fb-pageview-tracker
ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္​ ေခတ္​မီ Scania ကားႀကီးမ်ားျဖင္​့ ယခုလအတြင္​း​ ေျပးဆြဲ​ေပးသြားမည္


Zawgyi Version

ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို ေခတ္​မီ Scania ကားႀကီးမ်ားျဖင္​့ ယခုလအတြင္​း ​ေျပးဆြဲ​ေပးသြားမည္ျဖစ္​​ေၾကာင္​း ရန္ကုန္တုိင္းသယ္ယူပုိ႔ေဆာင္ေရးႏွင့္ ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အ​ဖြဲ႕ (YRTA) မွ သိရသည္​။ ရန္ကုန္ၿမိဳ႕ပတ္ခရီးသည္ ပို႔ေဆာင္ေရးယာဥ္လိုင္းသစ္ကို City Transit ကုမၸဏီမွ တာဝန္​ယူ​ေျပးဆြဲေပးမည္ျဖစ္ရာ ခရီးစဥ္​လမ္​း​ေၾကာင္​း (၁) နွင္​့ (၂) ကို Scania City Bus ေခတ္မီကားသစ္မ်ားျဖင့္ ယခုလအတြင္​းစတင္ေျပးဆြဲေပးမည္ျဖစ္ေၾကာင္းသိရသည္။ ခရီးစဥ္ (၁) တြင္ ဂိတ္အစအျဖစ္ ေအာင္မဂၤလာအေဝးေျပးမွ အမွတ္ (၃) လမ္းမႀကီးအတိုင္း (၆) ေကြ႕- သုဓမၼာလမ္း- ေဝဇယၱာလမ္း- ပါရမီလမ္း- ေဘလီထိပ္- သံသုမာလမ္း- စံျပေဈး- ျပည္ေထာင္စု ခုံးေက်ာ္တံတား- သံသုမာလမ္း (သုဝဏၰ)- ၾကက္ဘဲေဈး- သမိန္ဗရမ္းလမ္း- အထက္ပုဇြန္ေတာင္လမ္း- (၅၁) လမ္းထိပ္- ဗိုလ္တေထာင္ဘုရားလမ္း၊ ကမ္းနားလမ္း- ၾကည့္ျမင္တိုင္ ကမ္းနားလမ္း- ဘုရင့္ေနာင္လမ္း- ဘုရင့္ေနာင္လမ္းဆုံ- သမိုင္းဘူတာ႐ုံလမ္း- သမိုင္းလမ္းဆုံ- က်ိဳက္ဝိုင္းဘုရားလမ္း- (၈) မိုင္- ကမၻာေအးဘုရားလမ္း- နဝေဒးအုတ္ပုံဆိပ္လမ္း- သုဓမၼာလမ္း- (၆) ေကြ႕- အမွတ္(၃) လမ္းမႀကီးမွ ေအာင္မဂၤလာအေဝးေျပးတြင္ ဂိတ္ဆုံးမည္ ျဖစ္ၿပီး ခရီးစဥ္ (၂) ကိုလည္း ထိုလမ္းေၾကာင္းအတိုင္း ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။ ယာဥ္စီးခမွာ ေအာင္မဂၤလာအေဝးေျပးမွ သခင္ျမပန္းၿခံအထိေငြက်ပ္ ၅၀၀ က်ပ္ေကာက္ခံၿပီး သခင္ျမပန္းၿခံမွ ေအာင္မဂၤလာ အေဝးေျပးအထိ ေငြက်ပ္ ၅၀၀ က်ပ္ေကာက္ခံသြားမည္ျဖစ္ကာ ခရီးစဥ္စဆုံး စုစုေပါင္း ၁,၀၀၀ က်ပ္ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ရန္ကုန္ၿမိဳ႕ပတ္ခရီးသည္ပို႔ေဆာင္ေရး ယာဥ္လမ္းေၾကာင္းက သူ႕လမ္းေၾကာင္းနဲ႔သူသြားမွာျဖစ္တယ္။ ခုေလာေလာဆယ္ေတာ့ နံပါတ္ေပးမထားရေသးပါဘူး။ ေျပးဆြဲေပးမယ့္ကုမၸဏီက City Transit ျဖစ္ပါတယ္။ အဲဒီကုမၸဏီက Scania City Bus ကားေတြတင္သြင္းၿပီးေတာ့ ပထမဆုံးေအာင္မဂၤလာအေဝးေျပးကြင္းက စထြက္မယ္။ ယာဥ္​စီးခက တစ္​ပိုင္​းကို ၅၀၀ က်ပ္​နဲ႔ ခရီးစဥ္​အစအဆံုး ၁၀၀၀ က်ပ္​နဲ႔ ​ေျပးဆြဲ​ေပးမယ္​။ ကား​ေတြကႀကီး​ေတာ့ ယာဥ္​ရပ္​နားဝင္းမရွိ​ေသးလို႔ ၾကန္​႔ၾကာ​ေနရတာပါ။ ဒီလအတြင္​း​ေျပးဆြဲနိုင္​ဖို႔ လုပ္​​ေနပါတယ္​။” ဟု ရန္​ကုန္​တိုင္​း​ေဒသၾကီး အမ်ားျပည္​သူသယ္​ယူပို႔​ေဆာင္​​ေရးႀကီးၾကပ္​မႈအာဏာပိုင္​အဖြဲ႕ (YRTA) မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာသည္။

လက္​ရွိတြင္​ ရန္ကုန္တိုင္းေဒသႀကီး၌ YBS ယာဥ္လိုင္း ၁၀၀ ျဖင္​့ တစ္ေန႔ယာဥ္အစီးေရ ၄,၃၀၀ ေက်ာ္ ေျပးဆြဲလ်က္ရွိ​ေနရာ ေန႔စဥ္ခရီးသြားျပည္သူ ၁ ဒသမ ၈သန္းခန္​႔သယ္​ယူပို႔​ေဆာင္မႈေပးလ်က္ရွိေၾကာင္း သိရသည္။


Unicode Version

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် YBS ခရီးသည်ယာဉ်လိုင်းသစ်၊ ရန်ကုန်မြို့ပတ်ခရီးစဉ်သစ်ကို ခေတ်မီ Scania ကားကြီးများဖြင့် ယခုလအတွင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။ ရန်ကုန်မြို့ပတ်ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းသစ်ကို City Transit ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲပေးမည်ဖြစ်ရာ ခရီးစဉ်လမ်းကြောင်း (၁) နှင့် (၂) ကို Scania City Bus ခေတ်မီကားသစ်များဖြင့် ယခုလအတွင်းစတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရသည်။ ခရီးစဉ် (၁) တွင် ဂိတ်အစအဖြစ် အောင်မင်္ဂလာအဝေးပြေးမှ အမှတ် (၃) လမ်းမကြီးအတိုင်း (၆) ကွေ့- သုဓမ္မာလမ်း- ဝေဇယ္တာလမ်း- ပါရမီလမ်း- ဘေလီထိပ်- သံသုမာလမ်း- စံပြဈေး- ပြည်ထောင်စု ခုံးကျော်တံတား- သံသုမာလမ်း (သုဝဏ္ဏ)- ကြက်ဘဲဈေး- သမိန်ဗရမ်းလမ်း- အထက်ပုဇွန်တောင်လမ်း- (၅၁) လမ်းထိပ်- ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း- ကြည့်မြင်တိုင် ကမ်းနားလမ်း- ဘုရင့်နောင်လမ်း- ဘုရင့်နောင်လမ်းဆုံ- သမိုင်းဘူတာရုံလမ်း- သမိုင်းလမ်းဆုံ- ကျိုက်ဝိုင်းဘုရားလမ်း- (၈) မိုင်- ကမ္ဘာအေးဘုရားလမ်း- နဝဒေးအုတ်ပုံဆိပ်လမ်း- သုဓမ္မာလမ်း- (၆) ကွေ့- အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာအဝေးပြေးတွင် ဂိတ်ဆုံးမည် ဖြစ်ပြီး ခရီးစဉ် (၂) ကိုလည်း ထိုလမ်းကြောင်းအတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ယာဉ်စီးခမှာ အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံအထိငွေကျပ် ၅၀၀ ကျပ်ကောက်ခံပြီး သခင်မြပန်းခြံမှ အောင်မင်္ဂလာ အဝေးပြေးအထိ ငွေကျပ် ၅၀၀ ကျပ်ကောက်ခံသွားမည်ဖြစ်ကာ ခရီးစဉ်စဆုံး စုစုပေါင်း ၁,၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့ပတ်ခရီးသည်ပို့ဆောင်ရေး ယာဉ်လမ်းကြောင်းက သူ့လမ်းကြောင်းနဲ့သူသွားမှာဖြစ်တယ်။ ခုလောလောဆယ်တော့ နံပါတ်ပေးမထားရသေးပါဘူး။ ပြေးဆွဲပေးမယ့်ကုမ္ပဏီက City Transit ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက Scania City Bus ကားတွေတင်သွင်းပြီးတော့ ပထမဆုံးအောင်မင်္ဂလာအဝေးပြေးကွင်းက စထွက်မယ်။ ယာဉ်စီးခက တစ်ပိုင်းကို ၅၀၀ ကျပ်နဲ့ ခရီးစဉ်အစအဆုံး ၁၀၀၀ ကျပ်နဲ့ ပြေးဆွဲပေးမယ်။ ကားတွေကကြီးတော့ ယာဉ်ရပ်နားဝင်းမရှိသေးလို့ ကြန့်ကြာနေရတာပါ။ ဒီလအတွင်းပြေးဆွဲနိုင်ဖို့ လုပ်နေပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ YBS ယာဉ်လိုင်း ၁၀၀ ဖြင့် တစ်နေ့ယာဉ်အစီးရေ ၄,၃၀၀ ကျော် ပြေးဆွဲလျက်ရှိနေရာ နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈သန်းခန့်သယ်ယူပို့ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »