fb-pageview-tracker
ရန္​ကုန္​ၿမိဳ႕တြင္​ တကၠစီကားအစီး​ေရ ၆ ​ေသာင္​း ၆ ​ေထာင္​​ေက်ာ္​ရွိရာ တကၠစီအစီးေရ ၅ ေထာင္ခန္​႔ စီးတီးတကၠစီ မွတ္​ပံုတင္​ျပဳလုပ္​ရန္ ​က်န္​ရွိ​ေန


Zawgyi Version

ရန္​ကုန္​ၿမိဳ႕တြင္​ေမာင္​းႏွင္​​ေန​ေသာ တကၠစီ ကားအစီး​ေရ ၆ ​ေသာင္​း ၆ ​ေထာင္​​ေက်ာ္​ရွိရာ တကၠစီအစီးေရ ၅ ေထာင္ခန္​႔  စီးတီးတကၠစီ မွတ္​ပံုတင္​ျပဳလုပ္​ရန္​က်န္​ရွိ​ေနၿပီး စီးတီးတကၠစီ​ သက္​တမ္​းလာ​ေရာက္​မတိုးသည္​့ ကားမ်ားႏွင္​့ ယာဥ္​အိုယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး အသစ္​တင္​သြင္​းလာ​ေသာ ကားစာရင္​းမ်ားကို တိုက္​ဆိုင္​စစ္​​ေဆးမႈမ်ား ျပဳလုပ္ၿပီးမွသာ အ​ေရးယူ​မႈလုပ္​ေဆာင္​ႏိုင္​မည္ျဖစ္​​ေၾကာင္​း ​ရန္ကုန္​တိုင္​း​ေဒသႀကီး ​​သယ္​ယူပို႔​ေဆာင္​​ေရး ႀကီးၾကပ္​ကြပ္​ကဲမႈအာဏာပိုင္​အဖြဲ႕ (YRTA) မွ သိိရသည္။

ရန္​ကုန္​တိုင္​းေဒသၾကီး​​အတြင္​း ​ေျပးဆြဲေမာင္​းႏွင္​​ေန​သည္​့ အဌားယာဥ္​တကၠစီမ်ားကို စီးတီးတကၠစီ​ မွတ္​ပံုတင္လာ​ေရာက္​ျပဳလုပ္​ရန္ ၂၀၁၇ ခုႏွစ္​ ဒီဇင္​ဘာလအတြင္​း ​ေနာက္​ဆံုးထားလုပ္​​ေဆာင္​ရန္​ သတ္​မွတ္ထားရာမွ မွတ္ပံုတင္​ျပဳလုပ္ရန္​ က်န္​႐ွိသည္​့ကားမ်ားကို ၂၀၁၈ ခုႏွစ္​၊ ​ေဖ​ေဖၚဝါရီလအထိ မွတ္​ပံုတင္​ရန္ သက္​တမ္​းထပ္​မံတိုး​ေပးခဲ့​ေသာ္​လည္​း လက္​႐ွိတြင္​ စီးတီးတကၠစီ​မွတ္​ပံုတင္ ​မျပဳလုပ္​​ရေသး​သည့္ ကားအစီးေရ ၅ ေထာင္​ေက်ာ္ခန္႔ ​က်န္​ရွိ​ေန​ေသး​ေၾကာင္​းသိရသည္​။

“အခုလက္​ရွိရန္​ကုန္​မွာ တကၠစီအ​စီး​ေရက ၆ ​ေသာင္​း ၆ ​ေထာင္​​ေက်ာ္​ရွိတယ္​။ စီးတီးတကၠစီ မွတ္​ပံုတင္​မျပဳလုပ္​ထားတဲ့ကားအစီးက ၅ ​ေထာင္​​ေက်ာ္​ ရွိတယ္​။ ဒီကား​ေတြကို ဘယ္​လိုအ​ေရးယူမယ္​ဆိုတာေတာ့ သက္ဆိုင္ရာကို တင္​ျပထားပါတယ္။ သက္​တမ္​းလာမတိုးတဲ့ကား​ေတြ၊ အို​ေဟာင္​းအပ္​ၿပီး အသစ္​သြင္​းလာတဲ့ ​ကား​ေတြ​ေလာက္​ပဲ က်န္​​ေတာ့တယ္​။ ကြၽန္​​ေတာ္​တို႔မွာ႐ွိတဲ့စာရင္​း​ေတြနဲ႔ တိုက္​ဆိုင္​စစ္​​ေဆးတာ​ေတြလုပ္​သြားမယ္​။” ဟု ရန္​ကုန္​တိုင္​း​ေဒသၾကီး အမ်ားျပည္​သူသယ္​ယူပို႔​ေဆာင္​​ေရး ႀကီးၾကပ္​မႈ အာဏာပိုင္​အဖြဲ႕မွ တာဝန္​႐ွိသူတစ္​ဦးက ​ေျပာသည္​။

ရန္​ကုန္​တိုင္​း​တြင္​ ရာသက္​ပန္​ အဌားယာဥ္​ တကၠစီကားအစီး​ေရ ၃၀,၀၀၀၊ ရာသက္​ပန္​မဟုတ္​​သည္​့ နံပါတ္အနက္​မွ နံပါတ္​အနီ​ေျပာင္​းထားသည့္ ​taxi ကားအစီး​ေရ ၃၅,၀၀၀ ႏွင့္ နယ္​လိုင္​စင္​တကၠစီကားမ်ားလည္း ​ေျပးဆြဲ​ေန​ေၾကာင္း​သိရသည္​။


Unicode Version

ရန်ကုန်မြို့တွင်မောင်းနှင်နေသော တက္ကစီ ကားအစီးရေ ၆ သောင်း ၆ ထောင်ကျော်ရှိရာ တက္ကစီအစီးရေ ၅ ထောင်ခန့်  စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ရန်ကျန်ရှိနေပြီး စီးတီးတက္ကစီ သက်တမ်းလာရောက်မတိုးသည့် ကားများနှင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အသစ်တင်သွင်းလာသော ကားစာရင်းများကို တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ အရေးယူမှုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲမောင်းနှင်နေသည့် အဌားယာဉ်တက္ကစီများကို စီးတီးတက္ကစီ မှတ်ပုံတင်လာရောက်ပြုလုပ်ရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း နောက်ဆုံးထားလုပ်ဆောင်ရန် သတ်မှတ်ထားရာမှ မှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိသည့်ကားများကို ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလအထိ မှတ်ပုံတင်ရန် သက်တမ်းထပ်မံတိုးပေးခဲ့သော်လည်း လက်ရှိတွင် စီးတီးတက္ကစီမှတ်ပုံတင် မပြုလုပ်ရသေးသည့် ကားအစီးရေ ၅ ထောင်ကျော်ခန့် ကျန်ရှိနေသေးကြောင်းသိရသည်။

“အခုလက်ရှိရန်ကုန်မှာ တက္ကစီအစီးရေက ၆ သောင်း ၆ ထောင်ကျော်ရှိတယ်။ စီးတီးတက္ကစီ မှတ်ပုံတင်မပြုလုပ်ထားတဲ့ကားအစီးက ၅ ထောင်ကျော် ရှိတယ်။ ဒီကားတွေကို ဘယ်လိုအရေးယူမယ်ဆိုတာတော့ သက်ဆိုင်ရာကို တင်ပြထားပါတယ်။ သက်တမ်းလာမတိုးတဲ့ကားတွေ၊ အိုဟောင်းအပ်ပြီး အသစ်သွင်းလာတဲ့ ကားတွေလောက်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့မှာရှိတဲ့စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေလုပ်သွားမယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် ရာသက်ပန် အဌားယာဉ် တက္ကစီကားအစီးရေ ၃၀,၀၀၀၊ ရာသက်ပန်မဟုတ်သည့် နံပါတ်အနက်မှ နံပါတ်အနီပြောင်းထားသည့် taxi ကားအစီးရေ ၃၅,၀၀၀ နှင့် နယ်လိုင်စင်တက္ကစီကားများလည်း ပြေးဆွဲနေကြောင်းသိရသည်။

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »