fb-pageview-tracker
၂၀၁၉ ထုတ္ Peugeot 2008 Car Review


Zawgyi Version

ဆီစားသက္သာျပီး ဥေရာပထုတ္ကားစစ္စစ္ေတြထဲမွာ ေဈးႏႈန္းလည္းသက္သာတဲ့ New Peugeot 2008 ဟာ မိသားစုငယ္အတြက္ေတာ့ စြယ္စုံသုံး small SUV တစ္စီးပါပဲ။

ေဈးႏႈန္း : $47,500 (ျပည္တြင္း)


လက္ငင္းေငြသား ၂၅% မွစ၍ ႏွစ္အရစ္က်/  ႏွစ္အရစ္က်ေပး၍ဝယ္ယူႏိုင္

အားသာခ်က္


+ ဆီစားႏႈန္းသက္သာျခင္းသည္ ေန႕စဥ္ေမာင္းႏွင္မႈ ဘဝပုံစံအတြက္ အထူးအေထာက္အကူျပဳႏိုင္


+ ဥေရာပထုတ္ ကားမ်ားတြင္ ေဈးႏႈန္းအားျဖင့္ အသက္သာဆုံးျဖစ္


+ မိသားစုငယ္တစ္စုအတြက္ ျမိဳ႕တြင္း/ျမိဳ႕ျပင္ လုံျခံဳစိတ္ခ်ရမႈအျပည့္ျဖင့္ အသုံးျပဳႏုိင္


အားနည္းခ်က္


- ဒီဇယ္အင္ဂ်င္အတြက္ ေရြးခ်ယ္စရာမရွိျခင္း


- Push start button မပါဝင္ျခင္း


- ဆီျဖည့္ရာတြင္ ကားစက္ကိုပိတ္၊ ေသာ့ကိုထုတ္၍ ဆီဖုံးကို ဖြင့္ရျခင္း (ေဘးအႏၱရယ္ကင္းရွင္းေရးအတြက္ ရည္ရြယ္ထည့္သြင္းထားေသာစနစ္ျဖစ္ေသာ္လည္း လြယ္ကူအဆင္ေျပမႈကို အားနည္းသြားေစႏိုင္ေသာေၾကာင့္ အားနည္းခ်က္အျဖစ္ ထည့္သြင္းထားျခင္းျဖစ္သည္)


ဆီစားႏႈန္း : 4.8 Litre per 100 kilometers (49 US MPG)


ကာဗြန္ဒိုင္ေအာက္ဆိုက္ထုတ္လႊတ္မႈ : 110 g/km


လုံျခံဳစိတ္ခ်ရမႈ : ***** (Euro NCAP) (International engine of the year awards 2018)



သုံးသပ္ခ်က္


Peugeot (“ပူဂ်ိဳးဟု အေကာင္းဆုံးေခၚဆိုႏုိင္/ “ပီးေဂ်ာ့ဟု လူအမ်ားကေခၚဆိုၾကျပီးဖရုဂ်ိဳဟုအမွန္အကန္ေခၚဆိုႏုိင္ေၾကာင္း Peugeot မွ Assistant Corporate Sales Manager ကိုဟိန္းသူသန္႕မွ ေျပာဆို) 2008 ဆိုရင္ ၂၀၀၈ ခုႏွစ္ထုတ္ model ဆိုျပီး အမွတ္မွားႏုိင္ပါတယ္။ တကယ္က ၂၀၁၉ ခုႏွစ္ထုတ္ Peugeot ရဲ့ 2008 အမ်ိဳးအစားကားအသစ္စက္စက္ပါ။ Peugeot အေနနဲ႕ ၂၀၁၄ ခုႏွစ္ကလည္း အခုလို 2008 ဆိုတဲ့ အမည္နဲ႕ပုံစံတူကားအမ်ိဳးအစားထုတ္လုပ္ထားခဲ့ဖူးျပီး အခု All New Peugeot 2008 ကေတာ့ ၂၀၁၄ ခုႏွစ္ထုတ္ Peugeot 2008 ရဲ့အားလုံးကို upgrade ျပဳလုပ္ထားတဲ့ကားလို႕ ဆိုႏိုင္ပါတယ္။


အထူးသျဖင့္ ျမန္မာႏုိင္ငံအတြက္ လိုက္ေလ်ာညီေထြျဖစ္ဖို႕ သီးသန္႕ ရည္ရြယ္တည္ေဆာက္ထားတဲ့ ကား ျဖစ္တာမလို႕ ေျပာရမယ္ဆိုရင္ ျမန္မာႏိုင္ငံအတြင္း ဘယ္ေနရာမွာမဆို အေကာင္းဆုံး ေမာင္းႏွင္ႏုိင္မယ့္ ဥေရာပထုတ္ ကားစစ္စစ္ေပါ့။


Peugeot 2008 အသစ္ဟာ လူငါးေယာက္စီး small SUV ပါ။ သက္ေသာင့္သက္သာရွိမႈနဲ႕ လုံျခံဳစိတ္ခ်ရမႈကို ေပါင္းစပ္ထားတဲ့ ကားတစ္စီးလည္းျဖစ္ပါတယ္။ ဥေရာပတိုက္သားေတြ၊ အထူးသျဖင့္ ေၾကးမ်ားလြန္းတဲ့ ျပင္သစ္ေတြရဲ့ ထုတ္ကုန္ ျဖစ္တဲ့အတြက္ အဆင့္ျမင့္ကားတစ္စီးနဲ႕အတူ ညင္သာေခ်ာေမြ႕မႈေတြကိုပါ ပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။


ေနာက္တစ္ခုထူးျခားခ်က္ကေတာ့ ဆီစားသက္သာမႈပါ။ ဥေရာပထုတ္ကားေတြအေနနဲ႕ ဒီလို ဆီစားသက္သာတာမ်ိဳးကို ရွာေတြ႕ဖို႕ေတာ့ သိပ္မလြယ္ဘူးဗ်။ အင္ဂ်င္ကေတာ့ 1.2-litre ၊ cylinder လုံးနဲ႕ျဖစ္ျပီး 110hp ထြက္ရွိပါတယ္။


ဘီးေတြက ၁၆ လက္မ အလြိဳင္းေခြေတြနဲ႕ျဖစ္ျပီး ground clearance ကေတာ့ လက္မ ျဖစ္တဲ့အတြက္ ျမန္မာႏုိင္ငံအတြင္း slow down အေတာ္မ်ားမ်ားနဲ႕ လမ္းမညီမညာျဖစ္မႈ အေတာ္မ်ားမ်ားကို စိတ္ခ်လက္ခ် ျဖတ္ေမာင္းႏိုင္မယ့္ ပုံစံမွာရွိပါတယ္။ Ground clearance အေနနဲ႕ေျပာရရင္ Peugeot 5008 မွာဆိုရင္ေတာ့ လက္မေတာင္ရွိတဲ့အတြက္ ပ်မ္းမွ်အေနနဲ႕ ဘယ္လိုလမ္းမွာမဆို ပစ္ေမာင္းလိုက္လို႕ ရတဲ့ကားမ်ိဳးပါ။


ေနာက္တစ္ခုက လူ၊ ေခြး စတဲ့ ရုတ္တရက္ပိတ္ဆို႕မႈေတြနဲ႕ ၾကံဳေတြ႕တဲ့အခါမွာ အလိုအေလ်ာက္ ဘရိတ္အုပ္ေပးႏုိင္တဲ့ Active Safety Brake ပါတဲ့အတြက္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလိုက္နာမႈ အားနည္းေနေသးတဲ့ ဖြံ႕ျဖိဳးဆဲႏုိင္ငံေတြအတြက္ ေတာ္ေတာ္ေလးအဆင္ေျပႏိုင္ပါတယ္။ 


 


ပုံစံ


ပုံစံအေနနဲ႕ကေတာ့ Peugeot 2008 ရဲ့ ၂၀၁၉ ခုႏွစ္ပုံစံဟာ ၂၀၁၄ ခုႏွစ္ထုတ္နဲ႕ သိပ္အမ်ားၾကီး မကြာပါဘူး။ ဒါေပမယ့္ အတြင္းခန္းနဲ႕ နည္းပညာပိုင္းဆိုင္ရာေတြကေတာ့ တစ္ျခားစီျဖစ္လို႕သြားပါျပီ။ ငါးႏွစ္တာကာလအတြင္း ကားအတြင္းပိုင္း၊ နည္းပညာ မ်ားစြာတပ္ဆင္ျဖည့္ဆည္းေပးမႈနဲ႕ ေမာင္းႏွင္မႈ performance မွာေတာ့ ၂၀၁၉  Peugeot 2008 ဟာ ၂၀၁၄ Peugeot 2008 နဲ႕ သိပ္ကို ကြာျခားလို႕ေနပါတယ္။ ဒါကလည္း ေခတ္ႏွင့္ေလ်ာ္ညီ၊ ေခတ္မီေနေအာင္ အျမဲတမ္း ျဖည့္ဆည္းေနတဲ့ မူရင္းကုမၸဏီရဲ့ ၾကိဳးစားအားထုတ္မႈေၾကာင့္ျဖစ္မွာပါ။ ဒါေပမယ့္ ပုံစံအပိုင္းခ်ည့္သက္သက္ေျပာရမယ္ဆိုရင္ေတာ့ နည္းနည္းေတာ့ ပ်င္းစရာေကာင္းတယ္လို႕ ဆိုရမွာပါ။


Peugeot ကထုတ္တဲ့ကားေတြအားလုံးမွာ ထူးျခားခ်က္တစ္ခုေတာ့ရွိတယ္ဗ်။ အဲဒါကေတာ့ ျခေသၤ့လက္သည္းရာပါပဲ။ အေနာက္ဘက္ မီးေတြကို ပုံေဖၚထားတဲ့ ျခေသၤ့လက္သည္းရာပါ။ ဒါကေတာ့ Peugeot ေတြရဲ့ သေကၤတတစ္ခုျဖစ္ျပီး သီးသန္႕ဆန္မႈကို ေဖၚၾကဴးထားတယ္လို႕လည္း ေသခ်ာေပါက္ဆိုလို႕ရပါတယ္။



အတြင္းခန္း


အတြင္းခန္းကို ဝင္ထုိင္ လိုက္လိုက္ျခင္း ခံစားမိတာကေတာ့ အံဝင္ခြင္က်ျဖစ္မႈပါ။ အရြယ္အစားမတူညီတဲ့ လူအမ်ိဳးမ်ိဳးကို အံဝင္ခြင္က်ျဖစ္ေအာင္ လုပ္ရတာ တကယ္ေတာ့ လြယ္ကူတဲ့အလုပ္ မဟုတ္ပါဘူး။ ဒါေပမယ့္ Peugeot 2008 အသစ္မွာေတာ့ ေတြ႕ႏုိင္ပါလိမ့္မယ္။ ေနာက္ျပီးေတာ့ အားလုံး သားေရထုိင္ခုံျဖစ္ေနတာကိုလည္း ေတာ္ေတာ္ေလး ႏွစ္သက္မိပါတယ္။ Dashboard တံခါးအတြင္း၊ Gear စတာေတြကို သားေရနဲ႕ ဖိုင္ဘာ ေပါင္းစပ္ဖန္တီးထားတာေလးကလည္း grand ျဖစ္တယ္လို႕ေျပာလို႕ရတယ္။ ၾကိဳက္တာကေတာ့ steering ေခြအေသးကစလို႕ ဖန္တီးထားတဲ့ ေလယာဥ္တစ္စီးရဲ့ pilot အခန္းပုံစံမ်ိဳး ဖြဲ႕စည္းထားတဲ့ ယာဥ္ေမာင္းသူ ေနရာပါ။ Steering ေခြက အေသးျဖစ္တဲ့အတြက္ ဒိုင္ခြက္ေတြကို ရွင္းရွင္းလင္းလင္းျမင္ႏုိင္ျပီး အေကြ႕၊ အဝိုက္ေတြမွာလည္း ပိုမိုေခ်ာေမြ႕အဆင္ေျပပါတယ္။


Infotainment screen အေနနဲ႕ကေတာ့ လက္မ Capacitive Touchscreen ကိုအသုံးျပဳေပးထားတာ ေတြ႕ရပါတယ္။ Infotainment screen ကေန climate control တို႕ဘာတို႕ကို တိုက္ရိုက္ထိန္းခ်ဳပ္လို႕မရေပမယ့္ Apple CarPlay တို႕ Android Auto တို႕လိုမ်ိဳး စနစ္ေတြပါဝင္တဲ့အတြက္ ဘယ္လို smartphones ေတြနဲ႕မဆို အလြယ္တကူ ခ်ိတ္ဆက္ အသုံးျပဳႏုိင္တာေတြ႕ရပါတယ္။


ေနာက္ၾကည့္မွန္ကေတာ့ chromic mirror ျဖစ္တာကေတာ့ ညဘက္ ကားေမာင္းသူတိုင္းအတြက္ ေတာ္ေတာ္ေလးအစဥ္ေျပပါတယ္။ ေနာက္က စူးရွတဲ့ ကားမီးေတြေၾကာင့္ မ်က္လုံးထိခိုက္ႏုိင္မႈကေန အကာအကြယ္ေပးပါလိမ့္မယ္။



လက္ေတြ႕က်က်


Peugeot 2008 အသစ္ဟာ လက္ေတြ႕က်တဲ့ ကားတစ္စီးပါ။ ဆီစားသက္သာတယ္။ ဥေရာပထုတ္ကားတစ္စီးအေနနဲ႕ ေဈးႏႈန္းသက္သာတယ္။ လူငါးေယာက္ သာသာယာသာ စီးႏိုင္တယ္။


ထူးျခားခ်က္ကေတာ့ ပစၥည္းပစၥယတင္ေဆာင္ႏိုင္မႈပဲ။ ပုံမွန္အတိုင္းဆိုရင္ ေနာက္ခန္းဝင္ဆံမႈက 410-litre အထိရွိျပီး ထိုင္ခုံေတြကို ေခါက္လိုက္မယ္ဆိုရင္ေတာ့ 1400-litre အထိ ဝင္ဆံပါတယ္။ ဒါဟာ small SUV ေတြမွာ ေတြ႕ရခဲတဲ့ ဝင္ဆံမႈပမာဏပါပဲ။ လက္ဆြဲေသတၱာေတြ ႏွစ္လုံးသုံးလုံးနဲ႕ ခရီးထြက္ခ်င္သူေတြအတြက္ဆိုရင္ေတာ့ စိတ္ေက်နပ္မႈအျပည့္ရရွိႏုိင္မယ့္ ကားတစ္စီးျဖစ္မွာပါ။


ေနာက္တစ္ခုကေတာ့ motion sensor ပါ။ သူက ကား lock ျဖစ္ေနတဲ့အေျခအေနမွာ စတင္အလုပ္လုပ္ျပီး ဘယ္လိုအေျခအေနမ်ိဳးမွာအဆို ကား lock ျဖစ္ေနတဲ့အခ်ိန္အတြင္း ေဖါက္ထြင္းဝင္ေရာက္မႈ၊ ထိခိုက္မႈ စတာေတြအတြက္ အခ်က္ေပးမွာျဖစ္တာေၾကာင့္ ညအခ်ိန္ ကားရပ္နားထားမႈေတြအတြက္ စိတ္ခ်ရမႈ တစ္စုံတစ္ရာကိုေတာ့ ေပးစြမ္းႏိုင္ပါလိမ့္မယ္။


ေနာက္တစ္ခုက steering ေကြ႕တဲ့အခါတိုင္း လိုက္ပါထိုးေပးႏိုင္တဲ့ အေရွ႕မီးၾကီးစနစ္။ ဒါကလည္း တကယ့္လက္ေတြ႕ပိုင္းမွာ အသုံးဝင္မွာေသခ်ာတဲ့ feature တစ္ခုျဖစ္ျပီး ၾကိဳက္ႏွစ္သက္မိတာတစ္ခုကေတာ့ power outlet အျဖစ္ USB အေပါက္ပါ ပါရွိျခင္းပါပဲ။ Smartphone ေခတ္အတြက္မရွိမျဖစ္ တစ္ခုေပါ့။



ေမာင္းႏွင္မႈ


ေမာင္းႏွင္မႈနဲ႕ပတ္သက္ရင္ေတာ့ ဥေရာပထုတ္ကားတစ္စီးကို ေမာင္းႏွင္ရမႈကေတာ့ အေကာင္းဆုံး ေမာင္းႏွင္မႈေတြထဲက တစ္ခုျဖစ္ေနဆဲပါပဲ။ တစ္ခုရွိတာက ပ်က္ရင္ေတာ့ ျပင္ဖို႕ကေတာ့ ေဈးႏႈန္းၾကီးျမင့္မွာပါ။ ဒါေပမယ့္ တကယ္တမ္းက ဒီလိုကားမ်ိဳးေတြဟာ သိပ္ျပီးျပင္ရတာမ်ိဳးမရွိသလို ႏွစ္ ဒါမွမဟုတ္ ကီလို တစ္သိန္း warranty ကလည္း အကူအညီေတာ္ေတာ္ေလးျဖစ္ေစႏိုင္ပါတယ္။


Gear ကေတာ့ semi-auto ျဖစ္တဲ့အတြက္ auto သမားေတြအတြက္ေရာ manual သမားေတြအတြက္ပါ အဆင္ေျပတဲ့ပုံစံမ်ိဳးေပါ့။ ေနာက္တစ္ခုကေတာ့ sport mode ပါဝင္ျခင္းပါ။ ဒါကေတာ့ ဒီလိုမ်ိဳး ေလာင္စာဆီေခၽြတာတဲ့ကားမ်ိဳးေတြမွာ ေတြ႕ရခဲတဲ့ feature ပါပဲ။


လက္ေတြ႕ေမာင္းႏွင္ရာမွာ ေပါ့ပါးျခင္း၊ စက္သံညင္သာျခင္းေတြနဲ႕ ဥေရာပထုတ္ကားေတြရဲ့ ထူးျခားမႈလို႕ေျပာလို႕ရမယ့္ တည္ျငိမ္မႈရွိျခင္းေတြဟာ တကယ့္ကို ႏွစ္ျခိဳက္စရာ ေကာင္းလွပါတယ္။ Peugeot ရဲ့အဆိုအတိုင္း 0 ကေန 100km ကို ၁၁ စကၠန္႕ေက်ာ္ေက်ာ္ေလးနဲ႕ တင္ေမာင္းႏိုင္တာကေတာ့ တကယ္ကို ေက်နပ္စရာပါ။ အျမင္ဆုံးေမာင္းႏွင္ႏုိင္စြမ္းကေတာ့ 182km/h ျဖစ္ေပမယ့္ အျမန္လမ္းမွာေမာင္းႏွင္တဲ့အခါမ်ိဳးက်ရင္ တစ္နာရီ ကီလို ၁၀၀ ထက္မေက်ာ္ေအာင္ speed limit သတ္မွတ္ေပးလို႕ရတာကေတာ့ ေဘးအႏၱရယ္ကင္းရွင္းေရးအတြက္ ေတာ္ေတာ္ေလး အေထာက္အကူျဖစ္ေစပါတယ္။    



ပါဝင္ေသာအခ်က္အလက္မ်ား


Summary


Name : Peugeot 2008


Body : SUV


Transmission : 6-speed auto/AT6 111


Engine


Displacement : 1200cc


Cylinders : 3


Valves : 12 valves


Transmission Category : 2WD


Performance


Max Output : 110hp


Max Torque : 205Nm from 1500 rpm


Acceleration Rate : 11.3 seconds (1-100km)


Top Speed : 182km/h


Economy & Environment


Fuel : Gasoline


CO2 Emission : 110 g/km


Fuel Capacity : 50L


Fuel Consumption : 4.8L per 100km


Dimensions


Length : 4159 mm


Width : 1829 mm


Height : 1556 mm


Wheelbase : 2538 mm


Turning Circle : 10m


Ground Clearance : 219 mm/ 8 inches


Max Cargo : 1400-litre


Numbers of Doors : 5


Numbers of Seats : 5


Safety and Security


Total Airbag : 6


ABS : Yes


Immobilizer : Yes


Security Alarm : Yes


Stability Control : Yes


Electronic Door Locks : Yes


Speed Sensing Door Locks : Yes


ISOFix (ကေလးခုံတပ္ဆင္ရန္) : Yes


Lane Departure Warning System : No


Active Safety Brake : Yes


Driver Attention Warning : No


Blind-Spot Detection System : No


Features


Cruise Control : Yes


Front Parking Sensors : No


Rear Parking Sensors : Yes


Leather Upholstery : Yes


Push Start Button : No


Wheel Size : 16 inches


Wheel Metal Type : two tone diamond cut alloy


Air-con system : dual zone climate control


Entertainment system : 8 speakers


Connectivity : Android Auto/Apple Car Play


Navigation Ready : No


Warranty : 3 years/100,000 km


Keyless Entry : No


Roof Rack : Yes


Sunroof : Panoramic View


Electric Adjustable Seats : Yes


Power Steering : Yes


Power Windows : Yes


Power Outlet : Yes


Perfume Diffuser : No


Massage Chair : No


Digital Cluster : No


Steering Wheel Audio Control : Yes


Technology


Active Safety Brake : Yes


Hill Start Assist : Yes


AWD Modes : No


Tire Pressure Monitoring : No


Heads-up Display : No


Power Liftgate : Yes


Start-stop System : Yes


Phone Integration : Yes


Camera System : Yes


Parking Assist System : Yes


Sound System : Yes


Rear Seat Entertainment System : No


စာေရးသူ : The Red

ဓာတ္ပုံ : ေကာင္းတင့္


Unicode Version
ဆီစားသက်သာပြီး ဥရောပထုတ်ကားစစ်စစ်တွေထဲမှာ ဈေးနှုန်းလည်းသက်သာတဲ့ New Peugeot 2008 ဟာ မိသားစုငယ်အတွက်တော့ စွယ်စုံသုံး small SUV တစ်စီးပါပဲ။

ဈေးနှုန်း : $47,500 (ပြည်တွင်း)


လက်ငင်းငွေသား ၂၅% မှစ၍ နှစ်အရစ်ကျ/  နှစ်အရစ်ကျပေး၍ဝယ်ယူနိုင်

အားသာချက်


+ ဆီစားနှုန်းသက်သာခြင်းသည် နေ့စဉ်မောင်းနှင်မှု ဘဝပုံစံအတွက် အထူးအထောက်အကူပြုနိုင်


+ ဥရောပထုတ် ကားများတွင် ဈေးနှုန်းအားဖြင့် အသက်သာဆုံးဖြစ်


+ မိသားစုငယ်တစ်စုအတွက် မြို့တွင်း/မြို့ပြင် လုံခြုံစိတ်ချရမှုအပြည့်ဖြင့် အသုံးပြုနိုင်


အားနည်းချက်


- ဒီဇယ်အင်ဂျင်အတွက် ရွေးချယ်စရာမရှိခြင်း


- Push start button မပါဝင်ခြင်း


- ဆီဖြည့်ရာတွင် ကားစက်ကိုပိတ်၊ သော့ကိုထုတ်၍ ဆီဖုံးကို ဖွင့်ရခြင်း (ဘေးအန္တရယ်ကင်းရှင်းရေးအတွက် ရည်ရွယ်ထည့်သွင်းထားသောစနစ်ဖြစ်သော်လည်း လွယ်ကူအဆင်ပြေမှုကို အားနည်းသွားစေနိုင်သောကြောင့် အားနည်းချက်အဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်)


ဆီစားနှုန်း : 4.8 Litre per 100 kilometers (49 US MPG)


 

ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု : 110 g/km


လုံခြုံစိတ်ချရမှု : ***** (Euro NCAP) (International engine of the year awards 2018)



သုံးသပ်ချက်


Peugeot (“ပူဂျိုးဟု အကောင်းဆုံးခေါ်ဆိုနိုင်/ “ပီးဂျော့ဟု လူအများကခေါ်ဆိုကြပြီးဖရုဂျိုဟုအမှန်အကန်ခေါ်ဆိုနိုင်ကြောင်း Peugeot မှ Assistant Corporate Sales Manager ကိုဟိန်းသူသန့်မှ ပြောဆို) 2008 ဆိုရင် ၂၀၀၈ ခုနှစ်ထုတ် model ဆိုပြီး အမှတ်မှားနိုင်ပါတယ်။ တကယ်က ၂၀၁၉ ခုနှစ်ထုတ် Peugeot ရဲ့ 2008 အမျိုးအစားကားအသစ်စက်စက်ပါ။ Peugeot အနေနဲ့ ၂၀၁၄ ခုနှစ်ကလည်း အခုလို 2008 ဆိုတဲ့ အမည်နဲ့ပုံစံတူကားအမျိုးအစားထုတ်လုပ်ထားခဲ့ဖူးပြီး အခု All New Peugeot 2008 ကတော့ ၂၀၁၄ ခုနှစ်ထုတ် Peugeot 2008 ရဲ့အားလုံးကို upgrade ပြုလုပ်ထားတဲ့ကားလို့ ဆိုနိုင်ပါတယ်။


အထူးသဖြင့် မြန်မာနိုင်ငံအတွက် လိုက်လျောညီထွေဖြစ်ဖို့ သီးသန့် ရည်ရွယ်တည်ဆောက်ထားတဲ့ ကား ဖြစ်တာမလို့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း ဘယ်နေရာမှာမဆို အကောင်းဆုံး မောင်းနှင်နိုင်မယ့် ဥရောပထုတ် ကားစစ်စစ်ပေါ့။


Peugeot 2008 အသစ်ဟာ လူငါးယောက်စီး small SUV ပါ။ သက်သောင့်သက်သာရှိမှုနဲ့ လုံခြုံစိတ်ချရမှုကို ပေါင်းစပ်ထားတဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။ ဥရောပတိုက်သားတွေ၊ အထူးသဖြင့် ကြေးများလွန်းတဲ့ ပြင်သစ်တွေရဲ့ ထုတ်ကုန် ဖြစ်တဲ့အတွက် အဆင့်မြင့်ကားတစ်စီးနဲ့အတူ ညင်သာချောမွေ့မှုတွေကိုပါ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။


နောက်တစ်ခုထူးခြားချက်ကတော့ ဆီစားသက်သာမှုပါ။ ဥရောပထုတ်ကားတွေအနေနဲ့ ဒီလို ဆီစားသက်သာတာမျိုးကို ရှာတွေ့ဖို့တော့ သိပ်မလွယ်ဘူးဗျ။ အင်ဂျင်ကတော့ 1.2-litre ၊ cylinder လုံးနဲ့ဖြစ်ပြီး 110hp ထွက်ရှိပါတယ်။


ဘီးတွေက ၁၆ လက်မ အလွိုင်းခွေတွေနဲ့ဖြစ်ပြီး ground clearance ကတော့ လက်မ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း slow down အတော်များများနဲ့ လမ်းမညီမညာဖြစ်မှု အတော်များများကို စိတ်ချလက်ချ ဖြတ်မောင်းနိုင်မယ့် ပုံစံမှာရှိပါတယ်။ Ground clearance အနေနဲ့ပြောရရင် Peugeot 5008 မှာဆိုရင်တော့ လက်မတောင်ရှိတဲ့အတွက် ပျမ်းမျှအနေနဲ့ ဘယ်လိုလမ်းမှာမဆို ပစ်မောင်းလိုက်လို့ ရတဲ့ကားမျိုးပါ။


နောက်တစ်ခုက လူ၊ ခွေး စတဲ့ ရုတ်တရက်ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့တဲ့အခါမှာ အလိုအလျောက် ဘရိတ်အုပ်ပေးနိုင်တဲ့ Active Safety Brake ပါတဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားနည်းနေသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တော်ေတာ်လေးအဆင်ပြေနိုင်ပါတယ်။ 


 


ပုံစံ


ပုံစံအနေနဲ့ကတော့ Peugeot 2008 ရဲ့ ၂၀၁၉ ခုနှစ်ပုံစံဟာ ၂၀၁၄ ခုနှစ်ထုတ်နဲ့ သိပ်အများကြီး မကွာပါဘူး။ ဒါပေမယ့် အတွင်းခန်းနဲ့ နည်းပညာပိုင်းဆိုင်ရာတွေကတော့ တစ်ခြားစီဖြစ်လို့သွားပါပြီ။ ငါးနှစ်တာကာလအတွင်း ကားအတွင်းပိုင်း၊ နည်းပညာ များစွာတပ်ဆင်ဖြည့်ဆည်းပေးမှုနဲ့ မောင်းနှင်မှု performance မှာတော့ ၂၀၁၉  Peugeot 2008 ဟာ ၂၀၁၄ Peugeot 2008 နဲ့ သိပ်ကို ကွာခြားလို့နေပါတယ်။ ဒါကလည်း ခေတ်နှင့်လျော်ညီ၊ ခေတ်မီနေအောင် အမြဲတမ်း ဖြည့်ဆည်းနေတဲ့ မူရင်းကုမ္ပဏီရဲ့ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်မှာပါ။ ဒါပေမယ့် ပုံစံအပိုင်းချည့်သက်သက်ပြောရမယ်ဆိုရင်တော့ နည်းနည်းတော့ ပျင်းစရာကောင်းတယ်လို့ ဆိုရမှာပါ။


Peugeot ကထုတ်တဲ့ကားတွေအားလုံးမှာ ထူးခြားချက်တစ်ခုတော့ရှိတယ်ဗျ။ အဲဒါကတော့ ခြင်္သေ့လက်သည်းရာပါပဲ။ အနောက်ဘက် မီးတွေကို ပုံဖေါ်ထားတဲ့ ခြင်္သေ့လက်သည်းရာပါ။ ဒါကတော့ Peugeot တွေရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး သီးသန့်ဆန်မှုကို ဖေါ်ကြူးထားတယ်လို့လည်း သေချာပေါက်ဆိုလို့ရပါတယ်။



အတွင်းခန်း


အတွင်းခန်းကို ဝင်ထိုင် လိုက်လိုက်ခြင်း ခံစားမိတာကတော့ အံဝင်ခွင်ကျဖြစ်မှုပါ။ အရွယ်အစားမတူညီတဲ့ လူအမျိုးမျိုးကို အံဝင်ခွင်ကျဖြစ်အောင် လုပ်ရတာ တကယ်တော့ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် Peugeot 2008 အသစ်မှာတော့ တွေ့နိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ အားလုံး သားရေထိုင်ခုံဖြစ်နေတာကိုလည်း တော်တော်လေး နှစ်သက်မိပါတယ်။ Dashboard တံခါးအတွင်း၊ Gear စတာတွေကို သားရေနဲ့ ဖိုင်ဘာ ပေါင်းစပ်ဖန်တီးထားတာလေးကလည်း grand ဖြစ်တယ်လို့ပြောလို့ရတယ်။ ကြိုက်တာကတော့ steering ခွေအသေးကစလို့ ဖန်တီးထားတဲ့ လေယာဉ်တစ်စီးရဲ့ pilot အခန်းပုံစံမျိုး ဖွဲ့စည်းထားတဲ့ ယာဉ်မောင်းသူ နေရာပါ။ Steering ခွေက အသေးဖြစ်တဲ့အတွက် ဒိုင်ခွက်တွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး အကွေ့၊ အဝိုက်တွေမှာလည်း ပိုမိုချောမွေ့အဆင်ပြေပါတယ်။


Infotainment screen အနေနဲ့ကတော့ လက်မ Capacitive Touchscreen ကိုအသုံးပြုပေးထားတာ တွေ့ရပါတယ်။ Infotainment screen ကနေ climate control တို့ဘာတို့ကို တိုက်ရိုက်ထိန်းချုပ်လို့မရပေမယ့် Apple Car Play တို့ Android Auto တို့လိုမျိုး စနစ်တွေပါဝင်တဲ့အတွက် ဘယ်လို smartphones တွေနဲ့မဆို အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်တာတွေ့ရပါတယ်။


နောက်ကြည့်မှန်ကတော့ chromic mirror ဖြစ်တာကတော့ ညဘက် ကားမောင်းသူတိုင်းအတွက် တော်တော်လေးအစဉ်ပြေပါတယ်။ နောက်က စူးရှတဲ့ ကားမီးတွေကြောင့် မျက်လုံးထိခိုက်နိုင်မှုကနေ အကာအကွယ်ပေးပါလိမ့်မယ်။



လက်တွေ့ကျကျ


Peugeot 2008 အသစ်ဟာ လက်တွေ့ကျတဲ့ ကားတစ်စီးပါ။ ဆီစားသက်သာတယ်။ ဥရောပထုတ်ကားတစ်စီးအနေနဲ့ ဈေးနှုန်းသက်သာတယ်။ လူငါးယောက် သာသာယာသာ စီးနိုင်တယ်။


ထူးခြားချက်ကတော့ ပစ္စည်းပစ္စယတင်ဆောင်နိုင်မှုပဲ။ ပုံမှန်အတိုင်းဆိုရင် နောက်ခန်းဝင်ဆံမှုက 410-litre အထိရှိပြီး ထိုင်ခုံတွေကို ခေါက်လိုက်မယ်ဆိုရင်တော့ 1400-litre အထိ ဝင်ဆံပါတယ်။ ဒါဟာ small SUV တွေမှာ တွေ့ရခဲတဲ့ ဝင်ဆံမှုပမာဏပါပဲ။ လက်ဆွဲသေတ္တာတွေ နှစ်လုံးသုံးလုံးနဲ့ ခရီးထွက်ချင်သူတွေအတွက်ဆိုရင်တော့ စိတ်ကျေနပ်မှုအပြည့်ရရှိနိုင်မယ့် ကားတစ်စီးဖြစ်မှာပါ။


နောက်တစ်ခုကတော့ motion sensor ပါ။ သူက ကား lock ဖြစ်နေတဲ့အခြေအနေမှာ စတင်အလုပ်လုပ်ပြီး ဘယ်လိုအခြေအနေမျိုးမှာအဆို ကား lock ဖြစ်နေတဲ့အချိန်အတွင်း ဖေါက်ထွင်းဝင်ရောက်မှု၊ ထိခိုက်မှု စတာတွေအတွက် အချက်ပေးမှာဖြစ်တာကြောင့် ညအချိန် ကားရပ်နားထားမှုတွေအတွက် စိတ်ချရမှု တစ်စုံတစ်ရာကိုတော့ ပေးစွမ်းနိုင်ပါလိမ့်မယ်။


နောက်တစ်ခုက steering ကွေ့တဲ့အခါတိုင်း လိုက်ပါထိုးပေးနိုင်တဲ့ အရှေ့မီးကြီးစနစ်။ ဒါကလည်း တကယ့်လက်တွေ့ပိုင်းမှာ အသုံးဝင်မှာသေချာတဲ့ feature တစ်ခုဖြစ်ပြီး ကြိုက်နှစ်သက်မိတာတစ်ခုကတော့ power outlet အဖြစ် USB အပေါက်ပါ ပါရှိခြင်းပါပဲ။ Smartphone ခေတ်အတွက်မရှိမဖြစ် တစ်ခုပေါ့။



မောင်းနှင်မှု


မောင်းနှင်မှုနဲ့ပတ်သက်ရင်တော့ ဥရောပထုတ်ကားတစ်စီးကို မောင်းနှင်ရမှုကတော့ အကောင်းဆုံး မောင်းနှင်မှုတွေထဲက တစ်ခုဖြစ်နေဆဲပါပဲ။ တစ်ခုရှိတာက ပျက်ရင်တော့ ပြင်ဖို့ကတော့ ဈေးနှုန်းကြီးမြင့်မှာပါ။ ဒါပေမယ့် တကယ်တမ်းက ဒီလိုကားမျိုးတွေဟာ သိပ်ပြီးပြင်ရတာမျိုးမရှိသလို နှစ် ဒါမှမဟုတ် ကီလို တစ်သိန်း warranty ကလည်း အကူအညီတော်တော်လေးဖြစ်စေနိုင်ပါတယ်။


Gear ကတော့ semi-auto ဖြစ်တဲ့အတွက် auto သမားတွေအတွက်ရော manual သမားတွေအတွက်ပါ အဆင်ပြေတဲ့ပုံစံမျိုးပေါ့။ နောက်တစ်ခုကတော့ sport mode ပါဝင်ခြင်းပါ။ ဒါကတော့ ဒီလိုမျိုး လောင်စာဆီချွေတာတဲ့ကားမျိုးတွေမှာ တွေ့ရခဲတဲ့ feature ပါပဲ။


လက်တွေ့မောင်းနှင်ရာမှာ ပေါ့ပါးခြင်း၊ စက်သံညင်သာခြင်းတွေနဲ့ ဥရောပထုတ်ကားတွေရဲ့ ထူးခြားမှုလို့ပြောလို့ရမယ့် တည်ငြိမ်မှုရှိခြင်းတွေဟာ တကယ့်ကို နှစ်ခြိုက်စရာ ကောင်းလှပါတယ်။ Peugeot ရဲ့အဆိုအတိုင်း 0 ကနေ 100km ကို ၁၁ စက္ကန့်ကျော်ကျော်လေးနဲ့ တင်မောင်းနိုင်တာကတော့ တကယ်ကို ကျေနပ်စရာပါ။ အမြင်ဆုံးမောင်းနှင်နိုင်စွမ်းကတော့ 182km/h ဖြစ်ပေမယ့် အမြန်လမ်းမှာမောင်းနှင်တဲ့အခါမျိုးကျရင် တစ်နာရီ ကီလို ၁၀၀ ထက်မကျော်အောင် speed limit သတ်မှတ်ပေးလို့ရတာကတော့ ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တော်တော်လေး အထောက်အကူဖြစ်စေပါတယ်။    



ပါဝင်သောအချက်အလက်များ


Summary


Name : Peugeot 2008


Body : SUV


Transmission : 6-speed auto/AT6 111


Engine


Displacement : 1200cc


Cylinders : 3


Valves : 12 valves


Transmission Category : 2WD


Performance


Max Output : 110hp


Max Torque : 205Nm from 1500 rpm


Acceleration Rate : 11.3 seconds (1-100km)


Top Speed : 182km/h


Economy & Environment


Fuel : Gasoline


CO2 Emission : 110 g/km


Fuel Capacity : 50L


Fuel Consumption : 4.8L per 100km


Dimensions


Length : 4159 mm


Width : 1829 mm


Height : 1556 mm


Wheelbase : 2538 mm


Turning Circle : 10m


Ground Clearance : 219 mm/ 8 inches


Max Cargo : 1400-litre


Numbers of Doors : 5


Numbers of Seats : 5


Safety and Security


Total Airbag : 6


ABS : Yes


Immobilizer : Yes


Security Alarm : Yes


Stability Control : Yes


Electronic Door Locks : Yes


Speed Sensing Door Locks : Yes


ISOFix (ကလေးခုံတပ်ဆင်ရန်) : Yes


Lane Departure Warning System : No


Active Safety Brake : Yes


Driver Attention Warning : No


Blind-Spot Detection System : No


Features


Cruise Control : Yes


Front Parking Sensors : No


Rear Parking Sensors : Yes


Leather Upholstery : Yes


Push Start Button : No


Wheel Size : 16 inches


Wheel Metal Type : two tone diamond cut alloy


Air-con system : dual zone climate control


Entertainment system : 8 speakers


Connectivity : Android Auto/Apple Car Play


Navigation Ready : No


Warranty : 3 years/100,000 km


Keyless Entry : No


Roof Rack : Yes


Sunroof : Panoramic View


Electric Adjustable Seats : Yes


Power Steering : Yes


Power Windows : Yes


Power Outlet : Yes


Perfume Diffuser : No


Massage Chair : No


Digital Cluster : No


Steering Wheel Audio Control : Yes


Technology


Active Safety Brake : Yes


Hill Start Assist : Yes


AWD Modes : No


Tire Pressure Monitoring : No


Heads-up Display : No


Power Liftgate : Yes


Start-stop System : Yes


Phone Integration : Yes


Camera System : Yes


Parking Assist System : Yes


Sound System : Yes


Rear Seat Entertainment System : No


စာရေးသူ : The Hell

ဓာတ်ပုံ : ကောင်းတင့်

Latest News

ရန္​ကုန္​လိုင္​စင္​အားခြင္​့ျပဳ/မျပဳ...

Zawgyi Version ရန္​ကုန္​လိုင္​စင္​အား YVQC စနစ္​ျဖင္​့ ခြင္​့ျပဳ/မျပဳကို တိက်စြာ သတင္​းထုတ္​ျပန္​​ေပးရန္​ လိုအပ္​​ေနၿ​ပီး...

Read more »

ကားေဘာနက္ ဟစိ နဲ႕ heat တက္တဲ့ အယူအဆ အမွားမ်ား

Zawgyi Version အခု ရန္ကုန္က taxi တခ်ဳိ႕ car bonnet ကို lock က်ေအာင္ မပိတ္ဘဲ ဟစိေလးလုပ္ၿပီး ေမာင္းေနတာေတြ႕ရတယ္ဗ်။ အရင္က...

Read more »

Ford EcoSport Review (International)

Zawgyi Version အေမရိက က ထရပ္ကားအရုပ္ေလးေတြနဲ႕ဆင္တဲ့ small SUV Ford EcoSport ဟာ ဖ်တ္ဖ်တ္လတ္လတ္ ေမာင္းႏွင္ႏိုင္မယ့္ ကားမ်ိဳးပါ။...

Read more »

လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔

Zawgyi Version လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔။ သံျပားထူရင္ပိုမာပါတယ္။ ပိုမာလို႔ထိခိုက္ရင္ ပိုမိုေတာင့္ခံႏိုင္တယ္၊ ပိုမိုအႏၱရယ္ကင္းတယ္လို႔...

Read more »

လိုင္​စင္​မဲ့ကားမ်ားရွိ​ေနမႈကို...

Zawgyi Version ေနအိမ္​ၿခံဝန္​းမ်ားတြင္​ လိုင္​စင္​မဲ့ကားရွိ​ေနမႈမ်ားကို ထိ​ေရာက္​စြာဖမ္းဆီးႏိုင္​ရန္​အတြက္​ ဆု​ေၾကး​ေငြ​ေပး၍...

Read more »