fb-pageview-tracker
ရန္​ကုန္​စည္​ပင္​နယ္​နိမိတ္​အတြင္​း ၂၀၁၈ ခုႏွစ္​၌ ဆိုင္​ကယ္​ အစီးေရ ၄ေထာင္ ​ေက်ာ္​ဖမ္​းဆီးရမိခဲ့ 


Zawgyi Version

ရန္​ကုန္​တိုင္​းအတြင္း​ ဆိုင္​ကယ္​စီးနင္းခြင္​့မ႐ွိ​ေသာ ​စည္ပင္သာယာနယ္နိမိတ္​​ၿမိဳ႕နယ္​မ်ားတြင္​ ဆိုက္​ကယ္​စီးနင္​းမွုမ်ားကို ဖမ္​းဆီး​ေနရာ ၂၀၁၈ ခုႏွစ္​ တစ္​ႏွစ္​အတြင္​း ဆိုင္​ကယ္​ အစီး​ေရ ၄,၀၀၀ ​ေက်ာ္​ ဖမ္​းဆ​ီးရမိထားခဲ့ျပီး ဆိုင္​ကယ္​စီးနင္းမွု​ေၾကာင္​့ျဖစ္​ပြားရ​ေသာ ယာဥ္​​တိုက္​မွုမ်ားမွာ ၂၀၁၈ တြင္​အမွု​ေပါင္​း ၆၀၀ ​ေက်ာ္​အထိ အမ်ားဆံုးျဖစ္​​ပြားခဲ့ေၾကာင္း ရန္​ကုန္​တိုင္​း​ေဒသႀကီး အမွတ္​ ၂ ယာဥ္​ထိန္​းရဲတပ္​ဖြဲ႕ခြဲမွဴးရံုးမွ သိရသည္​။

ရန္​ကုန္​တိုင္​း​ေဒသႀကီး စည္​ပင္​သာယာ​နယ္​နိမိတ္​အတြင္​း ဆိုင္​ကယ္​စီးနင္​းခြင္​့မျပဳ​ေသာ ၿမိဳ႕နယ္
​မ်ား၌ ဆိုင္​ကယ္​စီးနင္​းသြားလာမွုမ်ားကို ဖမ္​းဆီးအ​ေရးယူထားခဲ့ရာတြင္​ ၂၀၁၅ ခုႏွစ္​ အတြင္​း ၅၄၆၀ စီး၊ ၂၀၁၆ ခုႏွစ္​အတြင္​း ၄၀၃၇ စီး၊ ၂၀၁၇ ခုနွစ္​အတြင္​း ၄၇၆၁ စီး၊ ၂၀၁၈ ခုႏွစ္​အတြင္​း ၄၆၄၈ စီး အထိ ဖမ္​းဆီးရမိထားခဲ့​ရာ ၂၀၁၈ ခုႏွစ္​အတြင္​း ဆိုင္​ကယ္​စီးနင္းမွု​ေၾကာင္​့ ျဖစ္​ပြားခဲ့​ေသာ ယာဥ္​တိုက္​မွု​ေပါင္းမွာ ၆၁၃ မွုအထိျဖစ္​ပြားခဲ့ျပီး ယင္​းကဲ့သို႔ ၂၀၁၈ ခုႏွစ္​တြင္​ ဆိုင္​ကယ္​​ေၾကာင္​့ျဖစ္​ပြားခဲ့​ေသာ ယာဥ္​တိုက္​မႈမ်ားသည္ ယခင္​ႏွစ္​မ်ားထက္​ပင္​ မ်ားျပားလာခဲ့​ေၾကာင္​း သိရသည္။

"ရန္​ကုန္​တိုင္​း စည္​ပင္​သာယာနယ္​နိမိတ္အတြင္း ဆိုင္​ကယ္​စီးနင္​းခြင္​့မ႐ွိတဲ့ၿမိဳ႕နယ္ေတြ​မွာ စီးနင္​းတာကို ဖမ္​းဆီးတာ​ေတြ လုပ္​​ေနပါတယ္​။ ဖမ္းဆီးတဲ့အခါ စီးနင္​းခြင္​့မျပဳထားလို႔ ဆိုင္​ကယ္​က လိုင္​စင္​႐ွိသည္​ျဖစ္​​ေစ/မ႐ွိသည္ျဖစ္​​ေစ စည္​ပင္​သာယာနယ္​နိမိတ္​ထဲမွာ စီးနင္​းရင္​ ဖမ္​းဆီးတာျဖစ္​ပါတယ္​။ ဆိုင္​ကယ္​​ေၾကာင္​့ ျဖစ္​ပြားတဲ့ ယာဥ္​တိုက္​မႈ​ေတြက ၂၀၁၈ မွာ ပိုမ်ားလာ​ေနတာ​ေတြ႔ရပါတယ္​။" ဟု ရန္​ကုန္​တိုင္​း​ေဒသႀကီး အမွတ္​ ၂ ယာဥ္​ထိန္​းရဲတပ္​ဖြဲ႕ခြဲမွဴးရံုးမွ ဒုတိယ ရဲမွဴးႀကီး ဦးသိန္​းဦးက ​ေျပာၾကားခဲ့သည္​။

လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား စစ္​​ေဆးဖမ္​းဆီးရမိပါက သြင္​းကုန္​ထုတ္​ကုန္​ ဥပ​ေဒျဖင့္ အ​ေရးယူမွာျဖစ္​ရာ လိုင္​စင္​႐ွိ​ဆိုင္​ကယ္​မ်ားကို စည္​ပင္​သာယာဥပ​ေဒျဖင္​့ အ​ေရးယူ​ေဆာင္​ရြက္​သြားမည္ျဖစ္​​ေၾကာင္​း သိရသည္​။


Unicode Version

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်မရှိသော စည်ပင်သာယာနယ်နိမိတ်မြို့နယ်များတွင် ဆိုက်ကယ်စီးနင်းမှုများကို ဖမ်းဆီးနေရာ ၂၀၁၈ ခုနှစ် တစ်နှစ်အတွင်း ဆိုင်ကယ် အစီးရေ ၄,၀၀၀ ကျော် ဖမ်းဆီးရမိထားခဲ့ပြီး ဆိုင်ကယ်စီးနင်းမှုကြောင့်ဖြစ်ပွားရသော ယာဉ်တိုက်မှုများမှာ ၂၀၁၈ တွင်အမှုပေါင်း ၆၀၀ ကျော်အထိ အများဆုံးဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မပြုသော မြို့နယ်
များ၌ ဆိုင်ကယ်စီးနင်းသွားလာမှုများကို ဖမ်းဆီးအရေးယူထားခဲ့ရာတွင် ၂၀၁၅ ခုနှစ် အတွင်း ၅၄၆၀ စီး၊ ၂၀၁၆ ခုနှစ်အတွင်း ၄၀၃၇ စီး၊ ၂၀၁၇ ခုနှစ်အတွင်း ၄၇၆၁ စီး၊ ၂၀၁၈ ခုနှစ်အတွင်း ၄၆၄၈ စီး အထိ ဖမ်းဆီးရမိထားခဲ့ရာ ၂၀၁၈ ခုနှစ်အတွင်း ဆိုင်ကယ်စီးနင်းမှုကြောင့် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုပေါင်းမှာ ၆၁၃ မှုအထိဖြစ်ပွားခဲ့ပြီး ယင်းကဲ့သို့ ၂၀၁၈ ခုနှစ်တွင် ဆိုင်ကယ်ကြောင့်ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများသည် ယခင်နှစ်များထက်ပင် များပြားလာခဲ့ကြောင်း သိရသည်။

"ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့မြို့နယ်တွေမှာ စီးနင်းတာကို ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ ဖမ်းဆီးတဲ့အခါ စီးနင်းခွင့်မပြုထားလို့ ဆိုင်ကယ်က လိုင်စင်ရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ စည်ပင်သာယာနယ်နိမိတ်ထဲမှာ စီးနင်းရင် ဖမ်းဆီးတာဖြစ်ပါတယ်။ ဆိုင်ကယ်ကြောင့် ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုတွေက ၂၀၁၈ မှာ ပိုများလာနေတာတွေ့ရပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယ ရဲမှူးကြီး ဦးသိန်းဦးက ပြောကြားခဲ့သည်။

လိုင်စင်မဲ့ဆိုင်ကယ်များ စစ်ဆေးဖမ်းဆီးရမိပါက သွင်းကုန်ထုတ်ကုန် ဥပဒေဖြင့် အရေးယူမှာဖြစ်ရာ လိုင်စင်ရှိဆိုင်ကယ်များကို စည်ပင်သာယာဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Latest News

ရန္ကုန္ျမိဳ႕တြင္​...

Zawgyi Version ရန္ကုန္တိုင္းေဒသၾကီးအတြင္း ညအခ်ိ္န္​ ဆူညံစြာ အရွိန္ျမွင့္ေမာင္းႏွင္သည့္ ျပိဳင္ကားမ်ားကို ပိုမိုထိေရာက္ေသာ ဒဏ္ေငြႏွင့္...

Read more »

YBS ယာဥ္​လိုင္​းတြင္​...

Zawgyi Version ရန္​ကုန္​ၿမိဳ႕ ခရီးသည္​သယ္​ယူပို႔​ေဆာင္​​ေရးတြင္​ Power Eleven Company မွတာဝန္​ယူ​ေျပးဆြဲ​ေနသည္​့ ခရီးသည္​တင္​ YBS 21...

Read more »

မဂၤလာဒံုဥယ်ာဥ္အိမ္ရာ ဂိတ္ေပါက္မ်ားတြင္...

Zawgyi Version ေဇကမာၻဝင္းအတြင္းရွိ မဂၤလာဒံုဥယ်ာဥ္အိမ္ရာ ဂိတ္ေပါက္မ်ားတြင္ ယာဥ္ျဖတ္သန္းခ ေကာက္ခံေနမႈအား ရန္ကုန္ၿမိဳ႕ေတာ္...

Read more »

ဓာတ္ဆီအင္ဂ်င္ကားႏွင့္ ဒီဇယ္အင္ဂ်င္ကားတုိ႔၏...

Zawgyi Version ဓာတ္ဆီအင္ဂ်င္နဲ႔ ဒီဇယ္အင္ဂ်င္တုိ႔ရဲ႕အက်ဳိးအျပစ္ေတြကုိမေျပာခင္ ဥပမာတစ္ခုေျပာပါမယ္။ ဓာတ္ဆီအင္ဂ်င္နဲ႔ ဒီဇယ္အင္ဂ်င္ဟာ...

Read more »

လွ်ပ္စစ္ဘတ္စ္ကား ၅ စီးကို ေနျပည္ေတာ္ရွိ...

Zawgyi Version ေနျပည္ေတာ္ ေလဆိပ္၊ ဘူတာၾကီး၊ ကားၾကီးကြင္းႏွင့္ ေစ်းၾကီးမ်ား စ​ေသာအထင္​ကရ​ေနရာမ်ားတြင္​ လွ်ပ္စစ္ဘတ္စ္ကား ၅ စီးကို...

Read more »