ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာနတြင္ေန႔စဥ္ပ်မ္းမွ် ကားအစီးေရ ေလးဆယ္ ၀န္းက်င္သာ လာေရာက္အပ္ႏွံ

ရန္ကုန္တိုင္းေဒသႀကီးအတြင္း အပ္ကားမ်ား ရွားပါးလာျခင္းေၾကာင့္ အပ္ႏွံမႈ ေလ်ာ့က်လာခဲ့ၿပီး ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာနတြင္ ေန႔စဥ္ပ်မ္းမွ် ကားအစီးေရ ေလးဆယ္ ၀န္းက်င္သာ လာေရာက္ အပ္ႏွံလ်က္ရွိေၾကာင္း ျမင္သာ ကညန႐ံုး မွ သိရသည္။D-Car
အပ္ႏွံဆဲျဖစ္သည့္ ‘အ’အကၡရာ ကားမ်ားမွာ ရန္ကုန္တိုင္းေဒသႀကီး၌ အစီးေရ ၄,၇၅၀ ရွိရာ ဇန္န၀ါရီ ၆ ရက္ အထိ ၃,၄၀၈ စီး အပ္ႏွံခဲ့ၿပီး ျဖစ္ေသာေၾကာင့္ အစီးေရ ၁,၃၀၀ ေက်ာ္သာ က်န္ရွိေတာ့သည္။ ထို႔အတူ အပ္ႏွံရန္ က်န္ရွိသည့္ ‘လ၊ သ’ အကၡရာကားမ်ားသည္လည္း အပ္ႏွံမႈ ၿပီးျပတ္ရန္ အနည္းငယ္သာ လိုေတာ့သည့္ အတြက္ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာနတြင္ အကၡရာအစံုမွ ကားအစီးေရ ပ်မ္းမွ် ေလးဆယ္ ၀န္းက်င္သာ အပ္ႏွံမႈရွိေနၿပီး အပ္ႏွံမႈေလ်ာ့က်လာ ခဲ့ေၾကာင္းသိရသည္။ ယဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈ စာရင္းမ်ားအရ ဇန္န၀ါရီ ၇ ရက္အထိ လူစီးယာဥ္ စုစုေပါင္း ေျခာက္ေသာင္းေက်ာ္၊ ဘတ္စ္ကား အစီးေရ စုစုေပါင္း ကုိးရာေက်ာ္ႏွင့္ ထရပ္ကား အစီးေရ စုစုေပါင္း ၂,၅၀၀ ေက်ာ္ အပ္ႏွံခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။ အကၡရာစဥ္အလိုက္ အပ္ႏွံမႈမ်ားအရ ‘အ’အကၡရာ ၃,၄၀၉ စီး၊ ‘သ’ အကၡရာ ၄,၆၈၂ စီးႏွင့္ ‘လ’အကၡရာ ၃,၉၁၈ စီး အပ္ႏွံခဲ့ၿပီး ျဖစ္ေၾကာင္း ‘ရန္ကုန္တိုင္းေဒသႀကီး ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန’ မွ သိရသည္။
ယာဥ္အို၊ ယာဥ္ေဟာင္းမ်ား အပ္ႏွံမႈ ေလ်ာ့က်လာေသာ္လည္း အပ္ႏွံမႈေပၚလစီ ေျပာင္းလဲျခင္း မရွိေသး ျခင္းေၾကာင့္ အပ္ကားမ်ား၏ စလစ္ေစ်းမ်ားမွာ ေစ်းတန္႔ေနခဲ့ကာ လ၊ သ၊ အ အမည္ေပါက္ ကားေဟာင္း စလစ္တစ္ေစာင္လွ်င္ က်ပ္ ၉၅ သိန္း၀န္းက်င္၊ တကၠစီစလစ္ တစ္ေစာင္လွ်င္ က်ပ္ ၆၇ သိန္း၀န္းက်င္ ေပါက္ေစ်းရွိေၾကာင္း ကား ၀ယ္/ေရာင္းမ်ားထံမွ သိရသည္။

Ref: Automobile



Unicode Version

ရန်ကုန်တိုင်းဒေသကြီးအတွင်း အပ်ကားများ ရှားပါးလာခြင်းကြောင့် အပ်နှံမှု လျော့ကျလာခဲ့ပြီး ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနတွင် နေ့စဉ်ပျမ်းမျှ ကားအစီးရေ လေးဆယ် ဝန်းကျင်သာ လာရောက် အပ်နှံလျက်ရှိကြောင်း မြင်သာ ကညနရုံး မှ သိရသည်။D-Car
အပ်နှံဆဲဖြစ်သည့် ‘အ’အက္ခရာ ကားများမှာ ရန်ကုန်တိုင်းဒေသကြီး၌ အစီးရေ ၄,၇၅ဝ ရှိရာ ဇန်နဝါရီ ၆ ရက် အထိ ၃,၄ဝ၈ စီး အပ်နှံခဲ့ပြီး ဖြစ်သောကြောင့် အစီးရေ ၁,၃ဝဝ ကျော်သာ ကျန်ရှိတော့သည်။ ထို့အတူ အပ်နှံရန် ကျန်ရှိသည့် ‘လ၊ သ’ အက္ခရာကားများသည်လည်း အပ်နှံမှု ပြီးပြတ်ရန် အနည်းငယ်သာ လိုတော့သည့် အတွက် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနတွင် အက္ခရာအစုံမှ ကားအစီးရေ ပျမ်းမျှ လေးဆယ် ဝန်းကျင်သာ အပ်နှံမှုရှိနေပြီး အပ်နှံမှုလျော့ကျလာ ခဲ့ကြောင်းသိရသည်။ ယဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု စာရင်းများအရ ဇန်နဝါရီ ၇ ရက်အထိ လူစီးယာဉ် စုစုပေါင်း ခြောက်သောင်းကျော်၊ ဘတ်စ်ကား အစီးရေ စုစုပေါင်း ကိုးရာကျော်နှင့် ထရပ်ကား အစီးရေ စုစုပေါင်း ၂,၅ဝဝ ကျော် အပ်နှံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ အက္ခရာစဉ်အလိုက် အပ်နှံမှုများအရ ‘အ’အက္ခရာ ၃,၄ဝ၉ စီး၊ ‘သ’ အက္ခရာ ၄,၆၈၂ စီးနှင့် ‘လ’အက္ခရာ ၃,၉၁၈ စီး အပ်နှံခဲ့ပြီး ဖြစ်ကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’ မှ သိရသည်။
ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံမှု လျော့ကျလာသော်လည်း အပ်နှံမှုပေါ်လစီ ပြောင်းလဲခြင်း မရှိသေး ခြင်းကြောင့် အပ်ကားများ၏ စလစ်စျေးများမှာ စျေးတန့်နေခဲ့ကာ လ၊ သ၊ အ အမည်ပေါက် ကားဟောင်း စလစ်တစ်စောင်လျှင် ကျပ် ၉၅ သိန်းဝန်းကျင်၊ တက္ကစီစလစ် တစ်စောင်လျှင် ကျပ် ၆၇ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း ကား ဝယ်/ရောင်းများထံမှ သိရသည်။

Ref: Automobile

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ေသာ...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ခဲ့ေသာ တိုက္​​ေျပးကားမ်ား၊ ကားခိုးမႈမ်ားႏွင့္ ကား​ေပ်ာက္​မႈမ်ားကို ဗဟိုထိန္​းခ်ဴပ္​​ေရး (control...

Read more »