕ Android Auto မပါဝင္ျခင္းကေတာ့......

အားသာခ်က္
+ ဘယ္လို model ကိုပဲေရြးေရြး စြမ္းေဆာင္ရည္က ထိပ္တန္းျဖစ္ေနျခင္း
+ ေနရာက်ယ္ဝန္းမႈနဲ႕ အရည္အေသြးေကာင္းမြန္မႈက ထိပ္တန္းျဖစ္ေနျခင္း
+ ထိန္းခ်ဳပ္ေမာင္းႏွင္မႈအတြက္လည္း ထိပ္တန္းျဖစ္ေနျခင္း

အားနည္းခ်က္
- ဒီဇယ္အင္ဂ်င္ ေရြးခ်ယ္စရာမရွိျခင္း
- Android Auto မရရွိႏိုင္ျခင္း
- လူခုနစ္ေယာက္စီးႏိုင္ရန္ ေရြးခ်ယ္စရာမရွိျခင္း

သုံးသပ္ခ်က္

ကားဒီဇုိင္နာေတြအတြက္ အခက္အခဲေတြထဲမွာ ေထာင့္ေတြကိုဘယ္လိုခ်ိဳးမလဲဆိုတာ ပါဝင္ပါတယ္။ ေထာင့္ခ်ိဳးလွပေျပျပစ္ကာ က်ယ္ဝန္းျပီး ဇိမ္က်လွတဲ့ SUV တစ္စီးကိုလိုခ်င္တယ္ဆိုရင္ေတာ့ Porsche Cayenne ဟာ အဝယ္စာရင္းရဲ့ ဦးစားေပးေရြးခ်ယ္စရာေနရာမွာသာ ရွိေနမွာပါ။ အခုဆိုရင္ Porsche Cayenne အသစ္ဟာ တတိယမ်ိဳးဆက္အထိေတာင္ ေရာက္ရွိေနျပီး Range Rover Sport ၊ Audi Q7 ၊ BMW X5 ၊ Mercedes GLE တို႕လိုမ်ိဳး အရည္အေသြးျမင့္ အၾကီးစား SUV ေတြနဲ႕ေတာ့ အျပိဳင္ေပါ့။
တကယ္ေတာ့ Porsche အမွတ္တံဆိပ္ဟာ ျပိဳင္ကားေတြနဲ႕ နာမည္ေက်ာ္ေနတဲ့ အမွတ္တံဆိပ္ပါ။ ဒါေၾကာင့္လည္း Cayenne ရဲ့ပုံစံဟာ ျပိဳင္ကားပုံစံေတြရဲ့ ၾသဇာလႊမ္းမိုးမႈေအာက္ကို ေရာက္ရွိေနပုံရျပီး သမားရိုးက် SUV ပုံစံေတြနဲ႕ယွဥ္ၾကည့္မယ္ဆိုရင္ လွလွပပ ကြဲထြက္ေနတာလည္း ျဖစ္ပါလိမ့္မယ္။
အတြင္းခန္းပုံစံကလည္း sport type ပုံစံမ်ိဳးပါပဲ။ ယာဥ္ေမာင္းသူထုိင္ခုံဟာ သာမန္ SUV ေတြထက္စာရင္ အနည္းငယ္နိမ့္ျပီး Cayenne ရဲ့ steering ဘီးကလည္း လုံးဝ sport type ပုံစံပါ။ အလယ္က infotainment ခလုတ္ခုံကေတာ့ ယာဥ္ေမာင္းသူထုိင္ခုံနဲ႕ ေဘးကလိုက္ပါစီးနင္းသူထုိင္ခုံကို ခြဲျခားေပးထားတယ္လို႕ ေျပာလို႕ရႏုိင္တဲ့အထိ ၾကီးမားပါတယ္။ ၾကိဳက္မိတဲ့အခ်က္ကေတာ့ ပစၥည္းအားလုံးရဲ့ အရည္အေသြးပါ။ အားလုံး ထိပ္တန္းခ်ည္းပါပဲ။ Dashboard မွာသုံးထားတဲ့ သားေရေတြ၊ သတၳဳ steering နဲ႕ ေျခနင္းေတြ၊ တံခါးလက္ကိုင္ေတြ၊ ဘာေတြပဲျဖစ္ျဖစ္၊ အရည္အေသြးျမင့္ျမင့္နဲ႕ အသုံးျပဳႏိုင္မွာျဖစ္တဲ့အတြက္ တကယ့္ကိုေက်နပ္စရာအတိပါ။
ကားရဲ့ ပုံစံကလည္း ေျပျပစ္ညက္ေညာလွပမႈရွိျပီး အရည္အေသြးျမင့္အတြင္းခန္းကိုပိုင္ဆိုင္ထားတဲ့ Porsche Cayenne အသစ္ကိုအတိုခ်ံဳးျပီး သုံးသပ္ရမယ္ဆိုရင္ေတာ့ ေငြေၾကးေဖာေဖာသီသီသုံးစြဲကာ SUV ေကာင္းေကာင္းစီးခ်င္တဲ့သူေတြအတြက္ေတာ့ အေကာင္းဆုံးေရြးခ်ယ္မႈထဲက တစ္ခုျဖစ္မွာေသခ်ကာပါတယ္။ လွပေျပျပစ္တဲ့ ေထာင့္ခ်ိဳးေတြကိုပိုင္ဆိုင္ထားတယ္။ ျမန္ဆန္ျပီး ဇိမ္က်တယ္။ အံ့ၾသသင့္ဖြယ္ရာ ႏူးညံ့မႈရွိျပီး အသုံးျပဳရမွာလည္း စိတ္ခ်မ္းသာစရာေကာင္းေလာက္ေအာင္ လက္ေတြ႕က်လွပါတယ္။

အတြင္းခန္း

ေဈးေပါတဲ့ ပလတ္စတစ္အသားေတြနဲ႕ ခပ္ၾကမ္းၾကမ္း trim ေတြကိုေတာ့ Porsche Cayenne ရဲ့ လက္ရာေျမာက္ အတြင္းခန္းမွာ မရရွိႏိုင္ပါဘူး။ ဒါေပမယ့္ အားနည္းခ်က္တစ္ခုကေတာ့ Android Auto မပါဝင္ျခင္းပါ။
Porsche Cayenne ထဲကိုဝင္ထိုင္ရတာဟာ SUV တစ္စီးထက္စာရင္ ျပိဳင္ကားတစ္စီးထဲကို ဝင္ထိုင္ရတဲ့ ခံစားခ်က္မ်ိဳးကို ရရွိေစတယ္။ ဗဟိုခလုတ္ခုံကလည္း အၾကီးၾကီးပါ။ ေျပာရမယ္ဆိုရင္ ပိုးအိမ္ထဲကို ဝင္ထုိင္လိုက္ရသလိုမ်ိဳး ႏူးညံ့ျပီး အံဝင္ခြင္က်မႈအရသာကို ရရွိေစတယ္။
ၾကီးမားတဲ့ infotainment စနစ္ဟာလည္း ေတာ္ေတာ္ၾကီးကို ေကာင္းမြန္လွျပီး ျပတ္သားၾကည္လင္မႈလည္းရွိတယ္။ ကားအတြင္းက စနစ္ေတြအားလုံးနီးပါးကို ဒီ infotainment မ်က္ႏွာျပင္ကေနျပီး ထိန္းခ်ဳပ္လို႕ရတယ္။ Touch မ်က္ႏွာျပင္ရဲ့ တုန္႕ျပန္မႈကလည္း ျမန္ဆန္တဲ့အတြက္ အသုံးျပဳရာမွာ ေတာ္ေတာ္ေလး အဆင္ေျပတာေတြ႕ရတယ္။ ဒီ screen ကိုအသုံးမျပဳခ်င္သူေတြအတြက္ ခလုတ္ေတြလည္းပါဝင္တာမလို႕ အသက္အရြယ္ၾကီးရင့္သူေတြနဲ႕လည္း အဆင္ေျပတယ္လို႕ ေျပာလို႕ရတယ္။ Touch display နဲ႕ ရိုးရိုးအတိုးအေလ်ာ့ဘီးေတြပါဝင္မႈကေတာ့ Mercedes GLE Coupe လိုမ်ိဳးအသုံးျပဳရာမွာ ပိုမိုေခ်ာေမြ႕ေစေပမယ့္ Cayenne မွာေတာ့ ခလုတ္ေတြက နည္းနည္းေလးေသးတယ္လို႕ခံစားမိပါတယ္။ Climate control အဖြင့္အပိတ္ခလုတ္ထားတဲ့ေနရာဟာ အလြယ္တကူလက္လွမ္းမီတဲ့ေနရာမွာရွိလာတာကေတာ့ သိပ္ေကာင္းပါတယ္။
ေနာက္တစ္ခုက ယာဥ္ေမာင္းသူ display ပါ။ ႏွစ္ခုပါဝင္ပါတယ္။ ၾကည္လင္ျပတ္သားတယ္။ ဒါေပမယ့္ ျဂိဳဟ္တုလမ္းညႊန္ကိုအသုံးျပဳၾကည့္ရာမွာေတာ့ Audi Q8 နဲ႕ Range Rover Sport တို႕ေလာက္ ရွင္းလင္းမႈမရွိလွဘူး။ တကယ္လို႕ ခင္ဗ်ားဟာ Porsche Cayenne ရဲ့ တစ္ပါတည္းပါဝင္တဲ့ ျဂိဳဟ္တုလမ္းညႊန္ကို အသုံးမျပဳခ်င္ဘူး၊ ကိုယ့္ smartphone က sat-nav ကိုပဲသုံးခ်င္တဲ့သူဆိုရင္ေတာ့ iPhone အသုံးျပဳသူျဖစ္မွ ရမွာပါ။ Apple CarPlay သာပါဝင္တာမလို႕ျဖစ္ပါတယ္။ iPhone နဲ႕ လြယ္ကူေခ်ာေမြ႕စြာ ခ်ိတ္ဆက္ႏုိင္ေပမယ့္ Cayenne ရဲ့ touchscreen မ်က္ႏွာျပင္အခ်ိဳးက ပိုၾကီးတဲ့အတြက္ ဖုန္းနဲ႕ခ်ိတ္ဆက္ထားခ်ိန္ screen ရဲ့အနားသတ္ေတြမွာ ေနရာလြတ္ေတြေတာ့ ေတြ႕ရပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ Android Auto မပါဝင္မႈပါပဲ။

လက္ေတြ႕ဆိုရင္

တကယ္ေတာ့ Cayenne ဟာ sporty ပိုဆန္တဲ့ SUVs ေတြထဲက တစ္စီးျဖစ္ေပမယ့္ ဝယ္ယူစီးနင္းရာမွာေတာ့ လက္ေတြ႕က်လွတဲ့ ကားတစ္စီးလည္း ျဖစ္ေနျပန္ပါတယ္။ လိုက္ပါစီးနင္းတဲ့သူေတြ ဘယ္လိုအရြယ္အစားအတြက္ကိုမဆို လုံေလာက္တဲ့ေနရာပါရွိတဲ့အျပင္ အေနာက္ ပစၥည္းထားခန္းကလည္း အေတာ္က်ယ္တယ္လို႕ေျပာလို႕ရတယ္။
အေနာက္ပစၥည္းထားခန္း ဝင္ဆံ့မႈက အေနာက္ခုံေတြပါရင္ 745-770 litres ေလာက္အထိရွိျပီး အေနာက္ခုံေတြလွဲထားရင္ 1,680-1,710 litres ေလာက္အထိရွိတဲ့အတြက္ ဝင္ဆံ့မႈမ်ားတဲ့ SUVs ေတြထဲမွာ ပါဝင္ပါတယ္။
Porsche Cayenne ရဲ့အတြင္းခန္းက အရပ္အရမ္းျမင့္တဲ့သူေတြပါရင္ေတာင္မွ သက္ေသာင့္သက္သာနဲ႕ လိုက္ပါစီးနင္းလို႕ရေအာင္ က်ယ္ဝန္းတာပါ။ အေရွ႕ထိုင္ခုံေတြက electric စနစ္နဲ႕ ယာဥ္ေမာင္းေနခ်ိန္ခုံပုံစံ ၈ မ်ိဳးအထိ ခ်ိန္ညွိႏိုင္တဲ့အျပင္ အားလုံးေပါင္းလ်င္ ၁၈ မ်ိဳးအထိခ်ိန္ညွိႏိုင္တဲ့အတြက္ ေယာဂ ပုံစံတခ်ိဳ႕အေနအထားအတိုင္းေတာင္မွ ထိုင္ႏုိင္မယ့္အေနအထားမ်ိဳး။ Lumbar support လည္းပါဝင္တဲ့အတြက္ ခါးေညာင္းခါနာတာေတြကို သက္သာရာရေစမွာေတာ့ အမွန္ပါပဲ။ အေနာက္ခုံမွာလိုက္ပါစီးနင္းမယ့္သူေတြအတြက္လည္း ေနရာက်ယ္က်ယ္ဝန္းဝန္းရွိတဲ့အျပင္ ဇိမ္နဲ႕ထိုင္စီးလို႕ရတဲ့အတြက္ သူတို႕ဆီက ဘာေဝဖန္မႈကိုမွ ၾကားရမွာမဟုတ္ပါဘူူး။
ေနာက္ထပ္ က်ယ္ဝန္းတဲ့အရာကေတာ့ တံခါးေပါက္ေတြပါ။ တံခါးေပါက္ေတြက်ယ္တဲ့အတြက္ အဝင္အထြက္ လြတ္လပ္မႈရွိတဲ့အျပင္ ကေလးခုံေတြ ဘာေတြပါ အလြယ္တကူ အတင္အခ်လုပ္လို႕ရပါတယ္။ ကေလးခုံဆိုလို႕ အဲဒီခုံကိုလည္း လြယ္လြယ္ကူကူနဲ႕ lock ျပဳလုပ္တပ္ဆင္ႏုိင္တာကိုေတြ႕ရပါတယ္။ သေဘာကေတာ့ ကားေမာင္းတဲ့သူေရာ၊ လိုက္ပါစီးနင္းမယ့္သူေတြေရာ၊ ကေလးငယ္ေတြအတြက္ေရာ၊ တစ္ပါတည္းပါလာမယ့္ ပစၥည္းေတြအတြက္ပါ လက္ေတြ႕က်လွတဲ့ အရည္အေသြးျမင့္ SUV တစ္စီးပါ။

ေမာင္းႏွင္မႈ

ပထမဆုံးအခ်က္အေနနဲ႕ Porsche Cayenne မွာ ဒီဇယ္အင္ဂ်င္မရွိပါဘူး။ အေျခခံ Standard trim မွာက 340hp အထိထြက္ရွိတဲ့ 3.0-litre V6 ဓါတ္ဆီအင္ဂ်င္၊ S trim မွာေတာ့ 440hp အထိထြက္ရွိမယ့္ 2.9-litre V6 အင္ဂ်င္နဲ႕ Turbo trim အတြက္ဆိုရင္ေတာ့ 550hp အထိေတာင္မွ ထြက္ရွိႏိုင္မယ့္ V8 အင္ဂ်င္နဲ႕ပါ။ Turbo အင္ဂ်င္နဲ႕ Porsche Cayenne ကို အမီလိုက္ႏိုင္မယ့္ SUVs ေတြက ေတာ္ေတာ္ေတာ့ ရွားပါလိမ့္မယ္။ 0-62mph ႏႈန္းကိုရဖို႕ ၄.၁ စကၠန္႕အခ်ိန္ပဲလိုမွာပါ။ Trim တိုင္းအတြက္ e-Hybrid plug-in hybrid အင္ဂ်င္ေတြကိုလည္း ေရြးခ်ယ္စရာရွိေနပါေသးတယ္။
လက္ေတြ႕တက္မေမာင္းခင္ ေမွ်ာ္လင့္မိတာကေတာ့ ဒီလို အရည္အေသြးျမင့္ ၾကီးမားတဲ့ ဇိမ္ခံ SUV အေနနဲ႕ တိတ္တိတ္ဆိတ္ဆိတ္ သက္ေသာင့္သက္သာ ေမာင္းႏွင္ႏုိင္လိမ့္မယ္လို႕ ေမွ်ာ္လင့္ထားတာပါ။ ဒါေပမယ့္ အပိုဆုအေနနဲ႕ရရွိလိုက္တာကေတာ့ Cayenne ကိုေမာင္းရတာဟာ ေပ်ာ္စရာေကာင္းလွတဲ့ ခံစားမႈကိုလည္း ရရွိေစပါတယ္။ ဒီလိုေပ်ာ္စရာေကာင္းတာဟာ က်န္တဲ့အပိုင္းေတြျပီးျပည့္စုံျပီး ျမင့္မားတဲ့အရွိန္မွာ ေပါ့ေပါ့ပါးပါး ထိန္းခ်ဳပ္ႏိုင္လို႕ျဖစ္ပါလိမ့္မယ္။
Suspension မွာေတာ့ standard နဲ႕ adaptive air ဆိုျပီးႏွစ္မ်ိဳး ေရြးခ်ယ္စရာရွိပါတယ္။ Standard မွာေတာင္ ေအာက္ပိုင္းဟာ မာေက်ာျပီး ေတာ္ေတာ္ၾကီးကိုသက္ေသာင့္သက္သာျဖစ္ေနပါျပီ။ Adaptive air ဆိုရင္ေတာ့ ျမိဳ႕တြင္း၊ ျမိဳ႕ျပင္ ဘယ္ေနရာမွာေမာင္းေမာင္း ေမာင္းရတာ ဇိမ္က်လွျပီး Porsche ရဲ့ Dynamic Chassic Control နဲ႕ပါရမွာပါ။
ျခံဳငုံေျပာရမယ္ဆိုရင္ေတာ့ အင္ဂ်င္ပါဝါအားေကာင္းတဲ့ ကားျဖစ္တဲ့အတြက္ အားေကာင္းမယ္၊ ေမာင္းရတဲ့ေနရာမွာ သက္ေသာင့္သက္သာအထူးရွိမယ္။ ဒါေပမယ့္ ဆီစားႏႈန္းေတာ့ ျမင့္ပါလိမ့္မယ္။

ပါဝင္တဲ့အခ်က္ေတြ

Trim အေနနဲ႕ကေတာ့ Porsche Cayenne မွာ Standard trim ၊ S trim နဲ႕ Turbo trim ဆိုျပီး သုံးမ်ိဳးရွိပါတယ္။ Standard trim ကေတာ့ ေဈးႏႈန္းအားျဖင့္ အနည္းဆုံးျဖစ္ျပီး S trim နဲ႕ ေဒၚလာ တစ္ေသာင္းဝန္းက်င္ကြာျခားေပမယ့္ Turbo trim ဆိုရင္ေတာ့ Standard trim ရဲ့ ေဈးႏႈန္းႏွစ္ဆေလာက္အထိရွိပါတယ္။

ေနာက္ဆုံးအေနနဲ႕ကေတာ့ ရွည္ရွည္ေဝးေဝးေတြေျပာေနစရာမလိုပါဘူး။ ဒါဟာ Porsche ပါ။ ဒီအမွတ္တံဆိပ္မွာပဲ သူ႕ရဲ့ ဂုဏ္ျဒပ္ေတြနဲ႕အရည္အေသြးေတြက ေပ်ာ္ဝင္လို႕ေနလ်က္ပါ။

 

စာေရးသူ : စိုင္းဆိုင္(ရန္ကုန္)
Ref: New Porsche Cayenne by Mat Watson


Unicode Version

SUV ဝယ်ဖို့အတွက် Porsche ရဲ့ Cayenee ကိုရွေးချယ်မယ်ဆိုရင်တော့ စွမ်းအားပြည့်အင်ဂျင်၊ ညက်ညောတဲ့ ထိန်းချုပ်မှု၊ နေရာကျယ်ဝန်းခြင်းအပြင် ဇိမ်ကျမှုကိုပါ ရရှိနိုင်မှာပါ။ လူငါးယောက်ပဲ စီးမယ်ဆိုရင်တော့ ခရီးဝေးသွားသွား၊ မြို့ထဲမောင်းမောင်း သက်သောင့်သက်သာအဖြစ်ဆုံး ကားတစ်စီးကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇင်အင်ဂျင်ရွေးချယ်စရာမရှိခြင်းနဲ့ Android Auto မပါဝင်ခြင်းကတော့......

အားသာချက်
+ ဘယ်လို model ကိုပဲရွေးရွေး စွမ်းဆောင်ရည်က ထိပ်တန်းဖြစ်နေခြင်း
+ နေရာကျယ်ဝန်းမှုနဲ့ အရည်အသွေးကောင်းမွန်မှုက ထိပ်တန်းဖြစ်နေခြင်း
+ ထိန်းချုပ်မောင်းနှင်မှုအတွက်လည်း ထိပ်တန်းဖြစ်နေခြင်း

အားနည်းချက်
- ဒီဇယ်အင်ဂျင် ရွေးချယ်စရာမရှိခြင်း
- Android Auto မရရှိနိုင်ခြင်း
- လူခုနစ်ယောက်စီးနိုင်ရန် ရွေးချယ်စရာမရှိခြင်း

သုံးသပ်ချက်

 

ကားဒီဇိုင်နာတွေအတွက် အခက်အခဲတွေထဲမှာ ထောင့်တွေကိုဘယ်လိုချိုးမလဲဆိုတာ ပါဝင်ပါတယ်။ ထောင့်ချိုးလှပပြေပြစ်ကာ ကျယ်ဝန်းပြီး ဇိမ်ကျလှတဲ့ SUV တစ်စီးကိုလိုချင်တယ်ဆိုရင်တော့ Porsche Cayenne ဟာ အဝယ်စာရင်းရဲ့ ဦးစားပေးရွေးချယ်စရာနေရာမှာသာ ရှိနေမှာပါ။ အခုဆိုရင် Porsche Cayenne အသစ်ဟာ တတိယမျိုးဆက်အထိတောင် ရောက်ရှိနေပြီး Range Rover Sport ၊ Audi Q7 ၊ BMW X5 ၊ Mercedes GLE တို့လိုမျိုး အရည်အသွေးမြင့် အကြီးစား SUV တွေနဲ့တော့ အပြိုင်ပေါ့။
တကယ်တော့ Porsche အမှတ်တံဆိပ်ဟာ ပြိုင်ကားတွေနဲ့ နာမည်ကျော်နေတဲ့ အမှတ်တံဆိပ်ပါ။ ဒါကြောင့်လည်း Cayenne ရဲ့ပုံစံဟာ ပြိုင်ကားပုံစံတွေရဲ့ သြဇာလွှမ်းမိုးမှုအောက်ကို ရောက်ရှိနေပုံရပြီး သမားရိုးကျ SUV ပုံစံတွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် လှလှပပ ကွဲထွက်နေတာလည်း ဖြစ်ပါလိမ့်မယ်။
အတွင်းခန်းပုံစံကလည်း sport type ပုံစံမျိုးပါပဲ။ ယာဉ်မောင်းသူထိုင်ခုံဟာ သာမန် SUV တွေထက်စာရင် အနည်းငယ်နိမ့်ပြီး Cayenne ရဲ့ steering ဘီးကလည်း လုံးဝ sport type ပုံစံပါ။ အလယ်က infotainment ခလုတ်ခုံကတော့ ယာဉ်မောင်းသူထိုင်ခုံနဲ့ ဘေးကလိုက်ပါစီးနင်းသူထိုင်ခုံကို ခွဲခြားပေးထားတယ်လို့ ပြောလို့ရနိုင်တဲ့အထိ ကြီးမားပါတယ်။ ကြိုက်မိတဲ့အချက်ကတော့ ပစ္စည်းအားလုံးရဲ့ အရည်အသွေးပါ။ အားလုံး ထိပ်တန်းချည်းပါပဲ။ Dashboard မှာသုံးထားတဲ့ သားရေတွေ၊ သတ္ထု steering နဲ့ ခြေနင်းတွေ၊ တံခါးလက်ကိုင်တွေ၊ ဘာတွေပဲဖြစ်ဖြစ်၊ အရည်အသွေးမြင့်မြင့်နဲ့ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် တကယ့်ကိုကျေနပ်စရာအတိပါ။
ကားရဲ့ ပုံစံကလည်း ပြေပြစ်ညက်ညောလှပမှုရှိပြီး အရည်အသွေးမြင့်အတွင်းခန်းကိုပိုင်ဆိုင်ထားတဲ့ Porsche Cayenne အသစ်ကိုအတိုချုံးပြီး သုံးသပ်ရမယ်ဆိုရင်တော့ ငွေကြေးဖောဖောသီသီသုံးစွဲကာ SUV ကောင်းကောင်းစီးချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံးရွေးချယ်မှုထဲက တစ်ခုဖြစ်မှာသေချကာပါတယ်။ လှပပြေပြစ်တဲ့ ထောင့်ချိုးတွေကိုပိုင်ဆိုင်ထားတယ်။ မြန်ဆန်ပြီး ဇိမ်ကျတယ်။ အံ့သြသင့်ဖွယ်ရာ နူးညံ့မှုရှိပြီး အသုံးပြုရမှာလည်း စိတ်ချမ်းသာစရာကောင်းလောက်အောင် လက်တွေ့ကျလှပါတယ်။

အတွင်းခန်း

 

ဈေးပေါတဲ့ ပလတ်စတစ်အသားတွေနဲ့ ခပ်ကြမ်းကြမ်း trim တွေကိုတော့ Porsche Cayenne ရဲ့ လက်ရာမြောက် အတွင်းခန်းမှာ မရရှိနိုင်ပါဘူး။ ဒါပေမယ့် အားနည်းချက်တစ်ခုကတော့ Android Auto မပါဝင်ခြင်းပါ။
Porsche Cayenne ထဲကိုဝင်ထိုင်ရတာဟာ SUV တစ်စီးထက်စာရင် ပြိုင်ကားတစ်စီးထဲကို ဝင်ထိုင်ရတဲ့ ခံစားချက်မျိုးကို ရရှိစေတယ်။ ဗဟိုခလုတ်ခုံကလည်း အကြီးကြီးပါ။ ပြောရမယ်ဆိုရင် ပိုးအိမ်ထဲကို ဝင်ထိုင်လိုက်ရသလိုမျိုး နူးညံ့ပြီး အံဝင်ခွင်ကျမှုအရသာကို ရရှိစေတယ်။
ကြီးမားတဲ့ infotainment စနစ်ဟာလည်း တော်တော်ကြီးကို ကောင်းမွန်လှပြီး ပြတ်သားကြည်လင်မှုလည်းရှိတယ်။ ကားအတွင်းက စနစ်တွေအားလုံးနီးပါးကို ဒီ infotainment မျက်နှာပြင်ကနေပြီး ထိန်းချုပ်လို့ရတယ်။ Touch မျက်နှာပြင်ရဲ့ တုန့်ပြန်မှုကလည်း မြန်ဆန်တဲ့အတွက် အသုံးပြုရာမှာ တော်တော်လေး အဆင်ပြေတာတွေ့ရတယ်။ ဒီ screen ကိုအသုံးမပြုချင်သူတွေအတွက် ခလုတ်တွေလည်းပါဝင်တာမလို့ အသက်အရွယ်ကြီးရင့်သူတွေနဲ့လည်း အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ Touch display နဲ့ ရိုးရိုးအတိုးအလျော့ဘီးတွေပါဝင်မှုကတော့ Mercedes GLE Coupe လိုမျိုးအသုံးပြုရာမှာ ပိုမိုချောမွေ့စေပေမယ့် Cayenne မှာတော့ ခလုတ်တွေက နည်းနည်းလေးသေးတယ်လို့ခံစားမိပါတယ်။ Climate control အဖွင့်အပိတ်ခလုတ်ထားတဲ့နေရာဟာ အလွယ်တကူလက်လှမ်းမီတဲ့နေရာမှာရှိလာတာကတော့ သိပ်ကောင်းပါတယ်။
နောက်တစ်ခုက ယာဉ်မောင်းသူ display ပါ။ နှစ်ခုပါဝင်ပါတယ်။ ကြည်လင်ပြတ်သားတယ်။ ဒါပေမယ့် ဂြိုဟ်တုလမ်းညွှန်ကိုအသုံးပြုကြည့်ရာမှာတော့ Audi Q8 နဲ့ Range Rover Sport တို့လောက် ရှင်းလင်းမှုမရှိလှဘူး။ တကယ်လို့ ခင်ဗျားဟာ Porsche Cayenne ရဲ့ တစ်ပါတည်းပါဝင်တဲ့ ဂြိုဟ်တုလမ်းညွှန်ကို အသုံးမပြုချင်ဘူး၊ ကိုယ့် smartphone က sat-nav ကိုပဲသုံးချင်တဲ့သူဆိုရင်တော့ iPhone အသုံးပြုသူဖြစ်မှ ရမှာပါ။ Apple CarPlay သာပါဝင်တာမလို့ဖြစ်ပါတယ်။ iPhone နဲ့ လွယ်ကူချောမွေ့စွာ ချိတ်ဆက်နိုင်ပေမယ့် Cayenne ရဲ့ touchscreen မျက်နှာပြင်အချိုးက ပိုကြီးတဲ့အတွက် ဖုန်းနဲ့ချိတ်ဆက်ထားချိန် screen ရဲ့အနားသတ်တွေမှာ နေရာလွတ်တွေတော့ တွေ့ရပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ Android Auto မပါဝင်မှုပါပဲ။

လက်တွေ့ဆိုရင်

 

တကယ်တော့ Cayenne ဟာ sporty ပိုဆန်တဲ့ SUVs တွေထဲက တစ်စီးဖြစ်ပေမယ့် ဝယ်ယူစီးနင်းရာမှာတော့ လက်တွေ့ကျလှတဲ့ ကားတစ်စီးလည်း ဖြစ်နေပြန်ပါတယ်။ လိုက်ပါစီးနင်းတဲ့သူတွေ ဘယ်လိုအရွယ်အစားအတွက်ကိုမဆို လုံလောက်တဲ့နေရာပါရှိတဲ့အပြင် အနောက် ပစ္စည်းထားခန်းကလည်း အတော်ကျယ်တယ်လို့ပြောလို့ရတယ်။
အနောက်ပစ္စည်းထားခန်း ဝင်ဆံ့မှုက အနောက်ခုံတွေပါရင် 745-770 litres လောက်အထိရှိပြီး အနောက်ခုံတွေလှဲထားရင် 1,680-1,710 litres လောက်အထိရှိတဲ့အတွက် ဝင်ဆံ့မှုများတဲ့ SUVs တွေထဲမှာ ပါဝင်ပါတယ်။
Porsche Cayenne ရဲ့အတွင်းခန်းက အရပ်အရမ်းမြင့်တဲ့သူတွေပါရင်တောင်မှ သက်သောင့်သက်သာနဲ့ လိုက်ပါစီးနင်းလို့ရအောင် ကျယ်ဝန်းတာပါ။ အရှေ့ထိုင်ခုံတွေက electric စနစ်နဲ့ ယာဉ်မောင်းနေချိန်ခုံပုံစံ ၈ မျိုးအထိ ချိန်ညှိနိုင်တဲ့အပြင် အားလုံးပေါင်းလျင် ၁၈ မျိုးအထိချိန်ညှိနိုင်တဲ့အတွက် ယောဂ ပုံစံတချို့အနေအထားအတိုင်းတောင်မှ ထိုင်နိုင်မယ့်အနေအထားမျိုး။ Lumbar support လည်းပါဝင်တဲ့အတွက် ခါးညောင်းခါနာတာတွေကို သက်သာရာရစေမှာတော့ အမှန်ပါပဲ။ အနောက်ခုံမှာလိုက်ပါစီးနင်းမယ့်သူတွေအတွက်လည်း နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့အပြင် ဇိမ်နဲ့ထိုင်စီးလို့ရတဲ့အတွက် သူတို့ဆီက ဘာဝေဖန်မှုကိုမှ ကြားရမှာမဟုတ်ပါဘူူး။
နောက်ထပ် ကျယ်ဝန်းတဲ့အရာကတော့ တံခါးပေါက်တွေပါ။ တံခါးပေါက်တွေကျယ်တဲ့အတွက် အဝင်အထွက် လွတ်လပ်မှုရှိတဲ့အပြင် ကလေးခုံတွေ ဘာတွေပါ အလွယ်တကူ အတင်အချလုပ်လို့ရပါတယ်။ ကလေးခုံဆိုလို့ အဲဒီခုံကိုလည်း လွယ်လွယ်ကူကူနဲ့ lock ပြုလုပ်တပ်ဆင်နိုင်တာကိုတွေ့ရပါတယ်။ သဘောကတော့ ကားမောင်းတဲ့သူရော၊ လိုက်ပါစီးနင်းမယ့်သူတွေရော၊ ကလေးငယ်တွေအတွက်ရော၊ တစ်ပါတည်းပါလာမယ့် ပစ္စည်းတွေအတွက်ပါ လက်တွေ့ကျလှတဲ့ အရည်အသွေးမြင့် SUV တစ်စီးပါ။

မောင်းနှင်မှု

 

ပထမဆုံးအချက်အနေနဲ့ Porsche Cayenne မှာ ဒီဇယ်အင်ဂျင်မရှိပါဘူး။ အခြေခံ Standard trim မှာက 340hp အထိထွက်ရှိတဲ့ 3.0-litre ဓါတ်ဆီအင်ဂျင်၊ S trim မှာတော့ 440hp အထိထွက်ရှိမယ့် 2.9-litre V6 အင်ဂျင်နဲ့ Turbo trim အတွက်ဆိုရင်တော့ 550hp အထိတောင်မှ ထွက်ရှိနိုင်မယ့် V8 အင်ဂျင်နဲ့ပါ။ Turbo အင်ဂျင်နဲ့ Porsche Cayenne ကို အမီလိုက်နိုင်မယ့် SUVs တွေက တော်တော်တော့ ရှားပါလိမ့်မယ်။ 0-62mph နှုန်းကိုရဖို့ ၄.၁ စက္ကန့်အချိန်ပဲလိုမှာပါ။ Trim တိုင်းအတွက် e-Hybrid plug-in hybrid အင်ဂျင်တွေကိုလည်း ရွေးချယ်စရာရှိနေပါသေးတယ်။
လက်တွေ့တက်မမောင်းခင် မျှော်လင့်မိတာကတော့ ဒီလို အရည်အသွေးမြင့် ကြီးမားတဲ့ ဇိမ်ခံ SUV အနေနဲ့ တိတ်တိတ်ဆိတ်ဆိတ် သက်သောင့်သက်သာ မောင်းနှင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့် အပိုဆုအနေနဲ့ရရှိလိုက်တာကတော့ Cayenne ကိုမောင်းရတာဟာ ပျော်စရာကောင်းလှတဲ့ ခံစားမှုကိုလည်း ရရှိစေပါတယ်။ ဒီလိုပျော်စရာကောင်းတာဟာ ကျန်တဲ့အပိုင်းတွေပြီးပြည့်စုံပြီး မြင့်မားတဲ့အရှိန်မှာ ပေါ့ပေါ့ပါးပါး ထိန်းချုပ်နိုင်လို့ဖြစ်ပါလိမ့်မယ်။
Suspension မှာတော့ standard နဲ့ adaptive air ဆိုပြီးနှစ်မျိုး ရွေးချယ်စရာရှိပါတယ်။ Standard မှာတောင် အောက်ပိုင်းဟာ မာကျောပြီး တော်တော်ကြီးကိုသက်သောင့်သက်သာဖြစ်နေပါပြီ။ Adaptive air ဆိုရင်တော့ မြို့တွင်း၊ မြို့ပြင် ဘယ်နေရာမှာမောင်းမောင်း မောင်းရတာ ဇိမ်ကျလှပြီး Porsche ရဲ့ Dynamic Chassic Control နဲ့ပါရမှာပါ။
ခြုံငုံပြောရမယ်ဆိုရင်တော့ အင်ဂျင်ပါဝါအားကောင်းတဲ့ ကားဖြစ်တဲ့အတွက် အားကောင်းမယ်၊ မောင်းရတဲ့နေရာမှာ သက်သောင့်သက်သာအထူးရှိမယ်။ ဒါပေမယ့် ဆီစားနှုန်းတော့ မြင့်ပါလိမ့်မယ်။

ပါဝင်တဲ့အချက်တွေ

Trim အနေနဲ့ကတော့ Porsche Cayenne မှာ Standard trim ၊ S trim နဲ့ Turbo trim ဆိုပြီး သုံးမျိုးရှိပါတယ်။ Standard trim ကတော့ ဈေးနှုန်းအားဖြင့် အနည်းဆုံးဖြစ်ပြီး S trim နဲ့ ဒေါ်လာ တစ်သောင်းဝန်းကျင်ကွာခြားပေမယ့် Turbo trim ဆိုရင်တော့ Standard trim ရဲ့ ဈေးနှုန်းနှစ်ဆလောက်အထိရှိပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ရှည်ရှည်ဝေးဝေးတွေပြောနေစရာမလိုပါဘူး။ ဒါဟာ Porsche ပါ။ ဒီအမှတ်တံဆိပ်မှာပဲ သူ့ရဲ့ ဂုဏ်ဒြပ်တွေနဲ့အရည်အသွေးတွေက ပျော်ဝင်လို့နေလျက်ပါ။

 

 

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: New Porsche Cayenne by Mat Watson

Latest News

​ေက်ာင္​းတက္​​ေက်ာင္​းဆင္​းခ်ိန္​...

Zawgyi Version ရန္​ကုန္​တိုင္​း​ေဒသႀကီးအတြင္​း ​ေက်ာင္​းတက္​​၊ ေက်ာင္​းဆင္​းခ်ိန္​ မိုးရြာသြန္​းမႈ မ်ားျပားလာ​ေသာအခ်ိန္မ်ား၌​...

Read more »

ယာဥ္သက္တမ္းတိုးရန္ ယာဥ္စစ္ေဆးျခင္းလုပ္ငန္းကို...

Zawgyi Version ယာဥ္သက္တမ္းတိုးရန္ ယာဥ္စစ္ေဆးျခင္းလုပ္ငန္းကို ပုဂၢလိကသို႔ လုပ္ကိုင္ခြင့္ေပးေရးအတြက္ ေမာ္ေတာ္ယာဥ္နည္းဥပေဒ...

Read more »

သင့္ကားအင္ဂ်င္က်ေနျပီလားဆုိတာ သိႏိုင္မယ့္ အခ်က္...

Zawgyi Version “ကားအင္ဂ်င္က်တာ၊ အင္ဂ်င္ကုိင္တာ၊ အင္ဂ်င္တင္တာ၊ အင္ဂ်င္အေပၚဖြင့္/ေအာက္ဖြင့္လုပ္တာ" ဆုိတာမ်ိဳးေတြကုိ ကားေလာက...

Read more »

ျမန္မာအပါအဝင္ ဥေရာပႏွင့္ အာရွႏိုင္ငံေပါင္း ၁၀...

Zawgyi Version ဥေရာပႏွင့္ ျမန္မာအပါအဝင္ အာရွႏိုင္ငံေပါင္း ၁၀ ႏိုင္ငံေက်ာ္မွ professional rally drivers ႏွင့္...

Read more »

ယာဥ္​အမည္​​ေပါက္​​ေျပာင္​းလဲျခင္​းကို ၃...

​Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​ေပါက္​​ေျပာင္​းလဲျခင္​းကို ၃ ရာခိုင္​ႏႈန္​းအထိ ​ေျဖ​ေလွ်ာ့သတ္​မွတ္​​ေပးရန္​အတြက္​...

Read more »