fb-pageview-tracker
ယာဉ်​မှန်​/မမှန်​စစ်​​ရန်​ ရက်ချိန်း​​ယူပြီး ယာဉ်​စစ်​ရန်​ပျက်​ကွက်သည့်​ကားများ ပိုမိုများပြားလာ​ပါက တစ်လ ထက်​ပို၍ online တင်​မှုပိတ်​မည်


Zawgyi Version






Unicode Version

တရားဝင်မှတ်ပုံတင်ထားသော ယာဉ်ဟုတ်/မဟုတ် ယာဉ်မှန်/မမှန် စစ်ဆေးရန် online booking စနစ် ရက်ချိန်းယူပြီး အမှန်တကယ် ယာဉ်လာစစ်ရန် ပျက်ကွက်သည့်ကား ပိုမိုများပြားလာပါက အဆိုပါ ပျက်ကွက်သည့် ကားများကို တစ်လ ထက်ပို၍ online တင်မှုကို ပိတ်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တရားဝင်မှတ်ပုံတင်ထားသော ယာဉ်ဟုတ်/မဟုတ် ယာဉ်မှန်/မှန် စစ်ဆေးရန် online booking စနစ်မှယာဉ်စစ် ရက်ချိန်းယူထားသော ကားများတွင် ၆၀ ရာခိုင်နှုန်းအထိသာ လုပ်ငန်းများအမှန်တကယ်လာရောက်လုပ်ဆောင်ကြပြီး ၄၀ ရာခိုင်နှုန်းမှာ အမှန်တကယ် လုပ်ငန်းလာရောက်ဆောင်ရွက်မှုများ မရှိသောကြောင့် တစ်လ စာရင်းပိတ်သွင်းပြီးသော်လည်း ထပ်မံ၍ ယာဉ်စစ်ဆေးရန် ပျက်ကွက်သည့်ကားများကို ၁ လထက်ပို၍ online စာရင်းပိတ်သွားမည် ဟုသိရသည်။

"ယာဉ်မှန်/မမှန် စစ်ဆေးဖို့ online ကနေလျှောက်ပြီး ပျက်ကွက်တဲ့ကားတွေကို ပျက်ကွက်တဲ့ရက်ကနေ တစ်လအတွင်း နောက်ထပ်ရက်ချိန်းယူလို့မရအောင် စာရင်းပိတ်တယ်။ ရက်ချိန်းယူ ယာဉ်လာမစစ်တဲ့ကားများလာရင်တော့ တစ်လထက်ပိုပြီး စာရင်းပိတ်ဆောင်ရွက်တာတွေလုပ်သွားမယ်။ တကယ် ယာဉ်စစ်ဆေးဖို့ online ရက်ချိန်းယူတဲ့ကားတွေအတွက် အခက်အခဲဖြစ်ကြတယ်။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနောက်ပိုင်းတွင် အခွံချိန်း အလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲထားသောကားများကို ယာဉ်မှတ်ပုံတင်ဖျက်သိမ်းသွားမည်ဖြစ်ရာ ထိုကားများကိုဝယ်ယူမည်ဆိုပါက မိမိဝယ်ယူမည့်ယာဉ်အား ကညန ရုံးများတွင် ယာဉ်မှန်/မမှန်စစ်ဆေးပြီးမှ ဝယ်ယူအသုံးပြုသင့်ကြောင်း အသိပေးကြေညာထားသည်။

Latest News

ကားရှေ့မီးကြီးနဲ့ ဝါယာရှော့ အန္တရာယ်

Zawgyi Version အမျိုးသမီး တစ်ဦးမောင်းတဲ့ Honda Fit ကားလေးတစ်စီး ကားရှေ့မီးကြီး တစ်ဖက်မလာလို့ဆိုပြီး ကျနော်တို့ကားဝပ်ရှော့ ကို ရောက်လာတယ်။...

Read more »

အာမခံထားသော ကားတစ်စီး မတော်တဆမှုဖြစ်ပွားလျင် ......

Zawgyi Version ယာဉ်ကြောတွေပိတ်ဆို့ပြီး ကားအစီးရေတွေများပြားလွန်းလှတဲ့ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆမှုဆိုတာ...

Read more »

ရန်ကုန်တိုင်း စည်​ပင်​နယ်​နိမိတ်​အတွင်း...

Zawgyi Version ရန်ကုန်တိုင်းစည်​ပင်​နယ်​နိမိတ်​မြို့နယ်​များအတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုထား​သော်​လည်း လိုင်​စင်​မဲ့ဆိုင်​ကယ်​များ...

Read more »

YBS ယာဉ်လိုင်းများ နည်းပညာအသုံးပြုရာတွင်...

Zawgyi Version YBS ယာဉ်လိုင်းများ နည်းပညာအသုံးပြုရာတွင် အားနည်းနေသေးဟု ရန်ကုန်တိုင်းဒေသကြီး...

Read more »

မော်​​တော်​ယာဉ်​အားလုံး...

Zawgyi Version ​မော်​​တော်​ယာဉ်​အားလုံး အမည်​​ပြောင်း​​​​ခွန်​ပေး​ဆောင်​ခြင်းကို ကညန မှတ်​ပုံတင်​ပြုလုပ်​ရာတွင်​...

Read more »