သက္တမ္းလြန္ေမာ္ေတာ္ယာဥ္မ်ားကို ကာလတန္ဖိုးမ်ားသတ္မွတ္ၿပီး အမည္ေျပာင္းခြန္ ၃ ရာခိုင္ႏႈန္း ေလွ်ာ့ေပါ့ေကာက္ခံ

သက္တမ္းလြန္ ေမာ္ေတာ္ယာဥ္မ်ားကို ကာလတန္ဖိုး သတ္မွတ္ၿပီး အမည္ေျပာင္းခြန္ ၃ ရာခိုင္ႏႈန္းသာ ေလွ်ာ့ေပါ႔ ေကာက္ခံေန ေၾကာင္း ‘ျပည္တြင္းအခြန္ဦးစီးဌာန’မွ သိရသည္။Old-CAr
ျပည္တြင္းအခြန္ ဦးစီးဌာန အေနျဖင့္ ေမာ္ေတာ္ယာဥ္မ်ားအတြက္ အမည္ေျပာင္း အခြန္ေကာက္ခံရာတြင္ ‘စ’ အကၡရာမွ ေနာက္ဆံုး အအပ္ခံေသာ အကၡရာ အထိႏွင့္ ေလလံယာဥ္မ်ား အပါအ၀င္ အငွားယာဥ္မ်ားျဖစ္သည့္ Saloon ၊ Pickup ၊ Wagon ၊ Truck ၊ Bus ၊ Jeep ကားမ်ားကို သတ္မွတ္တန္ဖိုး က်ပ္သိန္း ေျခာက္ဆယ္ သတ္မွတ္ခဲ့ၿပီး CNG ယာဥ္မ်ားကို သတ္မွတ္တန္ဖိုး သိန္းခုနစ္ဆယ္ သတ္မွတ္ခဲ့သည္။
ျပည္တြင္းအခြန္ဦးစီးဌာန အေနျဖင့္ ယခင္က ဓာတ္ဆီ၊ ဒီဇယ္ကားမ်ားအတြက္ အခြန္ သံုးသိန္းက်ပ္ႏွင့္ CNG ကားမ်ားအတြက္ အခြန္ ၃၇၅,၀၀၀ က်ပ္ ေကာက္ခံခဲ့သည္။ သို႔ေသာ္ ဧၿပီ ၁ ရက္မွ စ၍ အခြန္မ်ား ေျပာင္းလဲေကာက္ ခံခဲ့ၿပီး သံရည္က်ဳိကားမ်ားျဖစ္သည့္ ဓာတ္ဆီ၊ ဒီဇယ္ကားမ်ားကို သတ္မွတ္တန္ဖိုး၏ ၃ ရာခိုင္ ႏႈန္းအျဖစ္ ၁၈၀,၀၀၀ က်ပ္ႏွင့္ CNG ကားမ်ားအတြက္ သတ္မွတ္တန္ဖိုး၏ ၃ ရာခိုင္ႏႈန္းအျဖစ္ က်ပ္ ၂၂၀,၀၀၀ ေကာက္ခံခဲ့သည္။ ထုိသုိ႕ ၃ ရာခုိင္ႏႈန္းျဖင့္ အခြန္ေကာက္ခံျခင္းသည္ ပုိင္ရွင္ တစ္ဦးအေနျဖင့္ တစ္ၾကိမ္သာခံစားခြင့္ ရရွိမည္ျဖစ္ၿပီး ေနာက္တစ္ ၾကိမ္ကားတစ္စီးအတြက္ အမည္ေျပာင္းပါက ၃၀ ရာခုိင္ႏႈန္း ေပးေဆာင္ရမည္ ျဖစ္သည္။ သုိ႔ေသာ္ ကားအစီးေရ ကန္႔သတ္ထားျခင္း မရွိဘဲ တစ္ႀကိမ္တည္းတြင္ အမည္ေျပာင္း အခြန္ေပးေဆာင္ပါက ၃ ရာခုိင္ႏႈန္းျဖင့္ ေဆာင္ရြက္ေပးမည္ျဖစ္သည္။ ထုိသုိ႔ ကားအစီးေရ အေရအတြက္ အမ်ားအျပားအမည္ေျပာင္း အခြန္ေပးေဆာင္ရာတြင္ က်ပ္သိန္း ငါးရာ အထိကို ၃ ရာခိုင္ ႏႈန္း၊ က်ပ္သိန္း ၅၀၁ မွ က်ပ္သိန္း ၁,၅၀၀ အထိကုိ ၁၀ ရာခုိင္ႏႈန္း သိန္း ၁,၅၀၁ က်ပ္မွ က်ပ္ သိန္း ၃,၀၀၀ အထိကုိ ၂၀ ရာခုိင္ႏႈန္း၊ က်ပ္ သိန္း ၃,၀၀၁ ႏွင့္အထက္ကုိ ၃၀ ရာခုိင္ႏႈန္းျဖင့္ အခြန္ေပးေဆာင္ခြင့္ ျပဳမည္ ျဖစ္ေၾကာင္း ျပည္တြင္းအခြန္ဦးစီးဌာနမွ သိရသည္။ ျပည္တြင္းအခြန္ ဦးစီးဌာနအေနျဖင့္ သံရည္က်ဳိအပ္ကားမ်ား အတြက္ အမည္ေျပာင္းအခြန္ ေလွ်ာ့ခ် ေပးလုိက္ေသာ ေၾကာင့္ စလစ္ထုတ္ရန္အတြက္ ကုန္က်စရိတ္မွာ မ်ားစြာ သက္သာသြားခဲ့ေၾကာင္း ကားေဟာင္းစလစ္ ၀ယ္/ေရာင္းမ်ားထံမွ သိရသည္။

 

Ref: Automobile



Unicode Version

သက်တမ်းလွန် မော်တော်ယာဉ်များကို ကာလတန်ဖိုး သတ်မှတ်ပြီး အမည်ပြောင်းခွန် ၃ ရာခိုင်နှုန်းသာ လျှော့ပေါ့ ကောက်ခံနေ ကြောင်း ‘ပြည်တွင်းအခွန်ဦးစီးဌာန’မှ သိရသည်။Old-CAr
ပြည်တွင်းအခွန် ဦးစီးဌာန အနေဖြင့် မော်တော်ယာဉ်များအတွက် အမည်ပြောင်း အခွန်ကောက်ခံရာတွင် ‘စ’ အက္ခရာမှ နောက်ဆုံး အအပ်ခံသော အက္ခရာ အထိနှင့် လေလံယာဉ်များ အပါအဝင် အငှားယာဉ်များဖြစ်သည့် Saloon ၊ Pickup ၊ Wagon ၊ Truck ၊ Bus ၊ Jeep ကားများကို သတ်မှတ်တန်ဖိုး ကျပ်သိန်း ခြောက်ဆယ် သတ်မှတ်ခဲ့ပြီး CNG ယာဉ်များကို သတ်မှတ်တန်ဖိုး သိန်းခုနစ်ဆယ် သတ်မှတ်ခဲ့သည်။
ပြည်တွင်းအခွန်ဦးစီးဌာန အနေဖြင့် ယခင်က ဓာတ်ဆီ၊ ဒီဇယ်ကားများအတွက် အခွန် သုံးသိန်းကျပ်နှင့် CNG ကားများအတွက် အခွန် ၃၇၅,ဝဝဝ ကျပ် ကောက်ခံခဲ့သည်။ သို့သော် ဧပြီ ၁ ရက်မှ စ၍ အခွန်များ ပြောင်းလဲကောက် ခံခဲ့ပြီး သံရည်ကျိုကားများဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်ကားများကို သတ်မှတ်တန်ဖိုး၏ ၃ ရာခိုင် နှုန်းအဖြစ် ၁၈ဝ,ဝဝဝ ကျပ်နှင့် CNG ကားများအတွက် သတ်မှတ်တန်ဖိုး၏ ၃ ရာခိုင်နှုန်းအဖြစ် ကျပ် ၂၂ဝ,ဝဝဝ ကောက်ခံခဲ့သည်။ ထိုသို့ ၃ ရာခိုင်နှုန်းဖြင့် အခွန်ကောက်ခံခြင်းသည် ပိုင်ရှင် တစ်ဦးအနေဖြင့် တစ်ကြိမ်သာခံစားခွင့် ရရှိမည်ဖြစ်ပြီး နောက်တစ် ကြိမ်ကားတစ်စီးအတွက် အမည်ပြောင်းပါက ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။ သို့သော် ကားအစီးရေ ကန့်သတ်ထားခြင်း မရှိဘဲ တစ်ကြိမ်တည်းတွင် အမည်ပြောင်း အခွန်ပေးဆောင်ပါက ၃ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထိုသို့ ကားအစီးရေ အရေအတွက် အများအပြားအမည်ပြောင်း အခွန်ပေးဆောင်ရာတွင် ကျပ်သိန်း ငါးရာ အထိကို ၃ ရာခိုင် နှုန်း၊ ကျပ်သိန်း ၅ဝ၁ မှ ကျပ်သိန်း ၁,၅ဝဝ အထိကို ၁ဝ ရာခိုင်နှုန်း သိန်း ၁,၅ဝ၁ ကျပ်မှ ကျပ် သိန်း ၃,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃,ဝဝ၁ နှင့်အထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့် အခွန်ပေးဆောင်ခွင့် ပြုမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရသည်။ ပြည်တွင်းအခွန် ဦးစီးဌာနအနေဖြင့် သံရည်ကျိုအပ်ကားများ အတွက် အမည်ပြောင်းအခွန် လျှော့ချ ပေးလိုက်သော ကြောင့် စလစ်ထုတ်ရန်အတွက် ကုန်ကျစရိတ်မှာ များစွာ သက်သာသွားခဲ့ကြောင်း ကားဟောင်းစလစ် ဝယ်/ရောင်းများထံမှ သိရသည်။

 

Ref: Automobile

Latest News

School bus ​ေက်ာင္​းကား ရပ္​နား​ေသာ​ေနရာတြင္​...

School bus copy 150x150

Zawgyi Version အ​ေျခခံပညာ ​ေက်ာင္​းမ်ား​ေ႐ွ႕တြင္​ school bus ​​ေက်ာင္​းကားမ်ားကိုသာ ရပ္​နားခြင္​့​ေပးမည္​ျဖစ္​​ၿပီး ကိုယ္​ပိုင္​ကားႏွင္​့...

Read more »

Consignment စနစ္​ျဖင္​့ ထုတ္​​ေပးထား​ေသာ...

Cardb latest news 150x150

Zawgyi Version ကားအ​ေရာင္​းစင္​တာမ်ားအတြက္​ consignment စနစ္​ျဖင္​့ ထုတ္​​ေပးထား​ေသာ သြင္းကုန္​​​လိုင္​စင္​ပါမစ္​မ်ား ဇူလိုင္​လ တြင္​...

Read more »

Mazda CX-3 Brand New Model Car အသစ္ကို...

2 2 150x150

Zawgyi Version Mazda Myanmar ၏ brand new model ျဖစ္ေသာ CX 3 ကို ေမလ (၁၇) ရက္ေန႔ က Junction Square Promotion Area မွာ...

Read more »

သမိုင္း၀င္ ထုတ္လုပ္ျဖန့္ခ်ီ ေတာ့မည့္ ကမာၻ...

1 1 150x150

Zawgyi Version Billionaire ေတြအၾကိဳက္ အထက္တန္းလႊာ ေမာ္ဒယ္ေတြကို သာထုတ္လုပ္ေရာင္းခ်ေနရာမွ ယခုအခါတြင္ အဆင့္ျမင့္ ဇိမ္ခံကားသစ္တစ္မ်ိဳးကို...

Read more »

ေလဆိပ္မွ ဘူတာႀကီးအထိ ​airport shuttle...

12 1 150x150

Zawgyi Version ရန္ကုန္အျပည္​ျပည္​ဆိုင္​ရာ ေလဆိပ္​မွ ရန္ကုန္​​​္ဘူတာႀကီး အထိ airport shuttle အျမန္ယာဥ္လိုင္းသစ္​ကို ​ယခုလ ၂၅...

Read more »